တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
နိုဝင်ဘာ ၅ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှကြေညာချက်များ။ ဤအပတ်တွင် နောက်ဆုံးထုတ်မဂ္ဂဇင်းများမှတင်ပြနိုင်မည့် ဆောင်းပါးတို့ကိုပေါ်လွင်စေပါ။ Doing God’s Will ရုပ်ပြစာစောင်ကို လုပ်ငန်းတော်စည်းဝေးသို့ နောက်အပတ်ယူလာရန် ညီအစ်ကိုများအားသတိပေးပါ။
၂၀ မိ။ “ဘုရားသခင့်နှုတ်ကပတ်တော်ကို ထောက်ခံ။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၃ နှင့် ၄ ကိုသုံးသပ်သည့်အခါ အရည်အချင်းရှိကြေညာသူတစ်ဦးအား အပြန်အလှန်စကားအတွက်အကြောင်းအရာကိုသရုပ်ပြစေပါ။
၁၅ မိ။ ကျွန်ုပ်တို့၏သြဂုတ်လမှတ်တမ်းသည် အဘယ်ကြောင့်ကောင်းရခြင်း။ လုပ်ငန်းတော်ကြီးကြပ်မှူး ဆွေးနွေးတင်ပြရန်။
သီချင်း ၄၆ နှင့် ဆုတောင်းချက်။
နိုဝင်ဘာ ၁၂ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၈ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ အသင်းမ၏ကမ္ဘာချီလုပ်ငန်းအတွက်လှူဒါန်းကြသောအလှူငွေအတွက် အသင်းမထံမှကျေးဇူးတင်စာများကိုဖတ်ပြပါ။ ဒေသခံအသင်းတော်လိုအပ်ရာများအတွက် ငွေဖြင့်ထောက်ပံ့ခြင်းကို ကျေးဇူးတင်ကြောင်း တင်ပြပါ။ စနေတနင်္ဂနွေနေ့များအတွက် လယ်ကွင်းလုပ်ငန်းအစီအစဉ်များကိုကြေညာပါ။
၁၇ မိ။ “ယေဟောဝါအဖွဲ့အစည်းသို့ ကျမ်းစာသင်သားများကို ညွှန်းခြင်း။” မေးဖြေသုံးသပ်ရန်။ အပိုဒ် ၃ တွင် Doing God’s Will စာစောင်၊ စာမျက်နှာ ၁၄ နှင့် ၁၅ ပါအချက်အလက်အချို့ကိုအသုံးပြု၍ ကျမ်းစာသင်သားအား အသင်းတော်စည်းဝေးများတက်ရန် မည်သို့အားပေးနိုင်ကြောင်း သရုပ်ပြပါ။
၂၀ မိ။ “စင်ကြယ်သောဘာသာစကား” ခရိုင်စည်းဝေးပွဲမှ ပေါ်လွင်ချက်များ။ ပရိသတ်နှင့်ဆွေးနွေးရန်။
သီချင်း ၃၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၁၉ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၅ မိ။ ဒေသကြေညာချက်များနှင့် သီအိုကရက်တစ်သတင်း။ စနေတနင်္ဂနွေလယ်ကွင်းလုပ်ငန်းအစီအစဉ်ကိုအားပေးကြရန် တိုက်တွန်းပါ။
၂၀ မိ။ “ဘုရားသခင့်နှုတ်ကပတ်တော်ကိုအသုံးပြုခြင်းတွင် ကျွမ်းကျင်လာရန် သူတစ်ပါးကိုကူညီပေးခြင်း” မေးဖြေ၍သုံးသပ်ရန်။ ဓမ္မအမှု၏ကဏ္ဍအသီးသီးတွင် ပိုမိုထိရောက်လာရန် အချင်းချင်းကိုကူညီပေးရန်လိုကြောင်း ထင်ရှားစွာတင်ပြပါ။ အရည်အချင်းပြည့်မီသောကျမ်းစာသင်သားတို့အား ကြေညာသူများမည်သို့ကူညီပေးနိုင်ကြောင်း သရုပ်ပြပါ။ သို့မဟုတ် ကလေးငယ်ကို ဓမ္မအမှုအတွက်မိဘတစ်ဦးမည်သို့ကူညီပေးကြောင်း တင်ပြပါ။
၂၀ မိ။ “ယုံကြည်ခြင်းအတွက် စိန်ခေါ်ချက်ဖြစ်သော ဆေးဘက်ဆိုင်ရာအခြေအနေကိုရင်ဆိုင်ရန် အသင့်ရှိပြီလော။” အရည်အချင်းရှိအကြီးအကဲတစ်ဦး ကြားညှပ်ဆောင်းပါး၏အစမှ “လိုအပ်ချိန်တွင်ရသည့် တန်ဖိုးရှိအကူအညီ” ခေါင်းစဉ်အထိအပိုဒ်များကို မေးဖြေဆွေးနွေးရန်။ အရေးအကြောင်းပေါ်ခါမှ ဘာလုပ်ရန်စစဉ်းစားဖို့မဟုတ်ကြောင်းကို အလေးအနက်တင်ပြပါ။ မိသားစုလိုက် ယခုအချိန်ကတည်းကကြိုတင်စီစဉ်ထားပါ။—အသင့်ရှိနေပါလေ။
သီချင်း ၁၈၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၂၆ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၅ မိ။ ဒေသကြေညာချက်များ။
၁၀ မိ။“သတင်းကောင်းကိုဝေငှခြင်း—ဆုပတ္ထနာပြုပုံစံဖြင့်” တရင်းတနှီးဆွဲဆောင်မှုရှိရှိဟောပြောရန်။ ကျွန်ုပ်တို့ဓမ္မအမှုကို ဘုရားသခင်ညွှန်ကြား၍ကောင်းချီးပေးပါရန် ဆုတောင်းဖို့လိုကြောင်း အထူးတင်ပြပါ။
၁၈ မိ။ “ယုံကြည်ခြင်းအတွက် စိန်ခေါ်ချက်ဖြစ်သော ဆေးဘက်ဆိုင်ရာအခြေအနေကိုရင်ဆိုင်ရန် အသင့်ရှိပြီလော။” အတွေ့အကြုံများသောဟောပြောသူသည် “လိုအပ်ချိန်တွင်ရသည့် တန်ဖိုးရှိအကူအညီ” ခေါင်းစဉ်မှ ကြားညှပ်ဆောင်းပါးအဆုံးအထိ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာအခြေအနေမျိုးတွင် အကြီးအကဲများနှင့်အတူ တွဲဘက်လုပ်ဆောင်ခြင်းအကျိုးကို အလေးအနက်ပေါ်လွင်စွာ ဟောပြောရန်။
၁၂ မိ။ နိုဝင်ဘာလတွင်မည်သို့ပြုခဲ့ပြီနည်း။ ဒီဇင်ဘာလတွင် တိုး၍ကောင်းသောလုပ်ငန်းကိုဆောင်ရွက်နိုင်ရန် အစီအစဉ်များကိုဆွေးနွေးဟောပြောရန်။
သီချင်း ၁၈၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။