Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w26 January laim. 20-25
  • Tatkhiatna Hangin Lungdamna Lak Theih Dan?

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Tatkhiatna Hangin Lungdamna Lak Theih Dan?
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Thuluneute
  • A Thu Kibang
  • LAI SIANGTHO SINPIHTE
  • TUI KIPHUMSA KHRISTIANTE
  • PAWLPI PAN LAMPIALTE
  • NANGH BANG SEM DING?
  • Jehovah’ Itna Hanga I Ngah Thuphate
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Tatkhiatna In Hong Theihsak Thute
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Tatkhiatna Bang Hang Kisam
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Kum Khat Sung ii A Thupipen Ni Adingin Na Kigingkhol Ta Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
w26 January laim. 20-25

MARCH 23-29, 2026

LA 18 Tatkhiatna Hangin Lungdam Ung

Tatkhiatna Hangin Lungdamna Lak Theih Dan?

“Khazih itna in kote hong tawsawn hi.”—2 KOR. 5:14.(ZSV)

အာရုံစိုက်​ရာ

ရွေးဖိုး​အတွက် ကျေးဇူးတင်ကြောင်း ကျွန်တော်တို့​အားလုံး ဘယ်လို​ပြကြ​မလဲ။

1-2. Jesuh itna in bang hih dingin hong tawsawn a hiam? Bang hang hiam? (2 Korin 5:14, 15) (Lim zong en in.)

ပြိုကျ​နေတဲ့ အဆောက်အအုံ​အောက်ကနေ ကယ်ထုတ်​ခံလိုက်​ရတယ်​ဆိုရင် ဘယ်လို ခံစားရ​မလဲ။ လာကယ်​တဲ့​သူ​အပေါ် အကြွေးတင်​သွားပြီ​လို့ ခံစား​ရမှာ။ ကယ်တင်​ခံ​ရတဲ့​သူက ကိုယ်​တစ်ယောက်​တည်း မဟုတ်​ရင်တောင် ကယ်​ပေးတဲ့​သူကို ကျေးဇူး​တင်ကြောင်း ကိုယ်တိုင် သွားပြော​မှာပဲ။

၂ ရှေ့ဆောင်းပါးမှာ ဆွေးနွေး​ခဲ့တဲ့​အတိုင်း အမွေ​ရထားတဲ့ အပြစ်​ကနေ​လွတ်အောင် ကိုယ့်​အစွမ်း​အစနဲ့ မလုပ်​နိုင်ဘူး။ ဒါကြောင့် ယေရှုရဲ့​ရွေးဖိုး​ကို ယေဟောဝါ ပြင်ဆင်​ပေး​ခဲ့တယ်။ ရွေးဖိုးကြောင့် (၁) ကျွန်တော်တို့ လုပ်မိတဲ့​အပြစ်တွေ ခွင့်လွှတ်​ခံရတယ်၊ (၂) အမွေ​ရထားတဲ့​အပြစ်​ကနေ လွတ်မြောက်​နိုင်​ကြတယ်၊ (၃) ဖန်ဆင်းရှင်​နဲ့ ပြန်လည်​သင့်မြတ်​လာကြတယ်။ ရလဒ်​အနေနဲ့ ကမ္ဘာသစ်​မှာ ထာဝစဉ်​အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလာတယ်။ ရွေးဖိုး​က လူတွေ​အပေါ်​ထားတဲ့ ယေရှုရဲ့ မေတ္တာကိုလည်း မြင်သာ​စေတယ်။ စုံလင်တဲ့​လူသား​အနေနဲ့ မွေးဖွား​မလာ​ခင်​ကတည်းက လူသား​တွေကို ယေရှု ချစ်ခဲ့တာ။ (ပညာ. ၈:၃၀၊ ၃၁) ဒါကြောင့် “ခရစ်တော်ရဲ့ ချစ်ခြင်း​မေတ္တာက ကျွန်တော်​တို့ကို တွန်းအား​ပေးတယ်” လို့ တမန်တော်​ပေါလု ပြောတယ်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅ ကို ဖတ်ပါ။) ယေရှုရဲ့​မေတ္တာကို ကျေးဇူး​တင်ကြောင်း ပြဖို့၊ ရွေးဖိုး​ကို ပေါ့ပေါ့​တန်တန် သဘော​မထား​ဖို့ လိုတယ်​ဆိုတဲ့ အဓိပ္ပာယ်​ပါပဲ။

ပြိုကျ​နေတဲ့ အဆောက်အအုံ အပျက်အစီး​တွေ​ကြားမှာ ပိတ်မိ​နေတဲ့ အမျိုးသားကို ကယ်ဆယ်ရေး​လုပ်သား ကယ်ထုတ်​ပေးနေ။

ပြိုကျ​နေတဲ့ အဆောက်အအုံ​အောက်ကနေ ကယ်ထုတ်​ခံရတာ​ဖြစ်ဖြစ်၊ အပြစ်​တရား​ရဲ့ ချုပ်နှောင်​မှု​အောက်ကနေ ကယ်ထုတ်​ခံရတာ​ဖြစ်ဖြစ် လာ​ကယ်​တဲ့သူ​အပေါ် အကြွေးတင်​သွား (စာပိုဒ် ၁-၂ ကို ကြည့်ပါ)


3. Tatkhiatna aa ding lungdamna i lah dan khatlekhat bang hang ki bang lo a hiam?

၃ ရွေးဖိုး​အတွက် ကျေးဇူးတင်တယ်​ဆိုရင် သင် ဘာလုပ်မလဲ။ သင်​လုပ်မယ့်​အရာ​က တခြား​သူတွေနဲ့​တော့ တူချင်မှ​တူမယ်။ ဥပမာ၊ လူ​သုံးယောက်က နေရာ​တစ်ခုတည်းကိုပဲ တစ်နေရာ​စီ​ကနေ လာကြတယ် ဆိုပါစို့။ သူတို့​လာတဲ့​လမ်း​က တစ်ယောက်နဲ့​တစ်ယောက် တူကြ​မှာ​မဟုတ်ဘူး။ အလားတူ​ပါပဲ၊ ရွေးဖိုး​ကို ကျေးဇူး​တင်ကြောင်း ပြတဲ့​ပုံစံ​က တစ်ယောက်နဲ့​တစ်ယောက် တူမှာ​မဟုတ်ဘူး။ လူ​တစ်ယောက်​ချင်းစီ​ဟာ ဘုရားနဲ့ ဘယ်လောက်​ရင်းနှီး​သလဲ​ဆိုတဲ့​အပေါ် မူတည်​လို့ပါ။ ဒါကြောင့် ဒီဆောင်းပါးမှာ အုပ်စု​သုံးစု​ခွဲပြီး လေ့လာ​သွားပါမယ်။ (၁) ကျမ်းစာ​သင်သားတွေ၊ (၂) နှစ်ခြင်း​ခံပြီးသား ခရစ်ယာန်တွေ၊ (၃) အသင်းတော်​ကနေ ဝေးကွာ​သွား​သူတွေ ရွေးဖိုး​အတွက် ကျေးဇူး​တင်ကြောင်း ပြနိုင်ပုံ​ကို ဆွေးနွေး​သွားပါမယ်။

LAI SIANGTHO SINPIHTE

4. Jehovah in Lai Siangtho sinpihte koi bangin ngaihsun a hiam?

၄ သင်ဟာ ကျမ်းစာသင်သား​တစ်ယောက်လား။ ယေဟောဝါ​အကြောင်း သင်ယူ​နေတယ် ဆိုကတည်းက ယေဟောဝါ သင့်ကို ဆွဲဆောင်​ထားလို့ပါ။ (ယော. ၆:၄၄။ တ. ၁၃:၄၈) သင့်ရဲ့​စိတ်နှလုံးကို ယေဟောဝါ​မြင်လို့ အခုလို​ဆွဲဆောင်​ထားတာ​ဖြစ်တယ်။ မိမိ​အကြောင်း ကြိုးစား​သင်ယူ​နေတာ သတိထား​မိတယ်၊ ဘဝ​လမ်းစဉ် ပြောင်းလဲ​ပြီး မိမိ​စံနှုန်းနဲ့​အညီ အသက်​ရှင်ဖို့ ကြိုးစား​နေတာကို​မြင်ပြီး ယေဟောဝါ စိတ်​ရွှင်လန်း​တယ်။ (ပညာ. ၁၇:၃။ ၂၇:၁၁) ရွေးဖိုးကြောင့် ယေဟောဝါနဲ့ သင် ရင်းနှီး​လာနိုင်​တာ ဖြစ်တယ်။ (ရော. ၅:၁၀၊ ၁၁) ဒါကြောင့် ရွေးဖိုး​ကို ဘယ်တော့မှ ပေါ့ပေါ့​တန်တန် သဘော​မထားပါနဲ့။

5. Lai Siangtho sinpihte in Filippi 3:16 a kammal te koi bang danin zui thei a hiam?

၅ ရွေးဖိုး​အတွက် ကျေးဇူးတင်ကြောင်း ကျမ်းစာ​သင်သားတွေ ဘယ်လို ပြမလဲ။ ပြနိုင်တဲ့ တစ်နည်းကို ဖိလိပ္ပိ​မြို့က ခရစ်ယာန်​တွေဆီ ပေါလု​ရေးတဲ့​စာမှာ တွေ့နိုင်တယ်။ “ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်​လာပြီ​ဖြစ်လို့ ဒီ​လမ်းစဉ်​အတိုင်းပဲ ဆက်ပြီး စနစ်​တကျ ကျင့်ကြံ​နေကြစို့” လို့ ပေါလု ပြောခဲ့တယ်။ (ဖိ. ၃:၁၆) ဒါကြောင့် ယေဟောဝါ​အကြောင်း ဆက်သင်ယူ​နေဖို့၊ အသက်​လမ်းပေါ်မှာ ဆက်လျှောက်​နေဖို့ ဘယ်​အရာကမှ အတား​အဆီး မဖြစ်ပါ​စေနဲ့။—မ. ၇:၁၄။ လု. ၉:၆၂။

6. Lai Siangtho sinpihte in kikhel dingin haksatna a om ciang bang sem thei uh a hiam? (Thu Hilhkikna 30:11-14) (Lim zong en in.)

၆ လေ့လာနေတဲ့ ကျမ်းစာ​သွန်သင်ချက်​တစ်ခုကို လက်ခံရ ခက်နေရင်​ကော။ ထပ်ဆင့်​အချက်​အလက်တွေ ရှာဖွေ​လေ့လာပါ။ ရှင်းရှင်း​လင်းလင်း နားလည်​လာဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဆာ. ၈၆:၁၁) ဒါတောင် လက်ခံရ ခက်နေ​သေးတယ်​ဆိုရင် ခဏ​ထား​လိုက်ပြီး ကျမ်းစာကို ဆက်​လေ့လာ​သွားပါ။ ကျမ်းစာ​လေ့လာရင်း အဲဒီ​အချက်ကို ပိုနားလည်​လာ​ပါလိမ့်မယ်။ ကျမ်းစာက ပြစ်တင်​ရှုတ်ချ​ထားတဲ့ အကျင့်​တစ်ခုကို ဖြတ်ဖို့ ခက်နေတယ်​ဆိုရင်ကော။ မစုံလင်တဲ့​လူသားတွေ မတတ်နိုင်​တာကို ယေဟောဝါ မတောင်း​ဆိုဘူး​ဆိုတာ သတိရပါ။ လူသားတွေ လိုက်နိုင်​တဲ့ စံနှုန်း​တွေ​ကိုပဲ ဘုရား​သခင် ချမှတ်​ထားတာ ဖြစ်တယ်။ (တရားဟောရာ ၃၀:၁၁-၁၄ ကို ဖတ်ပါ။) ကူညီ​ပေးမယ်​လို့လည်း ယေဟောဝါ ကတိ​ပေး​ထားတယ်။ (ဟေရှာ. ၄၁:၁၀၊ ၁၃။ ၁ ကော. ၁၀:၁၃) ဒါကြောင့် လက်မလျှော့​လိုက်​ပါနဲ့။ အခက်​အခဲ​တွေကို မစဉ်းစားဘဲ ရွေးဖိုး​အပါ​အဝင် သင့်အတွက် ယေဟောဝါ လုပ်ပေး​နေ​တာ​တွေကို အာရုံ​စိုက်ပါ။ ယေဟောဝါကို ချစ်တဲ့​မေတ္တာ တိုးလာ​လေ “ပညတ်​ချက်​တွေဟာ လိုက်နာဖို့ ခက်ခဲ​လွန်းတဲ့​အရာ မဟုတ်” မှန်း သိလာ​ပါလိမ့်မယ်။—၁ ယော. ၅:၃။a

အမျိုးသားတစ်ယောက် “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ်​ထဲက သင်ခန်းစာ ၄၀ ကို​ဖတ်နေ။ စားပွဲ​ပေါ်မှာ စီးကရက်​ဘူး​ရော စီးကရက်​တို​တွေ​နဲ့ ပြည့်နေတဲ့ ဆေးလိပ်​ပြာခွက်​ကို​ပါ တွေ့ရ။

လူသားတွေ မတတ်နိုင်​တာကို ယေဟောဝါ ဘယ်တော့မှ မတောင်းဆို၊ မိမိ​စံနှုန်းတွေကို လိုက်​နိုင်အောင် ကူညီပေးမှာ​ဖြစ် (စာပိုဒ် ၆ ကို ကြည့်ပါ)


7. Thuman thutak ah a khangkhia khangno te-in bang thu ngaihsun thei uh a haim?

၇ အမှန်တရားထဲ​မှာ ကြီးပြင်းလာ​ကြ​တဲ့ လူငယ်တွေ​ဖြစ်မယ်​ဆိုရင်​ကော။ သင်တို့လည်း ကျမ်းစာ​သင်သားတွေ​ပါပဲ။ သင်တို့ဟာ သင်တို့​မိဘတွေ အလေးထား​ရဆုံး ကျမ်းစာ​သင်သား​တွေပါ။ “ဘုရား​သခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်​လည်း ခင်ဗျားတို့နဲ့ ရင်းနှီး​လာလိမ့်မယ်” လို့ ကျမ်းစာ​ဆိုတယ်။ (ယာ. ၄:၈။ ၁ ရာ. ၂၈:၉) သင့်ဘက်က စပြီး ဘုရားနဲ့​ရင်းနှီးအောင်​ကြိုးစားရင် ဘုရားလည်း သင်နဲ့ ရင်းနှီး​လာမယ်။ သက်သေခံ​မိသားစု​ထဲ ကြီးပြင်း​လာလို့ မဟုတ်ဘဲ သင်နဲ့​ကို မိတ်ဆွေ​ဖြစ်ချင်လို့ ယေဟောဝါ ဆွဲဆောင်တာ။ သင် ဘုရားနဲ့ ရင်းနှီး​နိုင်အောင် ဘုရား ဘာလုပ်ပေး​သလဲ။ ရွေးဖိုး ပြင်ဆင်​ပေးတယ်။ ဒီအဖိုးတန် လက်ဆောင်ကို ဘယ်တော့မှ ပေါ့ပေါ့​တန်တန် သဘော​မထား​ပါနဲ့။ (ရော. ၅:၁၊ ၂) ဒါကြောင့် ဒီနှစ် အောက်မေ့ရာနေ့ မတိုင်ခင် ယေဟောဝါနဲ့ ယေရှု သင့်အတွက် လုပ်ပေး​ခဲ့တာ​တွေ​အကြောင်း အသေ​အချာ စဉ်းစား​ကြည့်ပါ။ ပြီးနောက် ယေဟောဝါကို ကျေးဇူး​တင်ကြောင်း တင်ပြ​နိုင်တဲ့ ဘယ်လို ပန်းတိုင်​တွေ​ချမှတ်​မယ်၊ ဘယ်လို​နေထိုင်မယ်​ဆိုတာ စဉ်းစား​နိုင်တယ်။b

TUI KIPHUMSA KHRISTIANTE

8. Tui kiphumsa khristiante in tatkhiatna a up lam uh koi bangin lak a hiam?

၈ သင်ဟာ နှစ်ခြင်းခံပြီးသား ခရစ်ယာန်​တစ်ယောက် ဖြစ်မယ်​ဆိုရင် ရွေးဖိုး​ကို ယုံကြည်​ကြောင်း နည်း​အမျိုးမျိုးနဲ့ တင်ပြခဲ့​ပြီးသား ဖြစ်မယ်။ ဥပမာ၊ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး​ရှိဖို့ သင့်​အသက်တာ​ကို ဘုရား​စံနှုန်းနဲ့​ညီအောင် ပြုပြင်​ပြောင်းလဲ​တယ်။ ယေရှုရဲ့ အမိန့်ကို​နာခံပြီး တခြား​သူ​တွေကို သတင်းကောင်း​ပြောတယ်။ ယေဟောဝါဆီ ဆက်ကပ်​အပ်နှံပြီး နှစ်ခြင်း​ခံတယ်။ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်တဲ့​အတွက် ဆန့်ကျင်မှု​တွေ​လည်း ကြုံခဲ့​ရ​နိုင်တယ်။ (၂ တိ. ၃:၁၂) ဒါပေမဲ့ သင့်ရဲ့ သစ္စာ​ရှိမှု​နဲ့ ခံနိုင်ရည်​က သင် ယေဟောဝါကို ချစ်တယ်၊ ရွေးဖိုး​အတွက် ကျေးဇူး​တင်တယ်​ဆိုတာ ဖော်ပြတယ်။—ဟီ. ၁၂:၂၊ ၃။

9. Tui kiphumsa khristiante in bang i kidop ding kisam a hiam?

၉ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေအနေနဲ့ သတိထား​ရမယ့် အချက်​ရှိတယ်။ အချိန်​ကြာ​လာတဲ့​အခါ ရွေးဖိုး​ကို တန်ဖိုးထား​လေးမြတ်စိတ် လျော့လာ​နိုင်တယ် ဆိုတဲ့​အချက်​ပါ။ ပထမ​ရာစု ဧဖက်​မြို့က ခရစ်ယာန်​တွေ​အကြောင်း သုံးသပ်​ကြည့်ပါ။ ရှင်ပြန်​ထမြောက်​ပြီး​ဖြစ်တဲ့ ယေရှုက ဧဖက်​အသင်းသား​တွေရဲ့ ခံနိုင်ရည်​ကို ချီးမွမ်း​တယ်။ ဒါပေမဲ့ “ကနဦး​မေတ္တာ ပျက်ပြယ်​သွားလို့ မင်းကို အပြစ်​ဆိုစရာ ရှိတယ်” လို့ ယေရှု ဆက်ပြော​တယ်။ (ဗျာ. ၂:၃၊ ၄) ဝတ်ပြုရေးနဲ့​ဆိုင်တဲ့ လုပ်ငန်း​ဆောင်တာ​တွေမှာ တဖြည်းဖြည်း စိတ်မပါ​တော့​တာမျိုး ဖြစ်လာ​နိုင်တယ်​ဆိုတာ ယေရှု​စကားတွေ​ကနေ သိနိုင်​တယ်။ ခရစ်ယာန်​တစ်ယောက်ဟာ ဆုတောင်း​တယ်၊ အစည်း​အဝေး​တက်တယ်၊ အမှုဆောင်​ထွက်တယ်။ ဒါပေမဲ့ စိတ်ဆန္ဒ​ရှိလို့​မဟုတ်ဘဲ တာဝန်​အရ​လုပ်တာမျိုး ဖြစ်နေ​နိုင်တယ်။ အဲဒါက ကနဦး​မေတ္တာ ပျက်ပြယ်​လာတာ​ပါပဲ။ ဘုရားကို​ချစ်တဲ့​မေတ္တာ လျော့နည်း​လာတယ်​လို့ ခံ​စားမိရင် ဘာလုပ်​နိုင်​သလဲ။

10. Biakpiakna tawk kisai thute “limtakin ngaihsun” in “hahkatin na sem” thei dingin bang sep kul a haim? (1 Timoti 4:13, 15)

၁၀ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို “ဆင်ခြင်​သုံးသပ်” နေဖို့၊ “အဲဒီ​အရာ​တွေမှာ အာရုံ​နှစ်ထား” ဖို့ တိမောသေ​ကို ပေါလု အားပေး​တယ်။ (၁ တိမောသေ ၄:၁၃၊ ၁၅ ကို ဖတ်ပါ။) သင်လည်း ဝတ်ပြု​ရေးမှာ ပိုပြီး အဓိပ္ပာယ်​ရှိရှိ ပါဝင်​နိုင်ဖို့ ဘာတွေ လုပ်နိုင်​မလဲ​ဆိုတာ စဉ်းစား​ပါ။ ဒါမှ “စွမ်းအားတော်ရဲ့ စေ့ဆော်မှု​နဲ့ စိတ်​ထက်သန်​နေ” နိုင်မယ်။ (ရော. ၁၂:၁၁) ဥပမာ၊ အစည်း​အဝေးမှာ ပိုအာရုံစိုက်​နိုင်အောင် လေ့လာမယ့် အကြောင်း​အရာ​တွေကို အချိန်​ပေးပြီး ကြိုတင်​ပြင်ဆင်ပါ။ ကိုယ်ပိုင်​လေ့လာမှု​ကနေ အကျိုး​အပြည့်​အဝ​ရနိုင်ဖို့ တိတ်ဆိတ်​ငြိမ်သက်တဲ့ နေရာမှာ လေ့လာပါ။ ဒီလို​ဆက်​လုပ်နေ​တာက ရွေးဖိုး​အတွက် ကျေးဇူးတင်စိတ် လျော့မသွားဖို့ ကူညီ​ပေးတယ်။ မီးတောက်​မငြိမ်း​သွားဖို့ ထင်း​ထည့်ပေး​နေ​ရ​သလို​ပါပဲ။ ယေဟောဝါကို ကိုးကွယ်​လို့ ခံစား​နေရတဲ့ ကောင်းချီး​တွေ​အကြောင်း အောက်မေ့ရာနေ့ မတိုင်ခင်​မှာ အချိန်ယူ တွေးတောပါ။ အဲဒါက ဘုရားနဲ့ ရင်းနှီး​ဖို့ မရှိမဖြစ်​လိုအပ်တဲ့ ရွေးဖိုး​ကို ကျေးဇူးတင်​လေးမြတ်​စေ​ပါလိမ့်မယ်။

11-12. Thalawpna a kiam ciang Pasian’ khasiangtho omlo cihna a hiam? Hilhcian in. (Lim zong en in.)

၁၁ ဝတ်ပြုရေးမှာ အရင်ကလောက် ထက်သန်မှု မရှိတော့ဘူး​လို့ ခံစားနေ​ရတယ်​ဆိုရင် ဘုရား စွမ်းအားတော် မရှိတော့ဘူး​ဆိုပြီး မယူဆ​ပါနဲ့။ မိမိရဲ့ အမှုဆောင်​လုပ်ငန်းနဲ့​ပတ်သက်ပြီး ကောရိန္သု​မြို့သားတွေ​ဆီ ပေါလု​ရေးတဲ့​စာမှာ “စိတ်မပါ​ရင်တောင် ကျွန်တော့်ကို ပေးအပ်​ထားတဲ့ တာဝန်ကို လုပ်ဆောင်​ရမှာ​ပဲ” လို့ ဖတ်ရ​တယ်။ (၁ ကော. ၉:၁၇) သူ​ဘာကို ဆိုလို​ချင်တာလဲ။

၁၂ ပေါလုလည်း ဟောပြော​သွန်သင်​ချင်စိတ် မရှိတဲ့​အခါ​တွေ ရှိတယ်။ ဒါပေမဲ့ စိတ်မပါ​ရင်တောင် ဆက်ပြီး ဟောပြောဖို့ ပေါလု ဆုံးဖြတ်​ထားတယ်။ သင်လည်း အလားတူ လုပ်ဆောင်​နိုင်​ပါတယ်။ လုပ်သင့်​တဲ့​အလုပ်​ဆိုရင် ဆန္ဒ​မရှိ​ရင်တောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားပါ။ “လုပ်ဆောင်​ချင်စိတ်​သာမက လုပ်ဆောင်​နိုင်စွမ်း​ကို​ပါ ပေးသနား” ဖို့ ယေဟောဝါဆီ ဆုတောင်း​နိုင်တယ်။ (ဖိ. ၂:၁၃) ဘုရားနဲ့ ရင်းနှီးစေ​တဲ့​အရာ​တွေကို ဆက်​လုပ်ဆောင်​နေပါ။ လုပ်ရင်း​နဲ့ ဘုရားကို ချစ်တဲ့စိတ် တိုးပွား​လာမယ်။ ထက်သန်တဲ့​စိတ် ပြန်ရှိ​လာမယ်။

စိတ်​မ​ပျော်​ဖြစ်နေတဲ့ ညီအစ်မ​တစ်ယောက် ကလေး​လက်​တွန်းလှည်း​ကို တွန်းရင်း နောက်​ညီအစ်မ​တစ်ယောက်နဲ့ အမှုဆောင်မှာ ပါဝင်နေ။ ညီအစ်မက သူ့​ပခုံး​ကို ဖက်ထား။

စိတ်မပါတဲ့​အချိန်တွေမှာ​တောင် ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေ​မှာ ဆက်​ပါဝင်နေ​ပါ (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)


13. Upna kip le kiplo koi bangin sittel thei ding”?

၁၃ “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲ​နေ​မနေ အမြဲ​ဆန်းစစ်ပါ။ ဘယ်လို​လူစားမျိုး ဖြစ်နေတယ်​ဆိုတာကို အမြဲ​စစ်ဆေးပါ” ဆိုပြီး ပေါလု ပြောတယ်။ (၂ ကော. ၁၃:၅) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မကြာ​ခဏ ဆန်းစစ်​တာ ကောင်းတယ်။ ‘ငါ့​ဘဝမှာ ဘုရား​နိုင်ငံတော်ကို အမြဲ ဦးစားထား​နေ​သလား။’ (မ. ၆:၃၃) ‘အပန်းဖြေမှု ရွေးချယ်တဲ့​အခါ မကောင်းမှုကို မုန်းတယ်​ဆိုတာ ပြနေရဲ့လား။’ (ဆာ. ၉၇:၁၀) ‘ယုံကြည်​သူချင်းတွေ​ကြား စည်းလုံး​ငြိမ်သက်မှု တိုးစေ​သူလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ (ဧ. ၄:၂၊ ၃) အဲဒီလို ဆန်းစစ်ဖို့ အကောင်းဆုံး​အချိန်ဟာ အောက်မေ့ရာနေ့ အချိန်​ကာလ​ဖြစ်တယ်။ ယေဟောဝါနဲ့ ယေရှု လုပ်ဆောင်​ပေးခဲ့ရာ​အကြောင်းကို စဉ်းစား​လိုက်တဲ့အခါ ကျေးဇူးတင်​လေးမြတ်စိတ် တိုးလာပြီး ကိုယ့်အတွက် အသက်​မရှင်​တော့ဘဲ ခရစ်တော်​အတွက် အသက်ရှင်​သူတွေ ဖြစ်နိုင်​ကြမယ်။c

PAWLPI PAN LAMPIALTE

14. Pasian’ silate bang hang pawlpi pan lampial uh a hiam?

၁၄ ဘုရား​ကျေးကျွန်​တချို့ဟာ ယေဟောဝါကို နှစ်များစွာ သစ္စာ​ရှိရှိ ဝတ်ပြု​ခဲ့​ကြ​ပေမဲ့လည်း နောက်ပိုင်းမှာ အသင်းတော်​ကနေ ဝေးကွာ​သွား​ကြတယ်။ တချို့​သူတွေ​ကတော့ “ဘဝရဲ့ စိုးရိမ်​ပူပန်​စရာ​တွေ” ကြောင့် ဝေးကွာ​သွား​ကြတယ်။ (လု. ၂၁:၃၄) တချို့​သူတွေ​ကျ​ပြန်​တော့​လည်း ယုံကြည်​သူချင်း​တွေရဲ့ အပြော​အဆို၊ လုပ်ရပ်​ကြောင့် စိတ်ထိခိုက်​သွား​ကြတာ။ (ယာ. ၃:၂) ကြီးလေးတဲ့​အပြစ်​လုပ်ပြီး အသင်းတော်​ထဲ ပြန်​မလာရဲ​သူတွေ​လည်း ရှိကြတယ်။ ဘာအကြောင်း​ကြောင့်ပဲ​ဖြစ်ပါစေ အသင်းတော်နဲ့ ဝေးကွာ​သွားတယ်​ဆိုရင် ဘာလုပ်​နိုင်​သလဲ။ မေတ္တာနဲ့ ယေဟောဝါ ပြင်ဆင်​ပေးထားတဲ့ ရွေးဖိုး​က ဘာလုပ်ဖို့ သင့်ကို တွန်းအား​ပေးသလဲ။

15. Pawlpi pan lampialte Jehovah in bangcih ngaihsun a hiam? (Ezekiel 34:11, 12, 16

၁၅ အသင်းတော်ကနေ ဝေးကွာ​သွား​သူတွေကို ယေဟောဝါ ဘယ်လို သဘောထား​သလဲ။ သူတို့ကို မစွန့်ပစ်​လိုက်ပါဘူး။ သိုး​တစ်ကောင် ပျောက်သွားတယ်​ဆိုရင် သိုးထိန်း​က လိုက်ရှာ​တယ်၊ ကျွေးမွေး​တယ်၊ သိုးအုပ်​ဆီ ပြန်​ခေါ်လာ​တယ်။ (ယေဇကျေလ ၃၄:၁၁၊ ၁၂၊ ၁၆ ကို ဖတ်ပါ။) ယေဟောဝါ​လည်း အဲဒီ​သိုးထိန်း​လို​ပါပဲ။ ဒီဆောင်းပါးကို သင်​လေ့လာ​နေတာ​ကိုက ဘုရား​နှစ်သက်ရာကို သင်​လုပ်ချင်စိတ် ရှိနေသေးတယ်​ဆိုတာ သိနိုင်တယ်။ သင့်ရဲ့​စိတ်ရင်းကို ယေဟောဝါ တွေ့မြင်ပြီး အမှန်​တရားထဲ ဆွဲဆောင်​ခဲ့​သလို အခုလည်း ပြန်​ဆွဲဆောင်​နိုင်တယ်။

16. Jehovah kiang ah kilehkik theih nading bang sem ding? (Lim zong en in.)

၁၆ “သင်​ပြန်လာ​တာကို ယေဟောဝါ ကြိုဆို​နေတယ်​ဆိုတာ ယုံကြည်​စိတ်ချ​ပါ” ဆိုပြီး ယေဟောဝါ​ဘုရားဆီ ပြန်လာ​ပါ စာစောင်မှာ ဖတ်ရတယ်။ ဘဝရဲ့ စိုးရိမ်​ပူပန်​စရာ​တွေကို ရင်ဆိုင်​ဖြေရှင်းဖို့၊ စိတ်ဒဏ်ရာ​တွေ​ကို ဖြေဖျောက်​နိုင်ဖို့၊ ကြည်လင်တဲ့​သိစိတ်နဲ့ ရှေ့ဆက်​နိုင်ဖို့ ယေဟောဝါ ကူညီ​ပေးမယ်။ အသင်းတော်နဲ့​ပူးပေါင်းပြီး ယေဟောဝါကို ပြန်​ဝတ်ပြု​နိုင်မယ်။ အကြီး​အကဲ​တွေ​ကလည်း ကူညီ​ပေးချင်​ကြတယ်​ဆိုတာ မမေ့ပါနဲ့။ သူတို့က “လေကွယ်ရာ​အရပ်​လို၊ မိုးသက်​မုန်တိုင်း ကျတဲ့အခါ ပုန်းခိုရာ​အရပ်​လို” ဖြစ်ပေး​ကြမှာ။ (ဟေရှာ. ၃၂:၂) သင့်မှာ ရွေးဖိုး​အတွက် ကျေးဇူးတင်​လေးမြတ်စိတ်​ရှိတယ်ဆိုတာ ကျွန်တော်တို့​သိတယ်။ ဒါကြောင့် ‘ယေဟောဝါဆီ ပြန်လှည့်​လာ​နိုင်ဖို့ ငါ ဘာလုပ်​နိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ဟေရှာ. ၁:၁၈။ ၁ ပေ. ၂:၂၅) ဥပမာ၊ အစည်း​အဝေးကို လူကိုယ်တိုင် သွား​တက်​နိုင်​မလား။ ယေဟောဝါဆီ ပြန်လာ​ချင်ကြောင်း အကြီးအကဲ​တစ်ယောက်ကို အသိပေးနိုင်​မလား။ တစ်ယောက်ယောက်​နဲ့ ကျမ်းစာသင်​ဖို့ အကြီးအကဲ စီစဉ်​ပေး​နိုင်တယ်။ ရွေးဖိုး​ကို ကျေးဇူးတင်​လေးမြတ်​တဲ့​စိတ်​ရှိတာ၊ အသင်းတော်နဲ့ ပြန်​ပူးပေါင်းဖို့ ကြိုးစား​တာကို ယေဟောဝါ ကောင်းချီး​ပေးမယ်​ဆိုတာ စိတ်ချ​နိုင်တယ်။

သက်ကြီး​အမျိုးသားတစ်ယောက် ကျမ်းစာအုပ်ကို​ကိုင်ပြီး အစည်းအဝေး​ခန်းမ​ရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေ။ အစည်းအဝေး လာကြ​တဲ့ ညီအစ်ကို/မတွေ တစ်ယောက်ကို​တစ်ယောက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြ​တာကို သူ​ကြည့်နေ။

‘ယေဟောဝါဆီ ပြန်လှည့်လာ​နိုင်ဖို့ ငါ ဘာလုပ်နိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ (စာပိုဒ် ၁၆ ကို ကြည့်ပါ)


NANGH BANG SEM DING?

17-18. Tukum Sihphawkna ni tun ma-in bang sem thei ding?

၁၇ “မိမိရဲ့​သားကို ယုံကြည်​သက်ဝင်​သူတိုင်း ဖျက်ဆီး​မခံရဘဲ ထာဝရ​အသက်​ရနိုင်ဖို့ အဲဒီ​တစ်ဦးတည်းသော သားကိုတောင် ပေးအပ်​ခဲ့တယ်” လို့ ယေရှု ပြောတယ်။ (ယော. ၃:၁၆) အပြစ်နဲ့​သေခြင်း​အောက်​ကနေ ကယ်တင်​နိုင်ဖို့ ရွေးဖိုး​ကို ယေဟောဝါ စီစဉ်​ပေး​ခဲ့တာ။ ဒါကြောင့် ကျွန်တော်တို့​အားလုံး ပေါ့ပေါ့​တန်တန် သဘော​မထား​လို​ကြဘူး။ (ရော. ၃:၂၃၊ ၂၄။ ၂ ကော. ၆:၁) ယေဟောဝါနဲ့ ယေရှု​ပြခဲ့တဲ့ မေတ္တာ​အကြောင်း အောက်မေ့ရာနေ့ မတိုင်ခင်​မှာ တွေးတော​ဆင်ခြင်ပါ။ ဒါက သူတို့ရဲ့​မေတ္တာကို ကျေးဇူးတင်​လေးမြတ်ကြောင်း​ပြဖို့ ကျွန်တော်တို့ကို တွန်းအား​ဖြစ်စေ​ပါလိမ့်မယ်။

၁၈ ရွေးဖိုး​အတွက် ကျေးဇူးတင်ကြောင်း သင် ဘယ်လို ပြမလဲ။ သင့်​အဖြေ​က တခြား​သူတွေနဲ့ တူချင်မှ တူပါ​လိမ့်မယ်။ “ကိုယ့်အတွက် အသက်​မရှင်​တော့ဘဲ ကိုယ့်အတွက် အသေခံပြီး အသက်​ပြန်ရှင်​လာတဲ့ ခရစ်တော်​အတွက် အသက်ရှင်” နေ​ကြတဲ့ သန်းနဲ့ချီတဲ့​သူတွေ​ကို ကောင်းချီး​ပေး​သလို သင့်ရဲ့​ကြိုးစားမှု​ကိုလည်း ယေဟောဝါ ကောင်းချီး​ပေးမယ်​ဆိုတာ စိတ်ချပါ။—၂ ကော. ၅:၁၅။

NANGH BANGCI DAWNG DING?

  • Lai siangtho sinpihte in tatkhiatna hangin lungdamna koi bangin lakthei ding?

  • Tui kiphumsa khristiante in tatkhiatna hangin lungdamna koi bangin lakthei ding?

  • Pawlpi pan lampialte in tatkhiatna hangin lungdamna koi bangin lakthei ding?

LA 14 မြေကြီး​ဘုရင်​သစ်​ကို ချီးမွမ်းခြင်း

a ကျမ်းစာကနေ သိလာတာကို လက်တွေ့​ကျင့်သုံးဖို့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ တစ်ခုစီရဲ့​အဆုံး​နား​မှာပါတဲ့ “ရည်မှန်း​ပန်းတိုင်” ဆိုတဲ့ အကွက်​ကို သုံးပါ။

b ဘုရားရေးရာမှာ တိုးတက်ဖို့ ထားနိုင်တဲ့​ပန်းတိုင်တွေ​အကြောင်း ၂၀၁၇၊ ဒီဇင်ဘာ ကင်းမျှော်စင် မှာပါတဲ့ “လူငယ်တို့၊ ‘ကယ်တင်ခြင်း​ရဖို့ ဆက်ကြိုးစားနေကြပါ’” ဆိုတဲ့ ဆောင်းပါးကို လေ့လာပါ။

c ယေဟောဝါကို ကျေးဇူးတင်စိတ်​ဆက်ရှိနေဖို့ ၁၉၉၅ ဇွန် ၁၅၊ ကင်းမျှော်စင် မှာပါတဲ့ “ဘုရားသခင်​အမှုဆောင်ရန် မည်သည့်​အရာ​က သင့်ကို လှုံ့ဆော်​သနည်း” ဆောင်းပါးကို လေ့လာပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ