စာရှုသူများထံမှ မေးခွန်းလွှာ
▪ ပညတ်ပဋိညာဉ်သည် သစ်တိုင်ပေါ် ယေရှုအသေခံစဉ်တွင် အဆုံးတိုင်သွားသလော။ ပဋိညာဉ်တရားသစ်ဖြင့် အဘယ်အချိန်တွင် အစားထိုးခဲ့သနည်း။
အောက်ပါဖြစ်ရပ်သုံးခုကို စိတ်စွဲလျက် ဤမေးခွန်းများကို လူအများ မေးခဲ့ကြသည်။ ထိုဖြစ်ရပ်များမှာ စီအီး ၃၃ ခုနှစ်၊ နိသန်လ ၁၄ ရက်မွန်းလွဲပိုင်းအချိန်တွင် သစ်တိုင်ပေါ်၌ ယေရှုသေလွန်ခြင်း၊ ကောင်းကင်ဘုံတွင် အသက်သွေး၏တန်ဖိုးကို ကိုယ်တော်ဆက်သခြင်းနှင့် စီအီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသောဝိညာဉ်တော်ကို ကိုယ်တော်သွန်းလောင်းတော်မူခြင်းတို့ဖြစ်သည်။ ကျမ်းစာအရဆိုလျှင် ပညတ်ပဋိညာဉ်သည် ပင်တေကုတ္တေပွဲနေ့၌ အဆုံးတိုင်သွားပြီး ပဋိညာဉ်တရားသစ်ဖြင့် အစားထိုးခြင်းခံရသည်။ အဘယ်ကြောင့် ဤသို့ဖြစ်သည်ကို ကြည့်ကြပါစို့။
အချိန်တန်လျှင် ပညတ်ပဋိညာဉ်ကို “ပဋိညာဉ်တရားသစ်” ဖြင့် အစားထိုးမည်အကြောင်း ယေဟောဝါကြိုတင်ဟောပြောတော်မူခဲ့သည်။ ပဋိညာဉ်တရားသစ်တွင် အပြစ်ဒုစရိုက်ကို လုံးလုံးလျားလျား ခွင့်လွှတ်ခြင်းပါရှိသည်။ ပညတ်တရားအောက်၌ ထိုသို့လွှတ်ရန် လုံးဝမဖြစ်နိုင်ချေ။ (ယေရမိ ၃၁:၃၁-၃၄) ထိုသို့သော အစားထိုးခြင်း အဘယ်အချိန်တွင် ဖြစ်ပျက်ခဲ့သနည်း။
ပညတ်ပဋိညာဉ်တည်းဟူသော ပဋိညာဉ်ဟောင်းသည် ယင်း၏ရည်ရွယ်ချက်ပြီးမြောက်သွားပြီဖြစ်ရာ ရှေ့ဦးစွာ ပယ်ရှင်းခံရဖို့လိုသည်။ (ဂလာတိ ၃:၁၉၊ ၂၄၊ ၂၅) “[ဘုရားသခင်သည် ငါတို့] အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။ “ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော လက်မှတ်ကိုချေ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက် ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ” ဟူ၍ တမန်တော်ပေါလုရေးသားခဲ့သည်။ (ကောလောသဲ ၂:၁၃၊ ၁၄) ယေရှုသေလွန်သည့်အခိုက်တွင် ပညတ်ပဋိညာဉ်သည် ပဋိညာဉ်သစ်ဖြင့် အစားထိုးခဲ့သည်ဟု ဆိုလိုသလော။
မဟုတ်ပါ။ အကြောင်းမှာ ပဋိညာဉ်တရားသစ်သည် သင့်လျော်သော ပူဇော်သက္ကာ၏ အသွေးအားဖြင့် စတင်တည်ထောင်ရန်ရှိသည့်ပြင် လူမျိုးအသစ်တစ်မျိုးဖြစ်သော ဝိညာဏဣသရေလလူမျိုးနှင့် ဖွဲ့ရမည်ဖြစ်၍တည်း။ (ဟေဗြဲ ၈:၅၊ ၆။ ၉:၁၅-၂၂) ယေရှုသည် နိသန်လ ၁၆ ရက်နေ့တွင် ရှင်ပြန်ထမြောက်၍ ရက် ၄၀ ကြာပြီးနောက် ကောင်းကင်ဘုံသို့တက်ကြွတော်မူ၏။ (တမန်တော် ၁:၃-၉) တက်ကြွပြီး ၁၀ ရက်အကြာ သို့မဟုတ် ပင်တေကုတ္တေပွဲနေ့၌ ယေရှုသည် ခမည်းတော်ထံမှ လက်ခံရရှိသော ‘ကတိထားရာ သန့်ရှင်းသော ဝိညာဉ်တော်’ ကို တပည့်တော်များအပေါ် သွန်းလောင်းတော်မူရာတွင် ဝိညာဏဣသရေလလူမျိုး ဖြစ်ပေါ်တည်ရှိလာသည်။ (တမန်တော် ၂:၃၃) ဖျန်ဖြေစေ့စပ်ရေးမှူး ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် ဝိညာဏဣသရေလလူမျိုးနှင့် ထိုပဋိညာဉ်သစ်ကို ဖွဲ့တော်မူ၏။
အပြန်အလှန်ဆက်နွယ်နေသော ဤအကြောင်းအရာများကို ထောက်ရှုလျှင် ပညတ်ပဋိညာဉ်ကို ပဋိညာဉ်တရားသစ်ဖြင့် အဘယ်အချိန်တွင် အစားထိုးခဲ့သနည်း။
ပညတ်တရားသည် ယေရှုသေလွန်သည်နှင့် အဆုံးတိုင်သွားသည်ဟု မပြောနိုင်ပေ။ နံဝိညာဉ်အသက်တာသို့ ယေရှုရှင်ပြန်ထမြောက်ပြီးသော်လည်း မြေကြီးပေါ် ဆက်၍နေခဲ့သော ထိုရက်ပေါင်း ၄၀ အတွင်း တပည့်တော်တို့သည် ပညတ်တရားကို ဆက်၍စောင့်ရှောက်ခဲ့ကြသည်။ ထိုမျှမက ပညတ်တရားမှ အရေးကြီးသော အချက်တစ်ခုမှာ အထူးသန့်ရှင်းရာ ဌာနတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းကြီးတစ်နှစ်တစ်ကြိမ် ဝင်ရောက်ခြင်းဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံသို့ ယေရှုရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်၏။ ကောင်းကင်ဘုံ၌ ဘုရားသခင့်ရှေ့တော်မှောက်တွင် ကိုယ်တော်သည် ပဋိညာဉ်တရားသစ်၏ ဖျန်ဖြေစေ့စပ်ရေးမှူးအနေနှင့် မိမိ၏ရွေးနှုတ်ဖိုးပူဇော်သက္ကာ၏ တန်ဖိုးကို ဆက်သတော်မူနိုင်ခဲ့သည်။ (ဟေဗြဲ ၉:၂၃၊ ၂၄) ဤသို့ဖြင့် ယေရမိ ၃၁:၃၁-၃၄ ပြည့်စုံချက်နှင့်အညီ ပဋိညာဉ်တရားသစ်အတည်ပြု ပြဌာန်းနိုင်ရန် လမ်းပွင့်ခဲ့သည်။
ရွေးနှုတ်ဖိုးပူဇော်သက္ကာကို လက်ခံလိုက်ခြင်းနှင့်အညီ ယေဟောဝါလုပ်ဆောင်တော်မူသောအခါ ပဋိညာဉ်တရားသစ် တရားဝင်အတည်ဖြစ်လာသည်။ ကိုယ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ယေရှု၏ သစ္စာရှိ တပည့်တော်များအပေါ် သွန်းလောင်းတော်မူခြင်းဖြင့် လူမျိုးအသစ်တစ်မျိုးဖြစ်သော ဝိညာဏဣသရေလလူမျိုးကို ဖြစ်ပေါ်တည်ရှိစေခဲ့သည်။ ထိုလူမျိုးကို နိုင်ငံတော်ပဋိညာဉ်တွင် ပါဝင်သူတို့နှင့် ဖွဲ့စည်းထားသည်။ (လုကာ ၂၂:၂၉။ တမန်တော် ၂:၁-၄) သို့နှင့် ယင်းက ပညတ်ပဋိညာဉ်ကို ဘုရားသခင်ပယ်ဖျက်လိုက်ကြောင်း ပြဆိုသည်။ တင်စား၍ဆိုသော် ယေရှုအသေခံတော်မူရာ သစ်တိုင်တွင် ရိုက်ထားလိုက်သည်နှင့် တူသည်။ ထိုကြောင့်ပညတ်ပဋိညာဉ်သည် စီအီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့၊ ဝိညာဏလူမျိုးဖြစ်သော လူမျိုးအသစ် မွေးဖွားစဉ် ပဋိညာဉ်တရားသစ် စတင်သက်ဝင်လှုပ်ရှားချိန်တွင် ဆုံးခန်းတိုင်သွားလေသည်။—ဟေဗြဲ ၇:၁၂; ၈:၁၊ ၂။
ယင်းမေးခွန်း၏ အခြေခံအဖြေအပြင် စီအီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့၌ ပညတ်ပဋိညာဉ် ဆုံးခန်းတိုင်၍ ပဋိညာဉ်တရားသစ် ထင်ထင်ရှားရှား စတင်သက်ဝင်ချိန်တွင် ဘုရားသခင်သည် ဇာတိဣသရေလလူမျိုးကို လုံးလုံးလျားလျား ကျောခိုင်းတော်မမူခဲ့ကြောင်း သတိပြုမှတ်သားနိုင်သည်။ သာဓကအနေနှင့် အာဗြဟံပဋိညာဉ်နှင့်အညီ ယေဟောဝါသည် ဂျူးများ၊ ဂျူးဘာသာဝင်များနှင့် ရှမာရိလူမျိုးများတို့အား စီအီး ၃၆ ခုနှစ်တွင် ကုန်ဆုံးသည့် ၇၀ မြောက် ‘သိတင်းပတ်’ အတွင်း တစ်လျှောက်လုံး အထူးမျက်နှာသာပေးတော်မူခဲ့၏။ (ကမ္ဘာဦး ၁၂:၁-၃၊ ၁၅:၁၈၊ ၂၂:၁၈။ ဒံယေလ ၉:၂၇။ တမန်တော် ၁၀:၉-၂၈၊ ၄၄-၄၈) စီအီး ၃၃ ခုနှစ် နောက်ပိုင်းတွင် ပညတ်တရားကို စောင့်ရှောက်စရာမလိုအပ်တော့ ဟူသောအချက်ကို လက်ခံရန် ဘိသိက်ခံဂျူးခရစ်ယာန်အချို့ကပင် အချိန်ယူ၍ ညှိနှိုင်းပြင်ဆင်မှုပြုခဲ့ရသည်။ စီအီး ၄၉ ခုနှစ်တွင် အုပ်ချုပ်ရေးအဖွဲ့သို့တင်ပြခဲ့သော ပြဿနာကို ကြည့်ခြင်းဖြင့် ထိုအချက်ကိုထင်ရှားစွာတွေ့မြင်နိုင်သည်။ (တမန်တော် ၁၅:၁၊၂) စီအီး ၇၀ ခုနှစ်တွင် ပညတ်တရားကို လုံးလုံးလျားလျား စွန့်ပယ်လိုက်သည်ဟူသော အချက်ကို လုံးဝငြင်းပယ်၍မရပေ။ ထိုနှစ်တွင် ရောမလူမျိုးလက်ချက်ဖြင့် ဗိမာန်တော်နှင့်တကွ ပညတ်တရားနှင့်ဆက်နွယ်သည့် ဆွေစဉ်မျိုးဆက် စာရင်းမှတ်တမ်းများပါ ပျောက်ကွယ်သွားခဲ့သည်။—မဿဲ ၂၃:၃၈။
[Picture Credit Line on page 31]
Pictorial Archive (Near Eastern History) Est.