ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၁/၁၅ စာ. ၇-၈
  • အကြောင်းခြင်းရာ ဖြစ်ရပ်မှန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြောင်းခြင်းရာ ဖြစ်ရပ်မှန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာတစ်အုပ်ပိုင်ရုံနှင့် မလုံလောက်
  • မတရားမှုစွဲနေခြင်း
  • ယေရှုနှင့် နိုင်ငံရေး
  • မူးယစ်ဆေးဝါးများ—ယင်းတို့ကို အဘယ်ကြောင့် လူတို့တလွဲသုံးကြသနည်း
    နိုးလော့!—၂၀၀၂
  • မူးယစ်ဆေးဝါးတလွဲသုံးမှု—အဖြေတစ်ခုရှိ!
    နိုးလော့!—၂၀၀၂
  • ဆေးဝါးများ ယင်းတို့ကို မည်သူတို့သုံးစွဲကြသနည်း
    နိုးလော့!—၂၀၀၂
  • ဘုရားသခင့်နှုတ်ကပါဌ်တော်၏ သန့်စင်ပေးနိုင်စွမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၁/၁၅ စာ. ၇-၈

အကြောင်းခြင်းရာ ဖြစ်ရပ်မှန်

သမ္မာကျမ်းစာတစ်အုပ်ပိုင်ရုံနှင့် မလုံလောက်

သမ္မာကျမ်းစာပိုင်ဆိုင်သူတို့ကို မကြာမီက လေ့လာခဲ့ရာ တစ်ဝက်မျှက ၄င်းကိုဘယ်တော့မျှမဖတ်ကြောင်းသိရှိခဲ့သည်။ ၄င်းတို့တွင် ဒုတိယအကြိမ်မွေးဖွားပြီးသောခရစ်ယာန်များဟု အမည်ခံသူများပင်ပါဝင်ပါသည်။ မေးမြန်းခံရသူအမည်ခံခရစ်ယာန် ၃၀ ရာခိုင်နှုန်းနီးပါးက ဗက်လင်မြို့တွင် ယေရှုမွေးဖွားကြောင်း မသိကြပေ။ The Detroit News အရ “ဆယ့်ရှစ်ရာခိုင်နှုန်းက ယေရုရှလင်ဟုဖြေဆိုခဲ့ပြီး ၈ ရာခိုင်နှုန်းက နာဇရက်ဟုဖြေဆိုခဲ့သည်။” သုတေသနအဖွဲ့၏ခေါင်းဆောင် ဂျော့ဂျ် ဘာနာက “ဤမျှအခြေခံအကြောင်းများကိုပင် သူတို့မသိကြလျှင် မယုံကြည်သူတစ်ဦးနှင့် သဘောပေါက်နားလည်စွာ ကျမ်းစာမည်သို့ဆွေးနွေးမည်နည်း။ ကျမ်းစာမူများနှင့်ကိုက်ညီစွာ မည်သို့အသက်ရှင်နေထိုင်မည်နည်း” ဟုပြောခဲ့သည်။

“မှန်သောပညာမရှိသော်လည်း ဘုရားသခင်ဖက်၌ စိတ်အားကြီး” သူအချို့တွင် ထပ်တူအခြေအနေမျိုးရှိကြောင်း တမန်တော်ပေါလုသတိပြုသည်။ “ကိုယ်အလိုအလျောက်ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချ . . . ယောင်ဆောင်” သူအချို့အကြောင်းသူပြောသည့်အပြင် “နောက်ဆုံးကာလ” တွင် “ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူ” များရှိမည်ဟု ကြိုတင်ပရောဖက်ပြုထားသည်။ (ရောမ ၁၀:၂။ ကောလောသဲ ၂:၂၃။ ၂ တိမောသေ ၃:၁-၅) သို့ရာတွင် ခရစ်ယာန်စစ်များက ဘုရားသခင့်နှုတ်ကပတ်တော်ကို တန်ဖိုးထားလေးမြတ်ကြသည်။ ကျမ်းစာပိုင်ဆိုင်ရုံနှင့် မလုံလောက်ကြောင်း သူတို့အသိအမှတ်ပြုသည်။ ၄င်းအစား “နှုတ်ကပတ်တရား၏နို့စစ် . . . ကိုအလွန်လိုချင်သောစိတ်ရှိကြ” ရန်၊ ဩဝါဒကိုစိတ်ရောကိုယ်ပါလိုက်နာကျင့်သုံးကြသည်။—၁ ပေတရု ၂:၂။

မတရားမှုစွဲနေခြင်း

ဤအစီအစဉ်စနစ်၏ နောက်ဆုံးကာလ “ပုပ္ပနိမိတ်” အဝင်အဖြစ် “မတရားသောအမှုတို့သည်များပြား” မည်ဟု ယေရှုတင်ပြခဲ့သည်။ (မဿဲ ၂၄:၃၊ ၁၂) မူးယစ်ဆေးဝါးသုံးစွဲမှုသည် ယနေ့မတရားမှုတိုးပွားများပြားစေရန် များစွာသြဇာညောင်းကြောင်း ထင်ရှားပေသည်။ ဥပမာ၊ ဩစတြေးလျန်းသတင်းစာ The Sydney Morning Herald က နယူးဆော့သ်ဝေးလ်စ်တွင်ဖြစ်ပျက်ခဲ့သော ပြစ်မှုဆယ်ခုအနက် ခုနစ်ခုသည် မူးယစ်ဆေးနှင့်ဆက်စပ်နေကြောင်း၊ ထိုပြည်နယ်ရှိ ဓားပြတိုက်မှု ၈၅ ရာခိုင်နှုန်းသည် ဟီးရိုးအင်းသုံးစွဲသူများကြောင့်ဖြစ်ရကြောင်း သတင်းပေးသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာသည်လည်း တိုးပွားနေဆဲပင်။

U. S. News & World Report ကဤသို့ဆိုသည်။ “ဥရောပရှိ မည်သည့်နေရာမှ ယင်းကပ်ဘေးနှင့်မကင်းချေ။” ဆိုဗီယက်ရုရှားနိုင်ငံတွင် မူးယစ်ဆေးသုံးစွဲသူ သန်းချီရှိသည်ဟုဆိုပါသည်။ မူးယစ်ဆေးအလွဲသုံးစားသူ ဒီရေကိုတားဆီးရန် အစွမ်းကုန်ကြိုးစားသည့်အနေနှင့် ၂၅ နိုင်ငံမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များနှင့် ဆိုဗီယက်အစိုးရသည် စေ့စပ်ဆွေးနွေးနေကြသည်။ သို့ရာတွင် မူးယစ်ဆေးဝါးမှရရှိသောအမြတ်ငွေဖြင့် ရဲသားများ၊ အစိုးရရှေ့နေများနှင့် တရားသူကြီးများကိုပင် လာဘ်လာဘပေးနေကြောင်းသိရှိရသဖြင့် အစိုးရတို့မျှော်လင့်ထားသည့် ပန်းတိုင်များသို့ရောက်နိုင်ရာအကြောင်းမရှိလှပေ။ စိတ်ဓာတ်ကျနေသော အစိုးရအရာရှိတစ်ဦး ဤသို့ဆိုသည်။ “လမ်းပေါ်သို့ မူးယစ်ဆေးဝါးမရောက်ရန် ကမ္ဘာပေါ်ရှိရဲတပ်ဖွဲ့၏ကြိုးစားမှုသည် မဖြစ်စလောက်သာဖြစ်သည်။” သူကဤသို့ထပ်ဆင့်၍ “တားဆီးနည်းကောင်းများလည်းမရှိနိုင်သည့်အတွက် စိတ်ဓာတ်ကျစရာအလွန်ကောင်းသည်” ဟုပြောခဲ့သည်။

ဤကဲ့သို့သောစကားများက နောက်ဆုံးကာလနှင့်ပတ်သက်သော ယေရှု၏ပရောဖက်ပြုချက်ကို သတိရစေသည်။ ဤအချိန်အခါတွင် လူတို့သည် “မြေကြီးပေါ်မှာ ဖြစ်လတံ့သောဘေးများကိုမျှော်၍ ကြောက်လန့်” ကြမည်ဟု ကိုယ်တော်ကြိုတင်ဟောတော်မူသည်။—လုကာ ၂၁:၂၅၊ ၂၆။

ယေရှုနှင့် နိုင်ငံရေး

တောင်အာဖရိက၊ ဂျိုဟန်နစ္စဘာဂ်မြို့သတင်းစာ The Star တွင်ခေါင်းစဉ်တစ်ရပ် ဤသို့ဆိုသည်။ “တောင်အာဖရိကအတွက် သိုးထိန်းခြင်းအစီအစဉ်ကို ကက်သလစ်အသင်း ဖေါ်ပြ။” ထိုအစီအစဉ်အားဖြင့် “လူမျိုးရေးခွဲခြားမှုကို ပပျောက်စေရန် ကက်သလစ်အသင်း၏ကြိုးစားမှုအားဖြင့်” တောင်အာဖရိကတွင် “ဘုရားသခင့်နိုင်ငံတော်တည်စေ” ရန်ဖြစ်သည်။ ဤရည်ရွယ်ချက်ကိုဖြစ်မြောက်လာစေရန် ကက်သလစ်အသင်းသည် အခြားအသင်းများအပြင် “တောင်အာဖရိက လူ့ဘောင်လောကအဖက်ဖက်” ၏ထောက်ခံအားပေးမှုကိုပါ ရှာကြံနေကြကြောင်း တောင်အာဖရိက ကက်သလစ်ဘိရှော့များ ညီလာခံ၏ အတွင်းရေးမှူးချုပ် ဂျုဒ် ပီအက်တစီကဆိုသည်။ သို့ရာတွင် “ကက်သလစ်များအား နိုင်ငံရေးလှုပ်ရှားမှုများထဲ ဝင်ပါစေရန် ဘိရှော့များ၏အကွက်ဆင်မှု” ဖြစ်သည်ဟု ကက်သလစ်အချို့ယူဆကြောင်း ဂျိုဟန်နစ္စဘာဂ်မြို့၏ဘိရှော့ ရက်ဂျီနာလ်ဒ် ဩစ်မောန်ဒ် ရှင်းပြသည်။ ပီအက်တစီက ယင်းအကြံအစည်တွင် နိုင်ငံရေးသဘောတရားများပါဝင်သည်ဟုဝန်ခံထား၍ ဩစ်မောန်ဒ်ကလည်း ၄င်းသည် “အသစ်အဆန်းမဟုတ်” “ယေရှုကိုယ်တော်တိုင် ရှိစဉ်ကပင် ရှိခဲ့သော” အကြံဖြစ်ကြောင်းပြောသေးသည်။

အမှန်သော်ကား ယေရှုခရစ်သည် မိမိတပည့်တော်များအား နိုင်ငံရေးလှုပ်ရှားမှုများတွင် ဝင်ပါရန် ညွှန်ကြားပေးခဲ့မည်မဟုတ်ပေ။ ပုန္တိပိလတ်မင်း၏အမေးကို ယေရှုက “ငါ၏နိုင်ငံသည် ဤလောကနှင့်မဆိုင်” ဟု အခိုင်အမာဖြေဆိုခဲ့သည်။ (ယောဟန် ၁၈:၃၆) ထို့ပြင် ယေဟောဝါသက်သေ သုံးသန်းကျော်တို့သည် ‘သူတို့ကိုယေရှုချစ်တော်မူသကဲ့သို့ အချင်းချင်းချစ်ရကြမည်ဟူသောပညတ်သစ်’ အတိုင်းအသက်ရှင်နေထိုင်ကြသောကြောင့်—တောင်အာဖရိကနိုင်ငံတွင်သာမဟုတ် ကမ္ဘာချီ—လူမျိုးရေးစည်းလုံးမှုရှိကြသည်။—ယောဟန် ၁၃:၃၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ