Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w26 January laim. 14-19
  • Tatkhiatna Bang Hang Kisam

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Tatkhiatna Bang Hang Kisam
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Thuluneute
  • A Thu Kibang
  • TATKHIATNA HANGIN MAWHMAISAKNA
  • TATKHIATNA HANGIN I LUAHSUK MAWHNA PAN SUAKTA
  • TATKHIATNA HANGIN PIANGSAKPA TAWH KILEMNA
  • TATKHIATNA IN JEHOVAH HEHPIHNA HONG LAK
  • Tatkhiatna In Hong Theihsak Thute
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Tatkhiatna Hangin Lungdamna Lak Theih Dan?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Jehovah’ Itna Hanga I Ngah Thuphate
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah’ Maisakna Tungah Bang Hangin Lungdam Ding I Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
w26 January laim. 14-19

MARCH 16-22, 2026

LA 20 အချစ်ဆုံးသားကို ပေးခဲ့

Tatkhiatna Bang Hang Kisam

“Kei a hong sisak ding hih lungsim lui panin kua in kei hong hon khia zo ding ahi hiam?”—ROM. 7:24.

အာရုံစိုက်​ရာ

ရွေးဖိုးကြောင့် လုပ်မိတဲ့​အပြစ်တွေ ခွင့်လွှတ်​ခံရ​တယ်၊ အမွေ​ရထားတဲ့​အပြစ်က​နေ လွတ်မြောက်​လာတယ်၊ ဘုရားနဲ့ ပြန်လည်​သင့်မြတ်​လာတယ်။

1-2. Mihingte bang hang hotkhiat ding kisam? (Rom 7:22-24) (Lim zong en in.)

အဆောက်အအုံ ပြိုကျ​ပြီး အပျက်အစီး​တွေ​ကြား လူတစ်ယောက် ပိတ်မိ​နေတယ်လို့ မြင်ယောင်​ကြည့်ပါ။ အသက်​တော့ ရှိသေး​ပေမဲ့ အပျက်​အစီး​ပုံ​အောက်​ကနေ မိမိ​ဘာသာ မထွက်​လာ​နိုင်ဘူး။ သူ​လုပ်နိုင်တာ​ဆိုလို့ အကူ​အညီ အော်​တောင်းတာ၊ ကယ်ဆယ်ရေး​သမား​တွေ ရောက်လာဖို့ မျှော်လင့်​တာ​ပါပဲ။

၂ ကျွန်တော်တို့​အားလုံး အလားတူ အခြေ​အနေမျိုး ကြုံနေ​ရတယ်။ ဖန်ဆင်းရှင်​ကို အာဒံ ပုန်ကန်​လိုက်​ချိန်​မှာ အပြစ်​သား​တစ်ယောက် ဖြစ်လာ​တယ်။ လူသား​အားလုံး အာဒံ​ကနေ ဆင်းသက်​လာ​လို့ အာဒံ​ဆီက အပြစ်​ကို အမွေ​ရခဲ့​တယ်။ ဒါကြောင့် လူသား​မျိုးနွယ်​တစ်ခုလုံး အပြစ်​တရား​အောက်မှာ ပိတ်မိ​နေပြီး မိမိ​ဘာသာ ရုန်းထွက်​လို့ မရနိုင်ဘူး။ ရောမ​မြို့သား​တွေဆီ ပေါလု​ရေးတဲ့ စာထဲမှာ ကျွန်တော်တို့ရဲ့ အပြစ်​အကြောင်း ရှင်းရှင်း​လင်းလင်း ဖော်ပြ​ထားတယ်။ (ရောမ ၇:၂၂-၂၄ ကို ဖတ်ပါ။) “ဒီလို​အဖြစ်မျိုး​နဲ့ သေဆုံး​စေမယ့် ကိုယ်ခန္ဓာ​ကနေ လွတ်မြောက်​အောင်” ကယ်တင်​ပေးဖို့ သူ အသနားခံ​ထားတယ်။ အပြစ်​တရား​အောက်မှာ ပိတ်မိ​နေ​လို့ သေခြင်း​တရားကို မရှောင်​လွှဲ​နိုင်​မှန်း ပေါလု​သိတယ်။ (ရော. ၆:၂၃) ကျွန်တော်တို့ အခြေ​အနေ​လည်း အဲဒီလို​ပါပဲ။ ကယ်တင်​ခံရဖို့ လိုအပ်​နေပါတယ်။

အဆောက်အအုံ ပြိုကျ​ပြီး အပျက်အစီး​တွေ​ကြား ဒဏ်ရာ​တွေ​နဲ့ လူတစ်ယောက် ပိတ်မိ​နေပြီး လက်ဆန့်​တန်း အကူအညီ​တောင်းခံ​နေ။

အဆောက်အအုံ ပြိုကျ​ပြီး အပျက်အစီး​တွေ​ကြား ပိတ်မိ​နေတဲ့​လူ​လို အပြစ်​တရား​ရဲ့ ချုပ်နှောင်​မှု​အောက် ကျွန်တော်တို့ ရောက်နေ (စာပိုဒ် ၁-၂ ကို ကြည့်ပါ)


3. Tatkhiatna hangin bang hamphatna kingah a hiam?

၃ အပြစ်​တရား​အောက် ပိတ်မိ​နေတဲ့​အကြောင်း​ပဲ ပေါလု ပြောခဲ့တာ​မဟုတ်ဘူး။ မျှော်လင့်ချက်​အကြောင်းလည်း ပြောခဲ့တယ်။ “ဒီလို​အဖြစ်မျိုး​နဲ့ သေဆုံး​စေမယ့် ကိုယ်ခန္ဓာ​ကနေ လွတ်မြောက်​အောင် ဘယ်သူ ကယ်တင်​ပေး​မလဲ” လို့ မေးပြီး​နောက် “သခင်ယေရှု​ခရစ်​အားဖြင့် ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရား​သခင်ကို ကျေးဇူး​တင်​ပါတယ်” လို့ ဆက်ပြောတယ်။ (ရော. ၇:၂၅) ယေရှုရဲ့ ရွေးဖိုး ပူဇော်​သကာaအကြောင်း ပေါလု ပြောနေ​တာပါ။ ရွေးဖိုးကြောင့် (၁) လုပ်မိတဲ့​အပြစ်တွေ ခွင့်လွှတ်​ခံရတယ်၊ (၂) အမွေ​ရထားတဲ့​အပြစ်က​နေ လွတ်မြောက်​လာတယ်၊ (၃) ဖန်ဆင်းရှင်​နဲ့ ပြန်လည်​သင့်မြတ်​လာတယ်။ ဒီအချက်တွေကို လေ့လာသွားတဲ့​အခါ “မျှော်လင့်ချက်​ပေးတဲ့​အရှင် ဘုရား​သခင်” ကို ပို​ချစ်မြတ်နိုး​လာပါ​လိမ့်မယ်။ (ရော. ၁၅:၁၃) ကျွန်တော်တို့ လွတ်မြောက်အောင် ရွေးဖိုး​ပေးခဲ့တဲ့ ယေရှု​ကိုလည်း ပို​ကျေးဇူးတင်​လေးမြတ်​လာမယ်။—ကော. ၁:၁၄။

TATKHIATNA HANGIN MAWHMAISAKNA

4-5. I vekpi-in bang hang tatkhiatna kisam i hiam? (Thuhilhna 7:20)

၄ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ရွေးဖိုး​လိုတယ်။ ကျွန်တော်တို့​ယောက်တိုင်း အပြောနဲ့ရော လုပ်ရပ်နဲ့ပါ အပြစ်တွေ လုပ်မိ​တတ်​ကြတယ်။ (ဒေသနာ ၇:၂၀ ကို ဖတ်ပါ။) တချို့​အပြစ်တွေ​ဆို တော်တော်လေး ကြီးလေး​တယ်။ ဥပမာ၊ အိမ်ထောင်ရေး​ဖောက်ပြန်တာ၊ လူ့​အသက်​သတ်တာ​ဟာ မောရှေ​ပညတ်​အရ သေဒဏ်​ခံထိုက်တဲ့ ပြစ်မှု​တွေ​ဖြစ်တယ်။ (ဝတ်. ၂၀:၁၀။ တော. ၃၅:၃၀၊ ၃၁) အပြစ်​တော်တော်​များများ​ကတော့ ကြီးလေးတဲ့ အပြစ်​မဟုတ်​ပေမဲ့လည်း အပြစ်​ပြုခြင်း​ပါပဲ။ ဥပမာ၊ “စကားနဲ့ မ​ပြစ်မှားမိ​အောင် ငါ​စောင့်စည်း​မယ်” လို့ ဒါဝိဒ် ပြောခဲ့တယ်။ (ဆာ. ၃၉:၁) စကား​အပြော​အဆို​နဲ့ အပြစ်​လုပ်မိ​နိုင်တယ်​ဆိုတာ ဖော်ပြ​တယ်။—ယာ. ၃:၂။

၅ မပြောသင့်တဲ့​စကား ပြောမိ​တာ၊ မလုပ်သင့်​တဲ့​လုပ်ရပ် လုပ်ခဲ့တာ​မျိုး ကြုံ​ဖူးတယ်​မဟုတ်လား။ ကျွန်တော်တို့​အားလုံး နောက်မှ နောင်တရ​စေ​တဲ့ အပြော​တွေ ပြောမိ၊ အမှားတွေ လုပ်မိ​ကြတယ်။ “‘ကျွန်တော်တို့ အပြစ်​မလုပ်ဘူး’ လို့ ပြောမယ်​ဆိုရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတာ​ပဲ။ ကျွန်တော်​တို့မှာ အမှန်​တရား မရှိဘူး” လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။—၁ ယော. ၁:၈။

6-7. Jehovah in i mawhnate maisakna dingin bang hong vaihawmsak a hiam? (Lim zong en in.)

၆ ယေရှု​ပေးခဲ့တဲ့ ရွေးဖိုးကြောင့် ကျွန်တော်တို့​အပြစ်ကို ယေဟောဝါ ခွင့်လွှတ်​ပေးတယ်။ (ဧ. ၁:၇) ရွေးဖိုး​ရှိနေတဲ့​အတွက် ကျွန်တော်တို့ ဘယ်လိုပဲ အပြစ်​လုပ်လုပ် ယေဟောဝါ အရေး​မစိုက်ဘူး​လို့တော့ မဆိုလို​ပါဘူး။ ကျွန်တော်တို့ အပြစ်​လုပ်တာကို ယေဟောဝါ မနှစ်သက်ဘူး။ (ဟေရှာ. ၅၉:၂) ယေဟောဝါဟာ တရား​မျှတတဲ့​ဘုရား​ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်​တို့ကို ခွင့်လွှတ်​ပေးနိုင်ဖို့​ဆိုရင် အပြစ်​တွေကို ချေဖျက်​ပေးနိုင်​မယ့်​အရာ လိုတယ်။

၇ မောရှေ​ပညတ်​အရ အစ္စရေးတွေ အပြစ်​ခွင့်လွှတ်​ခံရဖို့ တိရစ္ဆာန်တွေ ပူဇော်​ဖို့​လိုတယ်။ (ဝတ်. ၄:၂၇-၃၁။ ၁၇:၁၁) တိရစ္ဆာန်​ပူဇော်​သက္ကာတွေ​က ပိုကြီးမြတ်တဲ့ ပူဇော်​သက္ကာ​ရှိမယ်​ဆိုတာ သိစေတယ်။ အဲဒါ​ကတော့ ယေရှုရဲ့ ရွေးဖိုး ပူဇော်​သက္ကာ​ပါ။ ရွေးဖိုးကြောင့် ကျွန်တော်တို့ ကောင်းချီး​များစွာ ခံစား​ရတယ်။ ကျွန်တော်တို့​အပြစ်ကို ယေဟောဝါ ခွင့်လွှတ်​ပေးနိုင်​သွားတယ်။ ယေရှုရဲ့ ရွေးဖိုးကြောင့် ခံစား​ရတဲ့ အကျိုး​ကျေးဇူး​တွေကို ကောရိန္သု​မြို့က ခရစ်ယာန်တွေ​ဆီ ပေါလု​ရေးတဲ့​စာမှာ တွေ့ရ​တယ်။ သူတို့​လုပ်ခဲ့တဲ့ အပြစ်တွေ​အကြောင်း ပြောပြီး​နောက် ဒီလို​ပြောတယ်– “အခုတော့ ဘုရား​သခင်က ခင်ဗျား​တို့ကို ဆေးကြော သန့်စင်​ပေး​လိုက်ပြီ။ သခင်​ယေရှု​ခရစ်ရဲ့ နာမည်နဲ့ စွမ်းအားတော်​အားဖြင့် ခင်ဗျား​တို့ကို ဖြောင့်မတ်​သူတွေ​အဖြစ် သတ်မှတ်​လိုက်ပြီ။”—၁ ကော. ၆:၉-၁၁။

အစ္စရေး​မိသားစု​တစ်စု ဗိမာန်တော်မှာ ပုရောဟိတ်​ကို သိုး​တစ်ကောင် ပြုံးပြုံးရွှင်ရွှင်​နဲ့​ပေးနေ။

တိရစ္ဆာန်​ပူဇော်သက္ကာတွေ​က ပိုကြီးမြတ်တဲ့ ပူဇော်သက္ကာ​ရှိမယ်​ဆိုတာ သိစေ၊ အဲဒါကတော့ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ​ဖြစ်ပြီး ရွေးဖိုးကြောင့် ကောင်းချီးများစွာ ခံစားရ (စာပိုဒ် ၆-၇ ကို ကြည့်ပါ)


8. Tukum Sihphawkna ni ma-in bang thu ngaihsun thei i hiam?

၈ ယေဟောဝါရဲ့ ခွင့်လွှတ်မှု​ကြောင့် သင် ဘယ်လို အကျိုး​ခံစား​ရတယ်​ဆိုတာ ဒီနှစ် အောက်မေ့​ရာနေ့ မတိုင်ခင် အချိန်ယူ စဉ်းစား​ကြည့်ပါ။ ဥပမာ၊ အတိတ်က အမှား​လုပ်ခဲ့​ပေမဲ့ နောင်တ​ယူ​ပြီးပြီ​ဆိုရင် အပြစ်​ရှိတယ်​ဆိုပြီး ဆက်ခံစား​နေစရာ မလို​တော့ဘူး။ ဒါပေမဲ့ အပြစ်​ခွင့်လွှတ်​ခံရ​တယ်​ဆိုတာ လက်ခံဖို့ ခက်နေရင်​ကော။ ‘ယေဟောဝါ ခွင့်လွှတ်တယ်​ဆိုတာ သိပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်​နိုင်​တာ’ လို့ ခံစား​နေရ​နိုင်တယ်။ အဲဒီလို​ဖြစ်နေရင် ဒီအချက်ကို သတိ​ရပါ– ခွင့်လွှတ်​ပေးတဲ့​အရှင်ဟာ ယေဟောဝါ​ဖြစ်တယ်။ ခွင့်လွှတ်​ပေးသင့်​မသင့် တရား​စီရင်ဖို့ ယေရှုကို တာဝန်​ပေးထားတယ်။ အဲဒီ​တာဝန်ကို သင့်ကို​ရော၊ တခြား ဘယ်​လူသား​ကိုမှ ယေဟောဝါ မပေး​ထားဘူး။ “ဘုရား​သခင်ဟာ အလင်း​ထဲ​မှာ ရှိနေတဲ့အတွက် ကျွန်တော်​တို့လည်း အလင်းမှာ လျှောက်လှမ်း​မယ်။ . . . သားတော်​ယေရှုရဲ့ သွေး​က ကျွန်တော်တို့ရဲ့ အပြစ်​အားလုံးကို သန့်စင်​ပေး​လိမ့်မယ်” လို့ ကျမ်းစာမှာ ဖတ်ရတယ်။ (၁ ယော. ၁:၆၊ ၇) တခြား​ကျမ်းစာ သွန်သင်ချက်​တွေကို ကျွန်တော်တို့ လက်ခံ​သလို အဲဒီ​အချက်ကို​လည်း လက်ခံဖို့ လိုတယ်။ “ခွင့်လွှတ်ဖို့ အသင့်ရှိ” တဲ့ ယေဟောဝါ​ဟာ ရွေးဖိုး​ကို​အခြေခံပြီး ကျွန်တော်တို့ရဲ့​အပြစ်ကို တရားဝင် ခွင့်လွှတ်​ပေးနိုင်​သွားတယ်။—ဆာ. ၈၆:၅။

TATKHIATNA HANGIN I LUAHSUK MAWHNA PAN SUAKTA

9. Mawhna ah a khial sepnate bek hilo-a, adang bangte kihel lai a hiam? (Late 51:5)

၉ ကျမ်းစာမှာ​ဖော်ပြထားတဲ့ “အပြစ်” ဆိုတာ မှားယွင်းတဲ့ လုပ်ရပ်ကို​ပဲ ဆိုလိုတာ​မဟုတ်ဘူး။ မွေးရာပါ မစုံလင်တဲ့ အခြေ​အနေကို​လည်း ဆိုလိုတယ်။ (ဆာလံ ၅၁:၅ ကို ဖတ်ပါ။) ဒီ​အခြေ​အနေ​ကြောင့် မှားယွင်းတဲ့ အတွေး​အခေါ်တွေ ဝင်လာ​တတ်တယ်၊ အမှား​လုပ်မိ​တတ်​ကြတယ်။ ယေဟောဝါ ပုံစံ​ပြုထား​သလို မဟုတ်တော့​ဘဲ အိုရ၊ နာရ၊ သေရ​တယ်။ ဒါကြောင့် ဘာအပြစ်​မှ​မလုပ်​ရသေးတဲ့ မွေးကင်းစ ကလေးငယ်​တွေ​တောင် ဖျားနာ​ကြ၊ သေကြ​တယ်။ လူကောင်း​ဖြစ်ဖြစ်၊ လူဆိုး​ဖြစ်ဖြစ် အိုရ၊ နာရ၊ သေရတာ​လည်း ဒီ​မစုံလင်တဲ့ အခြေ​အနေကြောင့်​ပဲ။ အာဒံ​လုပ်ခဲ့တဲ့​အပြစ်ကြောင့် လူသား​အားလုံး အခုလို အဖြစ်ဆိုး​ကြုံနေရတာ​ပါ။

10. Adam le Eve in mawhna a bawl khit teh bang thuak uh a hiam?

၁၀ ပထမ​လူသား​မောင်နှံ အပြစ်​လုပ်ခဲ့တဲ့​အတွက် ဘာ​ဆိုးကျိုးတွေ ခံစားရ​သလဲ။ အတွင်းစိတ် မသိုး​မသန့်​ဖြစ်လာ​ကြတယ်။ အာဒံနဲ့​ဧဝ ဘုရား​ပညတ်​ကို ချိုးဖောက်ပြီး​တာ​နဲ့ သူတို့ရဲ့​သိစိတ် ဒုက္ခပေး​တာ​ခံရတယ်။ (ရော. ၂:၁၅) အပြစ်​မလုပ်ခင်ကနဲ့ မတူ​တော့ဘူး။ အဝတ်​မဝတ်​ထားမှန်း သိလာပြီး ဝတ်စရာ ဖန်တီး​ကြတယ်။ ယေဟောဝါ​ဘုရား​မမြင်​အောင် ရာဇဝတ်​သား​တွေ​လိုပဲ ပုန်းနေ​ကြတယ်။ (က. ၃:၇၊ ၈) အပြစ်​ရှိတယ်​ဆိုတဲ့​စိတ်၊ ရှက်စိတ်၊ မလုံမလဲ​ဖြစ်တဲ့​စိတ်တွေ ဝင်လာ​တယ်။ အဲဒီ​စိတ်တွေ​ပိုက်ပြီး တစ်သက်လုံး နေသွား​ရတယ်။—က. ၃:၁၆-၁၉။

11. Kicin lohna hangin bang thuakkha i hiam?

၁၁ ကျွန်တော်တို့လည်း အာဒံနဲ့​ဧဝ​ကနေ မွေးဖွား​လာတဲ့​အတွက် အဲဒီ​ခံစားချက်​တွေ ပါလာ​တယ်။ စိတ်ပိုင်း၊ ခန္ဓာပိုင်း နာကျင်​ခံစား​ရတယ်​ဆိုတာ မစုံလင်မှု​ကြောင့်ပါ။ ဘယ်လောက်ပဲ​ကြိုးစား​ကြိုးစား ဒီ​အခြေ​အနေ​ကနေ မလွတ်မြောက်​နိုင်​ကြဘူး။ “ဘာကြောင့်လဲ​ဆိုတော့ ဖန်ဆင်းရာတွေ အချည်းနှီး​အဖြစ်ကို ရောက်ခဲ့ရ​လို့​ပဲ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ရော. ၈:၂၀) ဒါကို ကျွန်တော်တို့ တစ်ယောက်​ချင်းစီ​သာမက လူသားထု​တစ်ရပ်လုံး ကြုံရ​တာပါ။ ဥပမာ၊ ကမ္ဘာ့​ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာဇဝတ်မှု တိုက်ဖျက်ရေး၊ ဆင်းရဲ​မွဲတေမှု ပပျောက်​ရေး၊ စစ်ပွဲတွေ အဆုံးသတ်​ရေး​အတွက် လူတွေ ကြိုးစားတဲ့​နေရာမှာ တိုးတက်မှု အနည်းငယ်​ရှိပေမဲ့ အောင်မြင်မှု အပြည့်​အဝ မရ​ကြဘူး။ ဒါပေမဲ့ ရွေးဖိုးကြောင့် မျှော်လင့်ချက်​ရှိလာတယ်။ ဘာမျှော်လင့်ချက်​လဲ။

12. Tatkhiatna hangin bang lametna hong om a hiam?

၁၂ ရွေးဖိုးကြောင့် “ဖန်ဆင်းရာတွေ​ဟာ ဖောက်ပြန်​ပျက်စီးခြင်း​ရဲ့ ကျွန်ဘဝ​ကနေ လွတ်မြောက်” မယ်​ဆိုတဲ့ မျှော်လင့်ချက် ရှိလာတယ်။ (ရော. ၈:၂၁) ကမ္ဘာသစ်​ရောက်လာ​တဲ့​အခါ စိတ်ပိုင်း၊ ခန္ဓာပိုင်း နာကျင်​ခံစား​ရတာ​တွေ ရှိမှာ မဟုတ်​တော့ဘူး။ အပြစ်​ရှိတယ်​ဆိုတဲ့​စိတ်၊ ရှက်စိတ်၊ မလုံ​မလဲ​ဖြစ်တဲ့​စိတ်​တွေ ရှိမှာ​မဟုတ်​တော့ဘူး။ အဲဒီ​အပြင် ရွေးဖိုး​အဖြစ် အသက်​ပေးခဲ့​သူ၊ “ငြိမ်းချမ်းရေး​မင်းသား” ယေရှုရဲ့ အုပ်ချုပ်မှု​အောက်မှာ တစ်ကမ္ဘာလုံး ငြိမ်းချမ်း​လုံခြုံ​ပြီး သာယာ​ဝပြော​နေပါ​လိမ့်မယ်။—ဟေရှာ. ၉:၆၊ ၇။

13. Tukum Sihphawkna ni hong tung ma-in bang sem thei i hiam?

၁၃ လူတွေ စုံလင်​လာတဲ့အခါ ဘယ်လိုများ​နေ​မလဲ မြင်ယောင်​ကြည့်ပါ။ ကျန်းကျန်း​မာမာ​နဲ့ မနက်တိုင်း နိုးထခွင့်​ရမယ်။ အစား​အစာ ရှားပါး​မှာ၊ ကျန်းမာရေး​မကောင်း​ဖြစ်မှာ၊ သေရမှာ​ကို စိုးရိမ်​ကြောက်ရွံ့​နေစရာ မလို​တော့ဘူး။ အခု​အချိန်မှာ​တောင် “ရှေ့မှာ​ရှိတဲ့ မျှော်လင့်ချက်​ကို မြဲမြဲ​ဆုပ်ကိုင်​ထား” တဲ့အတွက် ငြိမ်သက်​အေးချမ်းမှု အတိုင်း​အတာ​တစ်ခု​အထိ ခံစားရ​နိုင်​ပါတယ်။ (ဟီ. ၆:၁၈၊ ၁၉) ကျောက်ဆူး​က သင်္ဘော​ကို တည်ငြိမ်​စေသလို ခရစ်ယာန်​မျှော်လင့်ချက်က သင့်ကို ခိုင်ခံ့​စေပြီး အခက်​အခဲ​တွေကို ခံနိုင်ရည်​ရှိရှိ ရင်ဆိုင်​နိုင်​စေတယ်။ ယေဟောဝါဟာ “မိမိကို ထက်ထက်​သန်သန် ရှာဖွေ​သူကို ဆုချ​တဲ့​အရှင်” ဖြစ်တယ်​ဆိုတာ ခံစားရ​ပါလိမ့်မယ်။ (ဟီ. ၁၁:၆) လက်ရှိ​ခံစား​နေရတဲ့ ငြိမ်သက်မှုနဲ့ အနာဂတ်မှာ ခံစားရမယ့် ကောင်းချီးတွေ​ဟာ ရွေးဖိုး​ကြောင့်သာ ဖြစ်လာတာ။

TATKHIATNA HANGIN PIANGSAKPA TAWH KILEMNA

14. Mawhna hangin Pasian le mihingte kizopna bang piang a hiam? Bang hang hiam?

၁၄ အာဒံနဲ့​ဧဝ အပြစ်​လုပ်လိုက်​ချိန်​က​စပြီး လူသား​တွေဟာ ဘုရားနဲ့ ကင်းကွာ​သွား​ကြတယ်။ “ဘုရားရဲ့​ရန်သူတွေ ဖြစ်ခဲ့​ကြတယ်” လို့​တောင် ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ရော. ၈:၇၊ ၈။ ကော. ၁:၂၁) ဘာကြောင့်လဲ။ ယေဟောဝါ​ဟာ စုံလင်တဲ့​အတွက်​ကြောင့် အပြစ်​လုပ်တာကို လက်သင့်​မခံ​နိုင်ဘူး။ “ကိုယ်တော့်​မျက်လုံး​တွေ​ဟာ သန့်စင်​လွန်းလို့ ဆိုးညစ်တဲ့​အရာကို ကြည့်​မနေနိုင်​ဘူး” လို့ ကျမ်းစာ​ဆိုတယ်။ (ဟဗ. ၁:၁၃) အပြစ်​ကြောင့် လူတွေနဲ့ ဘုရား​ကြားက ဆက်ဆံရေး ပြတ်တောက်​သွားတယ်။ ပြတ်တောက်​သွားတဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ဘယ်​လူသားမှ မလုပ်​နိုင်ဘူး။ ရွေးဖိုး​ကြောင့်​သာ ဘုရားနဲ့ ပြန်လည်​သင့်မြတ်​နိုင်တာပါ။

15. Tatkhiatna in mihingte le Pasian koi bangin kinaisak a hiam?

၁၅ ယေရှုဟာ “တစ်လောက​လုံး​ရဲ့ အပြစ်​အတွက် အပြစ်​ဖြေရာ ပူဇော်​သက္ကာ​ပဲ” လို့ ကျမ်းစာ​ဆိုတယ်။ (၁ ယော. ၂:၂) “အပြစ်​ဖြေရာ ပူဇော်​သက္ကာ” ကို မူရင်း ဂရိ​လိုမှာ​ဆိုရင် “ပြန်လည်​သင့်မြတ်​ရာ ပူဇော်​သကာ” လို့လည်း အဓိပ္ပာယ်​ရတယ်။ ယေရှုရဲ့​ရွေးဖိုး​က လူသား​တွေကို ဘယ်လို​နည်းနဲ့ ပြန်လည်​သင့်မြတ်​စေ​သလဲ။ သားတော်ရဲ့ သေခြင်း​ကြောင့် ယေဟောဝါ စိတ်​ကျေနပ်​သွားတာ​လို့​တော့ မဆိုလို​ပါဘူး။ ရွေးဖိုးကြောင့် ယေဟောဝါရဲ့ တရား​မျှတမှု​စံနှုန်းနဲ့​အညီ လူသား​တွေကို မိမိနဲ့ ပြန်လည်​ရင်းနှီး​ခွင့်​ပေးလို့ ရသွားတာ။ (ရော. ၃:၂၃-၂၆၊ အောက်ခြေ​မှတ်ချက်) ရွေးဖိုး​မပေးခင်​က အသက်​ရှင်ခဲ့တဲ့ ရှေးသစ္စာရှိ ကျေးကျွန်တွေ​ကိုလည်း ‘ဖြောင့်မတ်​သူတွေ​အဖြစ် ယေဟောဝါ သတ်မှတ်​တယ်။’ (က. ၁၅:၁၊ ၆) ဘာကြောင့်လဲ။ ယေရှု သေချာပေါက် ရွေးဖိုး​ပေးမယ်​ဆိုတာ ယေဟောဝါ အပြည့်အဝ ယုံကြည်​စိတ်ချလို့​ဖြစ်တယ်။ (ဟေရှာ. ၄၆:၁၀) ရွေးဖိုးကြောင့် လူသားတွေ ဘုရားနဲ့ ပြန်​ရင်းနှီး​နိုင်​သွားပြီ။

16. Tukum Sihphawkna ni hong tung ma-in bang ngaihsun thei i hiam? (Lim zong en in.)

၁၆ ဘုရားနဲ့ ပြန်သင့်မြတ်​လာတဲ့အတွက် သင့်​ဘဝကို ဘယ်လို အကျိုးပြု​သလဲ​ဆိုတာ စဉ်းစားပါ။ ဥပမာ၊ ယေရှု​သင်ပေးတဲ့​အတိုင်း ယေဟောဝါကို ကျွန်တော်တို့ရဲ့ “အဖ” လို့ ခေါ်ဆို​နိုင်တယ်။ (မ. ၆:၉) ယေဟောဝါကို ကိုယ့် “မိတ်ဆွေ” လို့ ခေါ်တဲ့​အခါ​တွေလည်း ရှိတယ်။ ယေဟောဝါကို “မိတ်ဆွေ၊” “ဖခင်” လို့ ခေါ်ဆိုတဲ့​အခါ လေးစားမှု၊ နှိမ့်ချမှု​ရှိဖို့တော့​လိုတယ်။ ဘာကြောင့်လဲ​ဆိုရင် ကျွန်တော်​တို့ဟာ အပြစ်သား​တွေ​ဖြစ်ပြီး ကိုယ့်​အစွမ်းအစ​ကြောင့် ဘုရားနဲ့ ရင်းနှီး​နိုင်တာ မဟုတ်လို့​ပဲ။ ရွေးဖိုး​ကြောင့်​သာ ဘုရားနဲ့ ရင်းနှီး​ခွင့်​ရတာ။ “ဘုရားသခင်က ဒုက္ခ​သစ်တိုင်​မှာ သားတော်​သွန်းလောင်း​ခဲ့တဲ့ သွေး​အားဖြင့် ရန်ငြိမ်း​စေပြီး . . . အရာ​ခပ်သိမ်း​ကို သားတော်​က​တစ်ဆင့် မိမိနဲ့ ပြန်လည်​သင့်မြတ်” စေ​ခဲ့တယ်။ (ကော. ၁:၁၉၊ ၂၀) ဒါကြောင့်​လည်း မစုံလင်တဲ့​လူသားတွေ ဖြစ်နေဆဲ​အချိန်​မှာ​တောင် ယေဟောဝါနဲ့ ရင်းနှီး​နိုင်​တာ​ဖြစ်တယ်။

ယေရှုကို သစ်တိုင်​မှာ သံနဲ့​ရိုက်​ဖို့ ရောမ​စစ်သားတွေ ပြင်ဆင်​နေ​ကြ။ ရောမ​စစ်သား​နှစ်ယောက်က ယေရှုကို သစ်တိုင်​ဆီ ခေါ်ဆောင်​လာချိန်​မှာ နောက်​ရောမ​စစ်သားတစ်ယောက်​က လက်ထဲမှာ တူ​နဲ့ သံချောင်း​ကို ကိုင်ထား။

ရွေးဖိုးကြောင့်​သာ လူသားတွေ ဘုရားနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ပြန်​ရနိုင်​တာ​ဖြစ် (စာပိုဒ် ၁၆ ကို ကြည့်ပါ)


TATKHIATNA IN JEHOVAH HEHPIHNA HONG LAK

17. Tatkhiatna in Jehovah hehpihna koi bangin lakkhia a hiam? (Efesa 2:4, 5)

၁၇ ရွေးဖိုး​အကြောင်း စဉ်းစား​ရင် ယေဟောဝါ “ကရုဏာ​ကြီးမား” တယ်​ဆိုတာ သိနိုင်တယ်။ “ပြစ်မှား​မှု​တွေ​ကြောင့် လူသေတွေ​လို ကျွန်တော်တို့ ဖြစ်နေ​ချိန်မှာ​တောင် . . . အသက်​ရှင်စေ” တယ်။ (ဧဖက် ၂:၄၊ ၅ ကို ဖတ်ပါ။) အပျက်​အစီး​ပုံ​အောက်မှာ ပိတ်မိ​နေတဲ့​သူ​လို​ပါပဲ စိတ်ရင်း​မှန်တဲ့​သူ​တွေ​ဟာ အပြစ်​တရား​အောက်မှာ ပိတ်မိ​နေပြီး လွတ်မြောက်ဖို့​လိုတယ်​ဆိုတာ အသိ​အမှတ်​ပြုကြ​တယ်။ ဒါကြောင့် သူတို့ အကူအညီ တောင်းကြ​တယ်။ (တ. ၁၃:၄၈) ယေဟောဝါက သူတို့ကို နိုင်ငံတော်​သတင်းကောင်း ကြားသိ​စေ​ခြင်း​အားဖြင့် မိမိနဲ့ သားတော်​ယေရှုကို သိကျွမ်း​လာအောင် ကူညီ​ပေးတယ်။ (ယော. ၁၇:၃) အာဒံနဲ့ ဧဝ အပြစ်​လုပ်လိုက်လို့ ဘုရား​ရည်ရွယ်ချက် ပျက်စီး​သွား​ပြီ​လို့ စာတန်​ထင်ရင် အမှား​ကြီး မှားတာ​ပဲ။

18. Tatkhiatna thu i ngaihsut ciang bang i phawk ding kisam a hiam?

၁၈ ရွေးဖိုးကြောင့် ကျွန်တော်တို့ ခံစားရတဲ့ ကောင်းကျိုး​တွေ​ကို စဉ်းစားတာ ကောင်းပါတယ်။ ဒါပေမဲ့ ရွေးဖိုး​ပြင်ဆင်​ပေး​ရတဲ့ ပိုအရေးကြီးတဲ့ အကြောင်းရင်း​ကိုလည်း သတိ​ရဖို့​လိုတယ်။ ကျွန်တော်တို့ အကျိုး​ရဖို့​ပဲ ရွေးဖိုး​ပေးခဲ့တာ မဟုတ်ဘူး။ ဧဒင်​ဥယျာဉ်​မှာ ပေါ်ပေါက်​ခဲ့တဲ့ စာတန်ရဲ့ စွပ်စွဲချက် မှားတယ်​ဆိုတာ ယေဟောဝါ သက်သေ​ပြဖို့​ပါ။ (က. ၃:၁-၅၊ ၁၅) ရွေးဖိုးကြောင့် ဘုရား​နာမ သန့်ရှင်း​မြင့်မြတ်​စေတယ်။ လူသား​တွေကို အပြစ်နဲ့ သေခြင်း​ကနေ လွတ်မြောက်​စေ​တယ်။ ဘုရားက ကရုဏာရှင်​ဖြစ်ကြောင်း ထင်ရှား​စေ​တယ်။ ဘုရား​ကရုဏာ​ကြီး​လို့သာ ကျွန်တော်တို့​အားလုံး အပြစ်​သားတွေ ဖြစ်နေ​ချိန်မှာ​တောင် စာတန်ရဲ့ အလိမ်​အညာ​တွေ မှားကြောင်း သက်သေ​ပြခွင့်​ရတယ်။ (ပညာ. ၂၇:၁၁) ဒါဆိုရင် ရွေးဖိုး​အတွက် ကျေးဇူးတင်​ကြောင်း ဘယ်လို ပြကြ​မလဲ။ နောက်​ဆောင်းပါးမှာ အဲဒီ​အကြောင်း လေ့လာ​ပါမယ်။

NANGH BANGCI DAWNG DING . . .

  • Tatkhiatna hangin i mawhnate koi bangin kimaisak a hiam?

  • Tatkhiatna hangin i luahsuk mawhna pan koi bangin suakta thei i hiam?

  • Tatkhiatna hangin piangsakpa tawh koi bangin kilemna hong neisak a hiam?

LA 19 သခင့်​ညစာစားပွဲ

a စကားလုံး ရှင်းလင်းချက်။ ရွေးဖိုး​ဆိုတာ သုံ့ပန်း​ဘဝကနေ လွတ်မြောက်ဖို့ ပေး​ရတဲ့ အဖိုးအခ​ဖြစ်တယ်။ ယေရှုက နာခံမှု​ရှိတဲ့ လူသားတွေကို အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်စေဖို့ ပူဇော်သက္ကာ​အဖြစ် အသေခံပြီး ရွေးဖိုး​ပေးတယ်။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ