ကြေညာချက်များ
▪ ဒီဇင်ဘာတွင်ဝေငှရန်စာပေ– သင်သည် ကမ္ဘာ့ပရဒိသုအတွင်းထာဝစဉ်အသက်ရှင်နိုင်သည်။ ဇန်နဝါရီ– အသင်းတော်တွင်ရှိမည့် ၁၉၈၅ ခုနှစ်မတိုင်မီထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။ ထိုသို့သောစာအုပ်များမရှိသည့်အသင်းတော်များသည် သင်သည် ကမ္ဘာ့ပရဒိသုအတွင်းထာဝစဉ်အသက်ရှင်နိုင်သည် ကိုဝေငှမည်။ ဖေဖော်ဝါရီ– သင်သည် ကမ္ဘာ့ပရဒိသုအတွင်းထာဝစဉ်အသက်ရှင်နိုင်သည်။ မတ်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစခြင်းကို အာရုံစူးစိုက်ပါ။
▪ အသင်းတော်များသည် ဒီဇင်ဘာစာအုပ်စာတမ်းမှာယူရာတွင် ၁၉၉၇ ခုနှစ်အတွက် အင်္ဂလိပ်ကင်းမျှော်စင်နှင့် နိုးလော့!နှစ်ချုပ်စာအုပ်တွဲများကို စတင်မှာယူနိုင်သည်။ နှစ်ချုပ်စာအုပ်တွဲများသည် အထူးမှာယူရသည့်စာပေဖြစ်သည်။
▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို ဒီဇင်ဘာ ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစောစစ်ဆေးသင့်သည်။ ပြီးသည့်အခါ အသင်းတော်ကိုကြေညာပေးပါ။
▪ ၁၉၉၉ ခုနှစ်အတွက်သတိရအောက်မေ့ပွဲသည် ဧပြီ ၁ ရက်၊ ကြာသပတေးနေ့ နေဝင်ပြီးချိန်တွင်ဖြစ်သည်။ အရေးကြီးသည့်အခါသမယဖြစ်သောကြောင့် သတိရအောက်မေ့ပွဲဟောပြောချက်ပေးရန်တာဝန်ပေးရာတွင် အကြီးအကဲအဖွဲ့သည် အလှည့်ကျဟောခြင်း သို့မဟုတ် နှစ်စဉ် ညီအစ်ကိုတစ်ဦးတည်းကိုသာသုံးခြင်းအစား ပိုအရည်အချင်းရှိသည့်အကြီးအကဲများထဲမှတစ်ဦးကို ရွေးသင့်သည်။
▪ ၁၉၉၈ နှစ်ချုပ်ကျမ်းချက်– “ယေဟောဝါ၏နာမတော်ကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလတ္တံ့။”—ရောမ ၁၀:၁၃၊ ကဘ။
“EVERYONE WHO CALLS ON THE NAME OF JEHOVAH WILL BE SAVED.”—ROMANS 10:13. [အင်္ဂလိပ်]
“JEHOVAH MIN A AU MI PAOH CU KHAMH AN SI LAI.”—ROM 10:13, NW. [ဟားခါးချင်း]