တိုက်နယ်စည်းဝေးအစီအစဉ်သစ်
၁ စက်တင်ဘာတွင်အစပြုမည့် တိုက်နယ်စည်းဝေးအစီအစဉ်သစ်သည် “ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏” ဟူသော အဓိကခေါင်းစဉ်ကို ထင်ရှားဖော်ပြပါမည်။ (တ. ၂၀:၃၅) ပျော်ရွှင်မှုကို “ကောင်းကျိုးချမ်းသာနှင့် ကျေနပ်ရောင့်ရဲမှုရှိသောအခြေအနေ” အဖြစ်ဖော်ပြသည်။ ယနေ့လူအများစုသည် ဘဝမှရနိုင်သည့် မည်သည့်ပျော်ရွှင်သာယာမှုကိုမဆို ရရှိရန်ကြိုးစားကြသည်။ ထိုသို့ပြုလုပ်ကြသောအခါ ယင်းသည် ခေတ္တခဏသာဖြစ်လေ့ရှိသည်။ ယင်းသည် ပျော်ရွှင်မှုအစစ်မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့ကိုယ်တိုင် မည်သို့အစဉ်အကျိုးရရှိနိုင်ပုံကို ယေဟောဝါသင်ပေးပါသည်။ (ဟေရှာ. ၄၈:၁၇; ၁ ယော. ၂:၁၇) တိုက်နယ်စည်းဝေးအစီအစဉ်သစ်က ဝိညာဉ်ရေးအရပေးကမ်းခြင်းဖြင့် ကြီးမားသည့်ပျော်ရွှင်မှု မည်သို့ရရှိနိုင်ပုံကို အလေးထားတင်ပြသွားမည်။
၂ ဓမ္မအမှုတွင် ကျွန်ုပ်တို့ကိုယ်တိုင်ပေးနိုင်သည့် လက်တွေ့ကျနည်းလမ်းများကို သိရှိရမည်။ နယ်လှည့်ကြီးကြပ်မှူးများဟောပြောမည့် ဟောပြောချက်အချို့ကို ဤသို့ခေါင်းစဉ်တပ်ထားသည်– “မဖြောင့်မတ်သောစည်းစိမ်ဥစ္စာဖြင့်မိတ်ဆွေဖွဲ့ခြင်း” “‘လူတို့တွင်ဆုလာဘ်များ’ ဖြစ်သော မြင့်မြတ်သည့်ပြင်ဆင်မှုကို လေးမြတ်ခြင်း” နှင့် “စစ်မှန်သောပျော်ရွှင်မှုကို အသွင်အမျိုးမျိုးဖြင့်ခံစားရခြင်း” တို့ဖြစ်သည်။ စည်းဝေးတွင်နှစ်ခြင်းခံလိုသူများသည် နှစ်ခြင်းမေးခွန်းများကို မိမိတို့နှင့်သုံးသပ်ဖို့ အကြီးအကဲများစီစဉ်နိုင်ရန် ဦးစီးကြီးကြပ်မှူးကို ပြောလိုပေမည်။ သန့်ရှင်းစင်ကြယ်သောဆက်ဆံရေးဖြင့် ယေဟောဝါအားဝတ်ပြုခြင်းက နှစ်ခြင်းခံသူလူသစ်များအား ကြီးမားသည့်ပျော်ရွှင်မှုကိုဖြစ်စေပါမည်။
၃ ယေဟောဝါ၏အခွင့်အာဏာကို လျောက်ပတ်စွာအသိအမှတ်ပြုခြင်းသည်လည်း စစ်မှန်သောပျော်ရွှင်မှုနှင့် လုံခြုံမှုကိုရရှိစေသည်။ လူအားလုံး ယင်းကိုသိထားရန်လိုပါသည်။ ထို့ကြောင့် တိုက်နယ်စည်းဝေး၏ လူထုဟောပြောချက်သည် “ဘုရားသခင့်ပျော်ရွှင်သောလူမျိုးနှင့် စည်းလုံးနေခြင်း” ဟူသော အဓိကခေါင်းစဉ်ကို ထင်ရှားဖော်ပြစေပါမည်။ ဤဟောပြောချက်ကို လာရောက်နားထောင်ရန် သမ္မာတရားစိတ်ဝင်စားသူအားလုံးကို ဖိတ်ခေါ်ပါလေ။ စာတန့်ဩဇာအောက်ရှိ ဤလောက၏လူ့အုပ်ချုပ်မှုအောက် သူတို့သည် စစ်မှန်သည့်လုံခြုံမှုနှင့် အဆုံးမရှိပျော်ရွှင်မှုကို မရရှိကြပါ။ (ဒေ. ၈:၉) သို့သော် ယေဟောဝါ၏ပျော်ရွှင်သောလူမျိုးတော်နှင့် ပေါင်းသင်းခြင်းဖြင့် ရွှင်လန်းမှုကို ရရှိပါမည်တည်း!—ဆာ. ၁၄၄:၁၅ခ။
၄ ဤအစီအစဉ်စနစ်တွင် ဆိုးရွားသည့်အခြေအနေများရှိနေစေကာမူ ဝိညာဉ်ရေးအရပေးကမ်းခြင်းဖြင့် ကြီးမားသည့်ပျော်ရွှင်မှုခံစားနေရသူများသည် ပျော်ရွှင်သောဘုရားယေဟောဝါအားဖြင့် မည်သည့်အခါမျှ စိတ်ပျက်ဖွယ်ရာများ ကြုံတွေ့ရမည်မဟုတ်ပေ။ (၁ တိ. ၁:၁၁) တိုက်နယ်စည်းဝေးအစီအစဉ်သစ်က ယင်းသည်မှန်ကန်ကြောင်း တင်ပြသွားမည်။ ယင်းကို လက်မလွတ်ပါစေနှင့်!