သူတို့တတ်နိုင်သည်ကိုပြုလုပ်ကြသည်
ယေဟောဝါဘုရားပြုလုပ်ပေးသမျှကို ပြန်လည်မတုံ့ပြန်နိုင်သော်လည်း အများသည် ကိုယ်တော့်သက်သေခံများ၏ကမ္ဘာတစ်ဝန်းဟောပြောခြင်းလုပ်ငန်းကိုထောက်ကူရန် တတ်နိုင်သလောက်လုပ်ဆောင်နေသည်။ (မဿဲ ၂၄:၁၄။ မာကု ၁၄:၃–၉ နှိုင်းယှဉ်။) အမေရိကန်နိုင်ငံ၊ မီနီဆိုဒါရှိ မိသားတစ်စုထံမှ ဤစာသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။
“ချစ်စွာသောညီအစ်ကိုများ၊
“ကျွန်တော်တို့အလှူငွေအဖြစ်ဒေါ်လာ— ပို့လိုက်ပါတယ်။ ယင်းကို ကမ္ဘာချီလုပ်ငန်းတွင်အသုံးပြုရန် သို့မဟုတ် နိုင်ငံတော်ခန်းမဆောက်လုပ်ရန် ရန်ပုံငွေအဖြစ် သို့မဟုတ် အဖွဲ့အစည်းလိုအပ်သည့်အရာအတွက် အသုံးပြုရန်ဖြစ်ပါသည်။ . . .
“ထိုငွေကို [ယေဟောဝါ] အလိုတော်နှင့်အညီသုံးလိမ့်မည်ဟု ကျွန်တော်တို့ယုံကြည်စိတ်ချပါသည်။ အလုပ်မွန်၌ဆက်လက်လုပ်ဆောင်သွားရန်လည်း အားပေးလိုက်ပါသည်။ ကမ္ဘာတစ်ဝန်းလုပ်ဆောင်လျက်ရှိသော [ကင်းမျှော်စင်] အသင်း၏ဗွီဒီယိုတိတ်ခွေအတွက် အထူးကျေးဇူးတင်ပါသည်။ ထိုတိတ်ခွေအားဖြင့် လုပ်ငန်း၏ကြီးကျယ်မှုကိုသိမြင်စေပြီး၊ ကျွန်တော်တို့၏စေတနာအလျောက် လှူဒါန်းမှုလိုအပ်ကြောင်းသိစေပါသည်။ ယခင်က ကျွန်တော်တို့သည် အသင်းတော်တိုက်နယ်၊ ခရိုင်မှတစ်ဆင့် အလှူငွေပေးပို့ခဲ့ပါသည်။ သို့သော်ယခုကျွန်တော်တို့၏အမြင်ကျဉ်းမြောင်းမှုကို စိတ်ရှည်ကာအခြားလှူဒါန်းခြင်းများအပြင် ဤအသက်ကယ်လုပ်ငန်းတွင် ကျွန်တော်တို့တစ်ဦးချင်း ကူညီရန်မေတ္တာဖြင့်ပြသည့်အတွက် ယခုယေဟောဝါအားကျေးဇူးတင်ပါသည်။ မိသားစုတစ်စုအနေနှင့်လစဉ်ဒေါ်လာ— ကို . . . နယူးယောက်သို့တိုက်ရိုက်ပို့ရန် ကျွန်တော်တို့ဆုံးဖြတ်ထားပါသည်။
“ကျွန်တော်တို့အပေါ် သင်တို့၏ကောင်းစွာအမှုဆောင်ပေးခြင်းနှင့် ယေဟောဝါအပေါ် သင်တို့ပြသခဲ့သောသစ္စာရှိမှုအတွက် ထပ်၍ကျေးဇူးတင်လိုပါသည်။