ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၈/၁ စာ. ၃၀-၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်လုပ်ငန်းက သင့်အတွက် အဘယ်အကုန်အကျရှိစေမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေရမိ၏ သစ္စာရှိသောစာရေး ဗာရုတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • “သတိရှိကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ညီအစ်ကိုထံမှ ကျွန်ုပ်ငွေချေးသင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၈/၁ စာ. ၃၀-၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ယေဟောဝါသက်သေများသည် ရိုးသားရန်ကြိုးပမ်းကြပြီး တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချကြသည့်အတွက် စီးပွားဖက် အလုပ်လုပ်ကိုင်ကြသည့်အခါ စာချုပ်ချုပ်ရန်အရေးကြီးသည်ဟု သူတို့အဘယ့်ကြောင့်ယူဆရသနည်း။

ထိုသို့ပြုလုပ်ခြင်းသည် ကျမ်းစာနှင့်ညီသည်၊ လက်တွေ့ကျသည်၊ မေတ္တာလည်းပါသည်။ မည်သို့အားဖြင့်နည်း။ စီးပွားရေးလုပ်ရန် စာချုပ်ချုပ်ခြင်းနှင့်စပ်လျဉ်းသည့် ဤအကြောင်းအချက်များကို သုံးသပ်ကြည့်ကြစို့။

သမ္မာကျမ်းစာတွင် ဘုရားသခင်ပဋိညာဉ်ဖွဲ့ထားသော ဣသရေလလူမျိုးနှင့် ကိုယ်တော်ဆက်ဆံစီရင်ခဲ့သည့် မှတ်တမ်းပါသည်။ စစ်မှန်သောဝတ်ပြုသူများအချင်းချင်း ပြုလုပ်သည့် စီးပွားရေးကိစ္စများကိုလည်း ဖော်ပြထားသည်။ ကျွန်ုပ်တို့သုံးသပ်ကြည့်နိုင်သည့် အကြောင်းတစ်ခုကို ကမ္ဘာဦးအခန်းကြီး ၂၃ တွင်တွေ့ ရှိနိုင်သည်။ ချစ်မြတ်နိုးရသူ စာရာကွယ်လွန်သောအခါ အာဗြဟံသည် သင်္ချိုင်းမြေတစ်ကွက်ကို ဝယ်ယူလိုခဲ့သည်။ ဟေဗြုန်မြို့အနီးတစ်ဝိုက်တွင်နေထိုင်သူ ခါနာန်လူမျိုးတို့နှင့် သူအဆက်အသွယ်ပြုခဲ့သည်။ သူရလိုသောမြေကွက်အတွက် ငွေမည်မျှပေးလိုကြောင်း ရှင်းလင်းပြတ်သားစွာဖော်ပြသည်ဟု အခန်းငယ် ၇-၉ ကဖော်ပြသည်။ ယင်းကမ်းလှမ်းချက်ကို လူသူရှေ့ပြုခဲ့ပြီး မြို့တံခါးရှိအခြားသူများကြားသိခဲ့ကြောင်း အခန်းငယ် ၁၀ ကဖော်ပြသည်။ ပိုင်ရှင်က အာဗြဟံကိုမြေကွက်ပေးရန် ကမ်းလှမ်းခဲ့ရာ အခန်းငယ် ၁၃ တွင်ဖော်ပြသည့်အတိုင်း အာဗြဟံသည် ထိုမြေကွက်ကိုတန်ဖိုးငွေဖြင့်သာ ဝယ်ယူလိုကြောင်းတုံ့ပြန်ခဲ့သည်။ ထိုအတိုင်းပင်ဖြစ်ခဲ့ကာ “ဟေသအမျိုးသားပရိသတ်၌ မြို့တံခါးသို့ဝင်သောသူအပေါင်းတို့ရှေ့မှာ” အတည်ပြုခဲ့ကြောင်း အခန်းငယ် ၁၇၊ ၁၈၊ ၂၀ တို့ကရှင်းပြသည်။

သို့သော် ဤသို့စီးပွားဖက်သူများသည် စစ်မှန်သောဝတ်ပြုသူများဖြစ်နေမည်ဆိုလျှင် အကြောင်းထူးမည်လော။ ယေရမိအခန်းကြီး ၃၂ ကအဖြေပေးသည်။ အခန်းငယ် ၆ မှစဖတ်ရှုလျှင် ယေရမိသည် သူ၏ဝမ်းကွဲဖြစ်သူထံမှ မြေကွက်ကိုဝယ်ယူရန်ရှိသည်။ သင့်တော်မျှတသော တန်ဖိုးငွေပေးရန် သူတို့သဘောတူညီကြောင်း အခန်းငယ် ၉ ကဖော်ပြသည်။ အခန်းငယ် ၁၀-၁၂ ကိုဖတ်ရှုရာ ဤသို့တွေ့ရ၏– “စာချုပ်ကိုလည်းစီရင်၍ တံဆိပ်ခတ်ပြီးမှ သက်သေတို့ကိုခေါ်၍ ငွေကိုချိန်ခွင်နှင့် ချိန်ပေး၏။ ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ်တစ်စောင်နှင့် ဖွင့်ထားသောလက်ခံတစ်စောင်ကိုယူ၍ ဘထွေးသားဟာနမေလ အစရှိသော စာချုပ်၌အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာထိုင်နေသော ယုဒလူများအပေါင်းတို့ရှေ့တွင် မာသေယသားဖြစ်သော နေရိ၏သားဗာရုတ်၌အပ်” သည်။

မှန်ပါသည်၊ ယေရမိသည် ဝတ်ပြုသူချင်းနှင့်ဆက်ဆံနေသော်လည်း ဆွေမျိုးတစ်ဦးပင်ဖြစ်သည့်တိုင် အကျိုးသင့်အကြောင်းသင့်ဖြစ်သော ဥပဒေစည်းမျဉ်းအတိုင်း သူပြုလုပ်ခဲ့သည်။ စာချုပ်နှစ်ခု—လွယ်ကူစွာ သုံးသပ်ကြည့်ရန် ဖွင့်ထားသောစာချုပ်တစ်ခုနှင့် ယင်းစာချုပ်၏တိကျမှုနှင့်ပတ်သက်၍ သံသယပေါ်လာခဲ့သည်ရှိသော် သက်သေထူရန်အတွက် တံဆိပ်ခတ်ထားသော အရန်စာချုပ်တစ်စောင်ဖြစ်သည်။ ယင်းတို့အားလုံးကို အခန်းငယ် ၁၂ ပြောသည့်အတိုင်း “သက်သေတို့၏ရှေ့” တွင်ပြုခဲ့သည်။ ထို့ကြောင့် ယင်းသည် သက်သေအများရှေ့ တရားဝင်ပြုလုပ်သော စီးပွားရေးဆိုင်ရာလုပ်ငန်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောဝတ်ပြုသူများသည် ကိစ္စအဝဝကို စာရွက်စာတမ်းအပြည့်အစုံနှင့် ဤသို့ဆောင်ရွက်ကြခြင်းသည် ကျမ်းစာပါပုံစံအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။

ယင်းသည် လက်တွေ့လည်းကျသည်။ “ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်” ဟူသောစကားများ မည်မျှမှန်ကန်ကြောင်း ကျွန်ုပ်တို့သိရှိပါသည်။ (ဒေသနာ ၉:၁၁) ထိုတွင် ဘုရားတရားကြည်ညို၍ သစ္စာရှိခရစ်ယာန်များ ပါဝင်သည်။ ယာကုပ် ၄:၁၃၊ ၁၄ ကဤသို့ဆိုသည်– “ယနေ့၊ နက်ဖြန် ဤမည်သောမြို့သို့သွားကြကုန်အံ့။ ထိုမြို့၌ တစ်နှစ်ပတ်လုံးနေ၍ကုန်သွယ်သဖြင့် အမြတ်ရအောင်ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။” ယင်းကြောင့် ကျွန်ုပ်တို့သည် တစ်စုံတစ်ခုကိုဝယ်ယူမည်၊ သဘောတူထားသည့် လုပ်ငန်းတစ်ခုကိုလုပ်ကိုင်မည်၊ သို့မဟုတ် အခြားသူတစ်ဦးအတွက် တစ်စုံတစ်ရာကိုပြုလုပ်ပေးမည် အစရှိသည်တို့ကို စတင်ပေမည်။ သို့သော် နက်ဖြန်နေ့—သို့မဟုတ် နောက်လ၊ သို့မဟုတ် နောက်နှစ်—တွင် ဘာဖြစ်မည်နည်း။ ကျွန်ုပ်တို့ကိုယ်တိုင် သို့မဟုတ် အခြားသူသည် မတော်တဆဖြစ်မှုတစ်ခုကို ကြုံခဲ့မည်ဆိုလျှင်ကော။ သဘောတူထားသည့်အတိုင်းပြုရန် မဖြစ်နိုင်ဖွယ်ရှိသည်။ အကယ်၍ ကျွန်ုပ်တို့သည် လုပ်ငန်းကိုမလုပ်ဆောင်နိုင်၊ သို့မဟုတ် သူသည် ပေးသွင်းရမည့်ငွေကိုမပေးနိုင်၊ သို့မဟုတ် မိမိသဘောတူထားသည့်အတိုင်း ဖြည့်စွက်မပေးနိုင်လျှင်ကော။ စာချုပ်စာတမ်းမရှိလျှင် ပြဿနာများ အမှန်ပေါ်လာနိုင်သည်။ ရိုးရိုးလေးရေးသားထားသော စာရွက်စာတမ်းများသာရှိမည်ဆိုလျှင် ယင်းတို့ကိုဖြေရှင်းရန်လွယ်ကူနိုင်သည်၊ သို့မဟုတ် ယင်းပြဿနာမပေါ်ရန် ရှောင်နိုင်မည်။

ထို့ပြင် ဘဝ၏မတည်မြဲမှုကြောင့် အခြားသူတစ်ဦးသည် တာဝန်ဆက်ခံယူစရာအကြောင်း၊ သို့မဟုတ် ကျွန်ုပ်တို့၏ (သို့မဟုတ် သူ၏) လုပ်ငန်းကို ကိုင်တွယ်ဖြေရှင်းပေးရန် အကြောင်းပေါ်လာနိုင်သည်ကို မမေ့သင့်ပါ။ အခန်းငယ် ၁၄ တွင်ယာကုပ်က ဤသို့ထပ်ဆင့်ဆိုသည်– “သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သောအခိုးအငွေ့ ဖြစ်၏။” အမှန်ဆိုလျှင် မမျှော်လင့်ဘဲ ကျွန်ုပ်တို့သေဆုံးနိုင်ပေသည်။ တစ်ဖက်ဖက်တွင် မမျှော်လင့်သောအရာ တစ်စုံတစ်ရာဖြစ်ခဲ့မည်ဆိုလျှင် စာရွက်စာတမ်းရှိထားခြင်းက လက်တွေ့ကျနည်းဖြင့် အမှုကိစ္စများကို အခြားသူများ ဆက်ကိုင်တွယ်ပေးရန် အကူအညီများစွာရလိမ့်မည်။

ယင်းသည် တစ်နည်းအားဖြင့် တတိယကဏ္ဍကို ဖြည့်စွက်ပေးသည်။—စာချုပ်စာတမ်းပြုလုပ်ထားခြင်းသည် မေတ္တာပါသည်။ အကယ်၍ စာချုပ်ချုပ်ဆိုထားသူ တစ်စုံတစ်ယောက် ကွယ်လွန်မည်၊ သို့မဟုတ် မစွမ်းမသန်ဖြစ်စေသော မတော်တဆမှုတစ်မျိုးကို ကြုံတွေ့ခဲ့မည်ဆိုလျှင် ခရစ်ယာန်တစ်ဦးအနေနှင့် သူ၏တာဝန်များ သို့မဟုတ် ရရှိစရာငွေအတွက်ရေးမှတ်ထားသော မှတ်တမ်းတင်ပြခြင်းသည် မေတ္တာပါသောလုပ်ရပ်တစ်ခု ဖြစ်ပေသည်။ ယုံကြည်စိတ်ချမှုမရှိဟု ဖော်ပြနေခြင်းမဟုတ်ဘဲ မိမိဆက်ဆံနေသည့် ညီအစ်ကိုသည် အဘယ်အမှုကိုပြုအပ်ကြောင်း၊ အဘယ်အရာရသင့်ရထိုက်ကြောင်း စာရွက်စာတမ်းဖြင့် ရှင်းလင်း၍တိကျစွာ ရေးမှတ်ထားခြင်းက မေတ္တာတင်ပြနေခြင်းဖြစ်၏။ ဤမေတ္တာပါသောလုပ်ရပ်သည် မစုံလင်သူဖြစ်သော စီးပွားဖက်အနေနှင့် အသေးစိတ်ကိစ္စတစ်စုံတစ်ရာ သို့မဟုတ် တာဝန်များကိုမေ့လျော့မည်ဆိုလျှင် အချင်းချင်းစိတ်ခုစရာ သို့မဟုတ် နာကြည်းစရာကို လျော့နည်းစေပါမည်။ ကျွန်ုပ်တို့တွင် စုံလင်သူ၊ ကျွန်ုပ်တို့တွင် မမေ့တတ်သူ၊ သို့မဟုတ် အသေးစိတ်အချက်အလက်များ၊ သို့မဟုတ် ရည်ရွယ်ချက်များကို အဓိပ္ပာယ်ကောက်မလွဲမှားသူ မည်သူရှိသနည်း။—မဿဲ ၁၆:၅။

စီးပွားရေးစာချုပ်စာတမ်းများကို ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့၏ညီအစ်ကို၊ ကျွန်ုပ်တို့၏မိသားစုနှင့် အသင်းတော်တစ်ခုလုံးအပေါ်ပါ မေတ္တာရှိကြောင်း တင်ပြရာရောက်သည့် အခြားနည်းများရှိပါသည်။ သို့သော် မေတ္တာရှိရုံမက ဤကဲ့သို့သောလုံလောက်သည့် အသေးစိတ်မှတ်တမ်းများသည် လက်တွေ့ကျပြီး ကျမ်းစာနှင့်ကိုက်ညီကြောင်း ရှင်းလင်းသင့်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ