ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၀/၁ စာ. ၂၄-၂၅
  • လောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် ရှေ့ဆောင်ကျောင်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၀/၁ စာ. ၂၄-၂၅

လောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေခြင်း

မဖြောင့်မမှန်၊ ဖောက်ပြန်သောလူမျိုးအထဲ၌ ကမ္ဘာတစ်ဝန်းရှိခရစ်ယာန်များသည် အလင်းပေးသူများဖြစ်ကြရမည်။ မှောက်မိုက်လောကတွင် သူတို့သည် အလင်းဆောင်သူများဖြစ်ကြရမည်။ (ဖိလိပ္ပိ ၂:၁၅) ရှေ့ဆောင်များ သို့မဟုတ် အချိန်ပြည့်ဟောပြောသူများအဖြစ် ထောင်ပေါင်းများစွာသောသူတို့သည် ဤသို့ပြုလိုကြပါသည်။ ဤလုပ်ငန်းတွင် နှစ်ပေါင်းများစွာပါဝင်ခဲ့သူ အမြောက်အမြားရှိ၍ ယေရှုခရစ်၏တပည့်စစ်တပည့်မှန်များဖြစ်လာကြရန် သူတို့ဘဝအသက်တာကို ပြုပြင်ပြောင်းလဲခဲ့သူ လူတန်းစားအမျိုးမျိုးကိုတွေ့ရှိရသည့်ဆုလာဘ်ကို သူတို့ခံစားခဲ့ကြရပြီ။—မဿဲ ၂၈:၁၉။

ဤမြင့်မြတ်သောလုပ်ငန်းတော်တွင် ယင်းရှေ့ဆောင်များဆက်လက်ပါဝင်နိုင်ရန်၊ အားပေးတိုက်တွန်းမှုဖြစ်ရန် နှင့် သူတို့၏သွန်သင်ခြင်းစွမ်းရည် ထက်မြက်လာရန် ယေဟောဝါသက်သေများသည် ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းကို စီစဉ်ပေးထားပါသည်။ နယ်ပယ်သုံးပိုင်းတွင် ရှေ့ဆောင်များကိုကူညီပေးရန် စီမံထားသည့် ကျမ်းစာအခြေခံ ဆယ်ရက်သင်တန်းဖြစ်သည်။ ယင်းနယ်ပယ်များက ယေရှုခရစ်၏နောက်လိုက်များအဖြစ် ယေဟောဝါနှင့်အတူသွားလာခြင်း၊ ညီအစ်ကိုများအသင်းအပင်းတစ်ခုလုံးအတွက် မေတ္တာတိုးပွား၍ပြည့်စုံခြင်း၊ လောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေခြင်းတို့ဖြစ်သည်။

ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် ရှေ့ဆောင်ကျောင်း

အလယ်ပိုင်းအာဖရိကသမ္မတနိုင်ငံ၏မြို့တော်၊ ဗန်ဂွီတွင် ၁၉၉၁ ဩဂုတ်လ အတွင်း သင်တန်းတက်သူ ၄၈ ဦးနှင့် သင်တန်းပို့ချသူ ၂ ဦးတို့စုဝေးခဲ့သည်။ သင်တန်းတက်သူများသည် သူတို့လုပ်ငန်းအတွက် သွန်သင်ချက်များနှင့် လက်တွေ့ကျအကြံပေးချက်များရယူကြရန်ဖြစ်သည်။ ဗန်ဂွီသင်တန်းသည် အဘယ်ကြောင့်စိတ်လှုပ်ရှားစရာဖြစ်ခဲ့သနည်း။

တစ်ကြောင်းမှာ၊ သင်တန်းတက်သူ ၂၁ ဦးသည် စာသင်ကျောင်းတက်နေတုန်းဖြစ်ကြသည်။ ကျောင်းနေစဉ်တွင်ပင် သူတို့သည် မှန်မှန်ရှေ့ဆောင်နိုင်ရန် စီစဉ်ပေးနိုင်ကြပါသည်။ ကျောင်းပိတ်သည့်လများ၊ အားလပ်သည့်စနေ၊ တနင်္ဂနွေရက်များနှင့် မွန်းလွဲပိုင်းအချိန်တွင် ဟောပြောသွန်သင်ပေးကြပါသည်။

ယခုပင် သူတို့၏ဖန်ဆင်းရှင်၏အမှုတော်ကိုထမ်းဆောင်ရန် အရေးကြီးကြောင်း ဤလူငယ်များသဘောပေါက်ထားကြသည်။ (ဒေသနာ ၁၂:၁။ ၁ ကောရိန္သု ၇:၂၉ နှိုင်းယှဉ်။) ထူးခြားချက်ကား သင်တန်းတက်သူ ၁၂ ဦး၏မိဘများသည် မယုံကြည်သူများဖြစ်ကြသည်။ သူတို့အိမ်များတွင် သူတို့တစ်ဦးတည်းသာ အလင်းတရား၌ရှိသည်။ ညီအစ်ကိုအရင်းဖြစ်သည့်လူငယ်နှစ်ယောက်သည် သူတို့၏ယုံကြည်ခြင်းကြောင့် သူတို့ဖခင်က သူတို့အား အိမ်မှနှင်ထုတ်ခဲ့သည်။ အသင်းတော်ရှိမောင်နှံစုံတစ်စုံက သူတို့အားခေါ်၍ ကျွေးမွေးစောင့်ရှောက်ထားပါသည်။

မီကေနှင့်စယူးလမီ(တ်) ကလက်(ဘ်) တို့၏အဖြစ်အပျက်မှာ တစ်မူထူးခြားသည်။ သူတို့နှစ်ယောက်စလုံး ရှေ့ဆောင်များဖြစ်ကြသည်။ ကျောင်းလည်းနေကြတုန်းပင်ဖြစ်သည်။ သို့သော် သူတို့မိဘများမှာ ယေဟောဝါသက်သေများဖြစ်သည်။ သူတို့ဖခင်သည်လည်း သင်တန်းတစ်ခုတည်းတွင် သင်တန်းတက်သူတစ်ဦးဖြစ်သည်တကား။

ဗန်ဂွီမြို့ရှိအသင်းတော်များလည်း သင်တန်းတွင် တစ်နည်းအားဖြင့်ပါဝင်ကြသည်။ အစားအသောက်အစရှိသည့် ကာယရေးလိုအပ်ရာများကို သူတို့ပြုစုပေးကြပါသည်။ သန်တန်းတစ်ခုလုံးကို ကျွေးမွေးပြုစုရန် ငွေအပြင် ကြက်များ၊ သကြား၊ ဆန် နှင့် ပီလောပီနံဥများလှူဒါန်းကြသည်။

ရိုးရိုးလေးနှင့်အရသာရှိသောဟင်းလျာများကို ချက်ပြုတ်ပေးရန် အနီးအနားရှိအသင်းတော်များက ချက်ပြုတ်ရေးအဖွဲ့များကို စီစဉ်ပေးပါသည်။ အလယ်ပိုင်းအာဖရိကသမ္မတနိုင်ငံသည် လူတိုင်းကြိုတ်တတ်သည့် ငွန်ဇာဟင်းချက်တော်ကြောင်း နာမည်ကျော်ကြားပါသည်။ ချက်ပြုတ်နည်းကော။ ပီလောပီနံအရွက်များ၊ အုန်းဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများများ၊ မြေပဲထောပတ်များများ နှင့် နူးနပ်အောင်ကျက်စေရန် စိတ်ရှည်မှုလိုအပ်သည်။ ချက်ပြုတ်ရေးအဖွဲ့ တစ်ဖွဲ့စီကလည်း ထူးခြားစွာချက်ပြုတ်တည်ခင်းပေးကြသည်။ ယင်းကိုမကြိုက်သူ တစ်ယောက်မျှမရှိပါ။

ဗန်ဂွီမြို့အပြင် အခြားသင်တန်းနှစ်ခုကိုကျင်းပခဲ့ရာ တစ်ခုမှာ ဘွာရ်မြို့ နှင့် အခြားတစ်ခုကို ဗမ်ဗာရီမြို့များတွင် ကျင်းပခဲ့သည်။ ထိုကြောင့်သင်တန်းတက်သူစုစုပေါင်း ၆၈ ဦးရှိပါသည်။ လွန်ခဲ့သောနှစ်နှစ်အတွင်း အလယ်ပိုင်းအာဖရိကသမ္မတနိုင်ငံတွင် ရှေ့ဆောင်အရေအတွက် တိုးများလာသည်ကိုတွေ့ရှိရသည်။ ၁၉၉၂ ဇန်နဝါရီလ တွင် မှန်မှန်ရှေ့ဆောင် ၁၄၉ ယောက်၊ အထူးရှေ့ဆောင် ၁၇ ယောက် နှင့် အရန်ရှေ့ဆောင် ၇၈ ယောက်ရှိခဲ့သည်။ ယင်းကြောင့် တစ်ပြည်လုံးတွင် လုပ်ငန်းတော်ကိုတိုး၍လုပ်ကိုင်နိုင်ကြရာ ကြေညာသူ၊ နာရီ၊ ပြန်လည်ပတ်မှု နှင့် ကျမ်းစာသင်အံမှုများတွင် နှုန်းသစ်များရရှိခဲ့ကြသည်။ လုပ်သားတိုးများလာလျှင် ရိတ်သိမ်းစရာလည်း တိုးများလာပါသည်။—ဟေရှာယ ၆၀:၂၁၊ ၂၂။ မဿဲ ၉:၃၇၊ ၃၈။

ဤပြင်ဆင်ချက်များအတွက် ယေဟောဝါဘုရားသခင်ကိုလည်းကောင်း၊ ဤသင်တန်းများကိုစီစဉ်ပေးသည့်အတွက် ကိုယ်တော်၏မြေကြီးအဖွဲ့အစည်းကိုလည်းကောင်း ကျေးဇူးတင်ပါသည်။ ယင်းတို့သည် သင်တန်းသားများနှင့်ပို့ချသူများကိုပါ မှောက်မိုက်လောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းစေပါသည်။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အထက်တန်းကျောင်းတက်နေဆဲ ရှေ့ဆောင်ကျောင်းတက်သူ သင်တန်းသားနှစ်ဆယ့်တစ်ဦး

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

သမ္မာတရားကြောင့် ဤလူငယ်နှစ်ဦး အိမ်မှဆင်းခဲ့ရ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ