Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 June laim. 20-25
  • Lai Siangtho A Sinte Thuman Thutak Lamah A Kip Theih Nadingun Huh In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Lai Siangtho A Sinte Thuman Thutak Lamah A Kip Theih Nadingun Huh In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • KHANTOH NADING A KIKHAKTAN NATE A TEL THEIH NADINGUN HUH IN
  • JEHOVAH A IT SEMSEM THEIH NADINGUN HUH IN
  • PASIAN NASEP A THUPI PENIN A KOIH THEIH NADINGUN HUH IN
  • LANGPANNATE A GUALZAWH THEIH NADINGUN HUH IN
  • LAI SIANGTHO NA SINPIHTE NA MUAN LAM LAK IN
  • “Thuhilh Siamna” Zatna-ah Khangto In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • ‘စိတ်ရင်းမှန်သူ​တွေ’ ကို တုံ့ဆိုင်းမနေဘဲ ကူညီပေးပါ
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 June laim. 20-25

SIN DING THU 27

LA 79 ကြံ့ကြံ့ခံ​ရပ်တည်​နိုင်အောင် သင်ပေးပါ

Lai Siangtho A Sinte Thuman Thutak Lamah A Kip Theih Nadingun Huh In

“Na upna uh ah kip unla, thahatin hang un.”—1 KOR. 16:13.

အာရုံစိုက်​ရာ

ကျမ်းစာသင်သားတွေ အမှန်တရား​ဘက် ရပ်တည်ဖို့ လိုအပ်တဲ့ ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိ ရှိလာအောင် ဘယ်လို ကူညီပေး​နိုင်သလဲ။

1-2. (a) Pawlkhat Lai Siangtho a sinte ba’hang thuman thutak lamah kip takin om ngam lo uh a hiam? (b) Hih sin ding thu ah bang thu kikum ding i hiam?

ယေဟောဝါ​သက်သေ လုပ်ဖို့ သင် တွန့်ဆုတ်​ခဲ့​သလား။ အလုပ်ဖော်၊ သူငယ်ချင်း၊ မိသားစုဝင်တွေ ဆန့်ကျင်​မှာ ကြောက်လို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဘုရား​စံနှုန်းတွေ​အတိုင်း မနေထိုင်နိုင်​မှာ စိုးရိမ်​လို့ ဖြစ်နိုင်တယ်။ ဒါ​ဆိုရင် အမှန်တရား​ဘက် ရပ်တည်ဖို့ တွန့်ဆုတ်နေ​ပုံ​ရတဲ့ ကျမ်းစာ​သင်သားတွေကို သင် စာနာ​ပေးနိုင်မှာ​ပါ။

၂ စိုးရိမ်​ကြောက်ရွံ့​စိတ်ကြောင့် ဘုရားရေးရာမှာ မတိုးတက်​တာ​မျိုး ဖြစ်နိုင်​မှန်း ယေရှု သိတယ်။ (မ. ၁၃:၂၀-၂၂) ဒါပေမဲ့ မိမိနောက် လိုက်ဖို့ တွန့်ဆုတ်သူ​တွေ​ကို လက်မလျှော့တမ်း ကူညီပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။ (၁) ဘာတွေ ဟန့်တား​နေ​လို့ မတိုးတက်​သလဲ​ဆိုတာ သဘောပေါက်ဖို့၊ (၂) ယေဟောဝါကို ပို​ချစ်တတ်လာဖို့၊ (၃) ဘုရားရေးရာကို ဦးစားထား​တတ်​ဖို့၊ (၄) ဆန့်ကျင်မှု​တွေ​ကို ရင်ဆိုင်​တတ်​ဖို့ ကူညီပေးတယ်။ ကျွန်တော်တို့​ကော ကျမ်းစာ​သင်သား အမှန်တရား​ဘက် ရပ်တည်​နိုင်အောင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သုံးပြီး ကူညီပေး​ရာ​မှာ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။

KHANTOH NADING A KIKHAKTAN NATE A TEL THEIH NADINGUN HUH IN

3. Jesuh nungzui a suah nadingin bang in Nikodemas na khaktan a hiam?

၃ ဂျူး​တရားရုံးချုပ် အဖွဲ့ဝင် နိကောဒင်​အကြောင်း စဉ်းစားကြည့်ပါ။ ယေရှု အမှုဆောင်​လုပ်ငန်း စတင်​တာ ခြောက်လ​လောက်​ပဲ ရှိသေးပေမဲ့ ယေရှုဟာ ဘုရားသခင် စေလွှတ်တဲ့​သူ ဖြစ်မှန်း နိကောဒင် သိနေ​ပြီ။ (ယော. ၃:၁၊ ၂) ဒါပေမဲ့ “ဂျူးတွေကို ကြောက်​တဲ့​အတွက်” ယေရှု​ဆီ ည​အချိန်​မှ လာ​တတ်တယ်။ (ယော. ၇:၁၃။ ၁၂:၄၂) ယေရှုတပည့် လုပ်ဖို့ ဘာက ဟန့်တား​နေသလဲ။ ရာထူး၊ ဂုဏ်ဒြပ်​တွေ လက်လွှတ်​ဆုံးရှုံး​ရမှာ ကြောက်တဲ့​စိတ် ဖြစ်နိုင်တယ်။a

4. Jehovah in a sepsaknopna Nikodemas a tel theih nadingin Jesuh in koi bangin na huh a hiam?

၄ နိကောဒင်​ဟာ ပညတ်တရား နှံ့စပ်ပေမဲ့ မိမိကို ယေဟောဝါ ဘာ​လုပ်​စေချင်တယ်​ဆိုတာ သဘောပေါက်ဖို့ လိုတယ်။ ယေရှု ဘယ်လို ကူညီပေးသလဲ။ ည​အချိန်​မှ နိကောဒင် လာတာကို မငြိုငြင်​ဘဲ အချိန်​အများကြီး ပေးတယ်။ မိမိ​တပည့် ဖြစ်နိုင်ဖို့ ဘာလုပ်ရ​မလဲ ရှင်းရှင်းလင်းလင်း ပြောပြတယ်။ နိကောဒင် ဘာလုပ်ရမလဲ။ နောင်တ​ယူရမယ်။ နှစ်ခြင်း​ခံရမယ်။ ဘုရားသခင့်​သားတော်ကို ယုံကြည်​သက်ဝင်​ရမယ်။—ယော. ၃:၅၊ ၁၄-၂၁။

5. Khantoh ding a kizekaisak thei nate i Lai Siangtho sinpihte in a tel theih nadingin koi bangin huh thei i hiam?

၅ ဘာ​သင်ခန်းစာ ရသလဲ။ ကျမ်းစာ​သင်သား​တစ်ယောက် အတော်လေး ကျမ်းစာ​နှံ့စပ်​တယ်​ဆိုရင်တောင် ဘာတွေ ဟန့်တား​နေ​လို့ မတိုးတက်​သလဲ​ဆိုတာ သူကိုယ်တိုင် သဘောပေါက်ဖို့ လိုနိုင်တယ်။ ဥပမာ၊ အချိန်​အများကြီး ပေး​ရတဲ့​အလုပ် လုပ်နေ​ရလို့​လား၊ မိသားစု ဆန့်ကျင်​လို့​လား။ နိကောဒင်​ကို ယေရှု အချိန်​ပေး​သလို သင်လည်း သင်သားကို အချိန်​ပေးပါ။ လက်ဖက်ရည်​ဆိုင် ခေါ်​ထိုင်တာ​မျိုး လုပ်​ကြည့်ပါ။ ပေါ့ပေါ့ပါးပါး စကားပြော​ရင်း သူ ရင်ဖွင့်​လာလို့ သူ့​အခက်အခဲတွေ သင် သိလာနိုင်တယ်။ အပြောင်းအလဲ​တချို့ ဘယ်လို လုပ်နိုင်တယ်​ဆိုတာ ပြောပြပါ။ ဒါပေမဲ့ သင့်ကို စိတ်​ချမ်းသာ​စေချင်​လို့ မဟုတ်ဘဲ ယေဟောဝါ​ဘုရားကို ချစ်လို့ ပြောင်းလဲတာ ဖြစ်သင့်​ကြောင်း သတိပေးပါ။

6. I Lai Siangtho sinpihte in a theihkhiat uh thute hangsan taka a nuntakpih theih nadingun koi bangin huh thei ding i hiam? (1 Korin 16:13)

၆ ကျမ်းစာ​စံနှုန်းတွေ​အတိုင်း နေထိုင်နိုင်​ဖို့ ယေဟောဝါ ကူညီပေးမယ်​ဆိုတာ သင်သား စိတ်ချ​ရင် သိလာတာ​တွေ လက်တွေ့​ကျင့်သုံးဖို့ သတ္တိ​ရှိလာမယ်။ (၁ ကောရိန္သု ၁၆:၁၃ ကို ဖတ်ပါ။) ကျမ်းစာ​သင်ပေးသူကို ကျောင်း​ဆရာ/မ​နဲ့ နှိုင်းယှဉ်​နိုင်တယ်။ ဆရာကောင်း​တစ်ယောက်ဟာ ဘာ​လုပ်ပါ​လို့ ပြောရုံ​မပြောဘဲ လုပ်နိုင်တယ်​ဆိုပြီး ကျောင်းသား ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချ​လာအောင် စိတ်ရှည်ရှည် ကူညီပေးတယ်။ အဲဒီလိုပဲ ထိရောက်တဲ့ ကျမ်းစာ​သင်ပေးသူ​ဟာ ယေဟောဝါ ဘာ​လုပ်​စေချင်တယ်​ဆိုတာပဲ သင်​မပေးဘူး။ ယေဟောဝါရဲ့ အကူအညီနဲ့ အပြောင်းအလဲတွေ လုပ်နိုင်တယ်​ဆိုပြီး သင်သား ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချ​လာအောင် ကူညီပေးတယ်။ နောက်ထပ် ဘယ်နည်းတွေနဲ့ ကူညီပေးနိုင်သလဲ။

JEHOVAH A IT SEMSEM THEIH NADINGUN HUH IN

7. A nungzuite in Jehovah a it semsem theih nadingun Jesuh in koi bangin na huh a hiam?

၇ ယေဟောဝါကို ချစ်ရင် သိလာတာတွေကို တပည့်တွေ လက်တွေ့​ကျင့်သုံး​ချင်​လာမယ်​ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် ယေဟောဝါကို ပို​ချစ်တတ်​လာ​စေ​မယ့် အကြောင်းအရာတွေ သင်ပေးလေ့​ရှိတယ်။ ဥပမာ၊ သားသမီးကို ကောင်းတာတွေ ပေး​တတ်တဲ့ ဖခင်နဲ့ ယေဟောဝါကို ယေရှု ခိုင်းနှိုင်းတယ်။ (မ. ၇:၉-၁၁) တပည့်​တချို့ဟာ မေတ္တာ​ပြည့်ဝ​တဲ့ ဖခင်​လက်အောက်မှာ ကြီးပြင်း​မလာ​ရလို့ ဖခင်​မေတ္တာ ငတ်နေ​နိုင်တယ်။ သားမိုက် ပြန်လာ​တာကို မေတ္တာနဲ့ ကြိုဆိုတဲ့ ဖခင်အကြောင်း ပုံဥပမာကို ယေရှု ပြောပြချိန်မှာ သူတို့ ဘယ်လို ခံစားရ​မလဲ မြင်ယောင်​ကြည့်ပါ။ မိမိတို့ကို ကောင်းကင်​ဘုံစံ​အဖ ယေဟောဝါ သိပ်ချစ်တယ်​ဆိုတာ သဘောပေါက်​သွား​ကြ​မှာ​ပဲ။—လု. ၁၅:၂၀-၂၄။

8. Lai Siangtho i sinpihte in Jehovah a it semsem theih nadingun koi bangin huh thei i hiam?

၈ သင်​ကော ယေဟောဝါကို သင်သား ပို​ချစ်တတ်လာဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။ ကျမ်းစာ​သင်ပေးတဲ့​အခါ ယေဟောဝါရဲ့ ဂုဏ်ရည်တော်​တွေ​အကြောင်း အလေးပေး​ပြောပြပါ။ လေ့လာနေတဲ့ အကြောင်းအရာနဲ့ ယေဟောဝါရဲ့​မေတ္တာ ဘယ်လို ဆက်စပ်​သလဲ သဘောပေါက်ဖို့ ကူညီပေးပါ။ ရွေးဖိုး​အကြောင်း လေ့လာတယ်​ဆိုပါစို့။ ကိုယ့်ကို ယေဟောဝါ ချစ်လို့ ရွေးဖိုး ပြင်ဆင်ပေးထားတယ်​ဆိုပြီး သင်သား ခံစားရအောင် ကူညီပေးပါ။ (ရော. ၅:၈။ ၁ ယော. ၄:၁၀) ယေဟောဝါ ချစ်တယ်​ဆိုတာ ခံစားမိ​ရင် ယေဟောဝါကို သင်သား ပို​ချစ်​လာနိုင်တယ်။—ဂလ. ၂:၂၀။

9. Bang in Michael a nuntak dan kikhel dingin na hanthawn a hiam?

၉ အင်ဒိုနီးရှား​နိုင်ငံက မိုက်ကယ်​အကြောင်း စဉ်းစားကြည့်ပါ။ သက်သေခံ​မိသားစုမှာ ကြီးပြင်းလာ​ပေမဲ့ နှစ်ခြင်း​မခံ​ဘူး။ အသက် ၁၈ နှစ်မှာ နိုင်ငံခြား ထွက်သွားပြီး ကုန်​ကားမောင်း​တဲ့​အလုပ် လုပ်တယ်။ နောက်တော့ အင်ဒိုနီးရှား ပြန်လာပြီး အိမ်ထောင်ပြုတယ်။ ဒါပေမဲ့ အလုပ်လုပ်ဖို့ နိုင်ငံခြား ထွက်သွား​ပြန်​တယ်။ သူ နိုင်ငံခြား ရောက်နေ​တုန်း ဇနီး​နဲ့ သမီး ကျမ်းစာ​လေ့လာပြီး တိုးတက်လာတယ်။ နောက်ပိုင်းမှာ မိခင် ဆုံးပါး​သွား​လို့ ဖခင်ကို ပြုစု​ဖို့ မိုက်ကယ် အင်ဒိုနီးရှား ပြန်လာတယ်။ ကျမ်းစာ​စလေ့လာတယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၂၇ မှာ ပါတဲ့ “ရှာဖွေလေ တွေ့ရှိလေ” အပိုင်းကို ဆွေးနွေးချိန်​မှာ တအား​စိတ်ထိမိ​သွားတယ်။ သားတော် ဝေဒနာ ခံစားရတာ​ကို ယေဟောဝါ ကြည့်ပြီး ဘယ်လောက် စိတ်​ထိခိုက်​မလဲ စဉ်းစား​လိုက်တော့ မိုက်ကယ် မျက်ရည်ကျလာတယ်။ ရွေးဖိုး​အတွက် သိပ်ကျေးဇူးတင်​လို့ ဘဝမှာ အပြောင်းအလဲတွေ လုပ်ပြီး နှစ်ခြင်းခံလိုက်တယ်။

PASIAN NASEP A THUPI PENIN A KOIH THEIH NADINGUN HUH IN

10. Taangko nasep a thupi penin a koih theih nadingun Jesuh in a nungzuite koi bangin na huh a hiam? (Luka 5:5-11) (Lim zong em in.)

၁၀ ယေရှုဟာ မေရှိယ ဖြစ်မှန်း တပည့်တွေ ချက်ချင်း အသိအမှတ်​ပြုပေမဲ့ အမှုဆောင်​လုပ်ငန်းကို ဦးစားထား​တတ်​ဖို့ လိုနေတယ်။ မိမိနောက် အချိန်ပြည့် လိုက်ဖို့ ယေရှု ဖိတ်ခေါ်ချိန်မှာ ပေတရု​နဲ့ အန္ဒြေတို့ ယေရှုတပည့် ဖြစ်နေ​တာ အချိန်​အတော်အတန် ကြာပြီ။ (မ. ၄:၁၈၊ ၁၉) ယာကုပ်၊ ယောဟန်တို့နဲ့ တွဲပြီး တံငါ​လုပ်ငန်းမှာ အောင်မြင်​နေကြတယ်။ (မာ. ၁:၁၆-၂၀) ဒါပေမဲ့ ပေတရု​နဲ့ အန္ဒြေဟာ “ပိုက်ကွန်​တွေ​ကို ချက်ချင်း ထားရစ်​ပြီး” ယေရှုနောက် အချိန်ပြည့် လိုက်ကြတယ်။ မိသားစု စားဝတ်​နေရေး​အတွက် စီစဉ်​စရာ ရှိတာ စီစဉ်​ခဲ့​မှာ​ပဲ။ အမှုဆောင်​လုပ်ငန်းကို သူတို့ ဦးစားထားဖို့ ဘာက လှုံ့ဆော်ပေးသလဲ။ ယေရှု လုပ်ပြတဲ့ အံ့ဖွယ်​အမှု​ပါ။ အဲဒီ​အံ့ဖွယ်​အမှုကို မြင်ပြီး ယေဟောဝါရဲ့ ထောက်မ​နိုင်စွမ်း​ကို သူတို့ ယုံကြည်​စိတ်ချ​သွားကြတယ်။—လုကာ ၅:၅-၁၁ ကို ဖတ်ပါ။

[စာမျက်နှာ ၂၂ မှာ ပါတဲ့ ရုပ်ပုံ]

ဘုရားရေးရာကို တပည့်တွေ ဦးစားထား​တတ်​ဖို့ ယေရှု ကူညီပေးပုံ​ကနေ ဘာသင်ယူနိုင်သလဲ (စာပိုဒ် ၁၀ ကို ကြည့်ပါ)c


11. I Lai Siangtho sinpihte a upna uh a kip nadingin bangteng genpih thei i hiam?

၁၁ ယေရှုလိုတော့ ကျွန်တော်တို့ အံ့ဖွယ်​အမှုတွေ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဘုရားရေးရာ ဦးစားထား​သူတွေကို ယေဟောဝါ ဘယ်လို ထောက်မ​ကြောင်း တွေ့ကြုံမှုတွေ ပြောပြနိုင်တယ်။ ဥပမာ၊ သင် အစည်းအဝေးတွေ စ​တက်တုန်းက ယေဟောဝါ ဘယ်လို ကူညီပေး​သလဲ မှတ်မိသလား။ အစည်းအဝေး မီ​အောင် အချိန်​နည်းနည်း စောပြီး အလုပ်ဆင်း​ခွင့်​ပေးဖို့ အလုပ်ရှင်​ဆီ တောင်းဆို​ခဲ့​ရနိုင်တယ်။ ဘုရားရေးရာ ဦးစားထား​လို့ ယေဟောဝါ ကူညီပေးတာကို မြင်တဲ့​အခါ သင့်​ယုံကြည်ခြင်း ဘယ်လို ခိုင်ခံ့လာ​ကြောင်း သင်သားကို ပြောပြပါ။

12. (a) Lai Siangtho sinpihna ah unaupihte khatkhitkhat i paipih ding ba’hang kisam a hiam? (b) I Lai Siangtho sinpihte bun taka i sinpih theih nadingin Video-te koi bangin zang thei i hiam? Gentehna pia in.

၁၂ ဘုရားရေးရာကို ဦးစားထား​တဲ့ ညီအစ်ကို/မတွေရဲ့ တွေ့ကြုံမှုတွေ​ကလည်း သင်သား​အတွက် အကျိုးရှိတယ်။ ဒါကြောင့် နောက်ခံ​အမျိုးမျိုး​က ညီအစ်ကို/မတွေကို သင်အံမှု အလှည့်ကျ ခေါ်သွားပါ။ အမှန်တရားထဲ ဘယ်လို ရောက်လာသလဲ၊ ဘုရားရေးရာကို ဦးစားထား​နိုင်ဖို့ ဘာတွေ လုပ်ခဲ့​ရသလဲ ပြောပြ​ခိုင်းပါ။ ဒါ့အပြင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်​ထဲက “ရှာဖွေလေ တွေ့ရှိလေ” အပိုင်းမှာ ပါတဲ့ ဗီဒီယိုတွေကို သင်သားနဲ့​အတူ ကြည့်ပါ။ “လေ့လာစရာ ထပ်ဖွေရှာ” အပိုင်း​ထဲက သင့်တော်တဲ့ ဗီဒီယိုတွေလည်း ကြည့်နိုင်တယ်။ ဥပမာ၊ သင်ခန်းစာ ၃၇ ဆွေးနွေးတယ်​ဆိုပါစို့။ လိုအပ်ရာကို ယေဟောဝါ ဖြည့်ဆည်းပေးမယ် ဗီဒီယိုထဲက သင်ခန်းစာ​တွေ အလေးပေး​ပြောပြပါ။

LANGPANNATE A GUALZAWH THEIH NADINGUN HUH IN

13. Jesuh in a nungzuite tungah langpannate adingin koi bangin kithawi kholsak a hiam?

၁၃ ဆန့်ကျင်မှု​တွေ​အတွက် တပည့်တွေကို ယေရှု ဘယ်လို ပြင်ဆင်​ပေးသလဲ။ တခြားသူတွေ၊ မိသားစု​ဆွေမျိုးတွေ ဆန့်ကျင်တာ​ကို ခံရနိုင်​ကြောင်း ခဏခဏ ပြောတယ်။ (မ. ၅:၁၁။ ၁၀:၂၂၊ ၃၆) အသတ်တောင် ခံရနိုင်​ကြောင်း မိမိ မသေဆုံးခင်လေးမှာ သတိပေးတယ်။ (မ. ၂၄:၉။ ယော. ၁၅:၂၀။ ၁၆:၂) သတိ​ကြီးကြီး ထားပြီး ဟောပြောဖို့ တိုက်တွန်းတယ်။ ဆန့်ကျင်သူတွေ​နဲ့ အချေအတင် မပြောဖို့၊ ဆက်​ဟောပြောနိုင်အောင် ပါးနပ်မှု ရှိဖို့ အကြံပေးတယ်။

14. Langpannate adingin i Lai Siangtho sinpihte koi bangin kithawi kholsak thei ding i hiam? (2 Timoti 3:12)

၁၄ ဆန့်ကျင်မှု​တွေ​အတွက် သင်သားကို ဘယ်လို ပြင်ဆင်​ပေးနိုင်သလဲ။ အလုပ်ဖော်၊ သူငယ်ချင်း၊ မိသားစု​ဆွေမျိုးတွေ ဘယ်လို ပြောဆို​ဆက်ဆံ​လာနိုင်​ကြောင်း ပြောပြ​ထားပါ။ (၂ တိမောသေ ၃:၁၂ ကို ဖတ်ပါ။) ကျမ်းစာ​သွန်သင်ချက်တွေ​အတိုင်း နေထိုင်တာကို အလုပ်ဖော်​တချို့ လှောင်ပြောင်​လာနိုင်တယ်။ ကျမ်းစာ​သွန်သင်ချက်တွေကို မိသားစုဝင်တွေက​အစ အပြစ်ရှာ​လာနိုင်တယ်။ ဆန့်ကျင်​ခံရတဲ့​အခါ ဘယ်လို တုံ့ပြန်​ရမလဲ​ဆိုတာနဲ့ပတ်သက်ပြီး စောနိုင်သမျှ​စောစော ပြင်ဆင်ပေးထား​ရင် ရင်ဆိုင်ဖို့ သင်သား အဆင်သင့်​ဖြစ်နေ​မယ်။

15. I Lai Siangtho sinpihte in innkuanpihte’ langpanna a thuakzawh nadingun koi bangin huh thei ding i hiam?

၁၅ မိသားစု​ဆန့်ကျင်မှုကို သင်သား ခံရပ်နိုင်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။ မိသားစုဝင်တွေ ဘာကြောင့် ဆန့်ကျင်တာ ဖြစ်မလဲ​ဆိုပြီး သင်သားကို စဉ်းစား​ကြည့်​ခိုင်းပါ။ အယူ​လွဲသွားပြီ​လို့ ထင်​နေ​ကြ​လို့​လား ဒါမှမဟုတ် ယေဟောဝါ​သက်သေတွေကို အမြင်​စောင်း​နေ​ကြ​လို့​လား။ ယေရှု​တောင် မိသားစု​ရင်းချာတွေ ဆန့်ကျင်တာ ခံရတဲ့​အကြောင်း သင်သားကို ပြောပြပါ။ (မာ. ၃:၂၁။ ယော. ၇:၅) ဆန့်ကျင်​ခံရတဲ့​အခါ သည်းခံ​ဖို့၊ ပါးနပ်မှု ရှိဖို့ သင်ပေးပါ။

16. I Lai Siangtho sinpihte in a upna uh pilvang taka a gensiam theih nadingin koi bangin huh thei ding i hiam?

၁၆ မိသားစုဝင်တွေ စိတ်ဝင်တစား မေးမြန်း​လာ​ရင်တောင် သိသမျှ တစ်ထိုင်တည်း မပြော​တာ ကောင်းတယ်။ သိသမျှ တစ်ထိုင်တည်း ပြောရင် မိသားစုဝင်တွေ နားလျှံ​သွားမယ်။ ယုံကြည်ချက်​အကြောင်း နောက်တစ်ခါ စကား​မစ​ရဲ​ဘဲ ဖြစ်သွားမယ်။ ဒါကြောင့် လိုရင်း​တိုရှင်း​ပဲ ရှင်းပြ​ခိုင်းပါ။ ဒါဆိုရင် သူတို့ နောက်တစ်ခါ ထပ်​နားထောင်ချင်​နိုင်တယ်။ (ကော. ၄:၆) ယေဟောဝါ​သက်သေတွေ​အကြောင်း သူတို့ အချိန်​ရှိရင် ရှိသလို နိုင်သလောက် လေ့လာနိုင်အောင် jw.org ဝက်ဘ်ဆိုက် ဝင်ကြည့်​ခိုင်း​ဖို့ သင်သားကို ပြောပါ။

17. Mite’n Jehovah tecite thu adot uh ciang, i Lai Siangtho sinpihte in a dawnkik theih nadingin koi bangin sinsak thei i hiam? (Lim zong en in.)

၁၇ မိသားစုဝင်တွေ၊ အလုပ်ဖော်​တွေ မေးလာနိုင်တဲ့ မေးခွန်းတွေကို သင်သား ရိုးရိုး​ရှင်းရှင်း ဖြေ​တတ်​အောင် jw.org မှာ ရှိတဲ့ “ယေဟောဝါ​သက်သေတွေ​နဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ” ဆိုတဲ့​အပိုင်းကို သုံးပါ။ (၂ တိ. ၂:၂၄၊ ၂၅) ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်​ရဲ့ သင်ခန်းစာ အဆုံး​တိုင်း​မှာ ပါတဲ့ “လူတချို့ အဆို၊” “လူတချို့ အမေး” အပိုင်းကို သုံးပြီး ရှင်းပြ​တတ်​သလို အစမ်း​ရှင်းပြ​ခိုင်းပါ။ လိုအပ်ရင် အကြံ​ပေးပါ။ ဒီလို​လေ့ကျင့်ပေး​ထား​ရင် ကိုယ့်​ယုံကြည်ချက်​အကြောင်း သင်သား ရဲရဲ​ဝံ့ဝံ့ ရှင်းပြ​တတ်လာမယ်။

[စာမျက်နှာ ၂၄ မှာ ပါတဲ့ ရုပ်ပုံ]

အမှုဆောင်လုပ်ငန်းမှာ ပါဝင်နိုင်ဖို့ သင်သားကို ကြိုတင်​လေ့ကျင့်ပေးပါ (စာပိုဒ် ၁၇ ကို ကြည့်ပါ)d


18. I Lai Siangtho sinpihte taangko nasepna ah a kihel nadingun koi bangin tha pia thei i hiam? (Matthai 10:27)

၁၈ အမှုဆောင်​လုပ်ငန်းမှာ ပါဝင်ဖို့ တပည့်တွေကို ယေရှု တိုက်တွန်းတယ်။ (မဿဲ ၁၀:၂၇ ကို ဖတ်ပါ။) အမှုဆောင်​လုပ်ငန်းမှာ သင်သား စောစော ပါဝင်​လေ ယေဟောဝါ ကူညီပေးတာကို စောစော ခံစားရ​လေ၊ ယေဟောဝါကို ပို​အားကိုး​တတ်​လေ ဖြစ်မယ်။ ကြေညာသူ ပန်းတိုင်​ထားဖို့ သင်သားကို ဘယ်လို ကူညီပေးနိုင်သလဲ။ အောက်မေ့ရာ​ကင်ပိန်း ဒါမှမဟုတ် ခရိုင်​အစည်းအဝေး​ကင်ပိန်း ရှိတယ်​ဆိုရင် ကြေညာသူ စ​လုပ်ဖို့ အခွင့်ကောင်း​ပဲ​ဆိုတာ သင်သားကို ပြောပြပါ။ ကင်ပိန်း ရှိတုန်း ကြေညာသူ စ​လုပ်တာ ဘာကြောင့် ပို​လွယ်​သလဲ ရှင်းပြပါ။ ကြေညာသူ​အဖြစ် အရည်အချင်း ပြည့်မီလာအောင် ဘာတွေ လုပ်ဖို့ လိုသလဲ စဉ်းစား​ခိုင်းပါ။ ကြားရက်​အစည်းအဝေးမှာ ကျောင်းသား​တာဝန် လုပ်ဖို့လည်း ပန်းတိုင်​ထား​ခိုင်းပါ။ တာဝန်တွေ​အတွက် သူ ပြင်ဆင်​ရင်း ကိုယ့်​ယုံကြည်ချက်​အကြောင်း ပို​ရှင်းပြ​တတ်​လာနိုင်တယ်။

LAI SIANGTHO NA SINPIHTE NA MUAN LAM LAK IN

19. Jesuh in a nungzuite a muan lam koi bangin lakkhia a hiam? Koi bangin Jesuh etteh thei i hiam?

၁၉ တပည့်တွေကို ယုံကြည်စိတ်ချ​ကြောင်း ယေရှု ဘယ်လို ပြသလဲ။ တစ်နေ့ကျရင် သူတို့နဲ့ ပြန်​ဆုံစည်း​မယ့်​အကြောင်း ယေရှု မသေဆုံးခင်​မှာ ပြောတယ်။ ကောင်းကင်​သွား​ရမယ့်​အကြောင်း ပြော​နေမှန်း သူတို့ သဘော​မပေါက်​ကြ​ဘူး။ သဘော​မပေါက်​သေး​တဲ့ အကြောင်းအရာတွေ ရှိပေမဲ့ သူတို့ သစ္စာ​ရှိကြမယ်​ဆိုတာ ယေရှု သိတယ်။ (ယော. ၁၄:၁-၅၊ ၈) ကောင်းကင်​မျှော်လင့်ချက်​လို​မျိုး အကြောင်းအရာတွေကို သဘောပေါက်ဖို့ အချိန်​လိုမှန်း အသိအမှတ်​ပြုတယ်။ (ယော. ၁၆:၁၂) ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ သင်သား​မှာ ယေဟောဝါရဲ့ နှစ်သက်မှု ရချင်တဲ့​ဆန္ဒ ရှိတယ်​ဆိုတာ ယုံကြည်​စိတ်ချ​ကြောင်း ပြနိုင်တယ်။

အမှုဆောင်လုပ်ငန်းမှာ သင်သား စောစော ပါဝင်​လေ ယေဟောဝါ ကူညီပေးတာကို စောစော ခံစားရ​လေ၊ ယေဟောဝါကို ပို​အားကိုး​တတ်​လေ ဖြစ်မယ်

20. Malawi gam a unaunu khatin a Lai Siangtho sinpih tungah a muan lam koi bang in lak a hiam?

၂၀ သင်သား မှန်ရာ လုပ်ချင်​မှာ​ပါ​ဆိုတဲ့ မျှော်လင့်ချက် ကျွန်တော်တို့မှာ အမြဲ ရှိရမယ်။ မာလာဝီ​နိုင်ငံက ညီအစ်မ ချီဖွန်ဒို​အကြောင်း စဉ်းစားကြည့်ပါ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သုံးပြီး အယ်လ်မာb လို့ ခေါ်တဲ့ ကက်သလစ်​မိန်းကလေးကို ကျမ်းစာ​သင်ပေးတယ်။ သင်ခန်းစာ ၁၄ ဆွေးနွေးပြီးနောက် ဝတ်ပြုရေးမှာ ရုပ်တု​အသုံးပြုတာကို ဘယ်လို မြင်သလဲ​လို့ မေးတယ်။ “ဒါကတော့ ကိုယ့်​ရွေးချယ်မှု​ပဲ” ဆိုပြီး အယ်လ်မာ ဘုဆတ်ဆတ် ဖြေတယ်။ သူ ကျမ်းစာ​သင်အံမှု ရပ်လိုက်​တော့​မလားလို့ ချီဖွန်ဒို စိတ်ပူသွားတယ်။ ဒါပေမဲ့ တစ်နေ့ကျရင် သူ အမြင်မှန် ရလာ​မှာ​ပါ​ဆိုတဲ့ မျှော်လင့်ချက်​နဲ့ စိတ်ရှည်ရှည်​ထားပြီး ကျမ်းစာ​ဆက်သင်ပေးတယ်။ လအနည်းငယ်​ကြာတော့ ကျမ်းစာ​လေ့လာတာ သင်ခန်းစာ ၃၄ အထိ ရောက်လာ​ပြီ။ အဲဒီ​သင်ခန်းစာ​ထဲက “ကျမ်းစာနဲ့ စစ်မှန်တဲ့​ဘုရား ယေဟောဝါ​အကြောင်း လေ့လာတဲ့​အတွက် ဘာအကျိုး​ခံစားခဲ့​ရပြီ​လဲ” ဆိုတဲ့ မေးခွန်းကို ချီဖွန်ဒို မေးတယ်။ “သဘောကျတဲ့ အချက်​တော်တော်များများ အယ်လ်မာ ဖြေတယ်။ တစ်ချက်​အနေနဲ့ ကျမ်းစာမှာ မှားတယ်လို့ ပြော​ထားတာ ဘာကိုမှ ယေဟောဝါ​သက်သေတွေ မလုပ်တာ​ကို သဘောကျတယ်​တဲ့” ဆိုပြီး အယ်လ်မာ​ရဲ့​အဖြေကို ချီဖွန်ဒို ပြန်ပြောတယ်။ သိပ်မကြာခင်​မှာတော့ ရုပ်တုတွေ အယ်လ်မာ မသုံးတော့ဘူး။ နှစ်ခြင်းခံတဲ့​အထိ တိုးတက်လာတယ်။

21. I Lai Siangtho sinpihte thuman thutak lamah a kip theih nadingun koi bangin huh thei i hiam?

၂၁ “အပင်ကို ကြီးထွားစေ” သူဟာ ယေဟောဝါ ဖြစ်တယ်။ ဒါပေမဲ့ ကျမ်းစာသင်သား​တစ်ယောက် တိုးတက်လာဖို့ တစ်ထောင့်​တစ်နေရာ​ကနေ ကျွန်တော်တို့ ကူညီပေးကြတယ်။ (၁ ကော. ၃:၇) ယေဟောဝါ ဘာ​လုပ်​စေချင်တယ်​ဆိုတာပဲ သင်​မပေးကြဘူး။ ယေဟောဝါကို ပို​ချစ်တတ်လာဖို့ ကူညီပေးကြတယ်။ ဘုရားရေးရာကို ဦးစားထားခြင်း​အားဖြင့် ယေဟောဝါကို ချစ်ကြောင်း သက်သေ​ပြဖို့ အားပေးကြတယ်။ ဆန့်ကျင်​ခံရတဲ့​အခါ ယေဟောဝါကို အားကိုးတတ်ဖို့ သင်ပေးကြတယ်။ ဘုရား​စံနှုန်းတွေ​အတိုင်း သူ နေထိုင်နိုင်တယ်၊ အမှန်တရား​ဘက် ရပ်​တည်နိုင်တယ်​ဆိုတာ ကျွန်တော်တို့ စိတ်ချကြောင်း ပြတဲ့​အခါ သူ့ကိုယ်သူ​လည်း စိတ်ချလာမယ်။

NANGH BANGCI DAWNG DING?

  • Khantoh ding a kikhaktansak nate a tel theih nadingun i Lai Siangtho sinpihte koi bangin huh thei ding i hiam?

  • I Lai Siangtho sinpihte in Jehovah a it semsem theih nadingun koi bangin huh thei i hiam?

  • I Lai Siangtho sinpihte in Pasian nasep a thupi penin a koih theih nadingun koi bangin huh thei ding i hiam?

LA 55 သူတို့ကို မကြောက်နဲ့

a ယေရှုနဲ့ တွေ့ပြီး နှစ်နှစ်ခွဲ ကြာတဲ့​အထိ နိကောဒင်​ဟာ ဂျူး​တရားရုံးချုပ် အဖွဲ့ဝင် ဖြစ်​နေတုန်းပဲ။ (ယော. ၇:၄၅-၅၂) သမိုင်း​ပညာရှင်​တချို့​အဆို​အရ နိကောဒင်​ဟာ ယေရှု သေဆုံးပြီးနောက်​မှ တပည့်​ဖြစ်လာတယ်။—ယော. ၁၉:၃၈-၄၀။

b အမည်လွှဲ။

c ပုံအညွှန်း– ယေရှုနောက် လိုက်ဖို့ ပေတရု​နဲ့ တံငါသည်​ရောင်းရင်း​တွေ တံငါ​လုပ်ငန်းကို ထားရစ်​ခဲ့။

d ပုံအညွှန်း– အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ သင်သားကို ညီအစ်မ​တစ်ယောက် လေ့ကျင့်ပေးနေ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ