ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၈/၁ စာ. ၃၀
  • စာအုပ်တွေ၊ စာအုပ်တွေ၊ စာအုပ်တွေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာအုပ်တွေ၊ စာအုပ်တွေ၊ စာအုပ်တွေ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၈/၁ စာ. ၃၀

စာအုပ်တွေ၊ စာအုပ်တွေ၊ စာအုပ်တွေ!

“စာများကိုစီရင်၍ မကုန်နိုင်” ဟုရှေးအခါက ပညာရှိဘုရင်ရှောလမုန် ရေးသားခဲ့သည်။ (ဒေသနာ ၁၂:၁၂) ၁၉၉၅ ခုနှစ်အတွင်း ဗြိတိန်နိုင်ငံတွင် လူဦးရေ ၅၈၀ လျှင် စာအုပ်တစ်အုပ် နီးပါးထုတ်ဝေပြီး၊ စာအုပ်အသစ်ထုတ်ဝေရာတွင် ဗြိတိန်နိုင်ငံသည် ထိပ်ဆုံးမှဖြစ်သည်။ လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် စာအုပ်အမျိုးအစားပေါင်း ၉၂,၉၇၂ ထုတ်ဝေပြီး ဗြိတိန်နိုင်ငံတွင် ထုတ်ဝေသောစာအုပ်အမျိုးအစားပေါင်း ၉၅,၀၁၅ နှင့်နှိုင်းယှဉ်လျှင် ဒုတိယလိုက်သည်။ ဂျာမနီနိုင်ငံတွင် အမျိုးအစားပေါင်း (၆၇,၂၀၆) ထုတ်ဝေပြီး၊ အမေရိကန်နိုင်ငံတွင် (၄၉,၂၇၆)၊ ပြင်သစ်နိုင်ငံတွင် (၄၁,၂၃၄) ထုတ်ဝေသည်။ “ရှင်းလင်းစွာဖော်ပြရလျှင် ကမ္ဘာပေါ်တွင် ဗြိတိန်နိုင်ငံက ဦးဆောင်နေရခြင်းသည် အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ဝေခြင်းကြောင့်ဖြစ်သည်” ဟုလန်ဒန်သတင်းစာ သည်ဒေးလီးတယ်လီဂရပ်ဖ် ကဖော်ပြသည်။

စာအုပ်စျေးကွက်သည် နှစ်အတန်ကြာ ကျဆင်းလျက်ရှိကြောင်းနှင့် ယခုအခါ ဗြိတိန်နိုင်ငံရှိ လူကြီး ၈၀ ရာခိုင်နှုန်းသာ တစ်နှစ်လျှင် စာအုပ်တစ်အုပ် သို့မဟုတ် ထိုထက်မက ဝယ်ကြကြောင်းမှတ်တမ်းကဖော်ပြသည်။ သို့သော် လူတို့သည် သူတို့ဝယ်ယူသောစာအုပ်အားလုံးကို ဖတ်ကြသလော။

နေရာအနှံ့ ဆက်လက်ဖြန့်ဝေပြီး ဖတ်ရှုကြသည့်စာအုပ်သည် သမ္မာကျမ်းစာဖြစ်သည်။ ယခုအခါ တစ်စိတ်တစ်ပိုင်းအဖြစ်လည်းကောင်း သို့မဟုတ် တစ်အုပ်လုံးအဖြစ်လည်းကောင်း ဘာသာစကားပေါင်း ၂,၁၂၀ ကျော်ရရှိနိုင်ပြီ။ သင့်တွင် ကိုယ်ပိုင်ကျမ်းစာအုပ်မရှိသေးလျှင် အနီးစပ်ဆုံး ကင်းမျှော်စင်အသင်း၏ ရုံးနှင့်ဆက်သွယ်ပြီး ရယူပါလေ။ သင့်တွင် သမ္မာကျမ်းစာရှိလျှင် ထုတ်၍ ဤမဂ္ဂဇင်း၏ ဆောင်းပါးတွင်ပါသော ကျမ်းဆိုင်ရာရည်ညွှန်းချက်များကို စစ်ဆေးကြည့်ပါ။ ထိုသို့လုပ်ဆောင်လျှင် ကျမ်းစာ၏ အသက်ပေးအသိပညာကို တွေ့ရှိပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ