MARCH 9-15, 2026
LA 45 ကျွန်တော့်နှလုံးအကြံအစည်
A Sia Lama Ngaihsutna Lungsim I Do Zawh Theih Dan
“Kei pen a lungkham mi ka hi ta hi!”—ROM. 7:24.
အာရုံစိုက်ရာ
အပျက်သဘောတွေကို ဘယ်လို တွန်းလှန်ကြမလဲ။
1-2. Paul in bang lungkhamnate nei a hiam? Ei ading bang huhna kingah thei ding a hiam? (Rom 7:21-24)
တမန်တော်ပေါလုလို့ ပြောလိုက်ရင် စိတ်ထဲ ဘာပေါ်လာသလဲ။ သတ္တိရှိတဲ့ သာသနာပြု၊ သိပ်တော်တဲ့ သွန်သင်သူ၊ ကျမ်းစောင် အများဆုံးရေးသူ အနေနဲ့လား။ ပေါလုဟာ တကယ်လည်း အဲဒီလိုလူမျိုးပါ။ ဒါပေမဲ့ ပေါလုဟာ ဝမ်းနည်းတတ်သူ၊ စိတ်ဓာတ်ကျ၊ စိတ်ပူပန်တတ်သူလည်း ဖြစ်တယ်။ ကျွန်တော်တို့လိုပဲ အပျက်သဘောတွေကို တိုက်ထုတ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။
၂ ရောမ ၇:၂၁-၂၄ ကို ဖတ်ပါ။ ရောမမြို့သားတွေကိုရေးတဲ့ စာထဲမှာ ခံစားချက်တွေကို ပေါလု ထည့်ရေးထားတယ်။ ကျွန်တော်တို့လည်း သူ့လို ခံစားရတတ်တယ်။ ပေါလုက သစ္စာရှိ ခရစ်ယာန်တစ်ယောက် ဖြစ်တာတောင် စိတ်ထဲမှာ ဘုရားအလိုတော်ဆောင်ချင်စိတ်နဲ့ အမှားလုပ်ချင်စိတ် လွန်ဆွဲနေတဲ့အခါတွေရှိတယ်။ ဒီ့အပြင် အရင်က လုပ်ခဲ့တဲ့အမှားတွေကြောင့် ဒါမှမဟုတ် လက်ရှိကြုံနေရတဲ့ ပြဿနာတွေကြောင့် အပျက်သဘောဝင်လာချိန်လည်းရှိတယ်။
3. Hih sin ding thu pan bang thu kikum ding i hiam? (“Kammal hilhcian na.” zong en in.)
၃ ပေါလု အပျက်သဘောဝင်တဲ့အချိန်တွေa ရှိပေမဲ့ တစ်ချိန်လုံး အဲဒီအတွေးတွေနဲ့ပဲ နစ်မွန်းမနေဘူး။ “အဖြစ်ဆိုးလိုက်တာ” လို့ ပေါလု ဘာကြောင့် ခံစားရတာလဲ။ အပျက်သဘောတွေကို ဘယ်လို တွန်းလှန်ခဲ့သလဲ။ အပျက်သဘောတွေ ဝင်လာတဲ့အခါ ကျွန်တော်တို့ ဘယ်လို တွန်းလှန်နိုင်သလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို သုံးသပ်ကြရအောင်။
PAUL IN A SIA LAM NGAIHSUTNATE BANG HANGIN NEI A HIAM
4. Paul in a sia lam ngaihsutnate bang hangin nei a hiam?
၄ အတိတ်ကလုပ်ရပ်တွေကြောင့်။ ခရစ်ယာန်ဖြစ်မလာခင်က ရှောလုလို့ လူသိများတဲ့ ပေါလုဟာ ဆိုးရွားတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်။ သစ္စာရှိသူ သတေဖန် ကျောက်ခဲနဲ့ပေါက်သတ်ခံရတဲ့ ကိစ္စမှာ အလိုတူအလိုပါ ဖြစ်ခဲ့တယ်။ (တ. ၇:၅၈။ ၈:၁) ခရစ်ယာန်တွေကို အကြီးအကျယ် ညှဉ်းပန်းနှိပ်စက်ရာမှာလည်း ဦးဆောင်ခဲ့တယ်။—တ. ၈:၃။ ၂၆:၉-၁၁။
5. A beisa hunah a sepna hangin Paul in bang lungsim nei a hiam?
၅ ခရစ်ယာန်ဖြစ်လာပြီးနောက် ပေါလုဟာ အရင်ကလုပ်ခဲ့တာတွေ ပြန်တွေးပြီး စိတ်ဒုက္ခရောက်တဲ့အချိန်တွေ ရှိတယ်။ ခရစ်ယာန်ဖြစ်တာ ကြာလေ အရင်ကလုပ်ခဲ့တာတွေကို တနုံ့နုံ့ပြန်တွေးပြီး စိတ်မကောင်းလေ ဖြစ်မှာပဲ။ အေဒီ ၅၅ လောက်တုန်းက ကောရိန္သုမြို့သားတွေဆီရေးတဲ့ ပထမစာမှာ “ဘုရားသခင်ရဲ့အသင်းတော်ကို ညှဉ်းဆဲခဲ့လို့ တမန်တော်လို့တောင် အခေါ်မခံထိုက်ဘူး” လို့ ဖော်ပြထားတယ်။ (၁ ကော. ၁၅:၉) ငါးနှစ်လောက်ကြာပြီးနောက် ဧဖက်မြို့သားတွေဆီရေးတဲ့ စာမှာလည်း “အရေးမပါဆုံးသူထက် ပိုပြီးအရေးမပါတဲ့ ကျွန်တော်” လို့ ပြောတယ်။ (ဧ. ၃:၈) “ငါဟာ အရင်က ဘုရားကို စော်ကားပြောဆိုသူ၊ ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းသူ” ဖြစ်ခဲ့တယ်လို့ တိမောသေဆီ ရေးတဲ့စာမှာ ဖတ်ရတယ်။ (၁ တိ. ၁:၁၃) အသင်းတော်တွေဆီ လည်ပတ်တဲ့အခါ အရင်က သူနှိပ်စက်ခဲ့ဖူးသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဆုံတဲ့အခါ ပေါလု ဘယ်လောက်တောင် အနေရခက်မလဲ မြင်ယောင်ကြည့်ပါ။
6. Paul lunggim a sak thei bang thu dangte om a hiam? (A nuai a ciaptehna zong en in.)
၆ ကိုယ်ခန္ဓာမှာစူးတဲ့ဆူး။ ပေါလုကို စိတ်ဒုက္ခပေးတဲ့အရာက “ကိုယ်ခန္ဓာမှာစူးတဲ့ဆူး” လိုပဲလို့ သူပြောတယ်။ (၂ ကော. ၁၂:၇) အဲဒီဆူးက ဘာလဲဆိုတာ အတိအကျ မသိရဘူး။ ဒါပေမဲ့ သူ့စကားကိုကြည့်ရင် ခန္ဓာပိုင်း၊ စိတ်ပိုင်း နာကျင်စေတဲ့အရာ တစ်ခုခုဖြစ်မှန်း သိနိုင်တယ်။b
7. Kicin lohna hangin Paul in bang haksakna thuak a hiam? (Rom 7:18, 19)
၇ ကိုယ်တိုင်ရဲ့ မစုံလင်မှု။ ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကို ပေါလု တိုက်လှန်ခဲ့ရတယ်။ (ရောမ ၇:၁၈၊ ၁၉ ကို ဖတ်ပါ။) ကောင်းတာ လုပ်ချင်တဲ့ ဆန္ဒရှိပေမဲ့ မလုပ်နိုင်တဲ့အခါတွေ ရှိတယ်။ မလုပ်သင့်တာကို လုပ်မိသွားတဲ့အခါတွေလည်း ရှိတယ်။ ဒါကြောင့် မကောင်းတာကို ရှောင်ပြီး ကောင်းတာကိုလုပ်နိုင်အောင် မပြတ် ကြိုးစားခဲ့ရတယ်လို့ ပေါလု ဝန်ခံတယ်။ (၁ ကော. ၉:၂၇) ကြိုးစားတဲ့ကြားက မကောင်းတာလုပ်မိသွားတဲ့အခါ သူ့ကိုယ်သူ ဘယ်လောက်တောင် စိတ်ပျက်နေလိုက်မလဲ။
PAUL IN A SIA LAM NGAIHSUTNATE KOI BANGIN DO A HIAM
8. Kicin lohna hangin pumpi deihnate do dingin Paul in bang sem a hiam?
၈ ပေါလုရေးတဲ့စာတွေကို ကြည့်ရင် စွမ်းအားတော်အကူအညီနဲ့ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကို တွန်းလှန်နိုင်ကြောင်း သူ အလေးအနက် စဉ်းစားခဲ့ပုံရတယ်။ (ရော. ၈:၁၃။ ဂလ. ၅:၁၆၊ ၁၇) ခရစ်ယာန်တွေ အမြဲတမ်း တိုက်လှန်နေရမယ့် အကျင့်တွေအကြောင်း ပေါလု မကြာခဏ သတိပေးလေ့ရှိတယ်။ (ဂလ. ၅:၁၉-၂၁၊ ၂၆) ဒီသတိပေးချက်တွေကို ကြည့်ရင် ပေါလုဟာ ကိုယ်တိုင်ရဲ့အားနည်းချက်တွေကို သိအောင်လုပ်တယ်။ ဘာတွေ ပြုပြင်ပြောင်းလဲရမယ်၊ ဘယ်လိုပြောင်းလဲရမယ်ဆိုတာ သိဖို့ ကျမ်းစာကို လေ့လာတယ်။ ကျမ်းစာကနေ သိလာတာနဲ့အညီ နေထိုင်ဖို့ ကြိုးစားတယ်ဆိုတာ ထင်ရှားတယ်။ ဒါကြောင့်လည်း တခြားသူတွေကို သတိပေးနိုင်ခဲ့တာ။
9-10. A sia lam ngaihsutnate do dingin Paul bangin huh a hiam? (Efesa 1:7) (Lim zong en in.)
၉ ပေါလု အပျက်သဘောဝင်တဲ့ အချိန်တွေရှိပေမဲ့ တစ်ချိန်လုံး ဝင်နေတာတော့ မဟုတ်ဘူး။ ဥပမာ၊ သူ့ရဲ့ခရီးသွားဖော်ဆီက ကြားရတဲ့သတင်းကြောင့် အားတတ်ခဲ့ချိန်၊ ဝမ်းသာခဲ့ချိန်တွေ ရှိတယ်။ (၂ ကော. ၇:၆၊ ၇) ယုံကြည်သူချင်းတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရလို့ သူပျော်တယ်။ (၂ တိ. ၁:၄) ဘုရားမျက်နှာသာ ရထားတယ်လို့လည်း သူခံစားမိမှာပဲ။ ဒါကြောင့် ဘုရားသခင်ကို “အမှားအမှန်သိစိတ် ကြည်လင်စွာ” ကိုးကွယ်နေတယ်လို့ ကျေကျေနပ်နပ်ကြီး သူပြောနိုင်ခဲ့တာ။ (၂ တိ. ၁:၃) ရောမမြို့မှာ ထောင်ကျနေချိန်မှာတောင် ဘုရားသခင်ကြောင့် “ဝမ်းမြောက်ကြပါ” လို့ ယုံကြည်သူချင်းတွေကို အားပေးခဲ့တယ်။ (ဖိ. ၄:၄) ပေါလုဟာ စိတ်ပျက်စရာတွေအကြောင်း တစ်ချိန်လုံး တွေးနေသူမဟုတ်ဘဲ အပျက်သဘောဝင်လာတာနဲ့ ချက်ချင်း တွန်းလှန်ပြီး အကောင်းမြင်သဘောရှိအောင် ကြိုးစားသူဆိုတာ သူ့စကားတွေအရ သိနိုင်တယ်။
၁၀ အပျက်သဘောတွေကို တိုက်လှန်ပြီး အကောင်းမြင်သဘော ထိန်းထားနိုင်တဲ့ နောက်အကြောင်းရင်း တစ်ခုက ယေရှုရဲ့ ရွေးဖိုးကို ယုံကြည်လို့ပါ။ (ဂလ. ၂:၂၀။ ဧဖက် ၁:၇ ကို ဖတ်ပါ။) ရွေးဖိုးကြောင့် မိမိရဲ့ အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်မယ်ဆိုတာ အပြည့်အဝ စိတ်ချနိုင်ခဲ့တယ်။ (ရော. ၇:၂၄၊ ၂၅) အရင်က အမှားတွေ လုပ်ခဲ့ပေမဲ့၊ အားနည်းချက်တွေ ရှိနေပေမဲ့ ရွှင်လန်းတဲ့စိတ်နဲ့ ယေဟောဝါကို ဝတ်ပြုနိုင်ခဲ့တယ်။—ဟီ. ၉:၁၂-၁၄။
ပေါလုဟာ အတိတ်က အမှားတွေကြောင့် အပျက်သဘော ဝင်လာတဲ့အခါ ရွေးဖိုးအကြောင်း တွေးတောဆင်ခြင်ပြီး အပျက်သဘောကို တိုက်ထုတ်နိုင်ခဲ့ (စာပိုဒ် ၉-၁၀ ကို ကြည့်ပါ)
11. Paul ih tuakkhakna pan koi bangin thangah thei i hiam?
၁၁ ပေါလုလိုပဲ ကျွန်တော်တို့လည်း ဘုရားမနှစ်သက်တာကို မတွေးမိအောင်၊ မပြောမိအောင်၊ မလုပ်မိအောင် ကြိုးစားနေရနိုင်တယ်။ “ငါတော်တော် အသုံးမကျတာပဲ” ဆိုပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်မိနိုင်တယ်။ အသက် ၂၀ အရွယ် ညီအစ်မ အလိုင်ဇာအကြောင်းc သုံးသပ်ကြည့်ပါ။ “ပေါလုအကြောင်းစဉ်းစားရင် ကျွန်မ တကယ် ခွန်အားရတယ်။ အသုံးမကျဘူးလို့ ခံစားရတာ ငါတစ်ယောက်တည်း မဟုတ်ဘူးဆိုပြီး စိတ်သက်သာရာရသွားတယ်။ ကျေးကျွန်တွေ ဘာခံစားနေရတယ်ဆိုတာ ယေဟောဝါသိပါလားလို့ တွေးမိတယ်” ဆိုပြီး ပြောတယ်။ ကျွန်တော်တို့လည်း ပေါလုလို အပျက်သဘောဝင်ချိန်တွေ ရှိပေမဲ့ ကြည်လင်တဲ့သိစိတ်၊ ရွှင်လန်းတဲ့စိတ်နဲ့ ယေဟောဝါကို ကိုးကွယ်နိုင်အောင် ဘာလုပ်နိုင်သလဲ။
A SIA LAM NGAIHSUTNATE KOI BANGIN DO ZO DING I HIAM
12. A sia lam ngaihsutnate do zo dingin bang te sem ding i hiam?
၁၂ ဘုရားနဲ့ ရင်းနှီးစေမယ့် အရာတွေကို လုပ်ဆောင်နေပါ။ အာဟာရရှိရှိ စားမယ်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်၊ အိပ်ရေးဝဝ အိပ်မယ်ဆိုရင် နေလို့ထိုင်လို့ကောင်းတယ်။ အဲဒီလိုပဲ ကျွန်တော်တို့လည်း နေ့တိုင်း ကျမ်းစာဖတ်မယ်၊ အမှုဆောင်မှာ ပါဝင်မယ်၊ အစည်းအဝေးတွေကို ပြင်ဆင်ပြီး တက်ရောက်မယ်၊ မှတ်ချက်တွေ ပေးမယ်ဆိုရင် ဘုရားနဲ့ ရင်းနှီးနေမှာ ဖြစ်ပြီး အပျက်သဘောတွေကို တိုက်လှန်နိုင်မယ်။—ရော. ၁၂:၁၁၊ ၁၂။
13-14. Pasian tawh kinai theihnate i sep manin Pasian sila pawlkhatin bang hamphatna ngah uh a hiam?
၁၃ အသက် ၃၉ နှစ်အရွယ်မှာ ရှားပါး ကင်ဆာရောဂါခံစားရတဲ့ ဂျွန် အကြောင်း စဉ်းစားကြည့်ပါ။ ရောဂါရှိတယ်ဆိုတာ သိလိုက်ရတဲ့အခါ သူ တော်တော်ထိတ်လန့်သွားပြီး စိုးရိမ်စိတ်တွေဝင်လာတယ်။ ‘ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရောဂါကြီး ဖြစ်ရလား’ ဆိုပြီး လက်မခံနိုင်ခဲ့ဘူး။ ပိုဆိုးတာက ဂျွန်ရဲ့သားလေးက အသက် ၃ နှစ်ပဲ ရှိသေးတယ်။ ဒီအခြေအနေကို ရင်ဆိုင်နိုင်ဖို့ သူ ဘယ်ကနေ အကူအညီရခဲ့လဲ။ “ပင်ပန်းနေတဲ့ကြားက မိသားစုလိုက် အစည်းအဝေးအားလုံးကို ရအောင်တက်တယ်၊ အမှုဆောင်လုပ်ငန်းမှာ အပတ်တိုင်း ပါဝင်တယ်၊ မိသားစုဝတ်ပြုမှု ပုံမှန်လုပ်တယ်” လို့ ပြောတယ်။ “ရောဂါရှိမှန်းသိလိုက်ရချိန်မှာ စိုးရိမ်ထိတ်လန့်ခဲ့ပေမဲ့ နောက်ပိုင်း ဘုရားပေးခွန်အားနဲ့ ခံရပ်နိုင်လာတယ်။ ယေဟောဝါရဲ့မေတ္တာကိုလည်း အပြည့်အဝခံစားရတယ်။ ကျွန်တော့်ကို ယေဟောဝါ ခွန်အားပေးခဲ့သလို ညီအစ်ကို/မတွေကိုလည်း ခွန်အားပေးမှာပါ” လို့ ဆက်ပြောတယ်။
၁၄ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အလိုင်ဇာ အခုလိုပြောတယ်– “အစည်းအဝေးတွေ တက်တဲ့အခါတိုင်း၊ ကိုယ်ပိုင်လေ့လာမှုလုပ်တဲ့အခါတိုင်း ဘုရား ငါ့ကို တကယ်ချစ်ပါလား၊ ငါ့ဆုတောင်းချက်တွေကို အဖြေပေးပါလားလို့ ခံစားရတယ်။ ဒါနဲ့ စိတ်ထဲနေလို့ကောင်းသွားတယ်။” အာဖရိကက တိုက်နယ်ကြီးကြပ်မှူး ဇနီးမောင်နှံ ဖြစ်တဲ့ နိုလန်နဲ့ ဒိုင်ယန်း အခုလို ပြောတယ်– “စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာတောင် စွဲစွဲမြဲမြဲ ဆုတောင်းတယ်၊ ကျမ်းစာလေ့လာတယ်၊ အစည်းအဝေးတက်တယ်၊ အမှုဆောင်မှာ ကြိုးစားပါဝင်တယ်။ ဒီလိုနဲ့ စိတ်အား ပြန်တက်လာတယ်။ ဒါကြောင့် စိတ်ဓာတ်ကျပြီဆိုရင် ဘုရားကူညီပေးမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးတယ်။ ဘယ်လိုကူညီမယ်ဆိုတာ အတိအကျ မသိပေမဲ့ ကူညီမယ်ဆိုတာ စိတ်ချတယ်။”
15. A sia lam ngaihsutnate do zo dingin bang i sep ding kisam a hiam? Gentehna pia-in.
၁၅ အပျက်သဘောတွေ တွန်းလှန်နိုင်ဖို့ သတ်သတ်မှတ်မှတ် လုပ်ရမယ့်အရာတွေ ရှိတယ်။ ဥပမာ၊ ခါးနာနေတယ် ဆိုပါစို့။ လမ်းလျှောက်ပေးတာကောင်းပေမဲ့ ခါးနာပျောက်ဖို့ဆိုရင် အဲဒါထက်မက လုပ်ဖို့ လိုနိုင်တယ်။ ခါးနာရတဲ့အကြောင်းရင်းကို သိဖို့ ရှာဖွေလေ့လာနိုင်တယ်၊ ဆရာဝန်နဲ့ပြဖို့ လိုတာတောင် ဖြစ်နိုင်တယ်။ အဲဒီလိုပါပဲ၊ ကျွန်တော်တို့မှာ ဘာလို့ အပျက်သဘောဝင်သလဲ၊ ဘယ်လို တွန်းလှန်နိုင်မလဲဆိုတာ သိဖို့ ကျမ်းစာနဲ့ အဖွဲ့အစည်းစာပေတွေမှာ ရှာဖွေလေ့လာနိုင်တယ်။ ညီအစ်ကို/မတွေဆီက အကြံဉာဏ်ကောင်းတွေ တောင်းနိုင်တယ်။ အထောက်အကူပြုနိုင်တဲ့ နောက်ထပ် ဘာအကြံပြုချက်တွေ ရှိသေးသလဲ။
16. A sia lam i ngahsutna a hang i theihna ding bang sep ding kisam a hiam? (Late 139:1-4, 23, 24)
၁၆ ကိုယ့်အခြေအနေအမှန်ကို သိဖို့ ဆုတောင်းဆန်းစစ်ပါ။ ဘုရင်ဒါဝိဒ်ဟာ မိမိကို ယေဟောဝါကောင်းကောင်း သိကြောင်း နားလည်တယ်။ ဒါကြောင့် သူဘာကြောင့် “ပူပင်သောက” ရောက်နေသလဲ သိအောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။ (ဆာလံ ၁၃၉:၁-၄၊ ၂၃၊ ၂၄ ကို ဖတ်ပါ။) ကျွန်တော်တို့လည်း အပျက်သဘောဝင်ရတဲ့ အကြောင်းရင်းကို သိအောင်၊ တွန်းလှန်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ ‘ငါ ဘာအတွက် စိုးရိမ်နေတာလဲ။ ငါ့ကို အမြဲလိုလို စိုးရိမ်စေတဲ့အရာ ရှိသလား။ အပျက်သဘောဝင်လာပြီဆိုရင် အကောင်းဘက်ကို တွေးဖို့ ကြိုးစားသလား’ စတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်တယ်။
17. A hoih lam ngaihsutna i neih theihna ding bang thute kan thei i hiam? (Lim zong en in.)
၁၇ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ အကြောင်းအရာကို လေ့လာပါ။ ယေဟောဝါရဲ့ အရည်အသွေးတစ်ခုအကြောင်း လေ့လာတာလည်း ကောင်းတယ်။ ဥပမာ၊ တမန်တော်ပေါလုဟာ ရွေးဖိုးအကြောင်း၊ ယေဟောဝါရဲ့ ခွင့်လွှတ်မှုအကြောင်း တွေးတောဆင်ခြင်လို့ ဘုရားရဲ့ကရုဏာကို ခံစားနားလည်ခဲ့တယ်။ သင်လည်း ပေါလုလို လုပ်နိုင်တယ်။ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် ဒါမှမဟုတ် သင့်ဘာသာစကားနဲ့ ရနိုင်တဲ့ ကျမ်းစာလေ့လာမှု ကိရိယာတွေသုံးပြီး ဘုရားသခင့် ကရုဏာ၊ ခွင့်လွှတ်မှု၊ ခိုင်မြဲတဲ့မေတ္တာအကြောင်း ရှာဖွေလေ့လာပါ။ ကိုယ့်အတွက် အထောက်အကူပြုတဲ့ ဆောင်းပါးတွေ တွေ့ပြီဆိုရင် သေချာမှတ်ထားပြီး မြင်သာတဲ့နေရာမှာ ထားပါ။ အပျက်သဘောဝင်လာပြီဆိုတာနဲ့ အဲဒီဆောင်းပါးတွေကို လေ့လာပါ။ ဆောင်းပါးမှာပါတဲ့ ကျမ်းချက်တွေ ဖတ်ပြီး ယေဟောဝါကို ဘယ်လိုတုပနိုင်တယ်၊ ကိုယ့်အတွက် ဘယ်လိုအကျိုးပြုနိုင်တယ်ဆိုတာ စဉ်းစားပါ။—ဖိ. ၄:၈။
ကိုယ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ရွေးပြီး လေ့လာတာက အကျိုးရှိနိုင် (စာပိုဒ် ၁၇ ကို ကြည့်ပါ)
18. Kristian pawlkhat in bang thute kan uh a hiam?
၁၈ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ အလိုင်ဇာ ဒီလိုပြောတယ်– “ကျွန်မလည်း ပြဿနာတွေ တစ်ပြိုင်နက် ကြုံခဲ့ရတယ်။ ဒါကြောင့် ယောဘအကြောင်း လေ့လာဖြစ်တယ်။ ယောဘ ဒုက္ခတစ်ခုပြီးတစ်ခု ကြုံရလို့ စိတ်ချုံးချုံးကျတဲ့အချိန် ရှိခဲ့တယ်။ ဒုက္ခတွေ ဘာလို့ ကြုံရသလဲဆိုတာ မသိတာတောင် ယေဟောဝါကို သူဆက်မှီခိုအားကိုးခဲ့တာ။” (ယောဘ ၄၂:၁-၆) ဒိုင်ယန်းလည်း ဒီလိုပြောတယ်– “ကျွန်မတို့ လင်မယားနှစ်ယောက် ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်ကို အတူလေ့လာကြတယ်။ ယေဟောဝါက ကျွန်မတို့ကို အိုးထိန်းသမားလို ပုံသွင်းပေးတယ် ဆိုတဲ့ အချက်ကို ကြိုက်တယ်။ လုပ်ခဲ့မိတဲ့ အမှားတွေကြောင့် စိတ်ပျက်အားလျော့နေချိန်မှာ ကျွန်မတို့ကို ယေဟောဝါ သင်ပေးနေတာ၊ ပိုကောင်းတဲ့သူဖြစ်အောင် ပုံသွင်းပေးနေတာလို့ တွေးလိုက်တော့ ဘုရားနဲ့ ပိုရင်းနှီးလာသလို ခံစားရတယ်။”—ဟေရှာ. ၆၄:၈။
JEHOVAH IN HONG HUH DING CIH MUANG IN
19. Khat veivei bang ngaihsun khatthei i hiam? A hih hang bang lungmuang thei i hiam?
၁၉ ဒီစာစောင်မှာပါတဲ့ အကြံပေးချက်အားလုံးကို ကြိုးစားလုပ်နေရင်းနဲ့တောင် တစ်ခါတလေ အပျက်သဘောတွေ ဝင်လာနိုင်ပါတယ်။ တချို့ရက်တွေမှာဆိုရင် လုံးလုံးစိတ်ဓာတ်ကျနေနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့အကူအညီနဲ့ အပျက်သဘောတွေ နည်းနိုင်သမျှနည်းအောင် လုပ်နိုင်ပါတယ်။ နေ့ရက် တော်တော်များများမှာတော့ ကြည်လင်တဲ့သိစိတ်နဲ့ ယေဟောဝါကို ဝတ်ပြုနိုင်မယ်၊ စိတ်ရွှင်လန်းစရာ အကြောင်းရင်းတွေ ရှိနေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။
20. Bang sem dingin khensat na hiam?
၂၀ အရင်ကလုပ်ခဲ့တဲ့ အမှားတွေကြောင့်၊ ကြုံနေရတဲ့ အခက်အခဲကြောင့်၊ ကိုယ်တိုင်ရဲ့ မစုံလင်မှုကြောင့် အပျက်သဘောဝင်လာတဲ့အခါ တွန်းလှန်ဖို့ ကြိုးစားကြရအောင်။ ယေဟောဝါရဲ့ အကူအညီနဲ့ အောင်မြင်နိုင်ပါတယ်။ (ဆာ. ၁၄၃:၁၀) အပျက်သဘော လုံးဝမရှိတော့မယ့်အချိန်ကို ကျွန်တော်တို့ မျှော်လင့်နေကြပါတယ်။ အဲဒီအချိန်ကျရင် ပူပင်သောကရောက်စေတဲ့အရာ ဘာတစ်ခုမှ ရှိတော့မှာ မဟုတ်ဘူး။ နေ့သစ်မှာ နိုးထလာတိုင်း မေတ္တာရှင် ဘုရားသခင် ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုကိုးကွယ်ဖို့အတွက်ပဲ ဖြစ်နေပါလိမ့်မယ်။
သီချင်း ၃၄ သမာဓိရှိရှိ လျှောက်လှမ်းခြင်း
a စကားလုံးရှင်းလင်းချက်– ဒီဆောင်းပါးမှာ “အပျက်သဘောဝင်တယ်” ဆိုတဲ့ အသုံးအနှုန်းက တစ်ခါတစ်ခါ ခံစားရတတ်တဲ့ ဝမ်းနည်းစိတ်၊ စိုးရိမ်စိတ်၊ စိတ်မသက်မသာဖြစ်မှုတွေကို ရည်ညွှန်းပါတယ်။ ဆေးကုသဖို့လိုအပ်တဲ့ စိတ်ကျဝေဒနာကို ဆိုလိုတာ မဟုတ်ပါဘူး။
b ပေါလုရဲ့ စာတွေအရ သူ မျက်စိဝေဒနာခံစားနေရတာ ဖြစ်နိုင်တယ်။ ဒါကြောင့် စာရေးရတာ၊ အမှုဆောင်မှာ ပါဝင်ရတာ ခက်ခဲခဲ့ပုံရတယ်။ (ဂလ. ၄:၁၅။ ၆:၁၁) ပေါလုနဲ့ပတ်သက်ပြီး ဆရာအတုအယောင်တချို့ ပြောတဲ့စကားတွေကြောင့် စိတ်ဒုက္ခရောက်ခဲ့ပုံလည်းရတယ်။ (၂ ကော. ၁၀:၁၀။ ၁၁:၅၊ ၁၃) ဘာပဲဖြစ်ဖြစ် ပေါလုကို တော်တော်လေး စိတ်အနှောင့်အယှက်ပေးခဲ့တယ်။
c အမည်လွှဲများ။