SIN DING THU 27
LA 79 ကြံ့ကြံ့ခံရပ်တည်နိုင်အောင် သင်ပေးပါ
Lai Siangtho A Sinte Thuman Thutak Lamah A Kip Theih Nadingun Huh In
“Na upna uh ah kip unla, thahatin hang un.”—1 KOR. 16:13.
အာရုံစိုက်ရာ
ကျမ်းစာသင်သားတွေ အမှန်တရားဘက် ရပ်တည်ဖို့ လိုအပ်တဲ့ ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိ ရှိလာအောင် ဘယ်လို ကူညီပေးနိုင်သလဲ။
1-2. (a) Pawlkhat Lai Siangtho a sinte ba’hang thuman thutak lamah kip takin om ngam lo uh a hiam? (b) Hih sin ding thu ah bang thu kikum ding i hiam?
ယေဟောဝါသက်သေ လုပ်ဖို့ သင် တွန့်ဆုတ်ခဲ့သလား။ အလုပ်ဖော်၊ သူငယ်ချင်း၊ မိသားစုဝင်တွေ ဆန့်ကျင်မှာ ကြောက်လို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဘုရားစံနှုန်းတွေအတိုင်း မနေထိုင်နိုင်မှာ စိုးရိမ်လို့ ဖြစ်နိုင်တယ်။ ဒါဆိုရင် အမှန်တရားဘက် ရပ်တည်ဖို့ တွန့်ဆုတ်နေပုံရတဲ့ ကျမ်းစာသင်သားတွေကို သင် စာနာပေးနိုင်မှာပါ။
၂ စိုးရိမ်ကြောက်ရွံ့စိတ်ကြောင့် ဘုရားရေးရာမှာ မတိုးတက်တာမျိုး ဖြစ်နိုင်မှန်း ယေရှု သိတယ်။ (မ. ၁၃:၂၀-၂၂) ဒါပေမဲ့ မိမိနောက် လိုက်ဖို့ တွန့်ဆုတ်သူတွေကို လက်မလျှော့တမ်း ကူညီပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။ (၁) ဘာတွေ ဟန့်တားနေလို့ မတိုးတက်သလဲဆိုတာ သဘောပေါက်ဖို့၊ (၂) ယေဟောဝါကို ပိုချစ်တတ်လာဖို့၊ (၃) ဘုရားရေးရာကို ဦးစားထားတတ်ဖို့၊ (၄) ဆန့်ကျင်မှုတွေကို ရင်ဆိုင်တတ်ဖို့ ကူညီပေးတယ်။ ကျွန်တော်တို့ကော ကျမ်းစာသင်သား အမှန်တရားဘက် ရပ်တည်နိုင်အောင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သုံးပြီး ကူညီပေးရာမှာ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။
KHANTOH NADING A KIKHAKTAN NATE A TEL THEIH NADINGUN HUH IN
3. Jesuh nungzui a suah nadingin bang in Nikodemas na khaktan a hiam?
၃ ဂျူးတရားရုံးချုပ် အဖွဲ့ဝင် နိကောဒင်အကြောင်း စဉ်းစားကြည့်ပါ။ ယေရှု အမှုဆောင်လုပ်ငန်း စတင်တာ ခြောက်လလောက်ပဲ ရှိသေးပေမဲ့ ယေရှုဟာ ဘုရားသခင် စေလွှတ်တဲ့သူ ဖြစ်မှန်း နိကောဒင် သိနေပြီ။ (ယော. ၃:၁၊ ၂) ဒါပေမဲ့ “ဂျူးတွေကို ကြောက်တဲ့အတွက်” ယေရှုဆီ ညအချိန်မှ လာတတ်တယ်။ (ယော. ၇:၁၃။ ၁၂:၄၂) ယေရှုတပည့် လုပ်ဖို့ ဘာက ဟန့်တားနေသလဲ။ ရာထူး၊ ဂုဏ်ဒြပ်တွေ လက်လွှတ်ဆုံးရှုံးရမှာ ကြောက်တဲ့စိတ် ဖြစ်နိုင်တယ်။a
4. Jehovah in a sepsaknopna Nikodemas a tel theih nadingin Jesuh in koi bangin na huh a hiam?
၄ နိကောဒင်ဟာ ပညတ်တရား နှံ့စပ်ပေမဲ့ မိမိကို ယေဟောဝါ ဘာလုပ်စေချင်တယ်ဆိုတာ သဘောပေါက်ဖို့ လိုတယ်။ ယေရှု ဘယ်လို ကူညီပေးသလဲ။ ညအချိန်မှ နိကောဒင် လာတာကို မငြိုငြင်ဘဲ အချိန်အများကြီး ပေးတယ်။ မိမိတပည့် ဖြစ်နိုင်ဖို့ ဘာလုပ်ရမလဲ ရှင်းရှင်းလင်းလင်း ပြောပြတယ်။ နိကောဒင် ဘာလုပ်ရမလဲ။ နောင်တယူရမယ်။ နှစ်ခြင်းခံရမယ်။ ဘုရားသခင့်သားတော်ကို ယုံကြည်သက်ဝင်ရမယ်။—ယော. ၃:၅၊ ၁၄-၂၁။
5. Khantoh ding a kizekaisak thei nate i Lai Siangtho sinpihte in a tel theih nadingin koi bangin huh thei i hiam?
၅ ဘာသင်ခန်းစာ ရသလဲ။ ကျမ်းစာသင်သားတစ်ယောက် အတော်လေး ကျမ်းစာနှံ့စပ်တယ်ဆိုရင်တောင် ဘာတွေ ဟန့်တားနေလို့ မတိုးတက်သလဲဆိုတာ သူကိုယ်တိုင် သဘောပေါက်ဖို့ လိုနိုင်တယ်။ ဥပမာ၊ အချိန်အများကြီး ပေးရတဲ့အလုပ် လုပ်နေရလို့လား၊ မိသားစု ဆန့်ကျင်လို့လား။ နိကောဒင်ကို ယေရှု အချိန်ပေးသလို သင်လည်း သင်သားကို အချိန်ပေးပါ။ လက်ဖက်ရည်ဆိုင် ခေါ်ထိုင်တာမျိုး လုပ်ကြည့်ပါ။ ပေါ့ပေါ့ပါးပါး စကားပြောရင်း သူ ရင်ဖွင့်လာလို့ သူ့အခက်အခဲတွေ သင် သိလာနိုင်တယ်။ အပြောင်းအလဲတချို့ ဘယ်လို လုပ်နိုင်တယ်ဆိုတာ ပြောပြပါ။ ဒါပေမဲ့ သင့်ကို စိတ်ချမ်းသာစေချင်လို့ မဟုတ်ဘဲ ယေဟောဝါဘုရားကို ချစ်လို့ ပြောင်းလဲတာ ဖြစ်သင့်ကြောင်း သတိပေးပါ။
6. I Lai Siangtho sinpihte in a theihkhiat uh thute hangsan taka a nuntakpih theih nadingun koi bangin huh thei ding i hiam? (1 Korin 16:13)
၆ ကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ သင်သား စိတ်ချရင် သိလာတာတွေ လက်တွေ့ကျင့်သုံးဖို့ သတ္တိရှိလာမယ်။ (၁ ကောရိန္သု ၁၆:၁၃ ကို ဖတ်ပါ။) ကျမ်းစာသင်ပေးသူကို ကျောင်းဆရာ/မနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဆရာကောင်းတစ်ယောက်ဟာ ဘာလုပ်ပါလို့ ပြောရုံမပြောဘဲ လုပ်နိုင်တယ်ဆိုပြီး ကျောင်းသား ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလာအောင် စိတ်ရှည်ရှည် ကူညီပေးတယ်။ အဲဒီလိုပဲ ထိရောက်တဲ့ ကျမ်းစာသင်ပေးသူဟာ ယေဟောဝါ ဘာလုပ်စေချင်တယ်ဆိုတာပဲ သင်မပေးဘူး။ ယေဟောဝါရဲ့ အကူအညီနဲ့ အပြောင်းအလဲတွေ လုပ်နိုင်တယ်ဆိုပြီး သင်သား ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလာအောင် ကူညီပေးတယ်။ နောက်ထပ် ဘယ်နည်းတွေနဲ့ ကူညီပေးနိုင်သလဲ။
JEHOVAH A IT SEMSEM THEIH NADINGUN HUH IN
7. A nungzuite in Jehovah a it semsem theih nadingun Jesuh in koi bangin na huh a hiam?
၇ ယေဟောဝါကို ချစ်ရင် သိလာတာတွေကို တပည့်တွေ လက်တွေ့ကျင့်သုံးချင်လာမယ်ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် ယေဟောဝါကို ပိုချစ်တတ်လာစေမယ့် အကြောင်းအရာတွေ သင်ပေးလေ့ရှိတယ်။ ဥပမာ၊ သားသမီးကို ကောင်းတာတွေ ပေးတတ်တဲ့ ဖခင်နဲ့ ယေဟောဝါကို ယေရှု ခိုင်းနှိုင်းတယ်။ (မ. ၇:၉-၁၁) တပည့်တချို့ဟာ မေတ္တာပြည့်ဝတဲ့ ဖခင်လက်အောက်မှာ ကြီးပြင်းမလာရလို့ ဖခင်မေတ္တာ ငတ်နေနိုင်တယ်။ သားမိုက် ပြန်လာတာကို မေတ္တာနဲ့ ကြိုဆိုတဲ့ ဖခင်အကြောင်း ပုံဥပမာကို ယေရှု ပြောပြချိန်မှာ သူတို့ ဘယ်လို ခံစားရမလဲ မြင်ယောင်ကြည့်ပါ။ မိမိတို့ကို ကောင်းကင်ဘုံစံအဖ ယေဟောဝါ သိပ်ချစ်တယ်ဆိုတာ သဘောပေါက်သွားကြမှာပဲ။—လု. ၁၅:၂၀-၂၄။
8. Lai Siangtho i sinpihte in Jehovah a it semsem theih nadingun koi bangin huh thei i hiam?
၈ သင်ကော ယေဟောဝါကို သင်သား ပိုချစ်တတ်လာဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။ ကျမ်းစာသင်ပေးတဲ့အခါ ယေဟောဝါရဲ့ ဂုဏ်ရည်တော်တွေအကြောင်း အလေးပေးပြောပြပါ။ လေ့လာနေတဲ့ အကြောင်းအရာနဲ့ ယေဟောဝါရဲ့မေတ္တာ ဘယ်လို ဆက်စပ်သလဲ သဘောပေါက်ဖို့ ကူညီပေးပါ။ ရွေးဖိုးအကြောင်း လေ့လာတယ်ဆိုပါစို့။ ကိုယ့်ကို ယေဟောဝါ ချစ်လို့ ရွေးဖိုး ပြင်ဆင်ပေးထားတယ်ဆိုပြီး သင်သား ခံစားရအောင် ကူညီပေးပါ။ (ရော. ၅:၈။ ၁ ယော. ၄:၁၀) ယေဟောဝါ ချစ်တယ်ဆိုတာ ခံစားမိရင် ယေဟောဝါကို သင်သား ပိုချစ်လာနိုင်တယ်။—ဂလ. ၂:၂၀။
9. Bang in Michael a nuntak dan kikhel dingin na hanthawn a hiam?
၉ အင်ဒိုနီးရှားနိုင်ငံက မိုက်ကယ်အကြောင်း စဉ်းစားကြည့်ပါ။ သက်သေခံမိသားစုမှာ ကြီးပြင်းလာပေမဲ့ နှစ်ခြင်းမခံဘူး။ အသက် ၁၈ နှစ်မှာ နိုင်ငံခြား ထွက်သွားပြီး ကုန်ကားမောင်းတဲ့အလုပ် လုပ်တယ်။ နောက်တော့ အင်ဒိုနီးရှား ပြန်လာပြီး အိမ်ထောင်ပြုတယ်။ ဒါပေမဲ့ အလုပ်လုပ်ဖို့ နိုင်ငံခြား ထွက်သွားပြန်တယ်။ သူ နိုင်ငံခြား ရောက်နေတုန်း ဇနီးနဲ့ သမီး ကျမ်းစာလေ့လာပြီး တိုးတက်လာတယ်။ နောက်ပိုင်းမှာ မိခင် ဆုံးပါးသွားလို့ ဖခင်ကို ပြုစုဖို့ မိုက်ကယ် အင်ဒိုနီးရှား ပြန်လာတယ်။ ကျမ်းစာစလေ့လာတယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၂၇ မှာ ပါတဲ့ “ရှာဖွေလေ တွေ့ရှိလေ” အပိုင်းကို ဆွေးနွေးချိန်မှာ တအားစိတ်ထိမိသွားတယ်။ သားတော် ဝေဒနာ ခံစားရတာကို ယေဟောဝါ ကြည့်ပြီး ဘယ်လောက် စိတ်ထိခိုက်မလဲ စဉ်းစားလိုက်တော့ မိုက်ကယ် မျက်ရည်ကျလာတယ်။ ရွေးဖိုးအတွက် သိပ်ကျေးဇူးတင်လို့ ဘဝမှာ အပြောင်းအလဲတွေ လုပ်ပြီး နှစ်ခြင်းခံလိုက်တယ်။
PASIAN NASEP A THUPI PENIN A KOIH THEIH NADINGUN HUH IN
10. Taangko nasep a thupi penin a koih theih nadingun Jesuh in a nungzuite koi bangin na huh a hiam? (Luka 5:5-11) (Lim zong em in.)
၁၀ ယေရှုဟာ မေရှိယ ဖြစ်မှန်း တပည့်တွေ ချက်ချင်း အသိအမှတ်ပြုပေမဲ့ အမှုဆောင်လုပ်ငန်းကို ဦးစားထားတတ်ဖို့ လိုနေတယ်။ မိမိနောက် အချိန်ပြည့် လိုက်ဖို့ ယေရှု ဖိတ်ခေါ်ချိန်မှာ ပေတရုနဲ့ အန္ဒြေတို့ ယေရှုတပည့် ဖြစ်နေတာ အချိန်အတော်အတန် ကြာပြီ။ (မ. ၄:၁၈၊ ၁၉) ယာကုပ်၊ ယောဟန်တို့နဲ့ တွဲပြီး တံငါလုပ်ငန်းမှာ အောင်မြင်နေကြတယ်။ (မာ. ၁:၁၆-၂၀) ဒါပေမဲ့ ပေတရုနဲ့ အန္ဒြေဟာ “ပိုက်ကွန်တွေကို ချက်ချင်း ထားရစ်ပြီး” ယေရှုနောက် အချိန်ပြည့် လိုက်ကြတယ်။ မိသားစု စားဝတ်နေရေးအတွက် စီစဉ်စရာ ရှိတာ စီစဉ်ခဲ့မှာပဲ။ အမှုဆောင်လုပ်ငန်းကို သူတို့ ဦးစားထားဖို့ ဘာက လှုံ့ဆော်ပေးသလဲ။ ယေရှု လုပ်ပြတဲ့ အံ့ဖွယ်အမှုပါ။ အဲဒီအံ့ဖွယ်အမှုကို မြင်ပြီး ယေဟောဝါရဲ့ ထောက်မနိုင်စွမ်းကို သူတို့ ယုံကြည်စိတ်ချသွားကြတယ်။—လုကာ ၅:၅-၁၁ ကို ဖတ်ပါ။
ဘုရားရေးရာကို တပည့်တွေ ဦးစားထားတတ်ဖို့ ယေရှု ကူညီပေးပုံကနေ ဘာသင်ယူနိုင်သလဲ (စာပိုဒ် ၁၀ ကို ကြည့်ပါ)c
11. I Lai Siangtho sinpihte a upna uh a kip nadingin bangteng genpih thei i hiam?
၁၁ ယေရှုလိုတော့ ကျွန်တော်တို့ အံ့ဖွယ်အမှုတွေ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဘုရားရေးရာ ဦးစားထားသူတွေကို ယေဟောဝါ ဘယ်လို ထောက်မကြောင်း တွေ့ကြုံမှုတွေ ပြောပြနိုင်တယ်။ ဥပမာ၊ သင် အစည်းအဝေးတွေ စတက်တုန်းက ယေဟောဝါ ဘယ်လို ကူညီပေးသလဲ မှတ်မိသလား။ အစည်းအဝေး မီအောင် အချိန်နည်းနည်း စောပြီး အလုပ်ဆင်းခွင့်ပေးဖို့ အလုပ်ရှင်ဆီ တောင်းဆိုခဲ့ရနိုင်တယ်။ ဘုရားရေးရာ ဦးစားထားလို့ ယေဟောဝါ ကူညီပေးတာကို မြင်တဲ့အခါ သင့်ယုံကြည်ခြင်း ဘယ်လို ခိုင်ခံ့လာကြောင်း သင်သားကို ပြောပြပါ။
12. (a) Lai Siangtho sinpihna ah unaupihte khatkhitkhat i paipih ding ba’hang kisam a hiam? (b) I Lai Siangtho sinpihte bun taka i sinpih theih nadingin Video-te koi bangin zang thei i hiam? Gentehna pia in.
၁၂ ဘုရားရေးရာကို ဦးစားထားတဲ့ ညီအစ်ကို/မတွေရဲ့ တွေ့ကြုံမှုတွေကလည်း သင်သားအတွက် အကျိုးရှိတယ်။ ဒါကြောင့် နောက်ခံအမျိုးမျိုးက ညီအစ်ကို/မတွေကို သင်အံမှု အလှည့်ကျ ခေါ်သွားပါ။ အမှန်တရားထဲ ဘယ်လို ရောက်လာသလဲ၊ ဘုရားရေးရာကို ဦးစားထားနိုင်ဖို့ ဘာတွေ လုပ်ခဲ့ရသလဲ ပြောပြခိုင်းပါ။ ဒါ့အပြင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ထဲက “ရှာဖွေလေ တွေ့ရှိလေ” အပိုင်းမှာ ပါတဲ့ ဗီဒီယိုတွေကို သင်သားနဲ့အတူ ကြည့်ပါ။ “လေ့လာစရာ ထပ်ဖွေရှာ” အပိုင်းထဲက သင့်တော်တဲ့ ဗီဒီယိုတွေလည်း ကြည့်နိုင်တယ်။ ဥပမာ၊ သင်ခန်းစာ ၃၇ ဆွေးနွေးတယ်ဆိုပါစို့။ လိုအပ်ရာကို ယေဟောဝါ ဖြည့်ဆည်းပေးမယ် ဗီဒီယိုထဲက သင်ခန်းစာတွေ အလေးပေးပြောပြပါ။
LANGPANNATE A GUALZAWH THEIH NADINGUN HUH IN
13. Jesuh in a nungzuite tungah langpannate adingin koi bangin kithawi kholsak a hiam?
၁၃ ဆန့်ကျင်မှုတွေအတွက် တပည့်တွေကို ယေရှု ဘယ်လို ပြင်ဆင်ပေးသလဲ။ တခြားသူတွေ၊ မိသားစုဆွေမျိုးတွေ ဆန့်ကျင်တာကို ခံရနိုင်ကြောင်း ခဏခဏ ပြောတယ်။ (မ. ၅:၁၁။ ၁၀:၂၂၊ ၃၆) အသတ်တောင် ခံရနိုင်ကြောင်း မိမိ မသေဆုံးခင်လေးမှာ သတိပေးတယ်။ (မ. ၂၄:၉။ ယော. ၁၅:၂၀။ ၁၆:၂) သတိကြီးကြီး ထားပြီး ဟောပြောဖို့ တိုက်တွန်းတယ်။ ဆန့်ကျင်သူတွေနဲ့ အချေအတင် မပြောဖို့၊ ဆက်ဟောပြောနိုင်အောင် ပါးနပ်မှု ရှိဖို့ အကြံပေးတယ်။
14. Langpannate adingin i Lai Siangtho sinpihte koi bangin kithawi kholsak thei ding i hiam? (2 Timoti 3:12)
၁၄ ဆန့်ကျင်မှုတွေအတွက် သင်သားကို ဘယ်လို ပြင်ဆင်ပေးနိုင်သလဲ။ အလုပ်ဖော်၊ သူငယ်ချင်း၊ မိသားစုဆွေမျိုးတွေ ဘယ်လို ပြောဆိုဆက်ဆံလာနိုင်ကြောင်း ပြောပြထားပါ။ (၂ တိမောသေ ၃:၁၂ ကို ဖတ်ပါ။) ကျမ်းစာသွန်သင်ချက်တွေအတိုင်း နေထိုင်တာကို အလုပ်ဖော်တချို့ လှောင်ပြောင်လာနိုင်တယ်။ ကျမ်းစာသွန်သင်ချက်တွေကို မိသားစုဝင်တွေကအစ အပြစ်ရှာလာနိုင်တယ်။ ဆန့်ကျင်ခံရတဲ့အခါ ဘယ်လို တုံ့ပြန်ရမလဲဆိုတာနဲ့ပတ်သက်ပြီး စောနိုင်သမျှစောစော ပြင်ဆင်ပေးထားရင် ရင်ဆိုင်ဖို့ သင်သား အဆင်သင့်ဖြစ်နေမယ်။
15. I Lai Siangtho sinpihte in innkuanpihte’ langpanna a thuakzawh nadingun koi bangin huh thei ding i hiam?
၁၅ မိသားစုဆန့်ကျင်မှုကို သင်သား ခံရပ်နိုင်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။ မိသားစုဝင်တွေ ဘာကြောင့် ဆန့်ကျင်တာ ဖြစ်မလဲဆိုပြီး သင်သားကို စဉ်းစားကြည့်ခိုင်းပါ။ အယူလွဲသွားပြီလို့ ထင်နေကြလို့လား ဒါမှမဟုတ် ယေဟောဝါသက်သေတွေကို အမြင်စောင်းနေကြလို့လား။ ယေရှုတောင် မိသားစုရင်းချာတွေ ဆန့်ကျင်တာ ခံရတဲ့အကြောင်း သင်သားကို ပြောပြပါ။ (မာ. ၃:၂၁။ ယော. ၇:၅) ဆန့်ကျင်ခံရတဲ့အခါ သည်းခံဖို့၊ ပါးနပ်မှု ရှိဖို့ သင်ပေးပါ။
16. I Lai Siangtho sinpihte in a upna uh pilvang taka a gensiam theih nadingin koi bangin huh thei ding i hiam?
၁၆ မိသားစုဝင်တွေ စိတ်ဝင်တစား မေးမြန်းလာရင်တောင် သိသမျှ တစ်ထိုင်တည်း မပြောတာ ကောင်းတယ်။ သိသမျှ တစ်ထိုင်တည်း ပြောရင် မိသားစုဝင်တွေ နားလျှံသွားမယ်။ ယုံကြည်ချက်အကြောင်း နောက်တစ်ခါ စကားမစရဲဘဲ ဖြစ်သွားမယ်။ ဒါကြောင့် လိုရင်းတိုရှင်းပဲ ရှင်းပြခိုင်းပါ။ ဒါဆိုရင် သူတို့ နောက်တစ်ခါ ထပ်နားထောင်ချင်နိုင်တယ်။ (ကော. ၄:၆) ယေဟောဝါသက်သေတွေအကြောင်း သူတို့ အချိန်ရှိရင် ရှိသလို နိုင်သလောက် လေ့လာနိုင်အောင် jw.org ဝက်ဘ်ဆိုက် ဝင်ကြည့်ခိုင်းဖို့ သင်သားကို ပြောပါ။
17. Mite’n Jehovah tecite thu adot uh ciang, i Lai Siangtho sinpihte in a dawnkik theih nadingin koi bangin sinsak thei i hiam? (Lim zong en in.)
၁၇ မိသားစုဝင်တွေ၊ အလုပ်ဖော်တွေ မေးလာနိုင်တဲ့ မေးခွန်းတွေကို သင်သား ရိုးရိုးရှင်းရှင်း ဖြေတတ်အောင် jw.org မှာ ရှိတဲ့ “ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ” ဆိုတဲ့အပိုင်းကို သုံးပါ။ (၂ တိ. ၂:၂၄၊ ၂၅) ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ရဲ့ သင်ခန်းစာ အဆုံးတိုင်းမှာ ပါတဲ့ “လူတချို့ အဆို၊” “လူတချို့ အမေး” အပိုင်းကို သုံးပြီး ရှင်းပြတတ်သလို အစမ်းရှင်းပြခိုင်းပါ။ လိုအပ်ရင် အကြံပေးပါ။ ဒီလိုလေ့ကျင့်ပေးထားရင် ကိုယ့်ယုံကြည်ချက်အကြောင်း သင်သား ရဲရဲဝံ့ဝံ့ ရှင်းပြတတ်လာမယ်။
အမှုဆောင်လုပ်ငန်းမှာ ပါဝင်နိုင်ဖို့ သင်သားကို ကြိုတင်လေ့ကျင့်ပေးပါ (စာပိုဒ် ၁၇ ကို ကြည့်ပါ)d
18. I Lai Siangtho sinpihte taangko nasepna ah a kihel nadingun koi bangin tha pia thei i hiam? (Matthai 10:27)
၁၈ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ တပည့်တွေကို ယေရှု တိုက်တွန်းတယ်။ (မဿဲ ၁၀:၂၇ ကို ဖတ်ပါ။) အမှုဆောင်လုပ်ငန်းမှာ သင်သား စောစော ပါဝင်လေ ယေဟောဝါ ကူညီပေးတာကို စောစော ခံစားရလေ၊ ယေဟောဝါကို ပိုအားကိုးတတ်လေ ဖြစ်မယ်။ ကြေညာသူ ပန်းတိုင်ထားဖို့ သင်သားကို ဘယ်လို ကူညီပေးနိုင်သလဲ။ အောက်မေ့ရာကင်ပိန်း ဒါမှမဟုတ် ခရိုင်အစည်းအဝေးကင်ပိန်း ရှိတယ်ဆိုရင် ကြေညာသူ စလုပ်ဖို့ အခွင့်ကောင်းပဲဆိုတာ သင်သားကို ပြောပြပါ။ ကင်ပိန်း ရှိတုန်း ကြေညာသူ စလုပ်တာ ဘာကြောင့် ပိုလွယ်သလဲ ရှင်းပြပါ။ ကြေညာသူအဖြစ် အရည်အချင်း ပြည့်မီလာအောင် ဘာတွေ လုပ်ဖို့ လိုသလဲ စဉ်းစားခိုင်းပါ။ ကြားရက်အစည်းအဝေးမှာ ကျောင်းသားတာဝန် လုပ်ဖို့လည်း ပန်းတိုင်ထားခိုင်းပါ။ တာဝန်တွေအတွက် သူ ပြင်ဆင်ရင်း ကိုယ့်ယုံကြည်ချက်အကြောင်း ပိုရှင်းပြတတ်လာနိုင်တယ်။
LAI SIANGTHO NA SINPIHTE NA MUAN LAM LAK IN
19. Jesuh in a nungzuite a muan lam koi bangin lakkhia a hiam? Koi bangin Jesuh etteh thei i hiam?
၁၉ တပည့်တွေကို ယုံကြည်စိတ်ချကြောင်း ယေရှု ဘယ်လို ပြသလဲ။ တစ်နေ့ကျရင် သူတို့နဲ့ ပြန်ဆုံစည်းမယ့်အကြောင်း ယေရှု မသေဆုံးခင်မှာ ပြောတယ်။ ကောင်းကင်သွားရမယ့်အကြောင်း ပြောနေမှန်း သူတို့ သဘောမပေါက်ကြဘူး။ သဘောမပေါက်သေးတဲ့ အကြောင်းအရာတွေ ရှိပေမဲ့ သူတို့ သစ္စာရှိကြမယ်ဆိုတာ ယေရှု သိတယ်။ (ယော. ၁၄:၁-၅၊ ၈) ကောင်းကင်မျှော်လင့်ချက်လိုမျိုး အကြောင်းအရာတွေကို သဘောပေါက်ဖို့ အချိန်လိုမှန်း အသိအမှတ်ပြုတယ်။ (ယော. ၁၆:၁၂) ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ သင်သားမှာ ယေဟောဝါရဲ့ နှစ်သက်မှု ရချင်တဲ့ဆန္ဒ ရှိတယ်ဆိုတာ ယုံကြည်စိတ်ချကြောင်း ပြနိုင်တယ်။
အမှုဆောင်လုပ်ငန်းမှာ သင်သား စောစော ပါဝင်လေ ယေဟောဝါ ကူညီပေးတာကို စောစော ခံစားရလေ၊ ယေဟောဝါကို ပိုအားကိုးတတ်လေ ဖြစ်မယ်
20. Malawi gam a unaunu khatin a Lai Siangtho sinpih tungah a muan lam koi bang in lak a hiam?
၂၀ သင်သား မှန်ရာ လုပ်ချင်မှာပါဆိုတဲ့ မျှော်လင့်ချက် ကျွန်တော်တို့မှာ အမြဲ ရှိရမယ်။ မာလာဝီနိုင်ငံက ညီအစ်မ ချီဖွန်ဒိုအကြောင်း စဉ်းစားကြည့်ပါ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သုံးပြီး အယ်လ်မာb လို့ ခေါ်တဲ့ ကက်သလစ်မိန်းကလေးကို ကျမ်းစာသင်ပေးတယ်။ သင်ခန်းစာ ၁၄ ဆွေးနွေးပြီးနောက် ဝတ်ပြုရေးမှာ ရုပ်တုအသုံးပြုတာကို ဘယ်လို မြင်သလဲလို့ မေးတယ်။ “ဒါကတော့ ကိုယ့်ရွေးချယ်မှုပဲ” ဆိုပြီး အယ်လ်မာ ဘုဆတ်ဆတ် ဖြေတယ်။ သူ ကျမ်းစာသင်အံမှု ရပ်လိုက်တော့မလားလို့ ချီဖွန်ဒို စိတ်ပူသွားတယ်။ ဒါပေမဲ့ တစ်နေ့ကျရင် သူ အမြင်မှန် ရလာမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ စိတ်ရှည်ရှည်ထားပြီး ကျမ်းစာဆက်သင်ပေးတယ်။ လအနည်းငယ်ကြာတော့ ကျမ်းစာလေ့လာတာ သင်ခန်းစာ ၃၄ အထိ ရောက်လာပြီ။ အဲဒီသင်ခန်းစာထဲက “ကျမ်းစာနဲ့ စစ်မှန်တဲ့ဘုရား ယေဟောဝါအကြောင်း လေ့လာတဲ့အတွက် ဘာအကျိုးခံစားခဲ့ရပြီလဲ” ဆိုတဲ့ မေးခွန်းကို ချီဖွန်ဒို မေးတယ်။ “သဘောကျတဲ့ အချက်တော်တော်များများ အယ်လ်မာ ဖြေတယ်။ တစ်ချက်အနေနဲ့ ကျမ်းစာမှာ မှားတယ်လို့ ပြောထားတာ ဘာကိုမှ ယေဟောဝါသက်သေတွေ မလုပ်တာကို သဘောကျတယ်တဲ့” ဆိုပြီး အယ်လ်မာရဲ့အဖြေကို ချီဖွန်ဒို ပြန်ပြောတယ်။ သိပ်မကြာခင်မှာတော့ ရုပ်တုတွေ အယ်လ်မာ မသုံးတော့ဘူး။ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတယ်။
21. I Lai Siangtho sinpihte thuman thutak lamah a kip theih nadingun koi bangin huh thei i hiam?
၂၁ “အပင်ကို ကြီးထွားစေ” သူဟာ ယေဟောဝါ ဖြစ်တယ်။ ဒါပေမဲ့ ကျမ်းစာသင်သားတစ်ယောက် တိုးတက်လာဖို့ တစ်ထောင့်တစ်နေရာကနေ ကျွန်တော်တို့ ကူညီပေးကြတယ်။ (၁ ကော. ၃:၇) ယေဟောဝါ ဘာလုပ်စေချင်တယ်ဆိုတာပဲ သင်မပေးကြဘူး။ ယေဟောဝါကို ပိုချစ်တတ်လာဖို့ ကူညီပေးကြတယ်။ ဘုရားရေးရာကို ဦးစားထားခြင်းအားဖြင့် ယေဟောဝါကို ချစ်ကြောင်း သက်သေပြဖို့ အားပေးကြတယ်။ ဆန့်ကျင်ခံရတဲ့အခါ ယေဟောဝါကို အားကိုးတတ်ဖို့ သင်ပေးကြတယ်။ ဘုရားစံနှုန်းတွေအတိုင်း သူ နေထိုင်နိုင်တယ်၊ အမှန်တရားဘက် ရပ်တည်နိုင်တယ်ဆိုတာ ကျွန်တော်တို့ စိတ်ချကြောင်း ပြတဲ့အခါ သူ့ကိုယ်သူလည်း စိတ်ချလာမယ်။
LA 55 သူတို့ကို မကြောက်နဲ့
a ယေရှုနဲ့ တွေ့ပြီး နှစ်နှစ်ခွဲ ကြာတဲ့အထိ နိကောဒင်ဟာ ဂျူးတရားရုံးချုပ် အဖွဲ့ဝင် ဖြစ်နေတုန်းပဲ။ (ယော. ၇:၄၅-၅၂) သမိုင်းပညာရှင်တချို့အဆိုအရ နိကောဒင်ဟာ ယေရှု သေဆုံးပြီးနောက်မှ တပည့်ဖြစ်လာတယ်။—ယော. ၁၉:၃၈-၄၀။
b အမည်လွှဲ။
c ပုံအညွှန်း– ယေရှုနောက် လိုက်ဖို့ ပေတရုနဲ့ တံငါသည်ရောင်းရင်းတွေ တံငါလုပ်ငန်းကို ထားရစ်ခဲ့။
d ပုံအညွှန်း– အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ သင်သားကို ညီအစ်မတစ်ယောက် လေ့ကျင့်ပေးနေ။