ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၆ စာ. ၂
  • ဇူလိုင်အတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇူလိုင်အတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇူလိုင် ၁ တွင် စမည့်အပတ်
  • ဇူလိုင် ၈ တွင် စမည့်အပတ်
  • ဇူလိုင် ၁၅ တွင် စမည့်အပတ်
  • ဇူလိုင် ၂၂ တွင် စမည့်အပတ်
  • ဇူလိုင် ၂၉ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၇/၉၆ စာ. ၂

ဇူလိုင်အတွက်လုပ်ငန်းတော်စည်းဝေးများ

ဇူလိုင် ၁ တွင် စမည့်အပတ်

သီချင်း ၉၀

၁၂ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ ဧပြီလလယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကိုတင်ပြပါ။

၁၅ မိ– “နေ့တိုင်းအစဉ် သစ္စာကတိဝတ်ကိုဖြေခြင်း။” မေးဖြေရန်။ ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၁၁၆၂၊ အပိုဒ် ၆-၇ မှ သစ္စာကတိဝတ်သည် အလေးထားရမည့်တာဝန်တစ်ခုဖြစ်ကြောင်း တင်ပြချက်များပါဝင်စေပါ။

၁၈ မိ– “အခြားသူများကို အမှန်တကယ်ဂရုစိုက်ခြင်းဖြင့် ယေဟောဝါကိုတုပ။” (အပိုဒ် ၁-၃) ဆောင်းပါး၏အဓိကအကြောင်းအရာကိုပေါ်လွင်စေရန် ပထမစာပိုဒ်ကိုသုံးပါ။ အသင်းတော်တွင်လောလောဆယ်ရှိနေသည့် မည်သည့်ဘရိုရှာများသည် သင့်ရပ်ကွက်ရှိသူများ၏စိတ်ဝင်စားမှုကိုနှိုးဆွပေးနိုင်ကြောင်း ပိုင်းခြားဆုံးဖြတ်ပါ။ ထို့နောက် အပိုဒ် ၂-၃ ကိုသာပြန်သုံးသပ်ပြီး ဦးဆုံးအကြိမ်သွားရောက်ခြင်းနှင့် ပြန်လည်ပတ်မှုပြုလုပ်ပုံကို ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော ဘရိုရှာဖြင့် မည်သို့ပြုလုပ်နိုင်ကြောင်းကို သရုပ်ပြပါ။ ကြေညာသူများသည် ဒေသခံရပ်ကွက်နှင့်သင့်လျော်မည့်အခြားဘရိုရှာအတွက် မိမိတို့၏ကိုယ်ပိုင်တင်ဆက်ပုံကိုပြင်ဆင်ပြီး မည်သို့တင်ဆက်နိုင်ပုံတို့ကိုတင်ပြပါ။ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေများကို ဝမ်းမြောက်ဝမ်းသာစွာလက်ခံကြောင်း ပြောဆိုပုံနှင့်ပတ်သက်သည့် အကြံပြုချက်များပါဝင်စေပါ။

သီချင်း ၁၁၂ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၈ တွင် စမည့်အပတ်

သီချင်း ၄၃

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– “အခြားသူများကို အမှန်တကယ်ဂရုစိုက်ခြင်းဖြင့် ယေဟောဝါကိုတုပ” (အပိုဒ် ၄-၅) အပိုဒ် ၄-၅ နှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ . . . ဘရိုရှာမှပေါ်လွင်ချက်အချို့ကိုဆွေးနွေးပါ။ ထို့နောက် ဦးဆုံးအကြိမ်သွားရောက်ခြင်းနှင့် ပြန်လည်ပတ်မှုအတွက် အကြံပြုထားသည့်တင်ဆက်ပုံများကို သရုပ်ပြပါ။

၂၀ မိ– “ရှေ့ဆောင်လုပ်ငန်းတွင် ညီအစ်ကိုများစွာ လိုအပ်နေ။” မေးဖြေရန်။ အချိန်ရသရွေ့ ၁၉၉၃၊ စက်တင်ဘာ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၁ တွင်ဆွေးနွေးထားသည့်အတိုင်း ငွေရေးကြေးရေးလိုအပ်ရာများအတွက် မည်သို့ဂရုစိုက်ကြည့်ရှုနိုင်ကြောင်း အကြံပြုချက်များကိုသုံးသပ်ပါ။

သီချင်း ၁၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၁၅ တွင် စမည့်အပတ်

သီချင်း ၁၆၂

၁၀ မိ– ဒေသကြေညာချက်များ။

၂၀ မိ– “ညနေပိုင်းသက်သေခံခြင်းကို သင်ကြိုးစားကြည့်ဖူးသလော။” ပရိသတ်ကိုပါဝင်စေပြီး လူတွေ့မေးမြန်းခန်းအချို့ပြုလုပ်ခြင်းဖြင့်ဟောပြောရန်။ ရပ်ကွက်၌ ညနေပိုင်းလုပ်ဆောင်စဉ် ဒေသနှင့်ပတ်သက်သည့် မည်သည့်အရာများ ဂရုစိုက်ရမည်ကိုပြောပြပါ။ ညနေပိုင်းသက်သေခံခြင်းမှ အပြုသဘောပါသည့်အကျိုးရလဒ်များရရှိသည့်တွေ့ ကြုံမှုများပါဝင်စေပါ။ ဒေသဆိုင်ရာ လုပ်ငန်းတော်စည်းဝေးများအတွက် ပတ်စဉ်အစီအစဉ်ဇယားကို အကြမ်းဖျင်းဖော်ပြပါ။

၁၅ မိ– “အခြားသူများကို အမှန်တကယ်ဂရုစိုက်ခြင်းဖြင့် ယေဟောဝါကိုတုပ။” (အပိုဒ် ၆-၈) ဘရိုရှာထားခဲ့သည့်သူများထံ ချက်ချင်းပြန်လည်ပတ်မှုပြုလုပ်ဖို့ အားလုံးကိုအားပေးရန် ဆောင်းပါး၏နောက်ဆုံးအပိုဒ်ကိုသုံးပါ။ အပိုဒ် ၆-၇ ကိုသုံးပြီး ဦးဆုံးအကြိမ်သွားရောက်စဉ် ဘဝရည်ရွယ်ချက် ဘရိုရှာကိုမည်သို့ဝေငှနိုင်ပုံနှင့် ပြန်လည်ပတ်မှုတွင် အသိပညာ စာအုပ်၏ပထမအခန်းဖြင့် ကျမ်းစာသင်အံမှုမည်သို့စတင်နိုင်ပုံကို သရုပ်ပြပါ။ ကြေညာသူများအား ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် အကြံပြုထားသည့် တင်ဆက်ပုံများကိုနမူနာယူပြီး အခြားဘရိုရှာများအတွက်တင်ဆက်ပုံများကို မိမိတို့ကိုယ်ပိုင်ပြင်ဆင်တင်ဆက်နိုင်ကြောင်း သတိပေးနှိုးဆော်ပါ။

သီချင်း ၆၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၂၂ တွင် စမည့်အပတ်

သီချင်း ၁၀၈

၁၀ မိ– ဒေသကြေညာချက်များ။ အိမ်တံခါးဝတွင်တင်ဆက်ရာ၌အသုံးပြုနိုင်သော စိတ်ဝင်စားဖွယ်ပေါ်လွင်ချက်များကိုညွှန်ပြသည့် နောက်ဆုံးထုတ်မဂ္ဂဇင်းများကို အကျဉ်းချုပ်သုံးသပ်ပါ။

၁၅ မိ– အချိန်ပြည့်လုပ်ငန်းတော်ပန်းတိုင်ကို မီအောင်လိုက်ခြင်း။ ၁၉၈၈၊ ဒီဇင်ဘာ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၅-၇ [လိပ်] ကိုအခြေခံပြီး အကြီးအကဲတစ်ဦးနှင့် ဆယ်ကျော်သက်လူငယ်တစ်ဦး သို့မဟုတ် နှစ်ဦးနှင့် ဆွေးနွေးပါ။ လူငယ်များသည် ကျောင်းပြီးသွားသည့်နောက် မည်သည့်ပန်းတိုင်များထားရမည်ကို ဆုံးဖြတ်ရန်ကြိုးစားနေကြ။ သူတို့သည် လောကအလုပ်အကိုင်များမှကမ်းလှမ်းသည့် ရုပ်ပစ္စည်းကြွယ်ဝချမ်းသာရေးကိုစိတ်ဝင်စားကြောင်းတင်ပြကြသည်။ ရှေ့ဆောင်လုပ်ငန်းကို ပန်းတိုင်ထားလုပ်ဆောင်ခြင်းသည် သာ၍ကောင်းသည့်အကြောင်းကောင်းများကို အကြီးအကဲညွှန်ပြ။ ဆယ်ကျော်သက်တို့သည် သဘောတူသော်လည်း သူတို့ရှေ့ဆောင်လုပ်နိုင်ရန်နှင့် ရုပ်ပစ္စည်းအထောက်အပံ့အတွက် သံသယရှိကြသည်။ ရှေ့ဆောင်လုပ်ငန်းသည် ကျိုးကြောင်းညီညွတ်ပြီး ရယူနိုင်သည့်ပန်းတိုင်ဖြစ်ကာ များစွာသောသူတို့အားရွှင်လန်းမှုရရှိစေသည်ကိုတင်ပြသည့် ကင်းမျှော်စင် ဆောင်းပါးမှတွေ့ကြုံမှုများကို အကြီးအကဲမျှဝေပေးပါ။ ဆယ်ကျော်သက်တို့သည် အကြီးအကဲ၏တင်ပြချက်များအတွက် ကျေးဇူးတင်လေးမြတ်မှုနှင့် နိုင်ငံတော်လုပ်ငန်း၌အပြည့်အဝပါဝင်ရန်ပန်းတိုင်ထားဖို့ အလေးထားစဉ်းစားသွားမည်ဟူသည့်ဖော်ပြချက်ဖြင့် ဆွေးနွေးခန်းကိုနိဂုံးချုပ်ပါ။

၂၀ မိ– “အသိပညာစာအုပ်ဖြင့်တပည့်ဖြစ်စေရန်ပြုလုပ်ပုံ” ၁၉၉၆၊ ဇွန်လ ကြားညှပ်စာရွက်၊ အပိုဒ် ၁၂-၁၆ ကိုခြုံငုံ၍ဟောပါ။ တိုးတက်မှုရှိသည့်ကျမ်းစာသင်အံမှု သရုပ်ပြနှစ်ခုပါဝင်စေပါ။ ပထမတစ်ခုတွင် သင်သားအား ပုံနှိပ်ထားသောမေးခွန်း၏တိုက်ရိုက်အဖြေဖြစ်သည့် အဓိကစကားလုံးများနှင့် စကားစုများကိုပေါ်လွင်အောင် မျဉ်းသားဖော်ပြပေးခြင်းဖြင့် သင်ခန်းစာကိုပြင်ဆင်ရန်လေ့ကျင့်ပေးပုံကို သရုပ်ပြပါ။ ဒုတိယတစ်ခုတွင် ကျမ်းစာသင်သားအား လူထုစည်းဝေးနှင့် ကင်းမျှော်စင်သင်တန်းကိုတက်ရန် မည်သို့အားပေးပြောဆိုနိုင်ပုံကို သရုပ်ပြပါ။

သီချင်း ၁၁၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၂၉ တွင် စမည့်အပတ်

သီချင်း ၂၁၂

၁၀ မိ– ဒေသကြေညာချက်များ။ “တိုက်နယ်စည်းဝေးအစီအစဉ်သစ်” ကိုသုံးသပ်။

၂၀ မိ– ကျမ်းစာသင်အံမှုရရှိရန် ဘာကအကူအညီဖြစ်စေမည်နည်း။ အကြီးအကဲတစ်ဦးသည် ကျမ်းစာသင်အံမှုလုပ်ငန်းတွင် အောင်မြင်မှုရရှိခဲ့သူနှစ်ဦး၊ သုံးဦးနှင့် ဆွေးနွေးပါ၊ သင်အံမှုစတင်ရာတွင် ပို၍အောင်မြင်နိုင်သည့်နည်းလမ်းများကိုသုံးသပ်ပါ– (၁) အကူအညီအတွက် ယေဟောဝါထံဆုတောင်းပါ။ (၂) စိတ်ဝင်စားသူများကိုတွေ့ရှိရန် ဓမ္မအမှု၏ကဏ္ဍအသီးသီးတွင်မှန်မှန်ပါဝင်ပါ။ (၃) စိတ်ဝင်စားသူအားလုံးကိုမှတ်သားထားပြီး ချက်ချင်းပြန်လည်ပတ်မှုပြုလုပ်ပါ။ (၄) စိတ်ဝင်စားမှုတင်ပြတိုင်း အမြဲသင်အံမှုကမ်းလှမ်းပါ။ (၁၉၉၆၊ ဖေဖော်ဝါရီ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၂ ပါ “ကျမ်းစာသင်အံမှုစတင်ကျင်းပခြင်း” ခေါင်းစဉ်ငယ်ကိုကြည့်ပါ။) (၅) ၁၉၈၅၊ ဩဂုတ် ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၉ ပါ အကြံပြုချက်လေးခုကို အသုံးပြုခြင်းဖြင့် သင့်သွန်သင်ခြင်းစွမ်းရည်၌ ယုံကြည်စိတ်ချမှုကိုတည်ဆောက်ပေးပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ၁၉၉၆၊ ဇန်နဝါရီ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၃ မှ “နှစ်သိမ့်မှုနှင့်အားပေးမှု—မှန်ကူကွက်များစွာပါသည့်ကျောက်မျက်များ” အကြောင်းကို အကြီးအကဲတစ်ဦးဟောပါ။

သီချင်း ၁၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ