ကြေညာချက်များ
▪ ဇူလိုင်နှင့် ဩဂုတ်အတွက်ဝေငှရန်စာပေ– ၃၂-မျက်နှာရှိ အောက်ပါမည်သည့်ဘရိုရှာမဆို– ဘုရားသခင်သည်ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ!၊ “ကြည့်ရှုလော့! ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ။ စက်တင်ဘာ– သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း။ သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်များကို ဝေငှနိုင်သည်။ အောက်တိုဘာ– ကင်းမျှော်စင်နှင့် နိုးလော့! တစ်စောင်ချင်းစီ။ စိတ်ဝင်စားမှုတွေ့ရသည့်ပြန်လည်ပတ်မှုများကို ကင်းမျှော်စင် နှစ်စဉ်ကြေးကမ်းလှမ်းနိုင်မည်။
▪ စက်တင်ဘာတွင်စတင်ပြီး တိုက်နယ်ကြီးကြပ်မှူးများဟောမည့် လူထုဟောပြောချက်၏ခေါင်းစဉ်မှာ “ကျွန်ုပ်တို့၏ဘုရားသခင်ယေဟောဝါနှင့် မည်သူတူသနည်း”။