“ယေဟောဝါသက်သေများလော”
အထက်ပါမေးခွန်းသည် ဖင်လန်ဘာသာစကား Bulletin of the University of Helsinki ဂျာနယ်တွင် ခေါင်းစဉ်အနေနှင့် ပါလာပါသည်။ ထိုခေါင်းစဉ်အောက်တွင် ပါမောက္ခ ယောမာပါလော ရေးသားသည့်စာ တစ်ပိုင်းကိုဖော်ပြရလျှင် ဤသို့ဖြစ်သည်။ “Bulletin အဖုံးပေါ်ပုံနှိပ်ထားသည့် ကျွန်ုပ်တို့တက္ကသိုလ်၏တံဆိပ်ကို အသေအချာစစ်ဆေးကြည့်သည်။ အပေါ်တစ်ပိုင်း၏ အလယ်တွင် ဟေဗြဲကျမ်းချက်တစ်ခုကို တွေ့ရှိသည်။ ယင်း၏အဓိပ္ပာယ်ကို ကျွန်တော်၏ ဂျူးဧည့်သည်တစ်ဦးအားမေးမြန်းခဲ့ရာ ဟေဗြဲစာတတ်သော ဤပညာရှင်အရ ယင်းစကားလုံးသည် ဖင်လန်ဘာသာစကားဖြင့် ‘ယေဟောဝါ’ ဖြစ်သည်။”
ဤဖင်လန်နိုင်ငံတက္ကသိုလ်၏တံဆိပ်ပေါ် ဘုရားသခင်၏ကိုယ်ပိုင်နာမပါရှိသည့်အတွက် အချို့သူများ အံ့သြကြသည်။ အမှန်သော်ကား၊ ယင်းတက္ကသိုလ်သည် နှစ်ပေါင်း ၃၅၀ ကြာပြီဖြစ်၍ ၄င်းစတည်ထောင်ချိန်တွင် ယေဟောဝါအမည်သည်ကျော်ကြား၍ ဥရောပတိုက်တစ်လျှောက်လုံး အသုံးပြုလေ့ရှိသည်။ နာမတော်သည် ထိုခေတ်က ပြည်သူ့အဆောက်အအုံများ၊ ဒ င်္ဂါးများ နှင့် တံဆိပ်များပေါ်တွင်ပါရှိသည်။ —The Divine Name That Will Endure Forever ဘရိုရှာကိုရှု။
ကျွန်ုပ်တို့၏ရာစုတွင် ခရစ်ယာန်ဘောင်သည် ဘုရားသခင့်နာမတော်ကို အသုံးမပြုတော့ပါ။ ယင်းကိုယခင်ကစိတ်ဝင်စားခဲ့ကြောင်းကို အများအားဖြင့် မေ့လျော့နေကြပြီ။ သခင့်ဆုတောင်းချက်ပါ “ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့၏အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” ဟုပထမတောင်းလျှောက်ချက်နှင့်အညီ နာမတော်မြတ်ကိုအသုံးပြု၍ အနှံ့အပြားကြေညာသောအုပ်စု တစ်စုသာရှိသည်။ (မဿဲ ၆:၉) ထိုကြောင့် တက္ကသိုလ်ကျောင်း၏တံဆိပ်ပေါ် နာမတော်ကိုသိရှိလာသောအခါ လူအပေါင်း ယေဟောဝါသက်သေတို့ကို ချက်ချင်းသတိရကြသည်။
လည်ပတ်ခြင်းကို ကြိုဆိုမည်လော
ဒုက္ခများမြောင်သည့် ဤလောကအတွင်း၌ပင် သင်သည် ဘုရားသခင်၊ ကိုယ်တော့်နိုင်ငံတော်နှင့် လူသားတို့အဖို့ ကိုယ်တော်ထားရှိသည့် အံ့ဖွယ်ရည်ရွယ်ချက်တို့နှင့်ဆိုင်သော တိကျမှန်ကန်သည့် သမ္မာကျမ်းစာအသိပညာမှ ပျော်ရွှင်မှုကို ရယူခံစားနိုင်ပါသည်။ ယခုထက်မက ပိုမိုသိလိုလျှင်လည်းကောင်း၊ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု လက်ခံသင်ကြားလိုလျှင်လည်းကောင်း ကင်းမျှော်စင် ၉၄ - ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့ သို့မဟုတ် စာမျက်နှာ ၂ ပါ သင့်လျော်ရာလိပ်စာသို့ စာရေးဆက်သွယ်ပါ။