ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၂/၁ စာ. ၃၂
  • ‘သူတို့ရယ်ခဲ့ကြသည်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သူတို့ရယ်ခဲ့ကြသည်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၂/၁ စာ. ၃၂

‘သူတို့ရယ်ခဲ့ကြသည်’

ဟန်ဂေရီမှအမျိုးသားတစ်ဦးက မကြာသေးမီတွင် လူတို့သည်သမ္မာကျမ်းစာအကြောင်းပြောသူကို ရယ်လေ့ရှိသည်ဟုဆိုသည်။ သို့သော်အခြေအနေများပြောင်းလဲခဲ့လေပြီ။ မကြာသေးမီက ဘူဒဘက်စ်ရှိကင်းမျှော်စင်အသင်းရုံးသို့ သူဤသို့စာရေးခဲ့သည်။

“လွန်ခဲ့သောရက်အနည်းငယ်က သင်တို့၏ သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကိုကျွန်တော်ဖတ်ခဲ့ရသည်။ လူတစ်ဦးက ယင်းစာအုပ်ကို ကျွန်တော်ဖတ်ပြီးသည်အထိ ငှားခဲ့ပါသည်။ စာအုပ်တွင်ရေးထားရာများသည် ကျွန်တော့်ကိုတကယ်ထိမိပြီး စဉ်းစားစေခဲ့ပါသည်။” ထိုသူသည် ကျမ်းစာအုပ်နှင့် အခြားအကြောင်းများကိုလည်း ရရှိလိုသည်။ ဤသို့သောတုံ့ပြန်မှုသည် အရှေ့ဥရောပတွင် အသစ်အဆန်းမဟုတ်တော့ချေ။

ဘူဒဘက်စ်ရုံးသို့ရောက်ရှိလာသော အခြားစာတစ်စောင်ကလည်း ဤသို့ပြောသည်။ “သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကိုကျွန်တော်ဖတ်ခဲ့ရသည်။ ယင်းစာအုပ်သည် ကျွန်တော့်ကိုအတော်စွဲမှတ်စေခဲ့ပါသည်။ ထို့ကြောင့်မှန်မှန်ကျမ်းစာသင်နိုင်ရန် ကျွန်တော့်အိမ်သို့ သက်သေခံတစ်ဦးလွှတ်ပေးပါရန် ဤစာကိုရေးလိုက်ခြင်းဖြစ်ပါသည်။”

သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်သည် သင့်အားကျမ်းစာနှင့်ပတ်သက်သောအဖြေများကိုပေး၍ မျှော်လင့်ချက်ပေးသည်။ ယင်းသည်အသက်တာကိုပြောင်းလဲစေရာတွင် ကိရိယာဖြစ်သည်။ သင်လည်း ဤစာအုပ်ကိုလိုလားခဲ့သော် ကျေးဇူးပြု၍အောက်ပါဖြတ်ပိုင်းကိုဖြည့်စွက်၍ စာတိုက်မှပို့လိုက်ပါ။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

မိဘတစ်ဦးသည် အကြောင်းရှိ၍သာ မိမိချစ်မြတ်နိုးလှသောကလေးကို နာကျင်သောခွဲစိတ်ကုသမှုကိုခံရန်အခွင့်ပေးမည်။ ဘုရားသခင်လည်း လူသားများအားဒုက္ခတစ်ခဏခံရန် ခွင့်ပြုခြင်းသည်အကြောင်းရှိလေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ