ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၃/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • မင်းတို့ဟာ ‘ယဇ်ပုရောဟိတ်နိုင်ငံ’ ဖြစ်လာလိမ့်မယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ပဋိညာဉ်တရားသစ်ကနေ သင် အကျိုးကျေးဇူးရရှိနိုင်
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ဘုရားသခင့်ပဋိညာဉ်များမှသင်အကျိုးကျေးဇူး ခံစားမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၃/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ပဋိညာဉ်တစ်ခုသည် တရားဝင်စေခြင်းငှာ စာချုပ်သူသည်သေဖို့လိုသည်ဟု ဟေဗြဲ ၉:၁၆ ကဆိုသည်။ သို့သော်ဘုရားသခင်သည် ပဋိညာဉ်သစ်ကိုအတည်ပြုခဲ့သည်ဖြစ်၍ ကိုယ်တော်မသေပါ။ ထိုကြောင့် ဤအခန်းငယ်ကို မည်သို့နားလည်ရမည်နည်း။

ဟေဗြဲ ၉:၁၅-၁၇ တွင်ကျွန်ုပ်တို့ဖတ်ရသည်ကားဤသို့။ “ထိုကြောင့်ပထမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှာ ခရစ်တော်သည် အသေခံတော်မူသည်ဖြစ်၍ ခေါ်တော်မူသောသူတို့သည် ကတိတော်နှင့်ယှဉ်သော ထာဝရအမွေကိုခံရမည်အကြောင်း ထိုသခင်သည် ပဋိညာဉ်တရားသစ်၏အာမခံ ဖြစ်တော်မူ၏။ အမွေခံစေခြင်းငှာ အခွင့်ပေး၍ စာချုပ်သည်အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။ အကယ်၍မသေလျှင် ထိုစာချုပ်သည်မတည်၊ သေမှသာတည်၏။”a

ပဋိညာဉ်သစ်ကိုပြုလုပ်သူကား ယေဟောဝါကိုယ်တော်တိုင်ပင်ဖြစ်သည်။ ယေရမိ ၃၁:၃၁-၃၄ တွင်ဤပဋိညာဉ်သစ်ကို မိမိလူမျိုးနှင့်ဘုရားသခင်ဖွဲ့မည်အကြောင်း ဘုရားသခင်အတိအလင်းကြိုဟောသည်။ ယင်းကို ဟေဗြဲ ၈:၈-၁၃ တွင်တမန်တော်ပေါလုကိုးကားထားရာ ဤဘုရားပေးပဋိညာဉ်တော်ကို ဘုရားသခင်ကိုယ်တော်တိုင် တီထွင်ခဲ့ကြောင်း ပေါလုနားလည်သည်ဟုဖော်ပြသည်။

သို့ရာတွင် ဟေဗြဲအခန်းကြီး ၉ တွင်ပဋိညာဉ်သစ်နှင့်စပ်လျဉ်း၍ ယေရှု၏ကဏ္ဍအသီးသီးကို ပေါလုဆက်တင်ပြပါသည်။ ဤပဋိညာဉ်၏ ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ခရစ်တော်ကြွရောက်တော်မူခဲ့သည်။ အခြားရှုထောင့်မှဆိုလျှင် ယေရှုသည် ပဋိညာဉ်သစ်၏ ယဇ်ကောင်ဖြစ်သည်။ “ခရစ်တော်၏အသွေး” သာလျှင် “သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍ . . . ကိုယ်ကိုယ်ကိုသိသောစိတ်ကို စင်ကြယ်စေ” နိုင်သည်။ မောရှေသည် ပညတ်ပဋိညာဉ်၏ ကြားခံဖြစ်သည်နည်းတူ ခရစ်တော်သည် ဤပဋိညာဉ်၏ဖျန်ဖြေစေ့စပ်ရေးမှူးဖြစ်သည်။—ဟေဗြဲ ၉:၁၁-၁၅။

ဘုရားသခင်နှင့်လူတို့စပ်ကြား ပဋိညာဉ်များကိုအတည်ပြုစေရန် အသေခံစရာလိုကြောင်း ပေါလုပြောဆိုသည်။ ပညတ်ပဋိညာဉ်ကား ဥပမာတစ်ရပ်ဖြစ်သည်။ ဘုရားသခင်နှင့်ဇာတိပကတိဣသရေလလူမျိုးစပ်ကြား ဤသဘောတူညီချက်ဖြစ်ပေါ်လာစေရန် ယင်း၏ကြားခံမှာမောရှေဖြစ်၏။ ယင်းကြောင့်မောရှေသည် အရေးကြီးကဏ္ဍတွင်ဆောင်ရွက်ကာ ပဋိညာဉ်အောက်ရောက်လာသူ ဣသရေလလူမျိုးနှင့်ဆက်ဆံသောသူဖြစ်သည်။ ယင်းကြောင့် ယေဟောဝါနှင့်ဖွဲ့သောပညတ်ပဋိညာဉ်၏ စာချုပ်,ချုပ်သူမှာ မောရှေဖြစ်သည်ဟူ၍ယူမှတ်နိုင်ပါသည်။ သို့သော် ပညတ်ပဋိညာဉ်ကိုအတည်ပြုရန် မောရှေသည် သူ၏အသွေးကိုသွန်းခဲ့ရပါသလော။ မသွန်းရပါ။ ယင်းအစား တိရစ္ဆာန်များကိုပူဇော်ခဲ့ရာ သူတို့အသွေးသည် မောရှေအသွေးအစားဖြစ်သည်။—ဟေဗြဲ ၉:၁၈-၂၂။

ယေဟောဝါနှင့်ဝိညာဏဣသရေလလူမျိုးဖွဲ့သော ပဋိညာဉ်သစ်ကော။ ယေဟောဝါနှင့်ဝိညာဏဣသရေလလူမျိုး၏ ကြားခံဖြစ်သော ဖျန်ဖြေစေ့စပ်ရေးမှူးကဏ္ဍတွင် ယေရှုခရစ်တော်အမှုဆောင်ခွင့်ရရှိတော်မူသည်။ ဤပဋိညာဉ်ကိုယေဟောဝါစတီထွင်သော်လည်း ယေရှုခရစ်သည်ယင်း၏ အချက်အချာဖြစ်တော်မူသည်။ ၄င်း၏ဖျန်ဖြေစေ့စပ်ရေးမှူးဖြစ်သည့်အပြင် ဤပဋိညာဉ်ထဲ ဦးဆုံးဝင်ခွင့်ရမည့်သူတို့နှင့် ယေရှုသည် သွေးသားအားဖြင့် တိုက်ရိုက်ပေါင်းသင်းဆက်ဆံခွင့်ရခဲ့သည်။ (လုကာ ၂၂:၂၀၊ ၂၈၊ ၂၉) ထို့ပြင်ပဋိညာဉ်ကိုတရားဝင်ဖြစ်စေနိုင်ဖို့ လိုအပ်သောယဇ်ပူဇော်သက္ကာကိုပေးဆက်ရန် ကိုယ်တော်အရည်အချင်းပြည့်မီခဲ့သည်။ ယင်းယဇ်သက္ကာသည် တိရစ္ဆာန်ယဇ်ကောင်မျှသာမဟုတ်ဘဲ စုံလင်သောလူ့အသက်ပင်ဖြစ်သည်။ ထိုကြောင့် ခရစ်တော်အား ပဋိညာဉ်သစ်၏လူသားစာချုပ်သူဟူ၍ ပေါလုခေါ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ “ခရစ်တော်သည် . . . ငါတို့အတွက် . . . ဘုရားသခင်၏ရှေ့တော်၌ . . . ကောင်းကင်ကိုယ်ထဲသို့ဝင်” ပြီးနောက် ပဋိညာဉ်သစ်သည် တရားဝင်ဖြစ်လာလေသည်။—ဟေဗြဲ ၉:၁၂-၁၄၊ ၂၄။

မောရှေနှင့်ယေရှုတို့အား စာချုပ်,ချုပ်သူများအဖြစ်ပေါလုဆိုခြင်းအားဖြင့် ပဋိညာဉ်အသီးသီးကို သူတို့စတီထွင်သည်ဟုဆိုလိုခြင်းမဟုတ်ပါ။ ယင်းတို့ကို ဘုရားသခင်ကိုယ်တိုင် တီထွင်ခဲ့ခြင်းဖြစ်သည်။ သို့သော်ထိုသူနှစ်ဦးသည် ကြားခံဖျန်ဖြေစေ့စပ်မှူးများအဖြစ် ပဋိညာဉ်အသီးသီးကိုအတည်ပြုခြင်းတွင် ပါဝင်ခွင့်ရရှိခဲ့ကြသည်။ တစ်ခုစီတွင် အသေခံစရာလိုသည်။ မောရှေအစား တိရစ္ဆာန်များသေရ၏။ ပဋိညာဉ်သစ်၌ပါဝင်သူတို့အတွက်မူ ယေရှု၏အသက်သွေးကိုပူဇော်ခဲ့ရသည်။

[အောက်ခြေမှတ်ချက်များ]

a ဤတွင် “စာချုပ်သောသူ” အတွက်အသုံးပြုထားသော ဂရိစကားလုံးနှစ်ခုကို စာသားအတိုင်းပြန်ဆိုထားသည်ကား “ကိုယ်တိုင်စာချုပ်ချုပ်သူ၏” ဖြစ်သည်။—ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည့် The Kingdom Interlinear Translation of the Greek Scriptures နှင့် ဒေါက်တာအဲလ်ဖရက် မာရှယ်လ်၏ The Interlinear Greek-English New Testament.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ