MARCH 30–APRIL 5, 2026
LA 76 ဘယ်လို ခံစားရလဲ
Thuman Thutak Na Gen Ciang A Deihhuai Kammal Zangin
“Jehovah’ a thuman Pasian.” (NWT)—Late. 31:5.
အာရုံစိုက်ရာ
တခြားသူကို မှန်ကန်တဲ့စကား ပြောနိုင်ပုံ၊ ကျမ်းစာအမှန်တရားအကြောင်း ပြောနိုင်ပုံကို လေ့လာပါမယ်။
1. Jehovah innkuan suah nading bang i sep ding kisam?
ယေဟောဝါကို ဝတ်ပြုသူ အချင်းချင်း ဆုံတဲ့အခါ “အမှန်တရား ဘယ်လို ရလာတာလဲ” ဆိုပြီး မေးတတ်ကြတယ်။ “အမှန်တရားထဲမှာ ကြီးလာတာ” လို့ ဖြေတဲ့သူ ရှိသလို “အမှန်တရားရတာ မကြာသေးဘူး” လို့ ဖြေတဲ့သူလည်း ရှိတယ်။ အဲဒီလိုဖြေနိုင်တာ ဘဝအသက်တာမှာ ကျမ်းစာအမှန်တရားနဲ့အညီ အသက်ရှင်နေထိုင်ကြလို့ပါ။ အမှန်တရားကို ချစ်မြတ်နိုးပြီး အမှန်တရားအတိုင်း ပြောဆို၊ နေထိုင်တဲ့သူတွေပဲ ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်နိုင်တယ်။—ဆာ. ၁၅:၁-၃။
2. (a) Mite’n Jesuh bangci danin thei uh a hiam? (b) Jesuh thuhilh thuman thutak te mite’n bangci thukkik uh a hiam?
၂ မှန်ကန်ရာကိုပဲ ယေရှု အမြဲပြောတယ်။ ရန်သူတွေတောင် ယေရှုရဲ့ သွန်သင်ချက်တွေကို မကြိုက်ကြပေမဲ့ ယေရှုဟာ ရိုးဖြောင့်သူဖြစ်တယ်ဆိုတာ လက်ခံကြတယ်။ (မ. ၂၂:၁၆) မိမိသွန်သင်ပေးတဲ့ အမှန်တရားကြောင့် နောက်လိုက်တွေ ဒီလိုကြုံရမယ်လို့ ယေရှုပြောတယ်– “အဖေနဲ့ သား၊ အမေနဲ့ သမီး၊ ယောက္ခမနဲ့ ချွေးမ စိတ်ဝမ်းကွဲပြား” လိမ့်မယ်။ (မ. ၁၀:၃၅) မိမိနဲ့ နောက်လိုက်တွေဟောတဲ့ သတင်းစကားကြောင့် မိသားစုမှာ စိတ်ဝမ်းကွဲပြားတာမျိုး ယေရှု မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်လာမယ်ဆိုတာ ယေရှုသိတယ်။ (မ. ၂၃:၃၇) ကျမ်းစာအမှန်တရားကို နှစ်သက်သူတွေနဲ့ မနှစ်သက်သူတွေရှိမယ်ဆိုတာ ယေရှု သိထားတယ်။—၂ သက်. ၂:၉-၁၁။
3. Hih sin ding thu-ah bang thute kikum ding?
၃ လူတွေ သဘောမကျရင်တောင် ကျွန်တော်တို့လည်း ယေရှုလိုပဲ အချိန်တိုင်း ရိုးသားဖို့၊ အမှန်အတိုင်းပြောဖို့ ကြိုးစားကြတယ်။ ကျမ်းစာအမှန်တရားကို မကြိုက်တဲ့သူတွေရှိရင်တောင် ကျွန်တော်တို့ ဟောပြောသွန်သင်ကြတယ်။ ဒါပေမဲ့ မှန်တာပြောတယ်ဆိုတိုင်း မစဉ်းစားမဆင်ခြင် လက်လွတ်စပယ် ပြောရမယ်လို့ မဆိုလိုပါဘူး။ ဒါဆိုရင် အမှန်တရားကို ဘယ်မှာရှာတွေ့နိုင်သလဲ။ အမှန်တရားကို ဘာကြောင့်၊ ဘယ်လို၊ ဘယ်အချိန်မှာ ပြောသင့်သလဲ ဆိုတဲ့ မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒီမေးခွန်းတွေရဲ့ အဖြေကိုသိရင် တခြားသူတွေကို အမှန်တရားအကြောင်း လိမ္မာပါးနပ်မှုရှိရှိ ယဉ်ကျေးသိမ်မွေ့စွာ ပြောတတ်လာမယ်။ ဘယ်အချိန်မှာ ပြောရမယ်ဆိုတာလည်း သိလာမယ်။
THUMAN THUTAK KOI-AH KIMUTHEI DING?
4. Jehovah pen thuman thutak ii bulpi hi cih bang hangin kigen thei a hiam?
၄ ယေဟောဝါဟာ အမှန်တရားရဲ့ ရင်းမြစ်ဖြစ်လို့ ကိုယ်တော်ပြောသမျှ မှန်ကန်တယ်။ ဥပမာ၊ ဘုရားသခင် သတ်မှတ်တဲ့ အမှားအမှန် စံနှုန်းတွေဟာ မှန်ကန်တယ်။ (ဆာ. ၁၉:၉။ ၁၁၉:၁၄၂၊ ၁၅၁) အနာဂတ်နဲ့ ပတ်သက်ပြီး ဘုရားပြောသမျှ ပြည့်စုံလာတယ်။ (ဟေရှာ. ၅၅:၁၀၊ ၁၁) ပေးထားတဲ့ ကတိလည်း အမြဲတည်တယ်။ (တော. ၂၃:၁၉) ယေဟောဝါ မုသားပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး။ (ဟီ. ၆:၁၈) ဒါကြောင့် “အမှန်တရားရဲ့ဘုရား ယေဟောဝါ” လို့ ခေါ်ဆိုထားတာ။—ဆာ. ၃၁:၅။
5. “A man Pasian” ih zon muh ding bang hang haksa lo a hiam? Hilhcian in. (Sawltak 17:27)
၅ “အမှန်တရားရဲ့ဘုရား” ယေဟောဝါကို ရှာတွေ့ဖို့ မဖြစ်နိုင်ဘူးလို့ လူတချို့ ထင်ကြတယ်။ ဒါပေမဲ့ ဘုရားတည်ရှိတယ်ဆိုတဲ့ အထောက်အထားတွေ အပြည့်ပါပဲ။ (ရော. ၁:၂၀) “ဘုရားသခင်ကို ကြိုးစားရှာမယ်ဆိုရင် တကယ်ပဲ တွေ့နိုင်မယ်။ တကယ်ဆိုရင် ဘုရားသခင်ဟာ ကျွန်တော်တို့တစ်ယောက်နဲ့မှ မဝေးပါဘူး” လို့ အေသင်မြို့က အတွေးအခေါ်ပညာရှင်တွေကို တမန်တော်ပေါလု ပြောခဲ့တယ်။ (တမန်တော် ၁၇:၂၇ ကို ဖတ်ပါ။) ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း စိတ်ရင်းမှန်နဲ့ ကြိုးစားရှာဖွေနေသူတွေကို ယေဟောဝါ ဆွဲဆောင်တယ်။—ယော. ၆:၄၄။
6. Lai Siangtho thuman thutak pawlkhat in bang a hiam?Hih thuman thutak thei na hih manin na lungsim bangci om a hiam?
၆ ယေဟောဝါကို ရှာတွေ့နိုင်တဲ့ နည်းတစ်နည်းကတော့ ကျမ်းစာလေ့လာခြင်းပါ။ ကျမ်းရေးသူတွေဟာ စွမ်းအားတော်ရဲ့ လှုံဆော်မှုခံရလို့ ရေးသားခဲ့ကြတာ။ (၂ ပေ. ၁:၂၀၊ ၂၁) ဒါကြောင့် ကျမ်းစာမှာ ပြောထားသမျှဟာ မှန်ကန်ပြီး ယုံကြည်စိတ်ချနိုင်တယ်။ ဥပမာ၊ စကြဝဠာနဲ့ ကမ္ဘာပေါ်က သက်ရှိတွေရဲ့ မူလအစနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုကို ယုံကြည်နိုင်တယ်။ (က. ၁:၁၊ ၂၆) လူသားတွေ ဘာကြောင့် အပြစ်ရှိလာသလဲ၊ ဆင်းရဲဒုက္ခ ဘာကြောင့် ဒီလောက်များနေရသလဲ၊ လူတွေ ဘာကြောင့် သေရသလဲ ဆိုတဲ့ ကျမ်းစာဖော်ပြချက်ကိုလည်း ယုံကြည်နိုင်တယ်။ (ရော. ၅:၁၂။ ၆:၂၃) “မုသားရဲ့ အဖ” စာတန်ကြောင့် ပေါ်ပေါက်လာတဲ့ ပြဿနာအားလုံးကို ယေရှုကတစ်ဆင့် ယေဟောဝါ ချေဖျက်ပေးတော့မယ်ဆိုတာလည်း ယုံကြည်နိုင်ပါတယ်။ (ယော. ၈:၄၄။ ရော. ၁၆:၂၀) ဆိုးညစ်သူတွေကို ယေရှု ဖျက်ဆီးမယ်၊ သေလွန်သူတွေ ရှင်ပြန်ထမြောက်လာမယ်၊ ကမ္ဘာကြီးကို ပရဒိသုဖြစ်စေမယ်၊ လူတွေ စုံလင်လာကြမယ် ဆိုတဲ့ ကျမ်းစာကတိကိုလည်း ယုံကြည်စိတ်ချနိုင်တယ်။ (ယော. ၁၁:၂၅၊ ၂၆။ ၁ ယော. ၃:၈) အမှန်တရားအကြောင်း ကျွန်တော်တို့ သင်ယူပြီး တခြားသူတွေကို ပြန်သွန်သင်ခွင့်ရတာ တကယ့်အခွင့်ထူးပါပဲ။—မ. ၂၈:၁၉၊ ၂၀။
THUMAN THUTAK BANG HANG AA GEN?
7-8. Ba’ hangin thuman thutak i genna a hang thupi a hiam? Gentehna pia-in. (Marka 3:11, 12) (Lim zong en in.)
၇ အစပိုင်းမှာ ဖော်ပြထားတဲ့အတိုင်း ယေဟောဝါရဲ့ မိသားစုဝင်ဖြစ်ချင်ရင် မှန်ကန်တဲ့စကား ပြောရမယ်။ ဒါပေမဲ့ ဘုရားနှစ်သက်လက်ခံမှုရချင်ရင် မှန်တဲ့စကားပြောရုံနဲ့ မလုံလောက်ဘူး။ မှန်တဲ့စကား ပြောရတဲ့ အကြောင်းရင်းကို ယေဟောဝါ အလေးထားတယ်။ ယေရှု မြေကြီးပေါ် အမှုဆောင်ချိန်က အဖြစ်အပျက်တစ်ခုကို သုံးသပ်ကြည့်ပါ။ (မာကု ၃:၁၁၊ ၁၂ ကို ဖတ်ပါ။) ဂါလိလဲအိုင်နားမှာ ဟောပြောနေတုန်း ယေရှုဆီ လူအုပ်ကြီး ရောက်လာတယ်။ အဲဒီထဲမှာ နတ်ဆိုးစွဲသူတချို့လည်း ပါတယ်။ သူတို့က ယေရှုရှေ့မှာ ဦးညွှတ်ပြီး “ခင်ဗျားဟာ ဘုရားသခင်ရဲ့သားပဲ” လို့ အော်ပြောကြတယ်။ ယေရှုအကြောင်း နတ်ဆိုးတွေ ဘာကြောင့် အမှန်အတိုင်း ပြောကြသလဲ။ သူတို့စကား ကြားတဲ့သူတွေ ယေဟောဝါကို ဝတ်မပြုတော့ဘဲ သူတို့နောက်လိုက်ဖြစ်လာအောင် ရည်ရွယ်ပြီးပြောတာ ဖြစ်နိုင်တယ်။ နတ်ဆိုးတွေ အမှန်အတိုင်းပြောပေမဲ့ သူတို့ ကိုယ်ကျိုးအတွက်ပြောတာ ဖြစ်နေတယ်။ သူတို့ စိတ်ရင်းကို ယေရှုသိတယ်။ ဒါကြောင့် မိမိအကြောင်း လုံးဝမပြောဖို့ နတ်ဆိုးတွေကို ယေရှု မိန့်မှာတယ်။
၈ ဒီမှတ်တမ်းကနေ ဘာသင်ခန်းစာရသလဲ။ အမှန်တရားကို ကျွန်တော်တို့ ဘာကြောင့် ပြောသလဲဆိုတာ ယေဟောဝါ အလေးထားတယ်။ ယေဟောဝါကို ချစ်လို့ တခြားသူတွေကို အမှန်တရားအကြောင်း ပြောပြတာဖြစ်သင့်တယ်။ အမှန်တရားအကြောင်း ပြောပြလို့ ချီးမွမ်းခံရရင်လည်း ဂုဏ်တင်ချီးမွမ်းမှုကို ယေဟောဝါကိုပဲ ပေးသင့်တယ်။—မ. ၅:၁၆။ တမန်တော် ၁၄:၁၂-၁၅ နဲ့ နှိုင်းယှဉ်ပါ။
အမှန်တရားအကြောင်း သင်ပေးချိန်မှာ ဘယ်သူ့ကို အာရုံစိုက်စေမလဲ (စာပိုဒ် ၇-၈ ကို ကြည့်ပါ)
9. Bang i pelh ding kisam? Bang hang hiam?
၉ ကိုယ်အထင်ကြီးခံရအောင် မလုပ်သင့်တဲ့ နောက်ထပ်အခြေအနေ တစ်ခုကို သုံးသပ်ကြည့်ရအောင်။ တာဝန်ရှိတဲ့ ညီအစ်ကို တစ်ယောက်က ကျွန်တော်တို့ကို အတွင်းရေးကိစ္စတချို့ ပြောပြထားတယ်ဆိုပါစို့။ ကျွန်တော်တို့က အဲဒီအကြောင်း တခြားသူတွေကို ပြောပြလိုက်တယ်။ ပြောပြထားတဲ့အတိုင်း ဖြစ်လာတဲ့အတွက် လူတွေက ကျွန်တော်တို့ကို အတွင်းရေးကိစ္စတွေ သိထားတဲ့သူဆိုပြီး အထင်ကြီးလာနိုင်တယ်။ လူတွေအထင်ကြီးတာခံရပေမဲ့ ဘုရားအလိုတော်နဲ့တော့ မကိုက်ညီဘူး။ (ပညာ. ၁၁:၁၃) ဘာကြောင့်လဲ။ ကျွန်တော်တို့ကြောင့် အတွင်းရေး ပေါက်ကြားသွားတဲ့အပြင် အဲဒီအကြောင်း ပြောရတဲ့ စိတ်ရင်းလည်း မမှန်လို့ပါ။
THUMAN THUTAK KOI BANGIN GEN DING
10. “Kamhoih” cih a gen nopna in bang a hiam? (Kolose 4:6, ZSV)
၁၀ ကောလောသဲ ၄:၆ ကို ဖတ်ပါ။ ကောလောသဲမြို့က ခရစ်ယာန်တွေဆီ ပေါလုရေးတဲ့ စာမှာ “စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ” လို့ ဖတ်ရတယ်။ မူရင်း ဂရိစာသားအရ ကျွန်တော်တို့ပြောတဲ့ စကားတွေဟာ နားထောင်သူတွေအတွက် အကျိုးရှိစေရုံနဲ့ မလုံလောက်ဘူး။ ကြင်ကြင်နာနာ ပြောဖို့၊ နားဝင်ချိုအောင် ပြောဖို့လည်း လိုတယ်။
11-12. Lai Siangtho thu i hilh hun ciang bang hang kidop ding kisam a hiam? Gentehna pia-in? (Lim zong en in.)
၁၁ တခြားသူတွေကို အမှန်တရားအကြောင်း သင်ပေးတဲ့အခါ ယဉ်ကျေးသိမ်မွေ့ဖို့ လိုတယ်။ ကျမ်းစာထဲမှာပါတဲ့ အမှန်တရားကို ထက်တဲ့ဓားနဲ့ ခိုင်းနှိုင်းထားပြီး စိတ်နှလုံးထဲက အတွေးတွေ၊ အကြံအစည်တွေကို ပိုင်းခြားသိမြင်နိုင်တယ်လို့ ကျမ်းစာဆိုတယ်။ စိတ်ခံစားချက်တွေ၊ သဘောထားမှန်တွေ ဖော်ထုတ်နိုင်တာကို ဆိုလိုတာပါ။ (ဟီ. ၄:၁၂) ကျမ်းစာကို ပါးပါးနပ်နပ် မသုံးဘူးဆိုရင် လူတွေကို ဒေါသထွက်စေနိုင်တယ်။ မလိုအပ်ဘဲ အငြင်းပွားတာတွေ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ။
၁၂ အမှုဆောင်မှာ လူတစ်ယောက်နဲ့ဆုံတယ် ဆိုပါစို့။ သူက စိတ်ရင်းမှန်နဲ့ ရုပ်ပုံတွေရှေ့မှာ ပုံမှန် ဆုတောင်းသူ၊ မိသားစုနဲ့အတူ ခရစ္စမတ်ပွဲ၊ အီစတာပွဲ ကျင်းပသူ ဖြစ်တယ်။ ဒါပေမဲ့ သက်မဲ့ရုပ်တုတွေကို ဆုတောင်းတာ ဘယ်လောက် ပညာမဲ့ရာရောက်ကြောင်း၊ ခရစ္စမတ်ပွဲ၊ အီစတာပွဲတွေဟာ အယူမှားပွဲတွေဖြစ်ကြောင်း ကျမ်းစာသုံးပြီး ရှင်းပြရင် ဘယ်လိုဖြစ်သွားမလဲ။ (ဟေရှာ. ၄၄:၁၄-၂၀။ ၂ ကော. ၆:၁၄-၁၇) ဦးဆုံးတွေ့ဆုံချိန်မှာတင် အဲဒီလိုပြောလိုက်ရင် အမှန်တရားကို ပြောတာမှန်ပေမဲ့ ကျမ်းစာကို ပါးပါးနပ်နပ် အသုံးပြုရာ မကျဘူး။
အမှန်တရားကို လိမ္မာပါးနပ်မှုရှိရှိ သင်ပေးနိုင် (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)a
13. “A deih huai kammal tawh gen in”cih a khiat na in bang a hiam?
၁၃ ဆားခတ်ထားတဲ့ အစာဟာ အရသာရှိသလို ယဉ်ကျေးတဲ့စကားတွေဟာ နှစ်သက်စရာ ဖြစ်စေတယ်လို့လည်း ပေါလုပြောတယ်။ အမှန်တရားကို မထင်မရှားဖြစ်အောင်လုပ်ဖို့ ဆိုလိုတာတော့ မဟုတ်ဘူး။ နားထောင်တဲ့သူတွေအတွက် “နှစ်သက်စရာ” ဖြစ်စေတဲ့နည်းနဲ့ ဟောပြောသွန်သင်ဖို့ ပေါလု အားပေးနေတာ။ (ယောဘ ၁၂:၁၁) အဲဒီလို ပြောဖို့ဆိုတာ လွယ်တော့မလွယ်ဘူး။ အစားအစာတစ်ခုက ကိုယ့်အတွက် အရသာရှိတိုင်း တခြားသူတွေအတွက်လည်း အရသာရှိမယ်လို့ ကျွန်တော်တို့ ယူဆတတ်ကြတယ်။ အလားတူပဲ ကျွန်တော်တို့ရဲ့ စကားပြောပုံကို လူတိုင်း နှစ်သက်မယ်လို့ ကိုယ့်ဘက်က ထင်ပေမဲ့ တစ်ဖက်သားကတော့ အဲဒီလို ထင်ချင်မှထင်မယ်။ ဥပမာ၊ ယဉ်ကျေးမှုတချို့က သူတွေဟာ သူတို့ရဲ့ သဘောထားတွေကို တဲ့တိုးပြောတတ်ကြတယ်။ အသက်ကြီးသူတွေကိုလည်း အဲဒီအတိုင်း ပြောကြတာ။ ဒါပေမဲ့ တချို့သူတွေအတွက်တော့ အဲဒီလိုပြောတာက ရိုင်းရာကျတယ်။ “လူတိုင်းကို ဘယ်လိုပြန်ပြောရမယ်ဆိုတာ” သိသင့်တယ်လို့ ပေါလု ပြောတယ်။ ဒါကြောင့် နှစ်သက်စရာ စကားပြောတယ်ဆိုတာ ကိုယ့်ရဲ့ ယဉ်ကျေးမှုနောက်ခံအပေါ် မမူတည်ဘဲ နားထောင်သူဘက်ကနေ ထည့်စဉ်းစားပြီး ပြောတာကို ဆိုလိုတယ်။
THUMAN THUTAK BANG HUN AH GEN DING?
14. Jesuh leitunga a om lai-in a nungzuite koi bangin thuhilh a hiam? Hilhcian in.
၁၄ ယေရှုဟာ နောက်လိုက်တွေကို အမြဲ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ပြောတယ်။ ကြင်နာမှုရှိရှိ အများကြီး သွန်သင်ပေးတယ်။ (မာ. ၆:၃၄) ဒါပေမဲ့ နောက်လိုက်တွေ ထပ်သင်ယူရမှာ အများကြီး ရှိသေးတယ်။ ယေရှုက နောက်လိုက်တွေရဲ့ ကန့်သတ်ချက်တွေကို သိထားတဲ့အတွက် သူတို့ကို တစ်ထိုင်တည်း အကုန် မသင်ပေးခဲ့ဘူး။ တချို့အမှန်တရားတွေကို သူတို့ သင်ယူဖို့ အချိန်မတန်သေးဘူးဆိုတာ ယေရှုသိတယ်။ “ခင်ဗျားတို့ အခု မခံယူနိုင်သေးဘူး” လို့တောင် ယေရှု ပြောခဲ့တာ။ (ယော. ၁၆:၁၂) ဒီကနေ ကျွန်တော်တို့ ဘာသင်ခန်းစာရသလဲ။
15. Lai Siangtho a sincil te koi bangin hilh ding i hiam? Hilhcian in. (Paunak 25:11) (Lim zong en in.)
၁၅ ကျွန်တော်တို့လည်း သိထားတဲ့ အမှန်တရားတွေကို တစ်ထိုင်တည်း သင်ပေးစရာ မလိုဘူးဆိုတာ ယေရှုဆီကနေ သင်ယူနိုင်တယ်။ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ လူတွေရဲ့ အခြေအနေကို ထည့်တွက်စဉ်းစားပေးရမယ်။ မိသားစုနဲ့ ခရစ္စမတ်ပွဲ၊ အီစတာပွဲကျင်းပတာကို နှစ်သက်တဲ့ အမျိုးသားအကြောင်း ပြန်စဉ်းစားကြည့်ပါ။ အဲဒီပွဲတွေဟာ အယူမှားပွဲတွေဖြစ်တယ်၊ ဘုရား မကြိုက်ဘူးဆိုတာ ကျွန်တော်တို့ သိထားတယ်။ သင် အဲဒီအမျိုးသားနဲ့ ခရစ္စမတ်ပွဲ မတိုင်ခင် တစ်ပတ်နှစ်ပတ်အလိုမှာ ကျမ်းစာဆွေးနွေးတယ် ဆိုပါစို့။ ဒီအချိန်မှာ အယူမှားပွဲတွေနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုကိုရှင်းပြတာက နှစ်သက်စရာစကား ပြောရာရောက်ပါ့မလား။ ကိုယ်ပြောလိုက်လို့ ချက်ချင်းဆိုသလို ခရစ္စမတ်ပွဲကျင်းပတာကို ရပ်လိုက်တာမျိုး ဖြစ်နိုင်ရဲ့လား။ တချို့သင်သားတွေက ကျမ်းစာကနေ သိလာတာကို ချက်ချင်း လက်တွေ့ကျင့်သုံးတတ်ကြတယ်။ တချို့သင်သားတွေကျတော့ သူတို့ရဲ့ လုပ်ရပ်၊ အတွေးအခေါ်တွေကို ပြောင်းလဲဖို့ အချိန်တော်တော်ယူရတယ်။ ကျမ်းစာသင်သားတွေ တိုးတက်ဖို့ဆိုရင် ဘာအပြောင်းအလဲတွေ လုပ်ရမလဲဆိုတာ သင့်တော်တဲ့အချိန်မှာ ပြောရမယ်။—ပညာအလိမ္မာ ၂၅:၁၁ ကို ဖတ်ပါ။
ယေရှုကို အတုယူပြီး အမှန်တရားအကြောင်း ဘယ်အချိန် ဘယ်လောက်ပြောမလဲဆိုတာ ပိုင်းဖြတ်ပါ (စာပိုဒ် ၁၅ ကို ကြည့်ပါ)
16. Lai Siangtho sinpihte “thuman thutak a zuih” thei nading koi bangin huh ding i hiam?
၁၆ တခြားသူတွေကို ယေဟောဝါအကြောင်း သွန်သင်ပေးရတဲ့ အလုပ်လောက် ကျွန်တော်တို့ကို ပျော်ရွှင်စေတာ မရှိဘူး။ ကျမ်းစာသင်သားတွေ “အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်း” နိုင်အောင် ဒီနည်းတွေနဲ့ ကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်။ ပုံသက်သေကောင်း ဆက်ပြနေပါ။ (၃ ယော. ၃၊ ၄) ကျမ်းစာကတိတွေကို ယုံကြည်စိတ်ချကြောင်း အသက်ရှင်နေထိုင်ပုံနဲ့ တင်ပြနေပါ။ စိတ်ရင်းမှန်နဲ့ အမှန်တရားအကြောင်း ပြောပါ။ ကျမ်းစာအမှန်တရားအကြောင်း သင်ပေးတဲ့အခါ ယဉ်ကျေးသိမ်မွေ့ပါ၊ သင့်တော်တဲ့အချိန်မှာ ကြင်ကြင်နာနာ ပြောပါ။ ချီးမွမ်းခံရတဲ့အခါ ယေဟောဝါကိုပဲ ဂုဏ်တင်ပါ။ ဒါဆိုရင် အမှန်တရားရဲ့ဘုရား ယေဟောဝါကို သင် ဝတ်ပြုနေကြောင်း သက်သေပြရာ ရောက်ပါလိမ့်မယ်။
LA 160 “သတင်းကောင်း”
a ပုံအညွှန်း– ပထမရုပ်ပုံမှာ အိမ်ရှင်ရဲ့အိမ်မှာ ခရစ္စမတ်သစ်ပင် ပြင်ဆင်ထားတာကို ညီအစ်ကိုတွေ့။ ခရစ္စမတ်ပွဲဟာ အယူမှားဘာသာကနေ ဆင်းသက်လာကြောင်း ရှင်းပြထားတဲ့ ဆောင်းပါးကို ပြနေ။ ဒုတိယရုပ်ပုံမှာ ဖခင်ကောင်းပီသဖို့ ဘာလုပ်နိုင်တယ်ဆိုတဲ့ ဆောင်းပါးကို ပြပေးနေ။ ဘယ်နည်းက ပိုထိရောက်မလဲ။