ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၂/၁၅ စာ. ၃-၄
  • မူများကို ရွေးချယ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မူများကို ရွေးချယ်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဘယ်မူမျိုးနည်း
  • ဘုရားသခင်ဆိုင်ရာမူများ အကျိုးပြုနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သင့်ခြေလှမ်းများကို ဘုရားသခင်ရေးရာ မူများဖြင့် လမ်းညွှန်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကျမ်းစာမူတွေ အကျိုးရှိသလား
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ကျမ်းစာအခြေခံမူတွေကို သိအောင်လုပ်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၂/၁၅ စာ. ၃-၄

မူများကို ရွေးချယ်ခြင်း

သင်သည် ကျင့်ဝတ်မူကို ကျင့်သုံးသူလော။ သို့မဟုတ် လူ့ကျင့်ဝတ်သည် အတော်ခေတ်နောက်ကျသည်ဟု သင်ယူမှတ်သလော။ အမှန်သော် အရေးပါ၏ဟုသူတို့ယူမှတ်သည့် မူတစ်မျိုးမျိုး၏ လမ်းညွှန်မှုကို လူတိုင်းခံနေရကြသည်။ The New Shorter Oxford English Dictionary အရ ကျင့်ဝတ်မူကို “ကောင်းမြတ်သည့် ကိုယ်ကျင့်တရား” ဟုအဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ ကျင့်ဝတ်မူများသည် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များအပေါ် ဩဇာသက်ရောက်၍ ဘဝလမ်းစဉ်ကို လမ်းညွှန်ပေးသည်။ ကျင့်ဝတ်မူများသည် သံလိုက်အိမ်မြှောင်တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်သည်။

ဥပမာ၊ “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟူသော မဿဲ ၇:၁၂ တွင်တွေ့ရသည့် ရွှေပညတ်ကိုလိုက်နာရန် ယေရှုက မိမိ၏နောက်တော်လိုက်များအား တိုက်တွန်းခဲ့သည်။ ကွန်ဖြူးရှပ်၏နောက်လိုက်များသည် ကြင်နာခြင်း၊ နှိမ့်ချခြင်း၊ လေးစားခြင်းနှင့် တည်ကြည်ခြင်းစသည့် အရည်အသွေးများကို ရည်ညွှန်းသည့် လီ နှင့် ဂျဲန် မူများကို လိုက်နာကြသည်။ ဘာသာရေးမကိုင်းရှိုင်းသူများပင် မိမိတို့၏ အမူအကျင့်ကိုပိုင်းဖြတ်ပေးသည့် ဦးစားပေးအစီအစဉ်အချို့ သို့မဟုတ် လမ်းညွှန်ချက်အချို့ရှိကြ၏။

အဘယ်မူမျိုးနည်း

သို့ရာတွင် ကျင့်ဝတ်မူများသည် ကောင်းကျိုးကိုသော်လည်းကောင်း၊ ဆိုးကျိုးကိုသော်လည်းကောင်း ဖြစ်စေနိုင်သည်ကို ကျွန်ုပ်တို့မှတ်သားသင့်သည်။ ဥပမာ၊ လွန်ခဲ့သောဆယ်စုနှစ်ခန့်တွင် ငါသာပဓာနဝါဒဟု သတ်မှတ်ခဲ့ရာ၏ လှုံ့ဆော်မှုကိုခံရသူအရေအတွက် တိုးများလျက်ရှိ၏။ အများစုသည် ထိုဝေါဟာရကိုမသိကြ၊ သို့မဟုတ် ယင်းသည် မိမိတို့နှင့်မသက်ဆိုင်ဟု ယူမှတ်ကြမည်ဖြစ်သော်လည်း ငါသာပဓာနဝါဒသည် အကျင့်စာရိတ္တနှင့်ပတ်သက်၍ မြင့်မားသောစံနှုန်းများကို စွန့်ပစ်သူများ အလိုလိုအမှီသဟဲပြုသည့် ကျင့်ဝတ်မူဖြစ်သည်။ ထိုသို့သတ်မှတ်ခံရသည်ဖြစ်စေ၊ မခံရဖြစ်စေ ငါသာပဓာနဝါဒသည် ရုပ်ပစ္စည်းကိုအဆင်အခြင်မဲ့လိုက်စားခြင်းနှင့် ဒွန်တွဲလေ့ရှိသော တစ်ကိုယ်ကောင်းဆန်ခြင်း၏ သာဓကပင်ဖြစ်သည်။ “ကျွန်တော်တို့မှာ မူနှစ်ခုပဲရှိတယ်။ တစ်ခုက လိုချင်စိတ်ကိုဖြည့်ဆည်းပေးတာ၊ နောက်တစ်ခုကတော့ ငွေရှာတာပါပဲ” ဟုတရုတ်ပြည်မှ ရုပ်မြင်သံကြား အလုပ်အမှုဆောင်တစ်ဦးက ဆိုသည်။

ငါသာပဓာနဝါဒသည် သံလိုက်တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်သည်။ သံလိုက်သည် သံလိုက်အိမ်မြှောင်အပေါ် မည်သို့သက်ရောက်မှုရှိသနည်း။ ယင်းတို့နှစ်ခုကို ဘေးချင်းယှဉ်ထားပါက အိမ်မြှောင်လက်တံသည် အလွဲညွှန်ပြလေတော့သည်။ ထိုနည်းထပ်တူ ငါသာပဓာနဝါဒသည် လူတစ်ဦး၏အလိုဆန္ဒများကို အဓိကထားခြင်းအားဖြင့် လူတစ်ဦး၏ကိုယ်ကျင့်တရားအိမ်မြှောင် သို့မဟုတ် ကောင်းမြတ်သော ကိုယ်ကျင့်တရားကို ပျက်ယွင်းစေနိုင်၏။

ငါသာပဓာနဝါဒသည် ခေတ်သစ်ထူးခြားချက်တစ်ရပ်မဟုတ်ကြောင်း သင်သိရှိရပါက အံ့အားသင့်မည်လော။ ထိုစိတ်ဓာတ်သည် ဧဒင်ဥယျာဉ်တွင် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ချမှတ်ထားသည့် ကိုယ်ကျင့်တရားစံနှုန်းကို ကနဦးမိဘများ စွန့်ပစ်ခဲ့ချိန်ကတည်းက စရှိခဲ့သည်။ ယင်းက သူတို့၏ကိုယ်ကျင့်တရားအိမ်မြှောင်ကို ပြောင်းလဲစေခဲ့သည်။ အာဒံနှင့်ဧဝမှ ဆင်းသက်လာသူများဖြစ်သော လူသားများအနေနှင့် ကျွန်ုပ်တို့သည် ဘဝအပေါ် ထပ်တူသဘောထားမျိုးရှိကြပြီး ၎င်းကို မကြာသေးမီက “ငါသာပဓာနဝါဒ” ဟုအမည်ပေးခဲ့ကြသည်။—ကမ္ဘာဦး ၃:၆-၈၊ ၁၂။

ကျမ်းစာပရောဖက်ပြုချက်က “ခဲယဉ်းသောကာလ” ဟုခေါ်ဆိုသည့် “နောက်ဆုံးသောကာလ” အတွင်း ထိုသဘောထားပျံ့နှံ့နေသည်ကို အထူးသဖြင့် တွေ့မြင်နေကြရ၏။ လူအများသည် “ကိုယ်ကိုကိုယ် ချစ်” ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ငါသာပဓာနသဘောထားကို တုပရန် ဖိအားပေးခံနေရခြင်းမှာ အံ့ဩစရာမဟုတ်ပေ။—၂ တိမောသေ ၃:၁-၅။

သင်သည် ယေဟောဝါသက်သေများ၏ ဥရောပဌာနခွဲရုံးတစ်ခုသို့ စာရေးခဲ့သူ အောလက်ဖ်အမည်ရှိ လူငယ်တစ်ဦး၏ ဤသဘောထားမျိုးရှိနေပေမည်– “အထူးသဖြင့် ကျွန်တော်တို့လိုလူငယ်တွေအတွက် မှန်မှန်ကန်ကန်ကျင့်ကြံဖို့ အရမ်းခက်တယ်။ ကျမ်းစာမူတွေကို စွဲစွဲမြဲမြဲလိုက်နာနေဖို့ လိုတဲ့အကြောင်း ကျွန်တော်တို့ကို ကျေးဇူးပြုပြီး အမြဲသတိပေးပါ။”

အောလက်ဖ်သည် ပိုင်းခြားသိမြင်လိုသည့်စိတ်ထားရှိကြောင်း ဖော်ပြခဲ့သည်။ ဘုရားသခင်ဆိုင်ရာမူများသည် ကျွန်ုပ်တို့အားလုံး—ပျိုပျိုအိုအို—ကို မြင့်မားသောအမူအကျင့်စံနှုန်းများအတိုင်း လျှောက်လှမ်းစေသည်။ ငါသာပဓာနဝါဒဟု သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ ၎င်းကိုတွန်းလှန်နိုင်စေသည်။ ကျမ်းစာမူများသည် သင့်အား အမှန်တကယ်ပင် မည်သို့အထောက်အကူပြုနိုင်ကြောင်း ပိုမိုသိလိုပါက ကျေးဇူးပြု၍ နောက်ဆောင်းပါးကို သုံးသပ်ပါလေ။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ယနေ့ လူအများသည် အခြားသူများ၏လိုအပ်ချက်များကို အရေးမထားကြချေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ