ဘုရားသခင့်နှုတ်ကပတ်တော်ကိုအသုံးပြုရာတွင်ကျွမ်းကျင်လာရန် သူတစ်ပါးကိုကူညီပေးခြင်း
၁ ကျွန်ုပ်တို့ကိုယ်စီ ဓမ္မအမှုဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်ရန်၊ နည်းအမျိုးမျိုးဖြင့်လေ့ကျင့်မှုရရန် အကူအညီများစွာကို ယေဟောဝါပြင်ဆင်ထားတော်မူသည်။ ကိုယ်တော်၏ပြင်ဆင်ချက်ကိုအသုံးပြုခြင်းအားဖြင့် ‘ကောင်းသောသူ၏ခြေရာတို့သည် အသင့်ရှိလေပြီ။’ (ဆာ၊ ၃၇:၂၃ NW ) ဥပမာ၊ ဟောပြောသွန်သင်ပေးနည်းကို သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းအားဖြင့် နှစ်ပေါင်း ၅၀ နီးပါးတိုးတက်စွာလေ့ကျင့်ပေးခဲ့ပြီ။ ယင်းသည် လုပ်ငန်းတော်စည်းဝေးတွင်ကြားနာရသည့် လက်တွေ့ကျဟောပြောချက်များ၊ သရုပ်ပြပွဲများနှင့်ဆွေးနွေးခန်းများအားဖြင့် ဖြည့်စွက်ပေးပါသေးသည်။
၂ တိုက်နယ်ကြီးကြပ်မှူးများ၏ မှန်မှန်လည်ပတ်မှုမှလည်း ကျွန်ုပ်တို့များစွာအကျိုးရရှိသည်။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် စာအုပ်ကြီးသင်တန်းအုပ်စုတစ်ခုစီထံလည်ပတ်ပြီး ဓမ္မအမှုတွင် ကျွန်ုပ်တို့၏အရည်အချင်းများတိုးတက်လာရန် မေတ္တာပါစွာအားပေးတည်ဆောက်ပါသည်။ ၄င်းတို့အပြင် လယ်ကွင်းလုပ်ငန်းအတွက် ကျွန်ုပ်တို့တွေ့ဆုံတိုင်း ထိုနေ့ရက်အတွက် လက်တွေ့ကျအားပေးမှုနှင့်အကြံပေးချက်များကို ၁၀ မိနစ်ခန့်ကြားနာရသည်။ (ဟေ၊ ၁၀:၂၃-၂၅) အဖွဲ့အစည်းအားဖြင့် ဤကဲ့သို့သောအစီအစဉ်များသည် သတင်းကောင်းဟောပြောရန် ယေဟောဝါခန့်အပ်ထားသူတို့အပေါ် ကိုယ်တော်၏မေတ္တာကရုဏာထင်ရှားစေသည်။
လူငယ်များနှင့် ကျမ်းစာသင်သားတို့ကိုကူညီ
၃ ငယ်ရွယ်သောကြေညာသူများနှင့်လူသစ်များသည် ဓမ္မအမှုတွင် မှန်မှန်ကူညီမစမှုလိုအပ်ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့အားလုံးကူညီမစပေးနိုင်သော်လည်း အဓိကအနေနှင့် မိဘများနှင့် ဤသူတို့အားကျမ်းစာသင်ပေးသူတို့၏တာဝန်ဖြစ်သည်။ (ဂလ၊ ၆:၆။ ဧ၊ ၆:၄) သမ္မာကျမ်းစာကို ထိရောက်စွာအသုံးပြုနိုင်ခြင်းသည် အချိန်အားလျော်စွာအတွေ့အကြုံရှိလာသည်နှင့် အလိုအလျောက်တတ်မြောက်လာသည်မဟုတ်ပါ။ ယင်းအစား စည်းစနစ်ကျနစွာမေတ္တာပါပါကူညီပေးမှုနှင့် လေ့ကျင့်မှုလိုအပ်ပါသည်။
၄ ဤကဲ့သို့သောကူညီမှုမျိုးကို ဓမ္မအမှုတွင်သင်သားမပါဝင်မှီပေးရမည်။ အပြန်အလှန်စကားအတွက်အကြောင်းအရာကို ပြန်လည်သုံးသပ်ပါ။ ဓမ္မအမှုတွင်ပါဝင်ရန် အရည်အချင်းပြည့်မှီသူတို့အတွက် လွယ်ကူသောဟောပြောချက်တိုတစ်ခုပြင်ဆင်ပေးပါ။ အတွေ့အကြုံတိုးများလာမည်၊ စိတ်ချမှုလည်းတိုးလာမည်ဆိုလျှင် အကြံပြုထားသည့်ကျမ်းချက်တစ်ခုကို စအသုံးပြုနိုင်ပေမည်။ လုပ်ငန်းတော်တွင်အတူတူပါဝင်လုပ်ကိုင်စဉ် တစ်အိမ်ထွက်၍ နောက်တစ်အိမ်မဝင်မီ ချီးမွမ်းပေးပါ။ တိုးတက်လာနိုင်ရန် အကြံပြုချက်များကိုလည်း ကြင်နာစွာပေးပါ။ အချိန်အခါမရွေး ဆုပတ္ထနာပြုရန်လိုအပ်ကြောင်းကို အလေးအနက်သဘောပေါက်စေပါ။—ဧ၊ ၆:၁၈၊ ၁၉။
၅ ဓမ္မအမှုတွင် ကြားရက်များ၌ မှန်မှန်ရှေ့ဆောင်အများနှင့် အခြားအတွေ့အကြုံရှိကြေညာသူများပါဝင်လေ့ရှိကြသော်လည်း ဤထိရောက်စွာဟောပြောနိုင်သောကြေညာသူတို့သည် တစ်ခါတစ်ရံ လယ်ကွင်းလုပ်ငန်း၌ စနေတနင်္ဂနွေနေ့များတွင်ပါဝင်နိုင်ရန် စီစဉ်ပေးပါက အလွန်ကောင်းပေမည်။ ဤသို့ကိုယ်ကျိုးစွန့်ပြုလုပ်ခြင်းဖြင့် သူတို့နှင့်အတူဓမ္မအမှု၌ပါဝင်ခြင်းဖြင့် တိုးတက်လိုသူတို့သည် များစွာကျေးဇူးတင်ကြပေမည်။—ဒေ၊ ၄:၉၊ ၁၀။
၆ တစ်ချိန်က ကျွန်ုပ်တို့အားလုံးသည် လယ်ကွင်းဓမ္မအမှုတွင် လူသစ်များဖြစ်ကြခဲ့သည်။ အတွေ့အကြုံနည်းသူများလည်းဖြစ်ခဲ့ကြသည်။ အတွေ့အကြုံများသောကြေညာသူများနှင့် ရှေ့ဆောင်များ၏အားပေးမှုနှင့် လေ့ကျင့်မှုကို ကျွန်ုပ်တို့ရရှိခဲ့ကြပါသည်။ ယခုကျွန်ုပ်တို့ဓမ္မအမှု၌ကျွမ်းကျင်၍ ပျော်ရွှင်မှုရရှိနေခြင်းသည် ထိုကူညီမစမှုကြောင့်ဖြစ်သည်။ (သု၊ ၂၇:၁၇။ တ၊ ၂၀:၃၅) သူတစ်ထူးအား ယေဟောဝါ၏နှုတ်ကပတ်တော်ကိုအသုံးပြုရာတွင် ပိုမိုကျွမ်းကျင်လာရန် ကူညီပေးခြင်းဖြင့် ဓမ္မအမှုတွင် ကျွန်ုပ်တို့အားအမြဲလေ့ကျင့်ကူညီပေးနေသော ယေဟောဝါအားကျေးဇူးတင်ကြောင်း တင်ပြကြစို့။