ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၂/၈ စာ. ၂၄
  • မိသားစုနှင့် မိတ်ဆွေများအတွက် နှစ်သိမ့်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုနှင့် မိတ်ဆွေများအတွက် နှစ်သိမ့်မှု
  • နိုးလော့!—၁၉၉၈
နိုးလော့!—၁၉၉၈
န၉၈ ၂/၈ စာ. ၂၄

မိသားစုနှင့် မိတ်ဆွေများအတွက် နှစ်သိမ့်မှု

တီဒဗ္ဗလျူအေ လေယာဉ်ခရီးစဉ် ၈၀၀ သည် လွန်ခဲ့သော [၁၉၉၆] ဇူလိုင်လ ၁၇ ရက်နေ့တွင် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ ပျက်ကျသွားရာ စီးနင်းလိုက်ပါလာသူ ၂၃၀ စလုံးသေဆုံးခဲ့သည်။ ယင်းတွင် လူဦးရေ ၅,၀၀၀ ခန့်သာရှိသော မဲန်တာ့ဇ်ဖီလ်ခေါ် ပဲင်စီလ်ဘေးနီးယားမြို့လေးတစ်မြို့မှ ပြင်သစ်အထက်တန်းကျောင်းသား ၁၆ ယောက်နှင့် မိန်းမဖော် ၅ ဦးပါဝင်ခဲ့သည်။ ဩဂုတ် ၁၇ ရက်နေ့တွင် မြို့လိုက်အောက်မေ့ရာဆုတောင်းပွဲတစ်ခုကျင်းပချိန်တွင် မိန့်ခွန်းပြောကြားသူတစ်ဦးဖြစ်သူ နယူးယောက်မြို့၏ မြို့တော်ဝန်ရူဒေါ့ဖ်ဂျူလီယန်းနီက နယူးယောက်မြို့လူဦးရေ၏ ထပ်တူရာခိုင်နှုန်းသာ သေဆုံးခဲ့မည်ဆိုလျှင် လူပေါင်း ၃၅,၀၀၀ အသက်ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း သတိပြုစေခဲ့သည်!

ထိုအထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဒဲန်ချဲန်ဒလာအား ကျောင်းသားများစွာ၏ဈာပနတွင် မိန့်ခွန်းပြောဖို့တောင်းဆိုခဲ့ကြသည်။ သူက ဘုရားသခင်၏စနစ်သစ်တွင် “နောက်တစ်ဖန် သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ” ဟုဆိုသောဗျာဒိတ် ၂၁:၄ မှကျမ်းစာကတိတော်ကို ကိုးကားခဲ့သည်။ အဆိုပါဝမ်းနည်းဖွယ်ရာအဖြစ်အပျက်များ အဘယ်ကြောင့်ဖြစ်ရကြောင်းနှင့်ပတ်သက်၍ “အချိန်နှင့်ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” သည် ကျွန်ုပ်တို့အားလုံးအပေါ် ကျရောက်ခြင်းဖြစ်သည်ဟုဆိုထားသည့် ဒေသနာ ၉:၁၁ ကိုထောက်ပြခဲ့ပါသည်။ ကျောင်းသားများစွာသည် မိမိတို့အထက်တန်းကျောင်းအုပ်ဆရာကြီးထံမှ ထိုသို့သောနှစ်သိမ့်မှုစကားများ ကြားကြရသောကြောင့် အံ့ဩတကြီးဖြစ်ခဲ့ကြသည်။

ထပ်ဆင့်အကူအညီပေးရန် ချဲန်ဒလာသည် ၃၂-မျက်နှာရှိ သင်ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသောအခါ ဘရိုရှာနှင့် ချစ်မြတ်နိုးရသူများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း ဝေစာအစရှိသည့် စာအုပ်စာတမ်းများကိုရရှိနိုင်စေရန် အထက်တန်းကျောင်းတွင် စားပွဲတစ်လုံးကိုခင်းကျင်းပြင်ဆင်ထားသည်။ ကျမ်းစာစာပေ အမြောက်အမြားကိုလက်ခံခဲ့ကြပြီး အများအပြားက ယင်းတို့မှရရှိသည့်နှစ်သိမ့်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြသည်။

သင်လည်း အထက်ဖော်ပြပါ ဘရိုရှာနှင့်ဝေစာမှ လိုအပ်သောနှစ်သိမ့်မှုကို ရရှိနိုင်ပေသည်။ ယင်းတို့မှ တစ်စောင်စီရရှိလိုလျှင်လည်းကောင်း၊ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို လက်ခံသင်ကြားလိုလျှင်လည်းကောင်း ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့၊ သို့မဟုတ် စာမျက်နှာ ၅ ပါသင့်လျော်သောလိပ်စာသို့ စာရေးဆက်သွယ်ပါ။

[Picture Credit Line on page 24]

Courtesy of Williamsport Sun-Gazette

[Picture Credit Line on page 24]

Corey Sipkin/Sipa Press

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ