ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁/၁၅ စာ. ၂၃
  • ယေဟောဝါနေ့တော်အတွက် အသင့်ရှိလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါနေ့တော်အတွက် အသင့်ရှိလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချီးမွမ်းရန်အားပေး
  • ဝိညာဏရေးရာတွင် နိုးကြားလျက်နေလော့
  • ယေဟောဝါရဲ့ နေ့အတွက် အသင့်ရှိနေကြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • “အမှန်ကိုပြုရာ၌ လက်မလျှော့နှင့်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါ သင့်ကို ကာကွယ်ပေးပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • မျှော်လင့်ချက်—စိတ်ညှိုးငယ်စရာလောကတွင် အရေးကြီးသည့်အကာအကွယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁/၁၅ စာ. ၂၃

ယေဟောဝါနေ့တော်အတွက် အသင့်ရှိလော့

သက်သာလောနိတ်ပထမစောင်မှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နေ့တော်။ ယင်းနေ့သည်ချက်ချင်းရောက်လာတော့မည်ဟု ရှေးသက်သာလောနိတ်ရှိခရစ်ယာန်များသည် ယုံကြည်ခဲ့ကြသည်။ သူတို့မှန်ကန်ပါသလော။ ယင်းသည်ဘယ်သောအခါလာမည်နည်း။ ကျွန်ုပ်တို့ခေတ်သက္ကရာဇ် ၅၀ ခုနှစ်ခန့်တွင် ကောရိန္သုမှသက်သာလောနိတ်သားများထံ ပို့ခဲ့သည့်တမန်တော်ပေါလု၏ပထမစာစောင်တွင် ယင်းသည်အရေးကြီးသော အကြောင်းတစ်ခုဖြစ်ခဲ့သည်။

ပေါလုနှင့်သိလသည်အစိုးရရုံးစိုက်ရာ ရောမနယ်မာကေဒေါနိရှိ သက်သာလောနိတ်အသင်းတော်ကို တည်ထောင်ခဲ့ကြသည်။ (တမန်တော် ၁၇:၁-၄) နောက်ပိုင်းတွင်သက်သာလောနိတ်သားများထံ သူ၏ပထမစာစောင်တွင် ပေါလုကချီးမွမ်း၊ တိုက်တွန်း၊ နှိုးဆော်ပြီး၊ ယေဟောဝါ၏နေ့တော်ကို ဆွေးနွေးခဲ့သည်။ ကျွန်ုပ်တို့လည်း ဤစာစောင်မှအကျိုးရယူနိုင်ပြီး၊ အထူးသဖြင့်ယေဟောဝါ၏နေ့တော်သည် ယခုလွန်စွာနီးကပ် နေသောကြောင့်ဖြစ်သည်။

ချီးမွမ်းရန်အားပေး

ပေါလုကဦးစွာသက်သာလောနိတ်သားများကို ချီးမွမ်းခဲ့သည်။ (၁ သက် ၁:၁-၁၀) သူတို့၏သစ္စာရှိလုပ်ငန်းနှင့်ခံနိုင်ရည်ရှိမှုအတွက် ချီးမွမ်းခဲ့ခြင်းဖြစ်သည်။ သူတို့သည် “ကြီးစွာသောဆင်းရဲခြင်းကိုခံရသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပတ်တရားတော်ကိုခံယူ” သောကြောင့်လည်း ချီးမွမ်းထိုက်သည်။ ပေါလုကဲ့သို့သင်လည်း အခြားသူများကို ချီးမွမ်းပါသလော။

တမန်တော်သည်ပုံသက်သေကောင်းပြသခဲ့သည်။ (၂:၁-၁၂) ဖိလိပ္ပိတွင်မောက်မာစွာပြုမူခံရသော်လည်း သူသည်သက်သာလောနိတ်သားများအား “ဘုရားသခင်ကိုအမှီပြု၍. . . ဧဝံဂေလိတရားကိုရဲရင့်စွာ ဟောပြောခဲ့သည်။” သူသည်မြှောက်ပင့်ခြင်း၊ တပ်မက်ခြင်းနှင့်ဂုဏ်ရှာခြင်းကို ရှောင်ရှားခဲ့သည်။ ပေါလုသည်နှောင့်ယှက်ရာ ဝန်ထုပ်ကြီးမဖြစ်ခဲ့ဘဲ မိခင်သည်ကလေးအပေါ်ယုယသကဲ့သို့ သူတို့အပေါ်နူးညံ့ခဲ့သည်။ ယနေ့အကြီးအကဲများအတွက် ပုံသက်သေကောင်းပါတကား။

ပေါလု၏နောက်ထပ်စကားများက သက်သာလောနိတ်သားများအား ညှဉ်းပန်းခံရသောအခါ ခိုင်မြဲရန်အားပေးခဲ့သည်။ (၂:၁၃–၃:၁၃) သူတို့အမျိုးသားများ၏ နှိပ်စက်မှုကိုသူတို့ခံရပ်ခဲ့ပြီးတိမောသေကပေါလုထံ သူတို့၏ဝိညာဏအခြေအနေအကြောင်း မှတ်တမ်းကောင်းသယ်ဆောင်လာခဲ့သည်။ တမန်တော်ကသူတို့သည် မေတ္တာနှင့်ကြွယ်ဝပြီး၊ သူတို့၏နှလုံးခိုင်မြဲဖို့ ဆုတောင်းခဲ့သည်။ အလားတူပင်၊ ယခုယေဟောဝါသက်သေများသည် ညှဉ်းပန်းခံယုံကြည်သူများအတွက် ဆုတောင်းပေးပြီး ဖြစ်နိုင်လျှင်သူတို့ကိုအားပေးကာ သူတို့၏သစ္စာတည်ကြည်ပုံမှတ်တမ်းများအပေါ် ဝမ်းမြောက်ကြသည်။

ဝိညာဏရေးရာတွင် နိုးကြားလျက်နေလော့

ယင်းနောက်သက်သာလောနိတ်သားများသည် သွန်သင်ချက်များရရှိသည်။ (၄:၁-၁၈) သူတို့သည်ဘုရားစိတ်တော်တွေ့လမ်းစဉ်ကို ပိုမိုပြည့်ဝစွာလိုက်လျှောက်ရမည်ဖြစ်ပြီး၊ ညီအစ်ကိုချင်းမေတ္တာကိုပိုမိုပြကာ သူတို့၏လိုအပ်ရာများအတွက် သူတို့လက်ဖြင့်အလုပ်လုပ်ရန်ဖြစ်သည်။ ထို့ပြင်၊ ယေရှုရောက်ရှိသောအခါ သေဆုံးသွားခဲ့သော ဝိညာဏဖွားယုံကြည်သူများသည် ဦးစွာထမြောက်ကာ ကိုယ်တော်နှင့်ပေါင်းစည်းမည့် မျှော်လင့်ချက်ဖြင့်တစ်ဦးကိုတစ်ဦး နှစ်သိမ့်ရန်ဖြစ်သည်။ ထို့နောက်အသက်ရှင်နေသောဘိသိက်ခံများသည် သေဆုံး၍ထမြောက်သောအခါ ခရစ်တော်နှင့်ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ခဲ့ပြီးသူများနှင့် ပေါင်းစည်းကြမည်။

ဆက်လက်၍ပေါလုသည်၊ ယေဟောဝါ၏နေ့တော်အကြောင်းဆွေးနွေးပြီး ထပ်ဆင့်သွန်သင်ချက်ပေးခဲ့သည်။ (၅:၁-၂၈) ယေဟောဝါ၏နေ့တော်သည် သူခိုးကဲ့သို့လာမည်ဖြစ်ပြီး “ငြိမ်ဝပ်ခြင်းရှိ၏။ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏” ဟူသည့်ကြွေးကြော်သံပြီးနောက် ဗြုန်းကနဲဖျက်ဆီးခြင်းအမှန်ပင် ရောက်ရှိလာမည်။ ထို့ကြောင့်သက်သာလောနိတ်သားများသည် ဝိညာဉ်ရေးအရ နိုးနိုးကြားကြားနေရမည်ဖြစ်ပြီး၊ မေတ္တာနှင့်ရင်အုပ်တန်ဆာဖြစ်သော ယုံကြည်ခြင်း၊ သံခမောက်တည်းဟူသောကယ်တင်ခြင်း မျှော်လင့်ချက်တို့ဖြင့်ကာကွယ်ခြင်းခံရသည်။ သူတို့သည် အသင်းတော်တွင်ဦးစီးနေသူများကို နက်ရှိုင်းစွာလေးစားရမည့်အပြင် ကျွန်ုပ်တို့ပြုမူရမည့်အတိုင်း မတရားမှုကိုရှောင်ကြဉ်ရမည်။

ပေါလု၏သက်သာလောနိတ်သားများထံ ရေးခဲ့သောပထမစာစောင်သည် ယုံကြည်သူဘက်သားအား ချီးမွမ်းရန်နှင့်အားပေးရန် ကျွန်ုပ်တို့အားလှုံ့ဆော်သင့်သည်။ အပြုအမူနှင့်သဘာထားတွင် ပုံသက်သေဖြစ်ရန်လည်း ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသင့်သည်။ အမှန်ပင်ယင်းသွန်သင်ချက်သည် ကျွန်ုပ်တို့အားယေဟောဝါနေ့တော်အတွက် အသင့်ရှိရန်ကူညီပေးနိုင်သည်။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရင်အုပ်တန်ဆာနှင့်သံခမောက်—⁠ဝိညာဏနိုးကြားနေမှုကိုတိုက်တွန်းလျက် ပေါလုဤသို့ရေးသားခဲ့သည်။ “သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသောရင်အုပ်တန်ဆာကိုလည်းကောင်း၊ ကယ်တင်ခြင်းသို့ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း ဝတ်ဆင်ကြကုန်အံ့။” (၁ သက်သာလောနိတ် ၅:၈) ရင်အုပ်တန်ဆာသည် စစ်တိုက်သူတစ်ဦး၏ရင်အုပ်ကိုကာကွယ်ရာတန်ဆာဖြစ်ပြီး၊ အဆင့်ဆင့်၊ သံကွင်း သို့မဟုတ် မာကျောသောသတ္တုပါဝင်သည်။ အလားတူပင်၊ ယုံကြည်ခြင်းရင်အုပ်တန်ဆာသည် ကျွန်ုပ်တို့အားဝိညာဏရေးရာအရ ကာကွယ်ပေးသည်။ ရှေးသံခမောက်ကောမည်သို့နည်း။ အများအားဖြင့်သတ္တုဖြင့်ပြုလုပ်ထားပြီး၊ ယင်းသည်စစ်တိုက်စဉ်အတွင်း တိုက်ခိုက်နေသူအားကာကွယ်ရန် ပုံစံပြုထားသောစစ်ဦးထုပ်ဖြစ်သည်။ သံခမောက်သည်စစ်တိုက်သူတစ်ဦး၏ ဦးခေါင်းကိုကာကွယ်ပေးသကဲ့သို့ ကယ်တင်ခြင်းဆိုင်ရာမျှော်လင့်ချက်သည် စိတ်ပိုင်းကိုကာကွယ်ပေးခြင်းဖြင့် ခရစ်ယာန်တစ်ဦးအား တည်ကြည်စေသည်။ ယေဟောဝါ၏လူများထိုသို့သော ဝိညာဏတန်ဆာကိုဝတ်ဆင်ရန် မည်မျှအရေးကြီးလှပါသည်တကား။—⁠ဧဖက် ၆:၁၁-၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ