Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w26 January laim. 26-31
  • Thuman Thutak Na Gen Ciang A Deihhuai Kammal Zangin

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Thuman Thutak Na Gen Ciang A Deihhuai Kammal Zangin
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Thuluneute
  • A Thu Kibang
  • THUMAN THUTAK KOI-AH KIMUTHEI DING?
  • THUMAN THUTAK BANG HANG AA GEN?
  • THUMAN THUTAK KOI BANGIN GEN DING
  • THUMAN THUTAK BANG HUN AH GEN DING?
  • Thuman Thutak Kician Takin Na Thei Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • အခြေခံ ကျမ်းစာ​သွန်သင်ချက်တွေ​ကနေ သင်ခန်းစာ​အသစ်တွေ ယူပါ
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • “Thuhilh Siamna” Zatna-ah Khangto In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
w26 January laim. 26-31

MARCH 30–APRIL 5, 2026

LA 76 ဘယ်လို ခံစားရလဲ

Thuman Thutak Na Gen Ciang A Deihhuai Kammal Zangin

“Jehovah’ a thuman Pasian.” (NWT)—Late. 31:5.

အာရုံစိုက်​ရာ

တခြားသူကို မှန်ကန်တဲ့​စကား ပြော​နိုင်​ပုံ၊ ကျမ်းစာ​အမှန်​တရား​အကြောင်း ပြော​နိုင်​ပုံ​ကို လေ့လာ​ပါမယ်။

1. Jehovah innkuan suah nading bang i sep ding kisam?

ယေဟောဝါကို ဝတ်ပြုသူ အချင်းချင်း ဆုံတဲ့​အခါ “အမှန်​တရား ဘယ်လို ရလာ​တာလဲ” ဆိုပြီး မေးတတ်​ကြ​တယ်။ “အမှန်​တရား​ထဲမှာ ကြီးလာ​တာ” လို့ ဖြေ​တဲ့သူ ရှိသလို “အမှန်​တရား​ရတာ မကြာ​သေးဘူး” လို့ ဖြေတဲ့​သူလည်း ရှိတယ်။ အဲဒီလို​ဖြေ​နိုင်​တာ ဘဝ​အသက်​တာမှာ ကျမ်းစာ​အမှန်​တရားနဲ့​အညီ အသက်ရှင်​နေထိုင်​ကြ​လို့ပါ။ အမှန်​တရားကို ချစ်မြတ်နိုး​ပြီး အမှန်​တရား​အတိုင်း ပြောဆို၊ နေထိုင်​တဲ့သူ​တွေပဲ ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်နိုင်တယ်။—ဆာ. ၁၅:၁-၃။

2. (a) Mite’n Jesuh bangci danin thei uh a hiam? (b) Jesuh thuhilh thuman thutak te mite’n bangci thukkik uh a hiam?

၂ မှန်ကန်​ရာ​ကို​ပဲ ယေရှု အမြဲ​ပြောတယ်။ ရန်သူ​တွေ​တောင် ယေရှုရဲ့ သွန်သင်ချက်​တွေကို မကြိုက်​ကြ​ပေမဲ့ ယေရှုဟာ ရိုးဖြောင့်​သူ​ဖြစ်တယ်​ဆိုတာ လက်ခံ​ကြတယ်။ (မ. ၂၂:၁၆) မိမိ​သွန်သင်​ပေးတဲ့ အမှန်​တရား​ကြောင့် နောက်လိုက်​တွေ ဒီလို​ကြုံရ​မယ်လို့ ယေရှု​ပြောတယ်– “အဖေနဲ့ သား၊ အမေနဲ့ သမီး၊ ယောက္ခမနဲ့ ချွေးမ စိတ်ဝမ်း​ကွဲပြား” လိမ့်မယ်။ (မ. ၁၀:၃၅) မိမိနဲ့ နောက်လိုက်​တွေ​ဟောတဲ့ သတင်း​စကား​ကြောင့် မိသားစုမှာ စိတ်ဝမ်း​ကွဲပြား​တာမျိုး ယေရှု မဖြစ်​စေချင်​ပါဘူး။ ဒါပေမဲ့ စိတ်ဝမ်း​ကွဲပြား​မှုတွေ ဖြစ်လာမယ်​ဆိုတာ ယေရှု​သိတယ်။ (မ. ၂၃:၃၇) ကျမ်းစာ​အမှန်​တရားကို နှစ်သက်​သူတွေနဲ့ မနှစ်သက်​သူတွေ​ရှိမယ်​ဆိုတာ ယေရှု သိထား​တယ်။—၂ သက်. ၂:၉-၁၁။

3. Hih sin ding thu-ah bang thute kikum ding?

၃ လူတွေ သဘောမကျ​ရင်တောင် ကျွန်တော်​တို့လည်း ယေရှု​လိုပဲ အချိန်တိုင်း ရိုးသား​ဖို့၊ အမှန်​အတိုင်း​ပြောဖို့ ကြိုးစား​ကြတယ်။ ကျမ်းစာ​အမှန်​တရားကို မကြိုက်တဲ့​သူတွေ​ရှိရင်တောင် ကျွန်တော်တို့ ဟောပြော​သွန်သင်​ကြတယ်။ ဒါပေမဲ့ မှန်တာ​ပြောတယ်​ဆိုတိုင်း မစဉ်းစား​မဆင်ခြင် လက်လွတ်​စပယ် ပြောရ​မယ်လို့ မဆိုလို​ပါဘူး။ ဒါဆိုရင် အမှန်​တရားကို ဘယ်မှာ​ရှာတွေ့​နိုင်​သလဲ။ အမှန်​တရားကို ဘာကြောင့်၊ ဘယ်လို၊ ဘယ်​အချိန်​မှာ ပြောသင့်​သလဲ ဆိုတဲ့ မေးခွန်း​တွေကို ဒီဆောင်းပါး​မှာ ဆွေးနွေး​ပါမယ်။ ဒီမေးခွန်း​တွေရဲ့ အဖြေကို​သိရင် တခြားသူ​တွေကို အမှန်​တရား​အကြောင်း လိမ္မာ​ပါးနပ်မှု​ရှိရှိ ယဉ်ကျေး​သိမ်မွေ့စွာ ပြောတတ်​လာမယ်။ ဘယ်​အချိန်မှာ ပြော​ရမယ်​ဆိုတာ​လည်း သိလာမယ်။

THUMAN THUTAK KOI-AH KIMUTHEI DING?

4. Jehovah pen thuman thutak ii bulpi hi cih bang hangin kigen thei a hiam?

၄ ယေဟောဝါဟာ အမှန်တရားရဲ့ ရင်းမြစ်​ဖြစ်လို့ ကိုယ်တော်​ပြောသမျှ မှန်ကန်​တယ်။ ဥပမာ၊ ဘုရား​သခင် သတ်မှတ်​တဲ့ အမှား​အမှန် စံနှုန်း​တွေဟာ မှန်ကန်​တယ်။ (ဆာ. ၁၉:၉။ ၁၁၉:၁၄၂၊ ၁၅၁) အနာဂတ်နဲ့ ပတ်သက်ပြီး ဘုရား​ပြောသမျှ ပြည့်စုံ​လာတယ်။ (ဟေရှာ. ၅၅:၁၀၊ ၁၁) ပေးထားတဲ့ ကတိ​လည်း အမြဲ​တည်တယ်။ (တော. ၂၃:၁၉) ယေဟောဝါ မုသား​ပြောဖို့​ဆိုတာ မဖြစ်​နိုင်ဘူး။ (ဟီ. ၆:၁၈) ဒါကြောင့် “အမှန်​တရားရဲ့​ဘုရား ယေဟောဝါ” လို့ ခေါ်ဆို​ထားတာ။—ဆာ. ၃၁:၅။

5. “A man Pasian” ih zon muh ding bang hang haksa lo a hiam? Hilhcian in. (Sawltak 17:27)

၅ “အမှန်တရားရဲ့​ဘုရား” ယေဟောဝါကို ရှာတွေ့ဖို့ မဖြစ်​နိုင်ဘူး​လို့ လူတချို့ ထင်ကြ​တယ်။ ဒါပေမဲ့ ဘုရား​တည်ရှိ​တယ်​ဆိုတဲ့ အထောက်​အထား​တွေ အပြည့်​ပါပဲ။ (ရော. ၁:၂၀) “ဘုရား​သခင်ကို ကြိုးစား​ရှာမယ်​ဆိုရင် တကယ်ပဲ တွေ့နိုင်​မယ်။ တကယ်​ဆိုရင် ဘုရား​သခင်​ဟာ ကျွန်တော်တို့​တစ်ယောက်​နဲ့မှ မဝေး​ပါဘူး” လို့ အေသင်​မြို့က အတွေး​အခေါ်​ပညာရှင်​တွေကို တမန်တော်​ပေါလု ပြောခဲ့​တယ်။ (တမန်တော် ၁၇:၂၇ ကို ဖတ်ပါ။) ဘုရား​နဲ့​ပတ်သက်တဲ့ အမှန်​တရား​အကြောင်း စိတ်ရင်း​မှန်နဲ့ ကြိုးစား​ရှာဖွေ​နေသူ​တွေကို ယေဟောဝါ ဆွဲဆောင်​တယ်။—ယော. ၆:၄၄။

6. Lai Siangtho thuman thutak pawlkhat in bang a hiam?Hih thuman thutak thei na hih manin na lungsim bangci om a hiam?

၆ ယေဟောဝါကို ရှာတွေ့နိုင်​တဲ့ နည်းတစ်နည်း​ကတော့ ကျမ်းစာ​လေ့လာ​ခြင်းပါ။ ကျမ်းရေး​သူတွေ​ဟာ စွမ်းအား​တော်ရဲ့ လှုံဆော်​မှု​ခံရလို့ ရေးသားခဲ့​ကြတာ။ (၂ ပေ. ၁:၂၀၊ ၂၁) ဒါကြောင့် ကျမ်းစာမှာ ပြောထား​သမျှ​ဟာ မှန်ကန်​ပြီး ယုံကြည်​စိတ်ချ​နိုင်တယ်။ ဥပမာ၊ စကြဝဠာနဲ့ ကမ္ဘာပေါ်​က သက်ရှိ​တွေရဲ့ မူလ​အစ​နဲ့ပတ်သက်ပြီး ကျမ်းစာ​အဆိုကို ယုံကြည်​နိုင်တယ်။ (က. ၁:၁၊ ၂၆) လူသားတွေ ဘာကြောင့် အပြစ်ရှိ​လာ​သလဲ၊ ဆင်းရဲ​ဒုက္ခ ဘာကြောင့် ဒီလောက်​များ​နေရ​သလဲ၊ လူတွေ ဘာကြောင့် သေရ​သလဲ ဆိုတဲ့ ကျမ်းစာ​ဖော်ပြ​ချက်ကို​လည်း ယုံကြည်​နိုင်တယ်။ (ရော. ၅:၁၂။ ၆:၂၃) “မုသားရဲ့ အဖ” စာတန်​ကြောင့် ပေါ်ပေါက်​လာတဲ့ ပြဿနာ​အားလုံး​ကို ယေရှုက​တစ်ဆင့် ယေဟောဝါ ချေဖျက်​ပေး​တော့မယ်​ဆိုတာ​လည်း ယုံကြည်​နိုင်​ပါတယ်။ (ယော. ၈:၄၄။ ရော. ၁၆:၂၀) ဆိုးညစ်​သူတွေ​ကို ယေရှု ဖျက်ဆီး​မယ်၊ သေလွန်​သူတွေ ရှင်ပြန်​ထမြောက်​လာမယ်၊ ကမ္ဘာကြီး​ကို ပရဒိသု​ဖြစ်စေ​မယ်၊ လူတွေ စုံလင်​လာကြ​မယ် ဆိုတဲ့ ကျမ်းစာ​ကတိ​ကိုလည်း ယုံကြည်​စိတ်ချ​နိုင်တယ်။ (ယော. ၁၁:၂၅၊ ၂၆။ ၁ ယော. ၃:၈) အမှန်​တရား​အကြောင်း ကျွန်တော်တို့ သင်ယူ​ပြီး တခြား​သူ​တွေကို ပြန်​သွန်သင်​ခွင့်​ရတာ တကယ့်​အခွင့်ထူး​ပါပဲ။—မ. ၂၈:၁၉၊ ၂၀။

THUMAN THUTAK BANG HANG AA GEN?

7-8. Ba’ hangin thuman thutak i genna a hang thupi a hiam? Gentehna pia-in. (Marka 3:11, 12) (Lim zong en in.)

၇ အစပိုင်းမှာ ဖော်ပြထားတဲ့အတိုင်း ယေဟောဝါရဲ့ မိသားစုဝင်​ဖြစ်ချင်ရင် မှန်ကန်တဲ့​စကား ပြော​ရမယ်။ ဒါပေမဲ့ ဘုရား​နှစ်သက်​လက်ခံမှု​ရချင်ရင် မှန်တဲ့​စကား​ပြောရုံနဲ့ မလုံလောက်​ဘူး။ မှန်တဲ့​စကား ပြောရတဲ့ အကြောင်းရင်းကို ယေဟောဝါ အလေးထား​တယ်။ ယေရှု မြေကြီးပေါ် အမှု​ဆောင်ချိန်​က အဖြစ်​အပျက်​တစ်ခုကို သုံးသပ်​ကြည့်ပါ။ (မာကု ၃:၁၁၊ ၁၂ ကို ဖတ်ပါ။) ဂါလိလဲ​အိုင်​နားမှာ ဟောပြော​နေတုန်း ယေရှု​ဆီ လူအုပ်ကြီး ရောက်လာ​တယ်။ အဲဒီ​ထဲမှာ နတ်ဆိုးစွဲ​သူ​တချို့​လည်း ပါတယ်။ သူတို့က ယေရှု​ရှေ့မှာ ဦးညွှတ်​ပြီး “ခင်ဗျား​ဟာ ဘုရား​သခင်ရဲ့​သားပဲ” လို့ အော်ပြော​ကြတယ်။ ယေရှု​အကြောင်း နတ်ဆိုးတွေ ဘာကြောင့် အမှန်​အတိုင်း ပြောကြ​သလဲ။ သူတို့​စကား ကြားတဲ့​သူတွေ ယေဟောဝါ​ကို ဝတ်မပြု​တော့ဘဲ သူတို့​နောက်လိုက်​ဖြစ်လာအောင် ရည်ရွယ်ပြီး​ပြောတာ ဖြစ်နိုင်​တယ်။ နတ်ဆိုးတွေ အမှန်​အတိုင်း​ပြောပေမဲ့ သူတို့ ကိုယ်ကျိုး​အတွက်​ပြောတာ ဖြစ်နေ​တယ်။ သူတို့ စိတ်ရင်းကို ယေရှု​သိတယ်။ ဒါကြောင့် မိမိ​အကြောင်း လုံးဝ​မပြောဖို့ နတ်ဆိုး​တွေကို ယေရှု မိန့်မှာတယ်။

၈ ဒီမှတ်တမ်းကနေ ဘာ​သင်ခန်းစာ​ရသလဲ။ အမှန်​တရားကို ကျွန်တော်တို့ ဘာကြောင့် ပြောသလဲ​ဆိုတာ ယေဟောဝါ အလေးထား​တယ်။ ယေဟောဝါကို ချစ်လို့ တခြား​သူတွေကို အမှန်​တရား​အကြောင်း ပြောပြတာ​ဖြစ်သင့်​တယ်။ အမှန်​တရား​အကြောင်း ပြောပြလို့ ချီးမွမ်း​ခံ​ရရင်​လည်း ဂုဏ်တင်​ချီးမွမ်းမှု​ကို ယေဟောဝါ​ကိုပဲ ပေးသင့်​တယ်။—မ. ၅:၁၆။ တမန်တော် ၁၄:၁၂-၁၅ နဲ့ နှိုင်းယှဉ်ပါ။

 ညီအစ်မ​တစ်ယောက် အမျိုးသမီးငယ်​တစ်ယောက်နဲ့ ကျမ်းစာ​လေ့လာ​နေ။ ၁။ ညီအစ်မ ကျမ်းစာအုပ်ကို မှောက်ထား​ပြီး သူ့​အကြောင်း​ပြော​နေ။ ၂။ ညီအစ်မ ကျမ်းစာ​သုံးပြီး သင်သားကို ရှင်းပြ​နေ။

အမှန်တရား​အကြောင်း သင်ပေး​ချိန်​မှာ ဘယ်သူ့ကို အာရုံစိုက်​စေ​မလဲ (စာပိုဒ် ၇-၈ ကို ကြည့်ပါ)


9. Bang i pelh ding kisam? Bang hang hiam?

၉ ကိုယ်​အထင်ကြီးခံရအောင် မလုပ်သင့်​တဲ့ နောက်ထပ်​အခြေ​အနေ တစ်ခုကို သုံးသပ်​ကြည့်​ရအောင်။ တာဝန်​ရှိတဲ့ ညီအစ်ကို တစ်ယောက်က ကျွန်တော်တို့ကို အတွင်းရေး​ကိစ္စ​တချို့ ပြောပြ​ထားတယ်​ဆိုပါစို့။ ကျွန်တော်တို့က အဲဒီ​အကြောင်း တခြားသူ​တွေကို ပြောပြ​လိုက်တယ်။ ပြောပြ​ထားတဲ့​အတိုင်း ဖြစ်လာတဲ့​အတွက် လူတွေက ကျွန်တော်​တို့ကို အတွင်းရေး​ကိစ္စတွေ သိထားတဲ့​သူ​ဆိုပြီး အထင်ကြီး​လာနိုင်​တယ်။ လူတွေ​အထင်ကြီး​တာ​ခံရ​ပေမဲ့ ဘုရား​အလိုတော်​နဲ့တော့ မကိုက်ညီ​ဘူး။ (ပညာ. ၁၁:၁၃) ဘာကြောင့်လဲ။ ကျွန်တော်တို့​ကြောင့် အတွင်းရေး ပေါက်ကြား​သွားတဲ့​အပြင် အဲဒီ​အကြောင်း ပြော​ရတဲ့ စိတ်ရင်း​လည်း မမှန်​လို့ပါ။

THUMAN THUTAK KOI BANGIN GEN DING

10. “Kamhoih” cih a gen nopna in bang a hiam? (Kolose 4:6, ZSV)

၁၀ ကောလောသဲ ၄:၆ ကို ဖတ်ပါ။ ကောလောသဲ​မြို့က ခရစ်ယာန်​တွေဆီ ပေါလု​ရေးတဲ့ စာမှာ “စကား​ပြောဆိုတဲ့​အခါ အမြဲ ယဉ်ကျေး​သိမ်မွေ့​ကြပါ” လို့ ဖတ်ရ​တယ်။ မူရင်း ဂရိ​စာသား​အရ ကျွန်တော်တို့​ပြောတဲ့ စကားတွေ​ဟာ နားထောင်​သူ​တွေ​အတွက် အကျိုး​ရှိ​စေ​ရုံနဲ့ မလုံလောက်​ဘူး။ ကြင်ကြင်​နာနာ ပြောဖို့၊ နားဝင်ချို​အောင် ပြောဖို့​လည်း လိုတယ်။

11-12. Lai Siangtho thu i hilh hun ciang bang hang kidop ding kisam a hiam? Gentehna pia-in? (Lim zong en in.)

၁၁ တခြားသူတွေကို အမှန်တရား​အကြောင်း သင်ပေးတဲ့​အခါ ယဉ်ကျေး​သိမ်မွေ့ဖို့ လိုတယ်။ ကျမ်းစာ​ထဲမှာ​ပါတဲ့ အမှန်​တရားကို ထက်တဲ့​ဓားနဲ့ ခိုင်းနှိုင်း​ထားပြီး စိတ်နှလုံး​ထဲက အတွေးတွေ၊ အကြံ​အစည်​တွေကို ပိုင်းခြား​သိမြင်​နိုင်တယ်​လို့ ကျမ်းစာ​ဆိုတယ်။ စိတ်​ခံစားချက်​တွေ၊ သဘောထားမှန်​တွေ ဖော်ထုတ်​နိုင်​တာကို ဆိုလို​တာပါ။ (ဟီ. ၄:၁၂) ကျမ်းစာကို ပါးပါး​နပ်နပ် မသုံးဘူး​ဆိုရင် လူတွေကို ဒေါသ​ထွက်​စေနိုင်​တယ်။ မလိုအပ်ဘဲ အငြင်းပွား​တာ​တွေ ဖြစ်နိုင်​တယ်။ ဘာကြောင့်လဲ။

၁၂ အမှုဆောင်မှာ လူတစ်ယောက်နဲ့​ဆုံတယ် ဆိုပါစို့။ သူက စိတ်ရင်း​မှန်နဲ့ ရုပ်ပုံတွေ​ရှေ့မှာ ပုံမှန် ဆုတောင်းသူ၊ မိသားစုနဲ့​အတူ ခရစ္စမတ်​ပွဲ၊ အီစတာပွဲ ကျင်းပသူ ဖြစ်တယ်။ ဒါပေမဲ့ သက်မဲ့​ရုပ်တုတွေ​ကို ဆုတောင်းတာ ဘယ်လောက် ပညာမဲ့​ရာ​ရောက်​ကြောင်း၊ ခရစ္စမတ်​ပွဲ၊ အီစတာပွဲ​တွေ​ဟာ အယူမှား​ပွဲတွေ​ဖြစ်ကြောင်း ကျမ်းစာ​သုံးပြီး ရှင်းပြ​ရင် ဘယ်လို​ဖြစ်သွား​မလဲ။ (ဟေရှာ. ၄၄:၁၄-၂၀။ ၂ ကော. ၆:၁၄-၁၇) ဦးဆုံး​တွေ့ဆုံချိန်​မှာတင် အဲဒီလို​ပြောလိုက်ရင် အမှန်​တရားကို ပြောတာ​မှန်ပေမဲ့ ကျမ်းစာကို ပါးပါး​နပ်နပ် အသုံးပြုရာ မကျဘူး။

မိသားစုနဲ့​အတူ ခရစ္စမတ်​သစ်ပင် အလှဆင်​နေတဲ့ အိမ်ရှင်​အမျိုးသားကို မောင်နှံစုံ​တစ်စုံ သက်သေခံ​နေ။ ၁။ မောင်နှံစုံ​က အိမ်ရှင်​အမျိုးသားကို jw.org ကနေ “ခရစ္စမတ်​ပွဲ​နဲ့ပတ်သက်ပြီး ကျမ်းစာအဆို​က ဘာလဲ” ဆောင်းပါး ဖွင့်​ပြနေ။ အိမ်ရှင်​အမျိုးသား လက်ပိုက်​ပြီး မျက်မှောင်ကြုတ်​နေ။ ၂။ မောင်နှံစုံ​က အိမ်ရှင်​အမျိုးသားကို jw.org ကနေ “ဖခင်ကောင်း​ဖြစ်နိုင်​ပုံ” ဆောင်းပါး ဖွင့်​ပြနေ။ အိမ်ရှင်​အမျိုးသား နားထောင်​ရင်း​ပြုံး​နေ။

အမှန်တရားကို လိမ္မာပါးနပ်မှု​ရှိရှိ သင်ပေးနိုင် (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)a


13. “A deih huai kammal tawh gen in”cih a khiat na in bang a hiam?

၁၃ ဆားခတ်ထားတဲ့ အစာဟာ အရသာ​ရှိသလို ယဉ်ကျေးတဲ့​စကား​တွေဟာ နှစ်သက်​စရာ ဖြစ်စေတယ်​လို့လည်း ပေါလု​ပြောတယ်။ အမှန်​တရားကို မထင်​မရှား​ဖြစ်အောင်​လုပ်ဖို့ ဆိုလို​တာ​တော့ မဟုတ်ဘူး။ နားထောင်တဲ့​သူ​တွေ​အတွက် “နှစ်သက်​စရာ” ဖြစ်စေတဲ့​နည်းနဲ့ ဟောပြော​သွန်သင်​ဖို့ ပေါလု အားပေး​နေတာ။ (ယောဘ ၁၂:၁၁) အဲဒီလို ပြောဖို့​ဆိုတာ လွယ်တော့​မလွယ်ဘူး။ အစား​အစာ​တစ်ခုက ကိုယ့်အတွက် အရသာ​ရှိတိုင်း တခြား​သူတွေ​အတွက်​လည်း အရသာ​ရှိမယ်လို့ ကျွန်တော်တို့ ယူဆ​တတ်​ကြတယ်။ အလား​တူပဲ ကျွန်တော်တို့ရဲ့ စကား​ပြော​ပုံကို လူတိုင်း နှစ်သက်​မယ်​လို့ ကိုယ့်ဘက်က ထင်ပေမဲ့ တစ်ဖက်သား​ကတော့ အဲဒီလို ထင်ချင်မှ​ထင်မယ်။ ဥပမာ၊ ယဉ်ကျေးမှု​တချို့က သူတွေ​ဟာ သူတို့ရဲ့ သဘောထား​တွေကို တဲ့တိုး​ပြောတတ်​ကြတယ်။ အသက်ကြီး​သူတွေကို​လည်း အဲဒီအတိုင်း ပြောကြ​တာ။ ဒါပေမဲ့ တချို့​သူတွေ​အတွက်တော့ အဲဒီလို​ပြောတာက ရိုင်းရာ​ကျတယ်။ “လူတိုင်းကို ဘယ်လို​ပြန်ပြော​ရမယ်​ဆိုတာ” သိသင့်တယ်​လို့ ပေါလု ပြောတယ်။ ဒါကြောင့် နှစ်သက်​စရာ စကား​ပြောတယ်​ဆိုတာ ကိုယ့်ရဲ့ ယဉ်ကျေးမှု​နောက်ခံ​အပေါ် မမူတည်​ဘဲ နားထောင်သူ​ဘက်ကနေ ထည့်စဉ်းစားပြီး ပြောတာကို ဆိုလိုတယ်။

THUMAN THUTAK BANG HUN AH GEN DING?

14. Jesuh leitunga a om lai-in a nungzuite koi bangin thuhilh a hiam? Hilhcian in.

၁၄ ယေရှုဟာ နောက်လိုက်တွေကို အမြဲ ယဉ်ယဉ်​ကျေးကျေး၊ သိမ်သိမ်​မွေ့မွေ့ ပြောတယ်။ ကြင်နာမှု​ရှိရှိ အများကြီး သွန်သင်​ပေးတယ်။ (မာ. ၆:၃၄) ဒါပေမဲ့ နောက်လိုက်တွေ ထပ်​သင်ယူ​ရမှာ အများကြီး ရှိသေးတယ်။ ယေရှုက နောက်လိုက်​တွေရဲ့ ကန့်သတ်ချက်​တွေကို သိထားတဲ့​အတွက် သူတို့ကို တစ်ထိုင်တည်း အကုန် မသင်ပေး​ခဲ့ဘူး။ တချို့​အမှန်​တရား​တွေကို သူတို့ သင်ယူဖို့ အချိန်​မတန်​သေးဘူး​ဆိုတာ ယေရှု​သိတယ်။ “ခင်ဗျားတို့ အခု မခံယူ​နိုင်​သေးဘူး” လို့တောင် ယေရှု ပြောခဲ့တာ။ (ယော. ၁၆:၁၂) ဒီကနေ ကျွန်တော်တို့ ဘာ​သင်ခန်းစာ​ရသလဲ။

15. Lai Siangtho a sincil te koi bangin hilh ding i hiam? Hilhcian in. (Paunak 25:11) (Lim zong en in.)

၁၅ ကျွန်တော်တို့လည်း သိထားတဲ့ အမှန်​တရား​တွေကို တစ်ထိုင်တည်း သင်ပေး​စရာ မလိုဘူး​ဆိုတာ ယေရှု​ဆီကနေ သင်ယူ​နိုင်တယ်။ ယေရှုကို ဘယ်လို အတုယူ​နိုင်​သလဲ။ လူတွေရဲ့ အခြေ​အနေကို ထည့်တွက်​စဉ်းစား​ပေး​ရမယ်။ မိသားစုနဲ့ ခရစ္စမတ်​ပွဲ၊ အီစတာပွဲ​ကျင်းပ​တာကို နှစ်သက်တဲ့ အမျိုးသား​အကြောင်း ပြန်စဉ်းစား​ကြည့်ပါ။ အဲဒီ​ပွဲတွေ​ဟာ အယူမှား​ပွဲတွေ​ဖြစ်တယ်၊ ဘုရား မကြိုက်ဘူး​ဆိုတာ ကျွန်တော်တို့ သိထား​တယ်။ သင် အဲဒီ​အမျိုးသားနဲ့ ခရစ္စမတ်​ပွဲ မတိုင်ခင် တစ်ပတ်​နှစ်ပတ်​အလိုမှာ ကျမ်းစာ​ဆွေးနွေးတယ် ဆိုပါစို့။ ဒီ​အချိန်မှာ အယူမှား​ပွဲတွေ​နဲ့ပတ်သက်တဲ့ ကျမ်းစာ​အဆိုကို​ရှင်းပြ​တာက နှစ်သက်​စရာ​စကား ပြောရာ​ရောက်ပါ့​မလား။ ကိုယ်​ပြောလိုက်လို့ ချက်ချင်း​ဆိုသလို ခရစ္စမတ်​ပွဲ​ကျင်းပတာကို ရပ်လိုက်​တာမျိုး ဖြစ်နိုင်​ရဲ့လား။ တချို့​သင်သား​တွေက ကျမ်းစာ​ကနေ သိလာ​တာကို ချက်ချင်း လက်တွေ့​ကျင့်သုံး​တတ်​ကြတယ်။ တချို့​သင်သား​တွေ​ကျတော့ သူတို့ရဲ့ လုပ်ရပ်၊ အတွေး​အခေါ်​တွေကို ပြောင်းလဲဖို့ အချိန်​တော်တော်​ယူ​ရတယ်။ ကျမ်းစာ​သင်သားတွေ တိုးတက်ဖို့​ဆိုရင် ဘာ​အပြောင်း​အလဲတွေ လုပ်ရမလဲ​ဆိုတာ သင့်တော်တဲ့​အချိန်မှာ ပြော​ရမယ်။—ပညာအလိမ္မာ ၂၅:၁၁ ကို ဖတ်ပါ။

ရှေ့​ရုပ်ပုံ​မှာပါတဲ့ မောင်နှံစုံ​က “ပျော်စရာဘဝ ထာဝရ​စံစားကြ” ဘရိုရှာ​ကို အိမ်ရှင်​အမျိုးသားနဲ့ အတူ​လေ့လာ​နေ။ အနားမှာ ခရစ္စမတ်​သစ်ပင်​ရှိနေ။

ယေရှုကို အတုယူပြီး အမှန်တရား​အကြောင်း ဘယ်အချိန် ဘယ်လောက်​ပြော​မလဲ​ဆိုတာ ပိုင်းဖြတ်​ပါ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


16. Lai Siangtho sinpihte “thuman thutak a zuih” thei nading koi bangin huh ding i hiam?

၁၆ တခြားသူတွေကို ယေဟောဝါ​အကြောင်း သွန်သင်​ပေး​ရတဲ့ အလုပ်​လောက် ကျွန်တော်​တို့ကို ပျော်ရွှင်​စေတာ မရှိဘူး။ ကျမ်းစာ​သင်သားတွေ “အမှန်​တရား​လမ်းစဉ်​မှာ လျှောက်လှမ်း” နိုင်အောင် ဒီ​နည်းတွေနဲ့ ကျွန်တော်တို့ ကူညီ​ပေးနိုင်​ပါတယ်။ ပုံသက်သေကောင်း ဆက်ပြ​နေပါ။ (၃ ယော. ၃၊ ၄) ကျမ်းစာ​ကတိတွေ​ကို ယုံကြည်​စိတ်ချ​ကြောင်း အသက်ရှင်​နေထိုင်ပုံ​နဲ့ တင်ပြ​နေပါ။ စိတ်ရင်း​မှန်နဲ့ အမှန်​တရား​အကြောင်း ပြောပါ။ ကျမ်းစာ​အမှန်​တရား​အကြောင်း သင်ပေးတဲ့​အခါ ယဉ်ကျေး​သိမ်မွေ့ပါ၊ သင့်တော်တဲ့​အချိန်မှာ ကြင်ကြင်​နာနာ ပြောပါ။ ချီးမွမ်း​ခံရတဲ့​အခါ ယေဟောဝါ​ကိုပဲ ဂုဏ်တင်ပါ။ ဒါဆိုရင် အမှန်​တရားရဲ့​ဘုရား ယေဟောဝါကို သင် ဝတ်ပြု​နေကြောင်း သက်သေ​ပြရာ ရောက်ပါ​လိမ့်မယ်။

NANGH BANGCI DAWNG DING?

  • Sawltak 17:27 pan bang sin thei i hiam?

  • Kolose 4:6pan bang sin thei i hiam?

  • Paunak 25:11 pan bang sin thei i hiam?

LA 160 “သတင်းကောင်း”

a ပုံအညွှန်း– ပထမ​ရုပ်ပုံ​မှာ အိမ်ရှင်ရဲ့​အိမ်မှာ ခရစ္စမတ်​သစ်ပင် ပြင်ဆင်ထားတာ​ကို ညီအစ်ကို​တွေ့။ ခရစ္စမတ်​ပွဲ​ဟာ အယူမှား​ဘာသာ​ကနေ ဆင်းသက်လာကြောင်း ရှင်းပြထားတဲ့ ဆောင်းပါးကို ပြနေ။ ဒုတိယ​ရုပ်ပုံ​မှာ ဖခင်ကောင်း​ပီသ​ဖို့ ဘာလုပ်နိုင်တယ်​ဆိုတဲ့ ဆောင်းပါးကို ပြပေးနေ။ ဘယ်နည်းက ပိုထိရောက်​မလဲ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ