ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၁/၁၅ စာ. ၈-၉
  • အဓိကရုဏ်းသည် သတင်းကောင်းကို မရပ်စဲစေနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဓိကရုဏ်းသည် သတင်းကောင်းကို မရပ်စဲစေနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၁/၁၅ စာ. ၈-၉

အဓိကရုဏ်းသည် သတင်းကောင်းကို မရပ်စဲစေနိုင်

၁၉၈၈ခုနှစ် ဖေဖေါ်ဝါရီလတစ်ရက်နေ့တွင် ဗင်နီဇွဲလားနိုင်ငံ၏ တသစောင့်မျှော်ခဲ့သော စီးပွားရေးအထုပ်ကို ဖြည်ဖွင့်ကြေညာခဲ့သည်။ နွားနို့၊ ဂျုံ နှင့် ပေါင်မုန့်ကဲ့သို့သော အခြေခံစားစရာများ၏ဈေးနှုန်းသည် ၁၀၀ ရာခိုင်နှုန်းထက်မကတိုးမြင့်လာနေသည်။ ဓာတ်ဆီဈေးသည် ၉၀ ရာခိုင်နှုန်း တိုးများလာမည်ဖြစ်သည်။ ပို့ဆောင်ရေးခရီးခသည် ၃၀ ရာခိုင်နှုန်းတိုးပေးရမည်ဟု အမိန့်ရှိထားသည်။ တစ်ပြည်လုံးအံ့အားသင့်နေကြသည်။ ရုတ်တရက် တနင်္လာနေ့၊ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင် တစ်ပြည်လုံး၌ အဓိကရုဏ်းဖြစ်လေသည်။

နောက်တစ်နေ့နံနက်တွင် လုယက်ဖျက်ဆီးခြင်းအကြီးအကျယ်ဖြစ်လေသည်။ နေရာအသီးသီး၌ သေနတ်သံများ ပဲ့တင်ထပ်နေသည်။ မြို့လမ်းမများပေါ်တွင် လူကြီးလူငယ်အားလုံး သောင်းကျန်းရမ်းကားကြသဖြင့် ပျက်စီးခြင်းတို့သည် စစ်တလင်းနှင့်သဏ္ဍာန်တူနေသည်။

ထိုနေ့လည်တွင် ယင်းတိုင်းပြည်၏သမတသည် အရေးပေါ်အခြေအနေတစ်ရပ်ကြေညာလိုက်ရာ ဆယ်ရက်လုံးလုံး အခြေခံဥပဒေများကိုဆိုင်းငံ့ထားသည်။ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း၊ အပြင်မထွက်ရအမိန့်ထုတ်ခဲ့သည်။ နောက်တစ်နေ့တွင် ထပ်ဆင့်ကြေညာချက်မပြုမချင်း ဤအမိန့်အတည်ဖြစ်နေမည်ဟု ကြေညာသည်။ စစ်အာဏာဖြင့် လမ်းများပေါ်တွင် အရေးယူ၊ အခွင့်မရှိပဲလူထုအိမ်တွင်းဝင်၍ရှာခြင်း၊ လူတို့ကိုရပ်တားရှာဖွေစစ်ဆေးခြင်းပြုလေတော့သည်။ “ဆူပူမှုသုံးရက်အတွင်း လူနှစ်ရာသေဆုံးပြီး လူတစ်ထောင်ဒဏ်ရာရခဲ့သည်” ဟုသတင်းစာတစ်စောင်ကတင်ပြသည်။

ဤအရေးအခင်းအတွင်း ယေဟောဝါသက်သေ၏အသင်းတော်များ မည်သို့သောအခြေအနေတွင်ရှိနေသနည်း။ ညီအစ်ကိုများအား မြော်မြင်ဆင်ခြင်ကြရန်၊ အရေးအခင်းဖြစ်နေသည့်အရပ်ဒေသများကို ရှောင်ကြဉ်ကြရန် မှာကြားခံရကြသည်။ ကာဖျူးအမိန့်နှင့်အညီ စည်းဝေးအချိန်များကို ပြောင်းပေးပြီး အုပ်စုလိုက်ဟောပြောခြင်းလုပ်ငန်းကို ရှောင်ကြရန် မှာကြားထားသည်။ သို့နှင့်ပင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းလုပ်ငန်း မရပ်စဲခဲ့ပါ။—မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။

ခရစ်ယာန်အမျိုးသမီးတစ်ဦး၏ မယုံကြည်သောလင်ယောက်ျားသည် သူမထွက်ဟောပြောလျှင် ဒုက္ခရောက်မည်စိုးရိမ်သဖြင့် သူမအား အိမ်ပြင်မထွက်ရဟုအမိန့်ထုတ်ထားသည်။ သို့နှင့် သူမက “ကျွန်မမှာ ဟောပြောရမည့်တာဝန်ရှိထားသည်ကို ရှင်သဘောမပေါက်ဘူး။ တစ်ခုဘဲရှိတော့တယ်။ ရှင်နှင့် ကျွန်မကျမ်းစာလေ့လာရတော့မည်” ဟုပြောခဲ့သည်။

ဤအမျိုးသမီး သက်သေခံဖြစ်ခဲ့သည့် ၂၂ နှစ်အတွင်း သူ၏ခင်ပွန်းသည်သည် ကျမ်းစာလေ့လာရန် အသင့်ရှိခြင်းသည် ပထမအကြိမ်ဖြစ်သည်။ သို့သော် ဤသို့တားမြစ်သည်။ “အပြင်မထွက်ဖူးဟု ကတိပေးလျှင် လေ့လာမည်။ သို့သော် ငါ့ကိုမေးခွန်းမမေးနှင့်။ ဖတ်ရုံဖတ်ပြ။” မည်သို့ဆိုစေကာမူ ညီအစ်မသည် သူနှင့်တစ်နာရီခွဲကြာ ကျမ်းစာလေ့လာလေသည်။ “ကျွန်မသမ္မာတရားရသည့် ၂၂ နှစ်အတွင်း အကောင်းဆုံးသင်အံမှု၊ စံပြသင်အံမှုဖြစ်ခဲ့သည်” ဟုမျက်ရည်တစ်ဝဲလည်လည်ဖြင့် သူမပြောပြသည်။

အခြားအဖြစ်အပျက်တစ်ခုတွင် မှန်မှန်ရှေ့ဆောင်တစ်ဦးသည် မိမိအိမ်ရှေ့လမ်းဘေးကိုလှဲကျဉ်းနေစဉ် သက်သေခံများလည်ပတ်လာသည့်အခါ လက်ခံနားထောင်လေ့မရှိသောအမျိုးသမီးတစ်ဦး သူ့ထံချဉ်းကပ်ခဲ့သည်။ “ရှင်တို့သက်သေခံများ အခုတလောဟောပြောကြသည်ကို ကျွန်မမတွေ့ဘူး။ နောက်ဆက်မဟောပြောတော့ဘူးလို့တော့မဟုတ်ပါဘူးနော်။”

အရေးအခင်းအတွင်းသာ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းကို ခေတ္တရပ်စဲထားကြောင်း ညီအစ်မရှင်းပြသည်။ “သို့သော် မည်သူ့ကိုမျှမဟောမပြောရတော့မည့်အချိန်ရောက်လာတော့မည်။ ထိုအခါ ကမ္ဘာအဆုံးဖြစ်မည်” ဟုညီအစ်မပြောပြသည်။ “အခွင့်အခါရှိစဉ် သင့်အိမ်၌အိမ်တွင်းကျမ်းစာသင်အံမှုကို သင်လက်ခံသင့်သည်” ဟုဆက်ပြောသည်။

သို့နှင့် ထိုအမျိုးသမီးက “ဘယ်နေ့စီစဉ်ကြမည်နည်း” ဟုမေးမြန်းခဲ့သည်။ ထိုနေရာထိုအချိန်တွင်ပင် အိမ်တွင်းကျမ်းစာသင်အံမှုစီစဉ်လိုက်လေသည်။

အရေးအခင်းရပ်စဲသွားပြီး ပြည်တွင်းရေးအခြေအနေများ သာမန်ပြန်ဖြစ်လာသည့်အတွက် ကျေးဇူးတင်စရာပင်။ သို့သော် စိုးရိမ်ထိတ်လန့်ရသောအခြေအနေများအတွင်း အေးချမ်းငြိမ်သက်ပြီး လုံခြုံမှုရှိမည့်ကမ္ဘာသစ်နီးကြောင်း သိထားရခြင်းကား စိတ်သက်သာမှုရရှိစေသည်။ ဘုရားသခင့်နှုတ်ကပတ်တော် ဤသို့ကတိရှိသည်။ “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီမျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ဘုရားသခင်ခွင့်ပြုထားတော်မူသ၍ ယေဟောဝါသက်သေများသည် နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကို ဆက်ဟောပြောကြလိမ့်မည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မငြိမ်မသက်မှုသည် ဘုရားသခင်၏နိုင်ငံတော်သတင်းကြွေးကြော်သူတို့အား မတားဆီးခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ