ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၁/၁ စာ. ၂၁-၂၂
  • ပညာတတ်တစ်ဦး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပညာတတ်တစ်ဦး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တာရှုမြို့သားတစ်ဦး
  • ရောမနိုင်ငံသား
  • အမြင်မှန်
  • ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများ သင့်အတွက်ဖြစ်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “ကျွန်တော် ထုချေမယ့်စကားကို နားထောင်ကြပါ”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • အစိုးရအရာရှိတွေရှေ့ သတင်းကောင်းကို ခုခံကာကွယ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၁/၁ စာ. ၂၁-၂၂

ပညာတတ်တစ်ဦး

“ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ရွေးကောက်တော်မူခြင်းခံရပုံကို စဉ်းစားဆင်ခြင်ကြလော့။ လူတို့အမြင်အားဖြင့် သင်တို့အထဲတွင်ပညာရှိသူ၊ တန်ခိုးကြီးသူ၊ မျိုးရိုးဇာတိကြီးမြင့်သူဟူ၍ များစွာမပါမရှိပေ။” (၁ ကောရိန္သု ၁:၂၆၊ သက) ဤစကားများဖော်ပြသည့်အတိုင်း လောကီပညာတွင်နစ်မြုပ်နေခြင်း သို့မဟုတ် မြင့်မားသည့်လူမှုရေးအဆင့်အတန်းရှိခြင်းသည် အန္တရာယ်ရှိသည်။ ယင်းတို့သည် လူတစ်ဦး သတင်းကောင်းကိုလက်ခံရန် အဟန့်အတားဖြစ်စေသည်။—သု၊ ၁၆:၅။ မာကု ၁၀:၂၅။

သို့သော် ပေါလုခေတ်က လူ့အမြင်အားဖြင့်ပညာရှိသူအချို့တို့သည် သမ္မာတရားကိုလက်ခံခဲ့ကြပြီး ယင်းတို့အနက်တစ်ဦးမှာ ပေါလုကိုယ်တိုင်ပင်ဖြစ်သည်။ ပညာတတ်ပြီး အမြင်အားဖြင့်ထင်ပေါ်သောမိသားစုမှဖြစ်သည့် ပေါလုသည် ဇွဲရှိသောသတင်းကောင်းဟောပြောသူဖြစ်ခဲ့သည်။ ဤနည်းအားဖြင့် ဤလောကရှိအခွင့်ထူးခံလူတန်းစားများသည် မှန်ကန်သောစိတ်နှလုံးရှိပါက ယေဟောဝါအားဝတ်ပြုနိုင်ကြောင်းကို ပေါလုတင်ပြခဲ့သည်။ သူတို့၏လောကီအရည်အချင်းများကို ယေဟောဝါ၏လုပ်ငန်းတော်၌ပင် အသုံးပြုနိုင်သည်။—လုကာ ၁၆:၉။

တာရှုမြို့သားတစ်ဦး

ပေါလုသည် နောက်ပိုင်းသူဖော်ပြချက်အရ “သာမညမြို့မဟုတ်” သော တာရှုမြို့တွင်မွေးဖွားခဲ့သည်။ (တမန်တော် ၂၁:၃၉) ထိုတွင် ဘာသာစကားများကို သူတတ်မြောက်ခဲ့ဖွယ်ရှိသည်။ အထူးသဖြင့် သူ၏သာသနာပြုလုပ်ငန်းအတွက်အလွန်တန်ဖိုးရှိသော ဂရိဘာသာစကားကို အထူးတတ်ကျွမ်းခဲ့ပေမည်။ တာရှုမြို့သားဘဝက ပေါလုအား ဂျူးလူမျိုးတို့၏နည်းလမ်းသာမက လူမျိုးခြားတို့၏ယဉ်ကျေးမှုများကိုပါ လှစ်ဟပြခဲ့ပေမည်။ ယင်းတွေ့ကြုံမှုများကို နောက်ပိုင်းတစ်ပါးအမျိုးသားတမန်တော်အဖြစ်အမှုဆောင်စဉ် သူအသုံးပြုခဲ့သည်။ သမ္မာတရားကို သူတို့နားလည်နိုင်သည့်နည်းဖြင့် မည်သို့ဖော်ပြရမည်ကို သူသိခဲ့သည်။ (၁ ကောရိန္သု ၉:၂၁) ဥပမာတစ်ခုအနေနှင့် တမန်တော်အခန်းကြီး ၁၇ တွင်မှတ်တမ်းတင်ထားသော အေသင်မြို့သားများအားဟောပြောသည့် သူ၏ဟောပြောချက်ကိုဆင်ခြင်ကြည့်ပါ။ ထိုတွင် သမ္မာတရားကိုတင်ပြရာ၌ အေသင်ဘာသာရေးကို ကျွမ်းကျွမ်းကျင်ကျင်သူရည်ညွှန်းတင်ပြပြီး သူတို့၏လင်္ကာဆရာတစ်ဦးကိုပင် ကိုးကားခဲ့လိုက်သေးသည်။

ရောမနိုင်ငံသား

ပေါလုတွင် အခြားလောကီအခွင့်ထူးတစ်ခုရှိသည်။ သူသည် ရောမနိုင်ငံသားဖြစ်ပြီး ယင်းကို သတင်းကောင်းတိုးတက်ပြန့်ပွားရေးတွင် သူအသုံးပြုခဲ့သည်။ ဖိလိပ္ပိမြို့တွင် သူနှင့်သူ့အဖော်များသည် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ရိုက်နှက်ပြီးထောင်ချခြင်းကိုခံရကြသည်။ ရောမမြို့သားတစ်ဦးကို ထိုသို့ပြုခြင်းသည် တရားဥပဒေနှင့်မညီသည့်အတွက် ယင်းအချက်ကို အာဏာပိုင်များထံပေါလုတင်ပြသောအခါ သူ့အားလွတ်စေပြီး အခြားတစ်နေရာသို့မသွားမီ အသင်းတော်တွင်အမှုဆောင်ခွင့် ပေးခဲ့သည်။—တမန်တော် ၁၆:၃၇-၄၀။

နောက်ပိုင်း ဘုရင်ခံဖေတ္တုရှေ့သို့ရောက်သောအခါ ပေါလုသည် မိမိ၏အမှုအတွက် ကဲသာမင်းထံအယူခံဝင်နိုင်ရန် မိမိ၏ရောမနိုင်ငံသားအခွင့်အရေးကိုအသုံးပြုခဲ့သည်။ ဤနည်းအားဖြင့် ရောမနိုင်ငံ၏အမြင့်ဆုံးသောအာဏာရှင်ရှေ့တွင် သတင်းကောင်းကိုသူကာကွယ်မှုပြုခဲ့သည်။—တမန်တော် ၂၅:၁၁၊ ၁၂။ ဖိလိပ္ပိ ၁:၇။

နောက်ပိုင်းတွင်အသုံးဝင်ကြောင်းထင်ရှားသည့်ပညာရေးကို ပေါလုလက်တွေ့သင်ယူခဲ့သည်။ သူ့ဖခင်ထံမှဖြစ်နိုင်သည့် တဲချုပ်ခြင်းကို သူသင်ယူခဲ့သည်။ ယင်း၏အကူအညီအားဖြင့် ဓမ္မအမှုဆောင်ခြင်းတွင် ငွေကြေးအင်အားနည်းသည့်အခါ သူဆက်လက်ရပ်တည်နိုင်ခဲ့သည်။ (တမန်တော် ၁၈:၁-၃) သူသည် ဘာသာရေးပညာကိုလည်းလေးလေးနက်နက် ရယူခဲ့သည်။ သူသည် “ဖာရိရှဲတစ်ဦး၊ ဖာရိရှဲ၏သားတစ်ဦး” အဖြစ်ကြီးပြင်းလာခဲ့သည်။ (တမန်တော် ၂၃:၆) အမှန်သော်သူသည် အထင်ရှားဆုံးသောဂျူးဘာသာရေးဆရာကြီးဖြစ်သူ ဂါမလျေလလက်အောက်တွင် ခယဝပ်တွားပညာသင်ကြားခဲ့သူဖြစ်သည်။ (တမန်တော် ၂၂:၃) ယနေ့တက္ကသိုလ်ပညာအရည်အချင်းနှင့်နှိုင်းယှဉ်နိုင်သော ထိုပညာအဆင့်အတန်းမျိုးက သူ၏မိသားစုသည် အလွန်ထင်ရှားကျော်ကြားကြောင်းကို ညွှန်ပြသည်။

အမြင်မှန်

ပေါလု၏နောက်ခံနှင့်လေ့ကျင့်ခံရမှုများက ယုဒဘာသာအတွက် တောက်ပသောအနာဂတ်ကိုဖြစ်စေသည်။ သူဆက်လက်ထွန်းပေါက်နိုင်သေးသည်။ သို့ရာတွင် ယေရှုသည်မေရှိယဖြစ်ကြောင်း သူလက်ခံသောအချိန်မှစ၍ သူ၏ပန်းတိုင်ပြောင်းသွားခဲ့သည်။ ဖိလိပ္ပိမြို့သားများထံသို့စာရေးခဲ့စဉ်က မိမိ၏ယခင်လောကီအခွင့်အရေးအချို့ကို ထင်ရှားပြရာတွင် ဤသို့ဆိုခဲ့သည်။ “ငါ၏အကျိုးစီးပွားကိုပြုစုသောအရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော်ကြောင့်ငါထင်မှတ်၏။ ထိုမျှမက ငါ၏သခင်ယေရှုခရစ်ကိုသိသောပညာသည် အဘယ်မျှလောက်မြတ်သည်ကိုထောက်၍ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ငါထင်မှတ်၏။”—ဖိလိပ္ပိ ၃:၇၊ ၈။

ဤပညာတတ်သည် မိမိ၏လောကီပညာအားဖြင့်လုပ်နိုင်သည့်အရာများကို တမ်းတမ်းတတပြန်လှည့်မကြည့်ပါ။ သူ၏ “ကြီးကျယ်သည့်အတတ်ပညာ” အားဖြင့် သူတစ်ပါးကိုသြဇာလွှမ်းမိုးရန်လည်း မကြိုးစားခဲ့ပါ။ (တမန်တော် ၂၆:၂၄၊ ကဘ။ ၁ ကောရိန္သု ၂:၁-၄) ယင်းသို့ပြုမည့်အစား ယေဟောဝါအားအကြွင်းမဲ့ယုံကြည်လျက် ယခင်သူ၏မျှော်လင့်ဖွယ်ရာအလားအလာများကိုရည်ညွှန်း၍ ဤသို့ပြောခဲ့သည်။ “နောက်၌ရှိသောအရာကိုမေ့ပစ် ပြီးလျှင် ရှေ့၌ရှိသောအရာသို့ရောက်ခြင်းငှာ အစွမ်းကုန်ကြိုးစား၏။ သို့ဖြစ်၍ ငါသည် ဆုကိုရရန် ပန်းတိုင်သို့ရှေ့ရှုလျက်ပြေး၏။ ထိုဆုကား အထက်အရပ်၌အသက်ရှင်ရေးအတွက် ခရစ်တော်ယေရှုအားဖြင့် ထာဝရဘုရားဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။” (ဖိလိပ္ပိ ၃:၁၃၊ ၁၄၊ သက) ဝိညာဏရေးရာများကို ပေါလုတန်ဖိုးထားခဲ့သည်တကား။

သို့သော် ယခင်သင်ကြားတတ်မြောက်ခဲ့သည့်အရာများကို ယေဟောဝါ၏လုပ်ငန်းတော်တွင် ပေါလုအသုံးပြုခဲ့သည်။ ‘ထိုသူတို့သည် ဘုရားသခင်ဘက်၌စိတ်အားကြီးသည်ဟု သူတို့အဖို့ငါသက်သေခံ၏’ ဟုဂျူးများကိုရည်ညွှန်းရာတွင် သူ၏ကိုယ်ပိုင်တွေ့ကြုံခံစားရမှုမှပြောနေခြင်းဖြစ်သည်။ (ရောမ ၁၀:၂) ဖာရိရှဲလမ်းစဉ်ကိုကျင့်သုံးခဲ့သူအနေနှင့် ဘုရားသခင်အတွက်နှင့်ကျမ်းစာအတွက် သူစိတ်အားကြီးခဲ့သည်မှာ သေချာသည်။ ပေါလုခရစ်ယာန်ဖြစ်လာသောအခါ သူ၏စိတ်အားကြီးမှုသည် မှန်သောအသိပညာအားဖြင့် ပြုပြင်တည့်မတ်ခြင်းခံရပြီး ယခင်က သူ၏ပညာရပ်များကို ဖြောင့်မတ်သည့်ရည်ရွယ်ချက်အတွက် သူအသုံးပြုနိုင်ခဲ့သည်။ ဥပမာ၊ ဟေဗြဲသြဝါဒစာစောင်တွင် ဣသရေလရာဇဝင်နှင့် ခရစ်ယာန်လမ်းစဉ်၏သာလွန်မြင့်မြတ်မှုကို ပုံဖော်ပြသည့်ဗိမာန်တော်ဝတ်ပြုရေးအကြောင်းဆိုင်ရာ သူ၏နက်နဲသောအသိပညာများကို အသုံးပြုခဲ့သည်။

ယနေ့ လူ့အမြင်အရပညာရှိသူအချို့လည်း သတင်းကောင်းကိုတုံ့ပြန်ကြသည်။ ပညာအရည်အချင်းအမျိုးမျိုးရှိသူများ၊ အမျိုးမျိုးသောအသိပညာရှင်နှင့်အတတ်ပညာရှင်များတို့သည် သမ္မာတရားကိုလက်ခံကြပြီး မိမိတို့ယခင်တတ်သိနားလည်ထားရာများကို ယေဟောဝါ၏လုပ်ငန်းတော်တွင် အသုံးပြုကြသည်။ သို့သော် သူတို့၏လောကီပညာမည်မျှပင်ရှိပါစေ ဝိညာဏအရည်အချင်းများသည်အရေးကြီးကြောင်း ခရစ်ယာန်များဘယ်တော့မျှမျက်ခြည်မပြတ်ကြချေ။ ယင်းတို့သည် “သာ၍အရေးကြီးသောအရာများ” ဖြစ်ကြသည်။ အကြောင်းမှာ ကျွန်ုပ်တို့ကို ထာဝရအသက်သို့ပို့ဆောင်ပေးနိုင်သောကြောင့်ဖြစ်သည်။—ဖိလိပ္ပိ ၁:၁၀၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ