Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w23 September laim. 20-25
  • Peter Bangin Lungkia Lo-in Hanciam In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Peter Bangin Lungkia Lo-in Hanciam In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thuluneute
  • A Thu Kibang
  • PETER’ DONATE LE A THUPHA NGAHTE
  • LUNGKIA LO-A HANCIAMSUAK DINGIN BANG IN PETER NA HUH A HIAM?
  • BANG THU SIN THEI I HIAM?
  • Peter’ Laikhak Nih Pan Sin Ding Thute
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Jehovah le Jesuh’ Ngaihsut Dan Etteh In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
w23 September laim. 20-25

SIN DING THU 40

Peter Bangin Lungkia Lo-in Hanciam In

“Topa aw, kei mawhnei mi ka hih manin ka kiang panin paikhia in.”—LK 5:8.

LA 38 ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

အကြို​သုံးသပ်ချက်a

1. Ngasa tampi a mat nadinga Jesuh in nalamdang tawh a huh ciangin Peter’ lungsim bangci om a hiam?

ပေတရု တစ်ညလုံး ငါးဖမ်း​တယ်။ တစ်ကောင်​မှ မရဘူး။ ဒါပေမဲ့ “ရေနက်တဲ့​ဘက်​ကို လှော်သွားပြီး ပိုက်ကွန်​ချ” ပါ​လို့ ယေရှု ပြောတယ်။ (လု. ၅:၄) ငါး​မိ​မယ်​လို့ မထင်ပေမဲ့ ယေရှု ပြောတဲ့​အတိုင်း ပိုက်ကွန်​ချတယ်။ ငါး​တွေ မိ​လိုက်တာ​မှ ပိုက်ကွန် ပေါက်ပြဲ​လု​မတတ်​ပဲ။ ယေရှု အံ့ဖွယ်အမှု လုပ်ပြ​လိုက်​မှန်း သိပြီး ပေတရု​နဲ့ တံငါသည် ရောင်းရင်း​တွေ “သိပ်​အံ့ဩ​သွား” ကြတယ်။ ဒါနဲ့ “သခင်၊ ကျွန်တော်ဟာ အပြစ်​များတဲ့သူပါ။ ကျွန်တော့်​ဆီ​က ထွက်သွား​ပေးပါ” လို့ ပေတရု ကောက်ကာငင်ကာ ထ​ပြောတယ်။ (လု. ၅:၆-၉) ယေရှု​ဘေးမှာ ရှိနေဖို့​တောင် မထိုက်တန်ဘူးလို့ ခံစား​သွား​ပုံ​ပဲ။

2. Peter’ thu i sinna in bang hangin hamphatna om a hiam?

၂ “အပြစ်​များတဲ့သူပါ” လို့ ပေတရု ကိုယ့်ကိုယ်ကိုယ် ပြောတာ မှန်တယ်။ နောက်မှ နောင်တရမယ့်​အရာတွေ တစ်ခါတလေ ပြောမိ၊ လုပ်မိ​လို့​ပဲ။ သင့်​အဖြစ်​ကော ပေတရု​နဲ့ တူ​နေ​သ​လား။ အချိန်​ကြာ​သွားတာတောင် အကျင့်​ကောင်း​တစ်ခု ရှိလာဖို့၊ အကျင့်​ဆိုး​တစ်ခု ဖျောက်ဖို့ မနည်း ကြိုးစား​နေ​ရတုန်း​လား။ ဒါဆိုရင် ဒီအချက် စဉ်းစားကြည့်ပါ– ပေတရုရဲ့ အမှားတွေကို ကျမ်းစာမှာ ယေဟောဝါ ထည့်​မ​ရေး​ခိုင်းလို့ ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သင်ခန်းစာ ယူ​လို့ ရအောင် ထည့်ထားတယ်။ (၂ တိ. ၃:၁၆၊ ၁၇) ကျွန်တော်တို့လိုပဲ အားနည်းချက်၊ ခံစားချက် ရှိတဲ့ ပေတရု​အကြောင်း လေ့လာတဲ့အခါ နှစ်သိမ့်မှု ရနိုင်တယ်။ အမှားကင်းဖို့ ယေဟောဝါ မမျှော်လင့်ဘူး၊ အားနည်းချက် ရှိပေမဲ့ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ပဲ မျှော်လင့်တယ်​ဆိုတာ သဘောပေါက်​လာမှာ ဖြစ်လို့ပဲ။

3. Bang hangin lungkia lo-a hanciamsuak ding kisam a hiam?

၃ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ ဘာကြောင့် အရေးကြီးသလဲ။ “တစ်နေ့​တစ်လံ ပုဂံ ဘယ်​ရွေ့မလဲ” ဆိုတဲ့ စကားပုံ​အတိုင်း​ပါပဲ။ ဥပမာ၊ လူတစ်ယောက် ဂစ်တာ တီးတာ ကျွမ်း​ဖို့ နှစ်နဲ့ချီ ကြာ​နိုင်တယ်။ အဲဒီ​အတောအတွင်း လက်ကွက်တွေ ခဏခဏ မှားတယ်။ ဆက်​လေ့ကျင့်​ရင်း တိုးတက်လာတယ်။ ကျွမ်း​သွား​ရင်​လည်း မှားတဲ့အခါတော့ မှား​ဦး​မှာ​ပဲ။ ဒါပေမဲ့ လက်မလျှော့ဘဲ လက်ရည် တက်​သည်ထက် တက်အောင် လေ့ကျင့်​တယ်။ ကျွန်တော်တို့လည်း အားနည်းချက်​တစ်ခု ဖျောက်နိုင်ပြီလို့ ထင်ပြီး​ခါ​မှ အမှား ထပ်​လုပ်မိ​နိုင်တယ်။ နောက်မှ နောင်တရမယ့်​အရာတွေ ပြောမိ၊ လုပ်မိ​နိုင်တယ်။ ဒါပေမဲ့ လက်မလျှော့ဘူး၊ ဆက်ကြိုးစားမယ်ဆိုရင် တိုးတက်​သည်ထက် တိုးတက်လာဖို့ ယေဟောဝါ ကူညီပေးမယ်။ (၁ ပေ. ၅:၁၀) လက်မလျှော့ဘဲ ဆက်​ကြိုးစားခဲ့တဲ့ ပေတရု​အကြောင်း သုံးသပ်​ကြည့်ရအောင်။ ပေတရု အမှားတွေ လုပ်မိ​ပေမဲ့ ယေရှု ကရုဏာ ပြတယ်​ဆိုတဲ့​အချက်က ဘုရား​အမှု ဆက်​ဆောင်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်​ပေးနိုင်တယ်။

PETER’ DONATE LE A THUPHA NGAHTE

ပိုက်ကွန်အပြည့် ငါးမိလို့ လှေနစ်လုမတတ် ဖြစ်သွားတဲ့အတွက် တမန်တော် ပေတရု ကြောက်လန့်တကြား ဖြစ်သွား။ တခြားသူတွေ ပိုက်ကွန် ဆွဲတင်နေတုန်း ပေတရု ပြောတာ ယေရှု အာရုံစိုက် နားထောင်နေ။

သင့် အဖြစ်​က ပေတရု​နဲ့ တူ​နေ​ရင် ဘယ်လို လုပ်မလဲ (စာပိုဒ် ၄ ကို ကြည့်ပါ)

4. Luka 5:5-10 ah Peter in ama thu bangci gen a hiam? Jesuh in koici hehnem a hiam?

၄ “အပြစ်​များတဲ့သူပါ” လို့ ပေတရု ဘာကြောင့် ပြောသလဲ၊ ဘာအပြစ်တွေ လုပ်ထား​မိ​လို့​လဲ​ဆိုတာ ကျမ်းစာမှာ ဖော်ပြ​မထားဘူး။ (လုကာ ၅:၅-၁၀ ကို ဖတ်ပါ။) ဒါပေမဲ့ အပြစ် ကြီးကြီးမားမား လုပ်ထား​မိ​တာ​တွေ ရှိလို့ ဖြစ်မယ်။ ‘ငါ အဲဒီလောက် ကောင်းတဲ့​လူ​လည်း မဟုတ်ဘဲ​နဲ့’ ဆိုပြီး စိုးရိမ်​နေတာ ယေရှု ရိပ်မိတယ်။ သစ္စာရှိ​မယ့် လူစားမျိုး ဖြစ်မှန်း​လည်း သိတယ်။ ဒါကြောင့် “မစိုးရိမ်နဲ့တော့” လို့ ကြင်ကြင်နာနာ ပြောလိုက်တယ်။ ယေရှု ယုံကြည်​စိတ်ချ​ပေးလို့ ပေတရု​ဘဝ ပြောင်းလဲသွားတယ်။ နောက်ပိုင်း၊ ပေတရု​နဲ့ ညီ​အန္ဒြေ တံငါ​လုပ်ငန်း စွန့်ပြီး ယေရှုနောက် လိုက်ကြတယ်။ ဘုရား​ကောင်းချီး နည်းအမျိုးမျိုးနဲ့ ခံစားကြရတယ်။—မာ. ၁:၁၆-၁၈။

5. Peter in a sia lama ngaihsutna do a, Jesuh’ nung a zuih manin bang thuphate ngah a hiam?

၅ ခရစ်တော်​နောက်လိုက် ဖြစ်လာလို့ အဖိုး​မဖြတ်နိုင်တဲ့ တွေ့ကြုံမှုတွေ ပေတရု ရတယ်။ လူနာတွေ​ကို ယေရှု ကုပေးတာ၊ နတ်ဆိုးတွေ နှင်ထုတ်​တာ၊ လူသေတွေ အသက်ပြန်ရှင်​စေ​တာ တွေ့ရတယ်။b (မ. ၈:၁၄-၁၇။ မာ. ၅:၃၇၊ ၄၁၊ ၄၂) ဘုရားနိုင်ငံတော် မင်းလောင်း​အဖြစ် ယေရှု ကိုယ်ယောင် ပြောင်းတဲ့ မမေ့နိုင်​စ​ရာ မြင်ကွင်း မြင်ရတယ်။ (မာ. ၉:၁-၈။ ၂ ပေ. ၁:၁၆-၁၈) ယေရှုနောက်​သာ မလိုက်ရင် ဒါတွေ မြင်တွေ့ခွင့် ရမှာ မဟုတ်ဘူး။ အပျက်သဘောကို တွန်းလှန်နိုင်​ခဲ့​လို့ ဒီလို ကောင်းချီးတွေ ရတာ ဝမ်းသာမဆုံး ဖြစ်​နေ​မှာ​ပဲ။

6. Peter in a thanemnate baihtakin a do zo hiam? Hilhcian in.

၆ ဒီလောက် မြင်​ထား၊ ကြား​ထားတာ​တောင် ပေတရု အားနည်းချက်တွေ တွန်းလှန်​ရတုန်းပဲ။ ဥပမာ​တချို့ စဉ်းစားကြည့်ပါ။ ကျမ်းစာ ကြိုဟောချက်​တွေ​အရ မိမိ ဘယ်လို ဒုက္ခ​ခံပြီး သေ​ရမယ်ဆိုတာ ယေရှု ပြောပြတော့ အဲဒီလို ပြောစရာ​လား​ဆိုပြီး ပေတရု အပြစ်တင်တယ်။ (မာ. ၈:၃၁-၃၃) ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး ပေတရု​ကော တခြား​တမန်တော်တွေ​ပါ ခဏခဏ ငြင်းခုံ​ကြတယ်။ (မာ. ၉:၃၃၊ ၃၄) ယေရှု မသေခင် ညမှာ လူတစ်ယောက်ကို ပေတရု လက်​ရဲ​ဇက်​ရဲ ဓားနဲ့ ခုတ်လိုက်တာ နားရွက် ပြတ်သွားတယ်။ (ယော. ၁၈:၁၀) ဒါပေမဲ့ အဲဒီ​ညမှာ​ပဲ သတ္တိ​ကြောင်​ပြီး မိတ်ဆွေ ယေရှုကို မသိပါဘူးလို့ သုံးကြိမ် ငြင်းတယ်။ (မာ. ၁၄:၆၆-၇၂) နောက်တော့ ရှိုက်ကြီးတငင် သွား​ငိုတယ်။—မ. ၂၆:၇၅။

7. Jesuh a thawhkik ciangin Peter in bang hunpha ngah a hiam?

၇ ယူကျုံးမရ ဖြစ်နေတဲ့ ပေတရု​ကို ယေရှု ပစ်ပစ်ခါခါ မလုပ်ဘူး။ ရှင်ပြန်ထမြောက်လာတော့ မိမိကို ပေတရု ချစ်တုန်းပဲဆိုတာ သက်သေပြဖို့ အခွင့်အရေး ပေးတယ်။ သိုးတွေကို ထိန်းကျောင်းဖို့ တာဝန်ပေးတယ်။ (ယော. ၂၁:၁၅-၁၇) ပေးတဲ့ တာဝန် ထမ်းဆောင်ဖို့ ပေတရု အသင့်​ပဲ။ ဒါကြောင့်​လည်း ပင်တေကုတ္တေပွဲ​နေ့မှာ ဂျေရုဆလင်​မြို့ ရောက်နေတာ။ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့ ပထမဆုံး အုပ်စုမှာ ပါတာ။

8. Antiok khua-ah Peter in bang khialhna lian bawl a hiam?

၈ ဘိသိက်ခံ ခရစ်ယာန် ဖြစ်လာပြီး​နောက်မှာ​တောင် ပေတရု အားနည်းချက်တွေ တွန်းလှန်​နေရတုန်းပဲ။ အရေဖြား ဖြတ်​မထားတဲ့ လူမျိုးခြား ကော်နေလိ အေဒီ ၃၆ မှာ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေး​ခံရ​တုန်းက ပေတရု ရှိနေတယ်။ “ဘုရားသခင် မျက်နှာမလိုက်” ကြောင်း၊ လူမျိုးခြားတွေ​ကို ခရစ်ယာန် အသင်းတော်ဝင် ဖြစ်ခွင့်​ပြုကြောင်း ရှင်းလင်းတဲ့ အထောက်အထားပါပဲ။ (တ. ၁၀:၃၄၊ ၄၄၊ ၄၅) ဒါကြောင့် အရင်ကဆိုရင် လူမျိုးခြားတွေ​နဲ့ တစ်ခါမှ အတူတူ မစားသောက်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း စိတ်​ရှင်းရှင်း​နဲ့ စားသောက်​တယ်။ (ဂလ. ၂:၁၂) ဂျူး​ခရစ်ယာန်​တချို့ကတော့ ဂျူး​နဲ့ လူမျိုးခြား အတူတူ မစားသောက်သင့်ဘူးလို့ မြင်ကြတယ်။ အဲဒီလို အမြင်ရှိသူ​တချို့ အန္တိအုတ်​မြို့ကို ရောက်လာတော့ လူမျိုးခြား ညီအစ်ကိုတွေနဲ့ ပေတရု မစားသောက်တော့ဘူး။ ဂျူး​ခရစ်ယာန်တွေ အမြင်မကြည်​မှာ ကြောက်လို့ ဖြစ်မယ်။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တာကို တမန်တော် ပေါလု မြင်တော့ လူရှေ့သူရှေ့​မှာ​တင် ပေတရု​ကို ဆုံးမ​လိုက်တယ်။ (ဂလ. ၂:၁၃၊ ၁၄) အမှား လုပ်မိ​ပေမဲ့ ပေတရု လက်မလျှော့ဘဲ ပြန်​ကြိုးစားတယ်။ ဘာက ကူညီပေးသလဲ။

LUNGKIA LO-A HANCIAMSUAK DINGIN BANG IN PETER NA HUH A HIAM?

9. Peter a cihtaklam Johan 6:68, 69 in koi bangin lakkhia a hiam?

၉ ပေတရု သစ္စာရှိတယ်။ ဘာအကြောင်း​ကြောင့်​မှ ယေရှုနောက် မလိုက်ဘဲ မနေဘူး။ (ယောဟန် ၆:၆၈၊ ၆၉ ကို ဖတ်ပါ။) တစ်ခေါက် ယေရှု ပြောတာ တပည့်တွေ နားမလည်​ကြ​ဘူး။ အကျိုးအကြောင်း မ​မေး၊ ရှင်းပြတာ မစောင့်​ဘဲ တပည့်​တော်တော်​များများ ယေရှုကို စွန့်သွားကြတယ်။ ပေတရု​ကတော့ “ထာဝရ​အသက် ရစေတဲ့ စကားတွေ” ယေရှုဆီမှာ​ပဲ ရှိတယ်ဆိုတာ အသိအမှတ်ပြုပြီး ဆက်​ဖက်တွယ်​နေတယ်။ သစ္စာရှိကြောင်း ပြလိုက်တာပဲ။

ပေတရုကို ရှင်ပြန်ထမြောက်လာတဲ့ ယေရှု နှစ်သိမ့်နေ။

ပေတရု​ကို ယေရှု စိတ်ချတယ်​ဆိုတဲ့​အချက်က သင့်ကို ဘာကြောင့် အားရှိစေသလဲ (စာပိုဒ် ၁၀ ကို ကြည့်ပါ)

10. Peter a muanlam Jesuh in koi bangin lakkhia a hiam? (Lim zong en in.)

၁၀ မြေကြီး အသက်တာ နောက်ဆုံး​ညမှာ ပေတရု​နဲ့ တခြား​တမန်တော်တွေ မိမိကို ထားခဲ့ပြီး ထွက်ပြေးကြမယ်ဆိုတာ ယေရှု သိတယ်။ ဒါပေမဲ့ ပေတရု နောင်တရပြီး ပြန်လှည့်​လာမယ်၊ ဆက်သစ္စာ​ရှိနေမယ်​ဆိုတာ စိတ်ချ​တဲ့​အကြောင်း ပြောတယ်။ (လု. ၂၂:၃၁၊ ၃၂) ‘စိတ်​ထက်သန်​ပေမဲ့ ကိုယ်ခန္ဓာ​က အားနည်းတယ်’ ဆိုတာ နားလည်တယ်။ (မာ. ၁၄:၃၈) ဒါကြောင့်​လည်း မိမိကို မသိပါဘူးလို့ ငြင်း​ထားတာ​တောင် ယေရှု ပစ်ပစ်ခါခါ မလုပ်တာ။ ရှင်ပြန်ထမြောက်ပြီးနောက် ပေတရု တစ်ယောက်တည်း ရှိချိန်​မှာ ကိုယ်ထင်ပြ​တယ်။ (မာ. ၁၆:၇။ လု. ၂၄:၃၄။ ၁ ကော. ၁၅:၅) ယူကျုံးမရ ဖြစ်နေတဲ့ ပေတရု အားရှိ​သွားမှာပဲ။

11. Jehovah in huh ding ahihlam Jesuh in Peter koi bangin lungmuansak a hiam?

၁၁ ယေဟောဝါ ထောက်မ​ပေးမယ်​ဆိုတာ ပေတရု​ကို ယေရှု စိတ်ချစေတယ်။ ရှင်ပြန်ထမြောက်ပြီးနောက် ပေတရု​နဲ့ တမန်တော်တွေကို အံ့ဖွယ်​နည်းနဲ့ ငါး​အများကြီး မိ​စေ​တယ်။ (ယော. ၂၁:၄-၆) ဒီ​အံ့ဖွယ်အမှု မြင်လိုက်ရတော့ မိမိရဲ့ စားဝတ်နေရေးကို ယေဟောဝါ လွယ်လွယ်လေး ဖြည့်ဆည်း​ပေးနိုင်​မှန်း ပေတရု စိတ်ချ​သွားမှာပဲ။ ဒါ့အပြင် ‘ဘုရားသခင်ရဲ့ နိုင်ငံတော် အမြဲ ဦးစားထား’ သူတွေကို ယေဟောဝါ ထောက်မ​ပေးမယ်​ဆိုတဲ့ ယေရှု​စကားကို သတိရ​သွားမှာပဲ။ (မ. ၆:၃၃) ဒါကြောင့် တံငါ​လုပ်ငန်းကို မဟုတ်ဘဲ အမှုဆောင်​လုပ်ငန်းကို ဘဝမှာ ဦးစားထား​တယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ​နေ့မှာ သတ္တိရှိရှိ သက်သေခံပြီး လူ​ထောင်ချီ သတင်းကောင်း လက်ခံ​လာဖို့ ကူညီပေးတယ်။ (တ. ၂:၁၄၊ ၃၇-၄၁) ခရစ်တော်​နောက်လိုက် ဖြစ်လာဖို့ ရှမာရိလူတွေ၊ လူမျိုးခြားတွေ​ကိုလည်း ကူညီပေးတယ်။ (တ. ၈:၁၄-၁၇။ ၁၀:၄၄-၄၈) နောက်ခံပေါင်းစုံက လူတွေ အသင်းတော်​ထဲ ရောက်လာအောင် ပေတရု​ကို ယေဟောဝါ ထူးထူးခြားခြား သုံးခဲ့တယ်။

BANG THU SIN THEI I HIAM?

12. Thanemna khat do den ihih leh Peter’ etteh ding lim in koi bangin hong huh thei a hiam?

၁၂ အားနည်းချက်​တစ်ခုကို တစ်ချိန်လုံး တွန်းလှန်​နေ​ရတယ်​ဆိုရင် ရှေ့ဆက်​ဖို့ ခက်နိုင်တယ်။ ကိုယ့်အားနည်းချက်​က ပေတရုရဲ့ အားနည်းချက်​ထက် တွန်းလှန်​ရ ပို​ခက်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ ယေဟောဝါ ခွန်အား ပေးနိုင်တယ်။ (ဆာ. ၉၄:၁၇-၁၉) ဥပမာ၊ ညီအစ်ကို​တစ်ယောက်ဟာ အမှန်တရား မသိခင် နှစ်နဲ့ချီ လိင်တူသမား ဖြစ်ခဲ့တယ်။ အသက်တာ လုံးဝ ပြောင်းလဲ​ပြီး ကျမ်းစာ​စံနှုန်းနဲ့​အညီ နေထိုင်တယ်။ တစ်ခါတလေတော့ မကောင်းတဲ့ ဆန္ဒ​တွေ ပြန်​ပေါ်လာ​တုန်းပဲ။ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ ဘာက ကူညီပေးသလဲ။ “ယေဟောဝါ ခွန်အား ပေးတယ်။ စွမ်းအားတော် အကူအညီနဲ့သာ​ဆိုရင် . . . အမှန်တရား​လမ်းမှာ ဆက်လျှောက်​နိုင်​မှန်း သိလာတယ်။ . . . ကျွန်တော် ဘယ်လို လူ​စား​လဲ​ဆိုတာ သိလျက်နဲ့ ယေဟောဝါ သုံးခဲ့တယ်။ အခုလည်း အားနည်းချက်တွေ တွေ့တာ​တောင် တောက်လျှောက် ခွန်အား ပေးနေတယ်” လို့ ပြောတယ်။

ရုပ်ပုံ– မိဘတွေနဲ့အတူ ဟော့စ် ဟန်ရှယ် ငယ်ငယ်တုန်းကပုံကို ပြန်လည်သရုပ်ဖော်ထား။ ၁။ တခြားကျောင်းသားတွေ ညာလက် မြှောက်ပြီး “ဟိုင်း ဟစ်တလာ” လို့ နှုတ်ဆက်ချိန်မှာ ဟော့စ် မလုံမလဲလေး ညာလက် မြှောက်ထား။ ၂။ ဟော့စ်နဲ့အတူ မိဘတွေ ဆုတောင်းနေ။ ၃။ ဟော့စ် ဟန်ရှယ်ရဲ့ ဓာတ်ပုံ။

၁၉၅၀၊ ဇန်နဝါရီ ၁ ရက်မှာ ညီအစ်ကို ဟော့စ် ဟန်ရှယ် အချိန်ပြည့် အမှုဆောင် လုပ်ငန်း စတယ်။ ကိုယ့်​အသက်တာကို ယေဟောဝါ​အမှု ဆောင်ဖို့ သုံးတာ ဟော့စ် နောင်တ​ရမယ်လို့ ထင်သလား (စာပိုဒ် ၁၃၊ ၁၅ ကို ကြည့်ပါ)d

13. Sawltak 4:13, 29, 31-a a gen bangin, Peter koici etteh thei i hiam? (Lim zong en in.)

၁၃ သိခဲ့​တဲ့​အတိုင်း လူ​ကြောက်လို့ ပေတရု အမှား လုပ်မိတာ တစ်ကြိမ် မ​က​ဘူး။ ဒါပေမဲ့ သတ္တိရှိဖို့ ဆုတောင်းတဲ့အတွက် သတ္တိ​ရှိလာတယ်။ (တမန်တော် ၄:၁၃၊ ၂၉၊ ၃၁ ကို ဖတ်ပါ။) ကျွန်တော်တို့လည်း ကြောက်စိတ် တွန်းလှန်​နိုင်တယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမနီ​နိုင်ငံမှာ နေတဲ့ ညီအစ်ကို​လေး ဟော့စ်​အကြောင်း စဉ်းစားကြည့်ပါ။ အဲဒီ​ခေတ်​တုန်းက “ဟိုင်း ဟစ်တလာ” ဆိုတဲ့ နှုတ်ဆက်စကား သုံး​ကြရတယ်။ “ကယ်တင်ရှင် ဟစ်တလာ” လို့ အဓိပ္ပာယ် ရတယ်။ အဲဒီလို နှုတ်ဆက်​တာ မှားမှန်း ဟော့စ် သိပေမဲ့ ဆရာ/မတွေ၊ အတန်းဖော်တွေကို ကြောက်လို့ တစ်ခါတလေ နှုတ်ဆက်​မိတယ်။ မိဘတွေ သိသွားတော့ မဆူကြဘူး။ သတ္တိ ပေးဖို့ ယေဟောဝါဆီ အတူတူ ဆုတောင်းပေးကြတယ်။ မိဘတွေ ကူညီပေးလို့၊ ယေဟောဝါကို ဟော့စ် အားကိုးလို့ အခိုင်အမာ ရပ်တည်​ရဲ​တဲ့ သတ္တိ ရှိလာတယ်။ “ယေဟောဝါ ဘယ်တော့မှ မစွန့်ဘူး” ဆိုတာ သိလာတယ်။c

14. Itna a nei tuucingte in a lungkia mite koi bangin tha pia thei a hiam?

၁၄ ယေရှုကို ငြင်းပြီးနောက် ပေတရု အရေးကြီး ဆုံးဖြတ်ချက် ချဖို့ လို​လာတယ်။ ခရစ်တော်နောက် ဆက်​လိုက်​မလိုက် ဆိုတာ​ပါ။ ပေတရု ယုံကြည်ခြင်း အားနည်း​မသွားအောင် ယေဟောဝါဆီ ယေရှု ဆုတောင်းပေး​ထားတယ်။ အဲဒီလို ဆုတောင်း​ပေးထားတဲ့​အကြောင်း၊ နောက်ပိုင်းမှာ ညီအစ်ကိုတွေကို ပေတရု အားပေး​ထောက်မနိုင်မယ်ဆိုတာ စိတ်ချကြောင်း ယေရှု ပြောတယ်။ (လု. ၂၂:၃၁၊ ၃၂) ယေရှုရဲ့ ဒီစကားတွေကို ပြန်​စဉ်းစားမိ​တိုင်း ပေတရု အားရှိ​သွားမှာပဲ။ ကျွန်တော်တို့ အရေးကြီး ဆုံးဖြတ်ချက် ချဖို့ လိုတဲ့အခါလည်း ဆက်သစ္စာရှိနိုင်အောင် အားပေးဖို့ မေတ္တာရှိ သိုးထိန်း​တွေ​ကို ယေဟောဝါ သုံးနိုင်တယ်။ (ဧ. ၄:၈၊ ၁၁) အဲဒီလို အားပေးဖို့ သက်တမ်းကြာ အကြီးအကဲ ပေါလ် ကြိုးစားတယ်။ အမှန်တရားထဲ ယေဟောဝါ ဘယ်လို ဆွဲဆောင်​ခဲ့တယ်​ဆိုတာ ပြန်စဉ်းစားပါ​လို့ လက်လျှော့​ချင်စိတ် ပေါ်လာ​သူတွေကို အားပေးတယ်။ ခိုင်မြဲတဲ့ မေတ္တာကြောင့် သူတို့ကို ယေဟောဝါ ဘယ်တော့မှ စွန့်မှာ မဟုတ်ကြောင်း စိတ်ချစေတယ်။ “စိတ်ဓာတ်ကျ​သူ တော်တော်​များများ ယေဟောဝါရဲ့ အကူအညီကြောင့် လက်မလျှော့ဘဲ ပြန်ကြိုးစားတာ မြင်ရတယ်” လို့ ပြောတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ကို ယေဟောဝါနဲ့ ယေရှု မစွန့်ဘူး။

15. Matthai 6:33 man ahihlam Peter le Horst tungtangah koi bangin kilang a hiam?

၁၅ ပေတရု​နဲ့ တခြား​တမန်တော်တွေ လိုအပ်တာကို ယေဟောဝါ ဖြည့်ဆည်းပေးတယ်။ ကျွန်တော်တို့လည်း ဘဝမှာ အမှုဆောင်​လုပ်ငန်းကို ဦးစားထားရင် လိုအပ်တာတွေ ယေဟောဝါ ဖြည့်ဆည်းပေးမယ်။ (မ. ၆:၃၃) ဒုတိယ ကမ္ဘာစစ် ပြီးသွားတော့ ညီအစ်ကို ဟော့စ် ရှေ့ဆောင် လုပ်ဖို့ စဉ်းစားတယ်။ ငွေကြေး မ​ပြည့်စုံ​လို့ အချိန်ပြည့်လုပ်ငန်းမှာ ဆက်​ပါဝင်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့​နိုင်ပါ့မလား​လို့ စိတ်ပူ​မိတယ်။ ဒါနဲ့ ယေဟောဝါကို စမ်းသပ်​ကြည့်မယ်​ဆိုပြီး တိုက်နယ်ကြီးကြပ်မှူး လည်ပတ်တဲ့ တစ်ပတ်လုံး အမှုဆောင် ထွက်တယ်။ တစ်ပတ်​ကုန်တော့ အမည်​မဖော်လိုသူ​တစ်ယောက်ဆီ​က စာအိတ်​ကို တိုက်နယ်ကြီးကြပ်မှူး လာ​ပေးလို့ တအား အံ့ဩ​သွားတယ်။ အဲဒီထဲမှာ ပါတဲ့ ငွေ​က လ​တော်တော်​ကြာ ရှေ့ဆောင် လုပ်ဖို့ လောက်​တယ်။ ယေဟောဝါ ထောက်မ​ပေးမယ်​ဆိုတဲ့ အာမခံချက်​ပဲ​လို့ ဟော့စ် သတ်မှတ်​လိုက်တယ်။ ဒီလိုနဲ့ တစ်ဘဝလုံး နိုင်ငံတော်ကို ဦးစားထား​ခဲ့တယ်။—မာ​လ. ၃:၁၀။

16. Peter’ thu le a laikhakte bang hangin sin ding kisam a hiam?

၁၆ ထွက်သွား​ပေးပါ​လို့ တောင်းဆို​ခဲ့ဖူးပေမဲ့ ကိုယ့်​ဆီကနေ ယေရှု တစ်ခါမှ ထွက်​မ​သွား​လို့ ပေတရု ဝမ်းသာ​မှာ​ပဲ။ သစ္စာရှိ တမန်တော် ဖြစ်ဖို့၊ ခရစ်ယာန်တွေ​အတွက် စံနမူနာကောင်း ဖြစ်ဖို့ ခရစ်တော် တောက်လျှောက် လေ့ကျင့်​ပေးတယ်။ အဲဒီ​လေ့ကျင့်မှုကနေ ရတဲ့ သင်ခန်းစာ​တချို့ကို ပထမရာစု အသင်းတော်တွေဆီ ပို့တဲ့ စာ​နှစ်စောင်​မှာ ပေတရု ထည့်​ရေးထားတယ်။ အဲဒီ​စာ​နှစ်စောင်​ဟာ ကျမ်းစာစောင်​အဝင် ဖြစ်လာလို့ ကျွန်တော်တို့လည်း ဒီ​သင်ခန်းစာ​တွေ​ကနေ အကျိုး​ရနိုင်တယ်။ ဘာ​သင်ယူစရာတွေ ရှိသလဲ၊ ဘယ်လို လက်တွေ့​ကျင့်​နိုင်​မလဲ​ဆိုတာ နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

NANGH BANGCI DAWNG DING?

  • Peter’ thanemna pawlkhat in bang a hiam?

  • Lungkia lo-a hanciamsuak dingin bang in Peter huh a hiam?

  • Peter tung pan bangteng sin thei i hiam?

LA 126 မြဲမြံ​နိုးကြား၊ ခွန်အား ကြီးပွား

a သင်ဟာ အားနည်းချက် တွန်းလှန်​နေ​ရသူ​ဆိုရင် အောင်မြင်နိုင်​ကြောင်း၊ ယေဟောဝါရဲ့ သစ္စာရှိကျွန် ဆက်​ဖြစ်နိုင်ကြောင်း စိတ်ချစေဖို့ ဒီဆောင်းပါး​က ရည်ရွယ်ပါတယ်။

b ဒီဆောင်းပါးမှာ ကိုးကားထားတဲ့ ကျမ်းပိုဒ် တော်တော်​များများ​ဟာ မာကု ခရစ်ဝင်ကျမ်း​ထဲက ဖြစ်တယ်။ ဒီ​ဖြစ်ရပ်တွေ​ရဲ့ မျက်မြင်​သက်သေ ပေတရု​ဆီကနေ ကြားခဲ့တာတွေ ရေးထား​ပုံ ရတယ်။

c ဟော့စ် ဟန်ရှယ်– ယေဟောဝါက ကျွန်တော့်ရဲ့ ခိုင်ခံ့တဲ့ ရဲတိုက် ဖြစ် ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

d ပုံအညွှန်း– ပြန်လည်​သရုပ်ဖော်​ထားတဲ့ ရုပ်ပုံ​မှာ တွေ့ရတဲ့​အတိုင်း ဟော့စ် ဟန်ရှယ်​နဲ့​အတူ မိဘတွေ ဆုတောင်းခြင်းအားဖြင့် ပြတ်ပြတ်သားသား ရပ်တည်​နိုင်ဖို့ ကူညီပေးနေ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ