MARCH 2-8, 2026
LA 97 Pasian Genkhiat Thute I Nuntakna Hi
Kha Thu Lamah Pasian Muang Suakin
KUM 2026 ADING KUM LAI SIANGTHO:“Kha thu lamah zawngkhal a kisate …thupha ngah mi ahi uh hi.”—MAT. 5:3.
အာရုံစိုက်ရာ
ဘုရားနှုတ်ထွက်စကားနဲ့ ဘယ်လို အားဖြည့်မလဲ၊ စရိုက်သစ်ကို ဘယ်လို ဝတ်ဆင်မလဲ၊ ဘုရားရဲ့နားနေရာမှာ ဘယ်လို အကာအကွယ်ယူမလဲ။
1. I nuntak theih nading bang kisam i hiam? (Matthai 5:3)
လူသားတွေရဲ့ လိုအပ်ရာကို ယေဟောဝါ သိတယ်။ ဥပမာ၊ လူတွေ အသက်ဆက်ရှင်ဖို့ အစားအစာ၊ အဝတ်အထည်နဲ့ နေစရာ လိုတယ်။ အဲဒါတွေထဲက တစ်ခုခု မရှိတော့ဘူးဆိုရင် အသက်ရှင်ရပ်တည်ဖို့ ခက်ခဲလာမယ်။ ဒါ့အပြင် နောက်ထပ် လိုအပ်ရာတစ်ခု ရှိသေးတယ်။ ယေဟောဝါကို မှီခိုအားကိုးဖို့ပါ။ (မဿဲ ၅:၃ ကို ဖတ်ပါ။) ယေဟောဝါကို အမြဲ မှီခိုနေမှပဲ စစ်မှန်တဲ့ပျော်ရွှင်မှု ရနိုင်မယ်။
2. “Kha thu lamah zawngkhal a kisate” cih in bang a cihnopna a hiam?
၂ “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူ” ဆိုတာ မူရင်းဂရိဘာသာစကားမှာဆိုရင် “စွမ်းအားတော်ရဖို့ ထက်ထက်သန်သန် တောင်းခံသူ” လို့လည်း အဓိပ္ပာယ်ရတယ်။ တောင်းစားသူတစ်ယောက်ကို မြင်ယောင်ကြည့်ပါ။ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ လမ်းဘေးမှာ ထိုင်နေတယ်။ ပုံမှန်မစားရတဲ့အပြင် နေ့ဘက်ဆို အပူဒဏ်၊ ညဘက်ဆို အအေးဒဏ်ခံရလို့ ပိန်လှီအားပြတ်နေပြီး လူတွေ သူ့ကို ရှောင်ကြတယ်။ ဒါပေမဲ့ အသက်ဆက်ရှင်ဖို့ဆိုရင် အကူအညီ တောင်းဖို့လိုတယ်ဆိုတာ သူသိထားတယ်။ အဲဒီလိုပါပဲ “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူ၊” တစ်နည်းအားဖြင့် “စွမ်းအားတော်ရဖို့ ထက်ထက်သန်သန် တောင်းခံသူ” ဟာ ကိုယ့်ဘဝအသက်တာမှာ ယေဟောဝါရဲ့အကူအညီ လိုတယ်ဆိုတာ ကောင်းကောင်းသိတယ်။ ဒါကြောင့် ယေဟောဝါ ပြင်ဆင်ပေးထားတဲ့ လမ်းညွှန်ချက်တွေကနေ အကျိုးရအောင် အတတ်နိုင်ဆုံး ကြိုးစားတယ်။
3. Hih sin ding thu-ah bang thu kikum ding i hiam?
၃ ယေရှုနောက် တကောက်ကောက်လိုက်ပြီး အသနားခံတဲ့ ဖိုနီးရှားအမျိုးသမီးအကြောင်း ဒီဆောင်းပါးမှာ ဦးဆုံး ဆွေးနွေးပါမယ်။ ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ မွေးမြူရမယ့် အရည်အသွေးသုံးခုအကြောင်း သူ့ဆီကနေ သိရမယ်။ ဒီ့အပြင် ယေဟောဝါကို မှီခိုခဲ့ကြတဲ့ တမန်တော် ပေတရု၊ ပေါလုနဲ့ ဘုရင်ဒါဝိဒ်တို့ရဲ့ စံနမူနာကိုလည်း ဆွေးနွေးကြပါမယ်။
FOENISIA NUMEI KIANG PAN I SIN THEIH THU
4. Jesuh kiangah Foenisia numei in bang ngen a hiam?
၄ တစ်ခါက၊ ဖိုနီးရှားအမျိုးသမီးတစ်ယောက် ယေရှုဆီ ရောက်လာတယ်။ သူ့သမီးက “နတ်ဆိုးစွဲတဲ့ ဝေဒနာကို အလူးအလိမ့် ခံစားနေရ” တယ်။ (မ. ၁၅:၂၁-၂၈) အမျိုးသမီးက ယေရှုအနားလာ ဦးညွှတ်ပြီး ‘ကျွန်မရဲ့ သမီးကို ကူညီပါဦး’ လို့ အသနားခံတယ်။ ယေရှုဆီ အကူအညီတောင်းချိန်မှာ အတုယူစရာ အရည်အသွေးတွေ ဖိုနီးရှားအမျိုးသမီး တင်ပြခဲ့တယ်။ အဲဒီထဲက တချို့ကို လေ့လာကြည့်ရအောင်။
5. Foenisia numei in bang pianziate lak a hiam? Jesuh in koi bangin thukkik a hiam? (Lim zong en in.)
၅ ဖိုနီးရှားအမျိုးသမီးဟာ နှိမ့်ချသူပါ။ ဘာလို့ အဲဒီလို ပြောနိုင်တာလဲ။ ယေရှုက သူ့ကို ခွေးကလေးနဲ့ နှိုင်းပြီး ပြောပေမဲ့ သူစိတ်မဆိုးဘူး။ အဲဒီခေတ်အခါက လူမျိုးခြားတွေဟာ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးမွေးလေ့ရှိတယ်။ သင့်ကိုသာ ယေရှု ခွေးကလေးနဲ့ နှိုင်းမယ်ဆိုရင် ဘယ်လို တုံ့ပြန်မလဲ။ စော်ကားတယ်လို့ ခံစားရပြီး ယေရှုဆီက အကူအညီမတောင်းတော့ဘဲ ထွက်သွားမလား။ ဖိုနီးရှားအမျိုးသမီး အဲဒီလို မလုပ်ခဲ့ဘူး။ နှိမ့်ချမှုရှိတဲ့အပြင် ဇွဲရှိသူလည်း ဖြစ်တယ်။ အကူအညီပေးဖို့ မရမက တောင်းခံတယ်။ ဘာကြောင့်လဲ။ ယေရှုကို ယုံကြည်လို့ပါ။ သူ့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့တာကို ယေရှု သတိထားမိသွားပြီး သူတောင်းဆိုတဲ့အတိုင်း လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေ” ကို ကူညီဖို့ မိမိ စေလွှတ်ခံရတာလို့ ယေရှု ပြောခဲ့ပြီးဖြစ်ပေမဲ့ လူမျိုးခြား အမျိုးသမီးရဲ့ သမီးကို ကုသပေးလိုက်တယ်။
ဖိုနီးရှားအမျိုးသမီးဟာ နှိမ့်ချ၊ ဇွဲရှိပြီး ယုံကြည်ခြင်း ခိုင်ခံ့တဲ့အတွက် အကူအညီ ရခဲ့ (စာပိုဒ် ၅ ကို ကြည့်ပါ)
6. Foenisia numei kiang pan bang sinthei i hiam?
၆ ဘုရားကို မှီခိုအားကိုးသူတွေဟာ ဖိုနီးရှားအမျိုးသမီးလို နှိမ့်ချမှု ရှိရမယ်၊ ဇွဲရှိရမယ်၊ ခိုင်ခံ့တဲ့ ယုံကြည်ခြင်း ရှိရမယ်။ နှိမ့်ချမှုရှိမှပဲ ယေဟောဝါဆီက အကူအညီကို ဇွဲရှိရှိ တောင်းခံမှာဖြစ်တယ်။ ခရစ်တော်ယေရှုကို အခိုင်အမာ ယုံကြည်ရမယ်။ နောက်လိုက်တွေကို လမ်းညွှန်ပေးဖို့ ခရစ်တော် အသုံးပြုနေတဲ့သူတွေကိုလည်း ယုံကြည်စိတ်ချရမယ်။ (မ. ၂၄:၄၅-၄၇) ဒီအရည်အသွေးတွေ ကျွန်တော်တို့ တင်ပြတာကို ယေဟောဝါနဲ့ သားတော်ယေရှု နှစ်သက်တယ်။ (ယာကုပ် ၁:၅-၇ နဲ့ နှိုင်းယှဉ်ပါ။) အခု၊ တမန်တော် ပေတရု၊ ပေါလု၊ ဘုရင်ဒါဝိဒ်ဆီကနေ ယေဟောဝါကို မှီခိုနိုင်ပုံအကြောင်း လေ့လာကြပါမယ်။
PETER BANGIN—PASIAN KAMMAL TAWH THA DIM SAK DEN IN
7. Peter in bang tavuante ngah a hiam?A man’ bang a sepkul a hiam? (Hebru 5:14–6:1)
၇ တမန်တော် ပေတရုရဲ့ စံနမူနာကို သုံးသပ်ကြည့်ပါ။ ယေရှုဟာ မေရှိယဖြစ်ကြောင်း ဦးဆုံး လက်ခံသူတွေထဲမှာ ပေတရု ပါတယ်။ “ထာဝရအသက်ရစေတဲ့ စကားတွေ” သွန်သင်ပေးဖို့ ယေရှုကို ယေဟောဝါသုံးတယ် ဆိုတာလည်း ပေတရု သိတယ်။ (ယော. ၆:၆၆-၆၈) ယေရှု ရှင်ပြန်ထမြောက်ပြီး ကောင်းကင်မတက်ခင် ပေတရုကို “ကျွန်တော့်ရဲ့ သိုးကလေးတွေကို ကျွေးမွေးပါ” လို့ တာဝန်ပေးခဲ့တယ်။ (ယော. ၂၁:၁၇) ယေရှုပေးတဲ့တာဝန်ကို ပေတရု သစ္စာရှိရှိ ထမ်းဆောင်တယ်။ ကျမ်းစောင် နှစ်စောင်ရေးဖို့လည်း ပေတရုကို ယေဟောဝါ အသုံးပြုတယ်။ ဒါပေမဲ့ ပေတရုကိုယ်တိုင် ဘုရားနှုတ်ထွက်စကားနဲ့ အားဖြည့်ဖို့ လိုတယ်။ ပေတရု ဘာလုပ်သလဲ။ တမန်တော်ပေါလု ရေးတဲ့ ကျမ်းစောင်တွေကို သူ လေ့လာဆည်းပူးတယ်။ ပေါလုရေးတဲ့ စာထဲမှာ “နားလည်ရခက်တဲ့ အကြောင်းအရာတချို့ ပါတယ်။” (၂ ပေ. ၃:၁၅၊ ၁၆) ဒါပေမဲ့ ဇွဲရှိရှိ သူဆက်လေ့လာတယ်။ “မာတဲ့အစာ” နဲ့တူတဲ့ နက်နဲတဲ့အကြောင်းအရာတွေကို နားလည်ပြီး လက်တွေ့ကျင့်သုံးနိုင်အောင် ယေဟောဝါ ကူညီမယ်ဆိုတာလည်း သူယုံကြည်စိတ်ချတယ်။—ဟီဘရူး ၅:၁၄–၆:၁ ကို ဖတ်ပါ။
8. Jehovah kiang pan lamlahna thak a ngah ciang Peter in koi bangin thukkik a hiam?
၈ ပေတရုဟာ ယေဟောဝါဆီကလာတဲ့ ညွှန်ကြားချက်တွေကို နာခံခြင်းအားဖြင့် ယုံကြည်ခြင်း တင်ပြခဲ့တယ်။ ဥပမာ၊ ပင်လယ်ကမ်းနားက ယုပ္ပေမြို့မှာ ပေတရု ရောက်နေတုန်း မောရှေပညတ်အရ မစင်ကြယ်ဘူးလို့ သတ်မှတ်ထားတဲ့ တိရစ္ဆာန်တွေကို သတ်စားဖို့ စိတ်အာရုံကနေတစ်ဆင့် ကောင်းကင်တမန် ညွှန်ကြားတယ်။ အဲဒီညွှန်ကြားချက်ဟာ ဂျူးတစ်ယောက်ဖြစ်တဲ့ ပေတရုအတွက် ထိတ်လန့်စရာပါပဲ။ စစချင်းမှာတော့ ပေတရုက “မစားနိုင်ပါဘူး၊ သခင်။ ညစ်ညူးတဲ့အရာ၊ မစင်ကြယ်တဲ့အရာ တစ်ခုမှ ကျွန်တော် မစားဖူးပါဘူး” လို့ ပြောတယ်။ ဒါပေမဲ့ “ဘုရားသခင် စင်ကြယ်စေပြီးသားအရာကို ညစ်ညူးတယ်လို့ မပြောပါနဲ့တော့” ဆိုပြီး ကောင်းကင်တမန် ပြန်ပြောတယ်။ (တ. ၁၀:၉-၁၅) ပေတရုဟာ မိမိရဲ့ အတွေးအခေါ်ကို ပြောင်းလဲပြီး ယေဟောဝါကို နာခံခဲ့တယ်။ ဘယ်လို သိရသလဲ။ စိတ်အာရုံမြင်ပြီး သိပ်မကြာခင်မှာ လူမျိုးခြား ကော်နေလိ လွှတ်လိုက်တဲ့ အမျိုးသားသုံးယောက် ပေတရုဆီ ရောက်လာတယ်။ ကော်နေလိက မိမိအိမ်လာဖို့ ပေတရုကို ဖိတ်တဲ့အကြောင်း ပြောကြတယ်။ တကယ်ဆိုရင် ပေတရုဟာ လူမျိုးခြားတစ်ယောက်ရဲ့ အိမ်ထဲ ဝင်လေ့မရှိဘူး။ လူမျိုးခြားတွေဟာ မသန့်ရှင်းသူ၊ မစင်ကြယ်သူလို့ ဂျူးတွေ ယူဆထားကြတာ။ (တ. ၁၀:၂၈၊ ၂၉) အခုတော့ ယေဟောဝါက လူအားလုံးကို သတင်းကောင်း ကြားစေချင်တယ်ဆိုတဲ့ အမှန်တရားအလင်း ထွန်းလင်းပြတာကို ပေတရု ချက်ချင်းနာခံတယ်။ (ပညာ. ၄:၁၈) ပေတရု ဟောပြောလို့ ကော်နေလိနဲ့ အိမ်သူအိမ်သားတွေ အမှန်တရားလက်ခံပြီး သန့်ရှင်းသောစွမ်းအားတော်ရကြတယ်၊ နှစ်ခြင်းခံကြတယ်။—တ. ၁၀:၄၄-၄၈။
9. Lai Siangtho thuthukte i kan na-in bang hamphatna te ngahthei ding i hiam?
၉ ပေတရုလိုပဲ ကျွန်တော်တို့ဟာ နို့နဲ့တူတဲ့ ကျမ်းစာအခြေခံအမှန်တရားတွေကို ပုံမှန်ဖတ်ရှုလေ့လာရမယ်။ ဒီ့အပြင် မာတဲ့အစာနဲ့တူတဲ့ နက်နဲတဲ့ အကြောင်းအရာတွေကိုလည်း အချိန်ယူပြီး ကြိုးစားလေ့လာဖို့ လိုတယ်။ ဒီလိုလုပ်ရင် အကျိုးကျေးဇူးနှစ်ခု ရမယ်။ ပထမ၊ ယေဟောဝါအကြောင်း ပိုသိလာလေ၊ ဘုရားကို ပိုချစ်လေ၊ ပိုရိုသေလေးစားလေ ဖြစ်လာမယ်။ ဒုတိယ၊ ယေဟောဝါအကြောင်း ပိုသိလာလေ ကောင်းကင်ဘုံစံ ဖခင် ယေဟောဝါအကြောင်း တခြားသူတွေကို ပိုပြောပြချင်လေ ဖြစ်လာမယ်။ (ရော. ၁၁:၃၃။ ဗျာ. ၄:၁၁) ဒီ့အပြင် ကျမ်းစာသိနားလည်မှုတွေ ပြုပြင်ပြောင်းလဲသွားတဲ့အခါမှာလည်း ချက်ချင်းလက်ခံရမယ်။ ဒါမှ ယေဟောဝါရဲ့ နှုတ်ထွက်စကားတော်နဲ့ အားဖြည့်ထားရာရောက်မယ်။
PAUL BANGIN—NGEINA THAK SILH SUAK IN
10. Kolose 3:8-10 ah bang silh ding kisam i hiam?
၁၀ ဘုရားနှစ်သက်မှုရဖို့ နောက်ထပ် ဘာလုပ်ရမလဲ။ တမန်တော်ပေါလုပြောသလို “စရိုက်ဟောင်းကို . . . ချွတ်ပယ်” ပြီး “စရိုက်သစ်ကို ဝတ်ဆင်” ရမယ်။ (ကောလောသဲ ၃:၈-၁၀ ကို ဖတ်ပါ။) ဘုရားနှစ်သက်တဲ့ စရိုက်သစ်ကို ဝတ်ဆင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ပေါလုရဲ့ ပုံနမူနာကို သုံးသပ်ကြည့်ပါ။ လူငယ်အရွယ်ကတည်းက ဘုရားမျက်နှာသာရဖို့ ပေါလု ကြိုးစားခဲ့တယ်။ (ဂလ. ၁:၁၄။ ဖိ. ၃:၄၊ ၅) ဒါပေမဲ့ ဘုရားကို ဝတ်ပြုကိုးကွယ်တဲ့နည်းလမ်း မှားနေတယ်။ ခရစ်တော်ရဲ့ သွန်သင်ချက်တွေကို မသိတဲ့အပြင် မာနလည်း ကြီးတဲ့အတွက် “ရိုင်းစိုင်းသူ” ဖြစ်ခဲ့တယ်။—၁ တိ. ၁:၁၃။
11. Paul in koi bang kikheelnate bawl a hiam? Hilhcian in.
၁၁ ပေါလုဟာ ခရစ်ယာန် မဖြစ်ခင်တုန်းက ဒေါသအိုး တစ်ယောက်ပါ။ ယေရှုရဲ့ တပည့်တွေကို ဒေါသထွက်ပြီး “ခြိမ်းခြောက်၊ သတ်ဖြတ်ချင်စိတ် ပြင်းထန်နေ” တယ်လို့ တမန်တော်ကျမ်းမှာ ဖော်ပြထားတယ်။ (တ. ၉:၁) ခရစ်ယာန်ဖြစ်လာတဲ့အခါ ဒေါသကြီးတဲ့ စရိုက်ဟောင်းကို ကြိုးစားချွတ်ခဲ့ရမှာပဲ။ (ဧ. ၄:၂၂၊ ၃၁) ဒါတောင် ဗာနဗနဲ့ “အကြီးအကျယ် အငြင်းပွား” ချိန်မှာ ပေါလုရဲ့ စရိုက်ဟောင်း ပြန်ပေါ်လာတယ်။ (တ. ၁၅:၃၇-၃၉) ဘုရားနည်းလမ်းအတိုင်း ပြုမူဖို့ ပျက်ကွက်ခဲ့ပေမဲ့ ပေါလု လက်မလျှော့ခဲ့ဘူး။ ဘုရားနှစ်သက်မှုရဖို့ သူ့ရဲ့ ‘ကိုယ်ခန္ဓာကို ထိုးနှက်ပြီး ထိန်းချုပ်’ ခဲ့တယ်။—၁ ကော. ၉:၂၇။
12. Paul in ngeina thak a silh suak theih nading bangin huh a hiam?
၁၂ ပေါလုဟာ ကိုယ့်ကိုယ်ကိုယ် အားမကိုးဘဲ ဘုရားကို အားကိုးခဲ့လို့ စရိုက်ဟောင်းကို ချွတ်ပြီး စရိုက်သစ်ကို ဝတ်ဆင်နိုင်ခဲ့တာပါ။ (ဖိ. ၄:၁၃) ပေတရုလိုပဲ ပေါလုလည်း “ဘုရား ပေးတဲ့ ခွန်အား” ကို မှီခိုအားကိုးခဲ့ရတယ်။ (၁ ပေ. ၄:၁၁) ဒါတောင် ငါဟာ အသုံးမကျသူပါလားလို့ ခံစားခဲ့ရချိန်တွေ ရှိတယ်။ အဲဒီအချိန်တွေမှာ ယေဟောဝါ လုပ်ပေးခဲ့တာတွေကို ပြန်စဉ်းစားတဲ့အတွက် စရိုက်သစ်ကို ဝတ်မြဲဝတ်ဆင်ထားနိုင်ဖို့ ခွန်အားရှိလာတယ်။—ရော. ၇:၂၁-၂၅။
13. Koi bangin Paul etteh thei ding i hiam?
၁၃ ယေဟောဝါကို ဝတ်ပြုနေတာ နှစ်ပေါင်းများစွာ ကြာပြီဆိုရင်တောင် စရိုက်ဟောင်းကို ချွတ်ပြီး စရိုက်သစ်ကို ဝတ်ဆင်ရာမှာ ပေါလုလိုပဲ အမြဲ ကြိုးစားနေရမယ်။ ကျွန်တော်တို့လည်း တစ်ခါတလေ ဒေါသပေါက်ကွဲပြီး မဆင်မခြင် ပြောဆိုမိနိုင်တယ်။ ဒီလိုလုပ်မိလို့ ဘုရားမျက်နှာသာ မရနိုင်တော့ဘူးလို့ မစဉ်းစားသင့်ဘူး။ ကျွန်တော်တို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲပြီး ဘုရားမျက်နှာသာရအောင် ဆက်ကြိုးစားနေသင့်တယ်။ (ရော. ၁၂:၁၊ ၂။ ဧ. ၄:၂၄) ဒါပေမဲ့ သိထားရမယ့် အချက်ရှိတယ်။ အဝတ်အစား မတော်ရင် ပြင်ချုပ်လို့ရပေမဲ့ စရိုက်သစ် ဝတ်ဆင်ရာမှာတော့ ကိုယ့်ဘက်က ပြုပြင်ရမယ်။ ယေဟောဝါရဲ့စံနှုန်းအတိုင်း နေနိုင်အောင် ကြိုးစားရမယ်။
DAVID BANGIN —JEHOVAH BUK AH OM SUAKIN
14-15. Jehovah in a mite koi bangin kem a hiam? (Late 27:5) (Lim zong en in.)
၁၄ စစ်မှန်တဲ့ ပျော်ရွှင်မှုရဖို့ဆိုရင် အားဖြည့်ရမယ့် အစားအစာ၊ ဝတ်ဆင်ရမယ့် အဝတ်အစားအပြင် လုံခြုံတဲ့ နားနေရာမှာ ကာကွယ်ခံရဖို့လည်း လိုတယ်။ ယေဟောဝါ ဘယ်လို ကာကွယ်ပေးသလဲ။ ကာကွယ်ခံရဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။
၁၅ အခက်အခဲကြုံရတဲ့အခါ ယေဟောဝါ ကာကွယ်ပေးမယ်ဆိုတာ ဘုရင်ဒါဝိဒ် စိတ်ချတယ်။ (ဆာလံ ၂၇:၅ ကို ဖတ်ပါ။) ဒီနေ့အချိန်မှာ မိမိလူတွေကို ယေဟောဝါ ဘယ်လို ကာကွယ်ပေးသလဲ။ ယုံကြည်ခြင်းကို ဖျက်ဆီးပစ်နိုင်တဲ့ အရာမှန်သမျှကနေ ယေဟောဝါ ကာကွယ်ပေးတယ်။ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူးလို့ ကတိပေးထားတယ်။ (ဆာ. ၃၄:၇။ ဟေရှာ. ၅၄:၁၇) စာတန်နဲ့ သူ့ရဲ့အပေါင်းအပါတွေ တန်ခိုးကြီးတာ မှန်ပေမဲ့ ယေဟောဝါက သူတို့ထက် ပိုတန်ခိုးကြီးတယ်။ ကျွန်တော်တို့ရဲ့ အသက်ကို နုတ်ယူသွားရင်တောင် ယေဟောဝါက ရှင်ပြန်ထမြောက်ပေးမယ်။ (၁ ကော. ၁၅:၅၅-၅၇။ ဗျာ. ၂၁:၃၊ ၄) ယေဟောဝါနဲ့ဆက်ဆံရေး ပြတ်တောက်သွားတဲ့အထိ စိုးရိမ်စိတ်တွေ များမလာအောင်လည်း ကူညီပေးတယ်။ (ပညာ. ၁၂:၂၅။ မ. ၆:၂၇-၂၉) မေတ္တာပြည့်ဝတဲ့အဖ ဘုရားသခင်က ညီအစ်ကို/မတွေကို သုံးပြီး ကျွန်တော်တို့ကို အားပေးတယ်။ အကြီးအကဲတွေကို သုံးပြီး ယုံကြည်ခြင်း ပြန်ခိုင်ခံ့အောင် ကူညီပေးတယ်။ (ဟေရှာ. ၃၂:၁၊ ၂) အစည်းအဝေးတွေ တက်တဲ့အခါလည်း ယေဟောဝါရဲ့ အကာအကွယ်ရနိုင်တဲ့ နောက်ထပ်နည်းလမ်းတွေ သိလာတယ်။—ဟီ. ၁၀:၂၄၊ ၂၅။
ညီအစ်မတစ်ယောက် အသင်းတော်အစည်းအဝေး တက်ပြီး ဘုရားပေးလမ်းညွှန်မှုတွေကို ခံယူနေ (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)
16. Jehovah in koi bang danin David kem a hiam?
၁၆ ယေဟောဝါကို ဒါဝိဒ် နာခံတဲ့အခါ ကာကွယ်ခံရတယ်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တယ်။ (ပညာအလိမ္မာ ၅:၁၊ ၂ နဲ့ နှိုင်းယှဉ်ပါ။) ဒါပေမဲ့ ယေဟောဝါကို မနာခံတဲ့အခါ သူ့လုပ်ရပ်ရဲ့ ဆိုးကျိုးတွေ မခံစားရအောင် ယေဟောဝါ ကာကွယ်မပေးဘူး။ (၂ ရှ. ၁၂:၉၊ ၁၀) ကိုယ့်အပြစ်ကြောင့် မဟုတ်ဘဲ တခြားသူတွေကြောင့် ဒါဝိဒ် ဒုက္ခရောက်ချိန်မှာကော။ ဒါဝိဒ် ရင်ဖွင့်ဆုတောင်းတဲ့အခါ ယေဟောဝါက ဒါဝိဒ်ကို ချစ်တယ်၊ ဂရုစိုက်ပေးမယ်လို့ ကတိပေးပြီး နှစ်သိမ့်ပေးတယ်။—ဆာ. ၂၃:၁-၆။
17. Koi bangin David etteh thei ding i hiam?
၁၇ ကျွန်တော်တို့လည်း ဆုံးဖြတ်ချက်တွေချတဲ့အခါ ယေဟောဝါရဲ့ လမ်းညွှန်မှုကို ရှာရမယ်။ ယေဟောဝါ မကာကွယ်ပေးလို့ အခက်အခဲ ကြုံရတာဆိုပြီး အမြဲတော့ မယူဆသင့်ဘူး။ ကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့် အခက်အခဲ ကြုံရတာ ဖြစ်နိုင်တယ်။ (ဂလ. ၆:၇၊ ၈) ကိုယ့်အမှားကြောင့် မဟုတ်ဘဲ တခြားသူတွေကြောင့် အခက်အခဲ ကြုံရရင်ကော။ ယေဟောဝါဆီ ရင်ဖွင့် ပြောပြပါ။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို ယေဟောဝါ စောင့်ရှောက်ပေးပါလိမ့်မယ်။—ဖိ. ၄:၆၊ ၇။
KHA THU LAMAH PASIAN MUANG SUAK IN
18. Bang hangin kha thu lamah Pasian muang ding kisam semsem a hiam?Bang i sep ding kisam a hiam?(Lim zong en in.)
၁၈ ၂၀၂၆ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်– “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။” ဒီနေ့အချိန်မှာ ဘုရားကို မှီခိုဖို့ ပိုလိုအပ်လာတယ်။ ဘာကြောင့်လဲ။ ဘုရားကို မမှီခိုဘဲ မှားယွင်းတဲ့ ဘာသာရေးနဲ့ လူ့အတွေးအခေါ်တွေကို အားကိုးပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ရွှင်မှုရှာနေကြသူတွေ များလာလို့ပါ။ သူတို့လို ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ ဒါကြောင့် ဘုရားရဲ့ နှုတ်ထွက်စကားနဲ့ အားဖြည့်နေပါ။ စရိုက်သစ်ကို ဆက်ဝတ်ဆင်နေပါ။ ဘုရားပြင်ဆင်ပေးတဲ့ နားနေရာမှာ အကာအကွယ် ယူနေပါ။
ဘုရားရဲ့ နှုတ်ထွက်စကားနဲ့ အားဖြည့်နေရမယ်၊ စရိုက်သစ်ကို ဆက်ဝတ်ဆင်နေရမယ်၊ ဘုရားပြင်ဆင်ပေးတဲ့ နားနေရာမှာ အကာအကွယ် ယူရမယ် (စာပိုဒ် ၁၈ ကို ကြည့်ပါ)a
LA 162 ဘုရားရေးရာ လိုအပ်ချက်
a ပုံအညွှန်း– ရှေ့ရုပ်ပုံမှာပါတဲ့ ညီအစ်မ ကင်းမျှော်စင် လေ့လာပြီး ဘုရားရဲ့ နှုတ်ထွက်စကားနဲ့ အားဖြည့်နေ၊ တခြားသူတွေကို ကြင်နာမှုပြပြီး စရိုက်သစ် ဝတ်ဆင်နေ၊ အကြီးအကဲတွေရဲ့ မေတ္တာပါ လမ်းညွှန်မှုကိုလည်း ခံယူနေ။