SIN DING THU 31
“Ling Hetloin Lungsim Kiptakin Na Om Un”
“Ka hong it sanggamte aw, . . . ling hetloin lungsim kiptakin na om ta un.”—1 KOR. 15:58.
LA 122 မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်နေကြ
အကြိုသုံးသပ်ချက်a
1-2. Khristiante pen inn sang mahmah tawh bangci kibat a hiam? (1 Korin 15:58)
၁၉၇၈၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မိုးမျှော်တိုက် တစ်တိုက် ဆောက်တယ်။ အဲဒီမြို့မှာ ငလျင် ခဏခဏ လှုပ်လို့ အဆောက်အအုံ ခိုင်ပါ့မလားဆိုပြီး လူတွေ တွေးကြတယ်။ ဒါပေမဲ့ အင်ဂျင်နီယာတွေက အဆောက်အအုံ ခိုင်ခံ့မှု ရှိအောင်ကော ငလျင် တုန်ခါမှုနဲ့အညီ အလိုက်သင့် ဖြစ်အောင်ပါ ဒီဇိုင်းဆွဲထားကြတယ်။ ခရစ်ယာန်တွေဟာ အဲဒီလို မိုးမျှော်တိုက်နဲ့ တူတယ်။ ဘယ်လိုနည်းနဲ့လဲ။
၂ ခရစ်ယာန်တွေဟာ အခိုင်အမာ ရပ်တည်ဖို့ လိုသလို အလိုက်သင့် ဖြစ်ဖို့လည်း လိုတယ်။ မျှတမှုတော့ ရှိရမယ်။ ဥပမာ၊ ယေဟောဝါရဲ့ ပညတ်တွေ၊ စံနှုန်းတွေနဲ့ပတ်သက်လာရင် ပြတ်ပြတ်သားသား၊ မယိမ်းမယိုင် ရပ်တည်ရမယ်။ (၁ ကောရိန္သု ၁၅:၅၈ ကို ဖတ်ပါ။) “နာခံဖို့ အသင့်ရှိ” ရမယ်။ အလျှော့မပေးရဘူး။ ဒါပေမဲ့ တချို့အခြေအနေတွေမှာ လိုအပ်လာတဲ့အခါ “အကျိုးသင့်အကြောင်းသင့်” ရှိရမယ်။ (ယာ. ၃:၁၇) ဒီလိုမျိုး မျှတတဲ့သဘော ရှိသူဟာ တင်းကျပ်လွန်းမှာ မဟုတ်သလို လျော့ရဲလွန်းမှာ မဟုတ်ဘူး။ ဒါဆိုရင် ဘယ်လိုနည်းနဲ့ ကြံ့ကြံ့ခံ ရပ်တည်ရမလဲ။ ကြံ့ကြံ့ခံ ရပ်တည်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန် လျော့သွားဖို့ စာတန် သုံးတဲ့ နည်းငါးနည်းက ဘာလဲ။ ကျွန်တော်တို့ ဘယ်လို တွန်းလှန်နိုင်သလဲ။ ဒီအကြောင်း ဒီဆောင်းပါးမှာ သုံးသပ်သွားပါမယ်။
KOI BANG DANIN KIPTAKIN OM THEI I HIAM?
3. Sawltak 15:28, 29 ah A Lianpen Thukham Piapa in bang thukhamte hong pia a hiam?
၃ အကြီးမြတ်ဆုံး ပညတ်ပြဋ္ဌာန်းရှင် ယေဟောဝါက မိမိလူမျိုးကို ပညတ်တွေ အမြဲ ရှင်းရှင်းလင်းလင်း ပေးတယ်။ (ဟေရှာ. ၃၃:၂၂) ဥပမာ၊ ခရစ်ယာန်တွေ ပြတ်ပြတ်သားသား ရပ်တည်ရမယ့် ကဏ္ဍ သုံးခုကို ပထမရာစု အုပ်ချုပ်ရေး အဖွဲ့ကတစ်ဆင့် ဖော်ပြတယ်။ (၁) ရုပ်တုကိုးကွယ်မှုကို ရှောင်ပြီး ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဖို့၊ (၂) သွေးရဲ့ မြင့်မြတ်မှုကို လေးစားဖို့၊ (၃) ကျမ်းစာပါ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းကို လိုက်နာဖို့ ဖြစ်တယ်။ (တမန်တော် ၁၅:၂၈၊ ၂၉ ကို ဖတ်ပါ။) ဒီကဏ္ဍ သုံးခုမှာ ဒီနေ့ခေတ် ခရစ်ယာန်တွေ ဘယ်လို ပြတ်ပြတ်သားသား ရပ်တည်နိုင်သလဲ။
4. Koi bang danin Jehovah bek bia i hiam? (Maangmuhna 4:11)
၄ ကျွန်တော်တို့ ရုပ်တု မကိုးကွယ်ကြဘူး။ ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ကြတယ်။ မိမိတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ အစ္စရေးလူမျိုးကို ဘုရား ပညတ်ထားတယ်။ (တရား. ၅:၆-၁၀) ဒါ့အပြင် မာရ်နတ် လာသွေးဆောင်တုန်းက ယေဟောဝါကိုပဲ ကိုးကွယ်ရမယ့်အကြောင်း ယေရှု ရှင်းရှင်းလင်းလင်း ပြန်ပြောတယ်။ (မ. ၄:၈-၁၀) ဒါကြောင့် ကျွန်တော်တို့ ရုပ်တု မကိုးကွယ်ကြဘူး။ ဘာသာရေး ခေါင်းဆောင်၊ နိုင်ငံရေးသမား၊ အားကစားလောက၊ ဖျော်ဖြေရေးလောက အကျော်အမော်တွေကို ဘုရားလို ကိုးကွယ်လုမတတ် မဖြစ်ကြဘူး။ ‘အရာခပ်သိမ်း ဖန်ဆင်းရှင်’ ယေဟောဝါဘက်ပဲ ရပ်တည်ကြတယ်။ ယေဟောဝါကိုပဲ ကိုးကွယ်ကြတယ်။—ဗျာဒိတ် ၄:၁၁ ကို ဖတ်ပါ။
5. Nuntakna le sisan tawh kisai-in Jehovah’ thukham bang hangin zui i hiam?
၅ အသက်၊ သွေးနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ပညတ်ကို ကျွန်တော်တို့ လိုက်နာကြတယ်။ ဘာကြောင့်လဲ။ သွေးဟာ အသက်ကို ကိုယ်စားပြုတယ်၊ ဘုရားပေး အဖိုးတန် လက်ဆောင် ဖြစ်တယ်လို့ ယေဟောဝါ ပြောထားလို့ပဲ။ (ဝတ်. ၁၇:၁၄) လူတွေကို အသားစားခွင့် စပေးလိုက်ချိန်မှာ သွေးကိုတော့ မစားဖို့ မှာတယ်။ (က. ၉:၄) အစ္စရေးလူမျိုးကို မောရှေပညတ် ပေးချိန်မှာလည်း ဒီအချက် ထည့်ထားတယ်။ (ဝတ်. ၁၇:၁၀) ဒါ့အပြင် ခရစ်ယာန်အားလုံး ‘သွေးကို အမြဲ ရှောင်ကြဉ်’ ဖို့ ပထမရာစု အုပ်ချုပ်ရေး အဖွဲ့ကတစ်ဆင့် ညွှန်ကြားတယ်။ (တ. ၁၅:၂၈၊ ၂၉) ဒါကြောင့် ဆေးကုသမှု ရွေးတဲ့အခါ ဒီပညတ်ကို ကျွန်တော်တို့ ပြတ်ပြတ်သားသား လိုက်နာကြတယ်။b
6. Gamtatna tawh kisai Jehovah’ tehna sang bangci zuih i hiam?
၆ ယေဟောဝါရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းကို ကျွန်တော်တို့ အတိအကျ လိုက်နာကြတယ်။ (ဟီ. ၁၃:၄) ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို “သေစေကြပါ” လို့ တမန်တော် ပေါလု အကြံပေးတယ်။ မှားယွင်းတဲ့ သွေးသားဆန္ဒတွေကို အစွမ်းကုန် ရှင်းထုတ်ဖို့ ပြောနေတာ။ ဒါကြောင့် လိင်အကျင့် ယိုယွင်းမိစေနိုင်တဲ့ ဘာကိုမှ ကျွန်တော်တို့ မကြည့်ကြဘူး။ မလုပ်ကြဘူး။ (ကော. ၃:၅။ ယောဘ ၃၁:၁) သွေးဆောင်ခံရတဲ့အခါ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်နိုင်တဲ့ အတွေး၊ လုပ်ရပ် မှန်သမျှ ချက်ချင်း ငြင်းကြတယ်။
7. Bang i khensat ding kisam a hiam? Bang hang hiam?
၇ ကျွန်တော်တို့ “စိတ်ရောကိုယ်ပါ နာခံ” တတ်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ရော. ၆:၁၇) ဘုရားပညတ်တွေကို ဈေးသွားဆစ်လို့ မရဘူး။ ဘုရားရဲ့ လမ်းညွှန်ချက်တွေဟာ အမြဲ ကျွန်တော်တို့ ကောင်းကျိုးအတွက်ပဲ။ (ဟေရှာ. ၄၈:၁၇၊ ၁၈။ ၁ ကော. ၆:၉၊ ၁၀) ဒါကြောင့် ကျွန်တော်တို့ ဘုရားစိတ်တော်နဲ့ တွေ့ဖို့ ကြိုးစားကြတယ်။ “ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကို သက်ဆုံးတိုင် အမြဲ လိုက်နာမယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်” ဆိုတဲ့ ဆာလံကျမ်းရေးသူလို သဘောထားမျိုး ရှိကြတယ်။ (ဆာ. ၁၁၉:၁၁၂) ဒါပေမဲ့ ကျွန်တော်တို့ သန္နိဋ္ဌာန် လျော့သွားဖို့ စာတန် ကြိုးစားတယ်။ ဘယ်နည်းတွေနဲ့လဲ။
I KHENSATNA A KIP LOH NADINGIN SATAN IN KOICI HANCIAM A HIAM?
8. I khensatna a kip loh nadingin Satan in bawlsiatna koici zat a hiam?
၈ နှိပ်စက်ညှဉ်းပန်းမှု။ ကျွန်တော်တို့ သန္နိဋ္ဌာန် လျော့သွားဖို့ အကြမ်းဖက်မှု၊ ဖိအားတွေ စာတန် သုံးတယ်။ ကျွန်တော်တို့ကို “ဝါးမျိုဖို့၊” ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ပါ။ (၁ ပေ. ၅:၈) ပထမရာစုတုန်းက ခရစ်ယာန်တွေဟာ အခိုင်အမာ ရပ်တည်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကြောင့် ခြိမ်းခြောက်၊ ရိုက်နှက်၊ သတ်ဖြတ်ခံရကြတယ်။ (တ. ၅:၂၇၊ ၂၈၊ ၄၀။ ၇:၅၄-၆၀) နှိပ်စက်ညှဉ်းပန်းမှုတွေကို ဒီနေ့အထိ စာတန် သုံးနေတုန်းပဲ။ ရုရှားနိုင်ငံနဲ့ တခြားနိုင်ငံတွေက ညီအစ်ကို/မတွေ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခံနေကြရတာ၊ တစ်နည်းမဟုတ် တစ်နည်းနဲ့ နှိပ်ကွပ်ခံနေကြရတာ ကြည့်ရင် သိနိုင်တယ်။
9. A kithei tham lo-a thuzawhnate zong kidop ding a kisaplam gentehna pia in.
၉ မသိမသာ ဖိအားပေးမှု။ ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းမှုတွေအပြင် “ဉာဏ်နီဉာဏ်နက် များတဲ့ လုပ်ရပ်တွေ” ကိုလည်း စာတန် သုံးတယ်။ (ဧ. ၆:၁၁) ဥပမာ၊ ညီအစ်ကို ရောဘတ်ဟာ အကြီးစား ခွဲစိတ်မှု ခံယူဖို့ ဆေးရုံတက်ရတယ်။ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် သွေးမသွင်းဘူးဆိုတာ ဆရာဝန်တွေကို အသိပေးထားတယ်။ ရောဘတ်ရဲ့ ဆုံးဖြတ်ချက်ကို ခွဲစိတ် ဆရာဝန် တလေးတစား လက်ခံတယ်။ ဒါပေမဲ့ မခွဲစိတ်ခင်ည မိသားစုဝင်တွေ အိမ်ပြန်သွားတုန်း ရောဘတ်ဆီ မေ့ဆေး ဆရာဝန် ရောက်လာတယ်။ သွေးမသွင်းဘူး ဆိုပေမဲ့ လိုလိုမယ်မယ် ဆောင်ထားမယ့်အကြောင်း ရောဘတ်ကို ပြောတယ်။ မိသားစုဝင်တွေ မရှိရင် ရောဘတ် စိတ်ပြောင်းသွားမယ်လို့ ထင်နေတာ။ ဒါပေမဲ့ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် သွေးမသွင်းဘူးလို့ ပြောပြီး ရောဘတ် ပြတ်ပြတ်သားသား ရပ်တည်ခဲ့တယ်။
10. Mihing ngaihsutnate bang hangin lau huai a hiam? (1 Korin 3:19, 20)
၁၀ လူ့အတွေးအခေါ်။ လူ့အတွေးအခေါ် ဝင်လာရင် ကျွန်တော်တို့ ယေဟောဝါဘုရားနဲ့ ဘုရားပညတ်တွေကို လျစ်လျူရှုမိလာနိုင်တယ်။ (၁ ကောရိန္သု ၃:၁၉၊ ၂၀ ကို ဖတ်ပါ။) လူတွေ ဘုရားစကား နားမထောင်အောင် “လောကရဲ့ ဉာဏ်ပညာ” က ပရိယာယ်ဆင် ထောင်ဖမ်းတတ်တယ်။ ပေရဂံနဲ့ သွာတိရ အသင်းတော်က ခရစ်ယာန်တချို့ဟာ လိင်အကျင့် ယိုယွင်းမှု၊ ရုပ်တု ကိုးကွယ်မှုနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်က လူတွေ ဩဇာလွှမ်းမိုးတာ ခံနေကြရတယ်။ လိင်အကျင့် ယိုယွင်းမှုကို သည်းခံထားကြလို့ အသင်းတော် နှစ်ခုစလုံးကို ယေရှု ပြင်းပြင်းထန်ထန် ဆုံးမခဲ့ရတယ်။ (ဗျာ. ၂:၁၄၊ ၂၀) ဒီနေ့လည်း အတွေးအခေါ်မှားတွေ လက်ခံဖို့ ကျွန်တော်တို့ ဖိအားပေးခံရနိုင်တယ်။ မိသားစုဝင်တွေ၊ အသိတွေက ကျွန်တော်တို့ပဲ တင်းကျပ်လွန်းနေသယောင် ပြောလာနိုင်တယ်။ ဘုရားပညတ်တွေ ချိုးဖောက်ဖို့ ဖိအားပေးလာနိုင်တယ်။ ကိုယ်ကျင့်တရား စင်ကြယ်နေလို့လည်း ဘာမှ မထူးဘူး၊ ကျမ်းစာမှာ ပါတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ ခေတ်နောက်ကျသွားပြီလို့ ပြောလာနိုင်တယ်။
11. Kiptaka i om hang, bang pen pelh ding kisam a hiam?
၁၁ ယေဟောဝါရဲ့ ညွှန်ကြားချက်တွေ မရှင်းဘူးလို့ ကျွန်တော်တို့ တစ်ခါတလေ တွေးမိနိုင်တယ်။ “ကျမ်းစာမှာ ရေးထားတာ” ကိုတောင် ကျော်ချင်လာနိုင်တယ်။ (၁ ကော. ၄:၆) ယေရှုခေတ်က ဘာသာရေး ခေါင်းဆောင်တွေဆိုရင် ပညတ်တရားမှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ထပ်ထည့်လိုက်လို့ သာမန်လူတွေ ဝန်ပိကြရတယ်။ (မ. ၂၃:၄) တကယ်တော့ ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေ ယေဟောဝါ ပေးနေတာပဲ။ ထပ်ဖြည့်စရာအကြောင်း ဘာမှ မရှိဘူး။ (ပညာ. ၃:၅-၇) ဒါကြောင့် ကျမ်းစာမှာ ရေးထားတာကို ကျွန်တော်တို့ မကျော်ကြဘူး။ ကျမ်းစာမှာ ဖော်ပြမထားတဲ့ ကိစ္စတွေအတွက် ညီအစ်ကို/မတွေကို စည်းမျဉ်းတွေ လိုက်မထုတ်ကြဘူး။
12. Satan in ‘khemna thute’ bangci zat a hiam?
၁၂ လှည့်ဖြားမှု။ လူတွေ လမ်းလွဲစေဖို့၊ သွေးကွဲစေဖို့ “အဓိပ္ပာယ် မဲ့တဲ့ လှည့်ဖြားမှုတွေ၊” “လောကရဲ့ အခြေခံတရားတွေ” ကို စာတန် သုံးတယ်။ (ကော. ၂:၈) “အဓိပ္ပာယ် မဲ့တဲ့ လှည့်ဖြားမှု၊” “လောကရဲ့ အခြေခံတရား” လို့ ပြောတဲ့အခါ ပထမရာစုတုန်းကဆိုရင် လူ့အတွေးအခေါ်ကို အခြေခံတဲ့ သွန်သင်ချက်၊ ကျမ်းစာနဲ့ မညီတဲ့ ဂျူးသွန်သင်ချက်၊ ခရစ်ယာန်တွေ မောရှေပညတ် လိုက်နာရမယ်ဆိုတဲ့ သွန်သင်ချက်တွေ ပါတယ်။ လူတွေကို လှည့်ဖြားတဲ့ သွန်သင်ချက်တွေပါပဲ။ ဉာဏ်ပညာရဲ့ ရင်းမြစ် ယေဟောဝါဆီကနေ အာရုံလွဲသွားစေလို့ပါ။ ဒီနေ့လည်း တစ်ခုခု ဖြစ်ပြီဆိုရင် နိုင်ငံရေးသမားတွေက ဘယ်သူ့ကြောင့်ပါဆိုပြီး အခြေအမြစ် မရှိတဲ့ ကောလာဟလ၊ သတင်းမှားတွေ လွှင့်ကြတယ်။ ဒါတွေကို လူမှုကွန်ယက်၊ မီဒီယာမှာ စာတန် ပျံ့နှံ့စေတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အဲဒီလို သတင်းတွေ အများကြီး ထွက်လာတယ်။c ဘုရားအဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို နားထောင်တဲ့ ယေဟောဝါသက်သေတွေဟာ သတင်းမှား နားထောင်သူတွေလို အစိုးရိမ် မလွန်ခဲ့ကြရဘူး။—မ. ၂၄:၄၅။
13. Lunghei neih loh nadinga kidop ding bang hang kisam a hiam?
၁၃ အာရုံပျံ့စရာတွေ။ “ပိုအရေးကြီးတဲ့အရာတွေ” ကနေ ကျွန်တော်တို့ အာရုံမပျံ့ရဘူး။ (ဖိ. ၁:၉၊ ၁၀) စားတာ၊ သောက်တာ၊ အပန်းဖြေတာ၊ အလုပ်လုပ်တာလိုမျိုး သာမန် လုပ်နေကျအရာတွေတောင် ကိုယ့်ဘဝမှာ အဓိက ဖြစ်လာပြီဆိုရင် အာရုံပျံ့သွားနိုင်တယ်။ (လု. ၂၁:၃၄၊ ၃၅) ဒီကြားထဲ ဆန္ဒပြပွဲတွေ၊ နိုင်ငံရေးကိစ္စ အငြင်းအခုံတွေ နေ့တိုင်း ကြားရ၊ ဖတ်ရတယ်။ အဲဒါတွေကြောင့် အာရုံပျံ့သွားလို့ မဖြစ်ဘူး။ အာရုံပျံ့သွားရင် စိတ်ထဲ တစ်ဖက်ဖက် ပါမိသွားမယ်။ အချိန်ကုန်၊ လူပင်ပန်းတယ်။ ကျွန်တော်တို့ သန္နိဋ္ဌာန် လျော့သွားစေဖို့ စာတန် ရည်ရွယ်ထားလို့ ဒီနည်းငါးနည်းကို သုံးနေတယ်။ ဘယ်လို တွန်းလှန်ပြီး အခိုင်အမာ ရပ်တည်နိုင်မလဲဆိုတာ သုံးသပ်ကြည့်ကြစို့။
KOI BANG DANIN KIPTAKIN OMSUAK THEI I HIAM?
အခိုင်အမာ ရပ်တည်နိုင်ဖို့ဆိုရင် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံရတဲ့ အကြောင်းရင်းကို ပြန်စဉ်းစားပါ။ ကျမ်းစာကို လေ့လာတွေးတောပါ။ စိတ်မယိမ်းယိုင်ပါနဲ့။ ယေဟောဝါကို ယုံကြည်စိတ်ချပါ (စာပိုဒ် ၁၄-၁၈ ကို ကြည့်ပါ)
14. Jehovah lamah kiptaka om dinga hong huh thei thu khat in bang a hiam?
၁၄ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံရတဲ့ အကြောင်းရင်းကို ပြန်စဉ်းစားပါ။ ယေဟောဝါဘက် ရပ်တည်ချင်လို့ သင် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခဲ့တာ။ အမှန်တရား တွေ့ပြီလို့ ဘယ်လိုလုပ်ပြီး စိတ်ချသွားသလဲ ပြန်စဉ်းစားကြည့်ပါ။ ယေဟောဝါဘုရားအကြောင်း သိအောင် လုပ်တယ်။ ဘုရားကို ဖခင်တစ်ယောက်လို လေးစားချစ်ခင်လာတယ်။ ယုံကြည်ခြင်း ရှိလာတယ်။ အပြစ်တွေအတွက် နောင်တ ယူတယ်။ အကျင့်ဆိုးတွေ ဖြတ်တယ်။ ဘုရားအလိုတော်နဲ့အညီ နေထိုင်တယ်။ ကိုယ့်ကို ဘုရား ခွင့်လွှတ်တယ်ဆိုတာ သိလိုက်ရလို့ စိတ်ပေါ့သွားတယ်။ (ဆာ. ၃၂:၁၊ ၂) အစည်းအဝေးတွေ တက်တယ်။ တခြားသူတွေကို သိလာတာတွေ စပြောပြတယ်။ အခု၊ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံပြီးသား ခရစ်ယာန်အဖြစ် အသက်လမ်းမှာ လျှောက်နေပြီ။ ဆက်လျှောက်နေဖို့လည်း ဆုံးဖြတ်ထားတယ်။—မ. ၇:၁၃၊ ၁၄။
15. Thu sinna le lungngaihna pen bang hang hamphatna om a hiam?
၁၅ ကျမ်းစာကို လေ့လာတွေးတောပါ။ သစ်ပင် ကြီးထွားလာတာနဲ့အမျှ အမြစ်တွေ ပိုနက်လာတယ်။ ပိုပြန့်ကားလာတယ်။ အဲဒီလို နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေတဲ့ သစ်ပင်ဟာ ခိုင်မာတယ်။ ကျွန်တော်တို့လည်း ကျမ်းစာကို လေ့လာတွေးတောတာနဲ့အမျှ ယုံကြည်ခြင်း ခိုင်မာလာတယ်။ ဘုရားနည်းလမ်းတွေ အကောင်းဆုံးဆိုတာ ပိုစိတ်ချလာတယ်။ အဲဒီလို ယုံကြည်ခြင်း အမြစ်စွဲနေရင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ပါလိမ့်မယ်။ (ကော. ၂:၆၊ ၇) ယေဟောဝါရဲ့ ညွှန်ကြားမှု၊ လမ်းပြမှု၊ ကာကွယ်မှုက ရှေးခေတ် ကျေးကျွန်တွေကို ဘယ်လို ကူညီပေးတယ်ဆိုတာ စဉ်းစားပါ။ ဥပမာ၊ စိတ်အာရုံမှာ မြင်ရတဲ့ ဗိမာန်တော်ကို ကောင်းကင်တမန်တစ်ပါး အတိအကျ လိုက်တိုင်းထွာတာ ယေဇကျေလ အာရုံစိုက် ကြည့်နေခဲ့တယ်။ အဲဒီစိတ်အာရုံကို ယေဇကျေလ အာရုံစိုက်ခဲ့လို့ အားရှိသွားတယ်။ ကျွန်တော်တို့လည်း အဲဒီစိတ်အာရုံအကြောင်း အာရုံစိုက် လေ့လာမယ်ဆိုရင် စင်ကြယ်တဲ့ ဝတ်ပြုရေးအတွက် ယေဟောဝါရဲ့ စံနှုန်းတွေကို ဘယ်လို လိုက်နာနိုင်သလဲဆိုတာ သိလာမယ်။d (ယေဇ. ၄၀:၁-၄။ ၄၃:၁၀-၁၂) ကျမ်းစာမှာ ပါတဲ့ နက်နဲတဲ့ အကြောင်းအရာတွေကို အချိန်ယူ လေ့လာတွေးတောတာ တကယ် အကျိုးရှိတယ်။
16. A lungsim kipna in unaupa Bob bangci hu a hiam? (Late 112:7)
၁၆ စိတ်မယိမ်းယိုင်ပါနဲ့။ “အို ဘုရားသခင်၊ ကျွန်တော့်စိတ်ဟာ တည်ကြည်ခိုင်မြဲပါတယ်” လို့ ဘုရင် ဒါဝိဒ် ဖွဲ့ဆိုတယ်။ ယေဟောဝါကို ချစ်တဲ့ မေတ္တာ ဘယ်တော့မှ မလျော့ဘူးလို့ ပြောနေတာ။ (ဆာ. ၅၇:၇) ကျွန်တော်တို့လည်း စိတ်မယိမ်းယိုင်ဘဲ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားနိုင်တယ်။ (ဆာလံ ၁၁၂:၇ ကို ဖတ်ပါ။) စိတ်မယိမ်းယိုင်တာက အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ရောဘတ်ကို ကာကွယ်ပေးတယ်။ လိုအပ်လာရင် သုံးဖို့ သွေး လိုလိုမယ်မယ် ဆောင်ထားမယ့်အကြောင်း ပြောလာတော့ ရောဘတ် ဘာလုပ်သလဲ။ သွေးသွင်းဖို့ ဟန်ပြင်ရုံ ပြင်နေတယ်ဆိုရင်တောင် ချက်ချင်း ဆေးရုံ ဆင်းသွားမယ်လို့ ရောဘတ် ပြောလိုက်တယ်။ “ကျွန်တော် နှစ်ခါ စဉ်းစားမနေဘူး။ ဘာဆက်ဖြစ်မလဲ တွေးပူမနေဘူး” လို့ နောက်ပိုင်းမှာ ပြောပြတယ်။
ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိရင် ဘာအခက်အခဲပဲ ကြုံရပါစေ ကျွန်တော်တို့ ကြံ့ကြံ့ခံ ရပ်တည်နိုင် (စာပိုဒ် ၁၇ ကို ကြည့်ပါ)
17. Unaupa Bob tung pan bang sin thei i hiam? (Lim zong en in.)
၁၇ ဆေးရုံ မတက်ခင်ကတည်းက ဆုံးဖြတ်ချက် ခိုင်မာအောင် လုပ်ထားလို့ ရောဘတ် စိတ်မယိုင်တာ။ ပထမ၊ ယေဟောဝါကို စိတ်ရွှင်လန်းစေဖို့ ဆုံးဖြတ်ထားတယ်။ ဒုတိယ၊ အသက်နဲ့ သွေးရဲ့ မြင့်မြတ်မှုအကြောင်း ကျမ်းစာနဲ့ ကျမ်းစာ အခြေပြု စာပေတွေမှာ ဖော်ပြထားတာကို သေသေချာချာ လေ့လာတယ်။ တတိယ၊ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို လိုက်နာတာ ရေရှည် အကျိုးရှိမှန်း စိတ်ချအောင် လုပ်တယ်။ ကျွန်တော်တို့လည်း ဘာအခက်အခဲပဲ ကြုံရပါစေ မယိမ်းမယိုင် ရပ်တည်နိုင်ပါတယ်။
သိသရရဲ့ စစ်တပ်နောက် ဗာရက်နဲ့ သူ့လူတွေ သတ္တိရှိရှိ လိုက်နေကြ (စာပိုဒ် ၁၈ ကို ကြည့်ပါ)
18. Jehovah i muan nadingin Barak ii tuahkhakna in bang hong hilh a hiam? (Laibu mai-a lim en in.)
၁၈ ယေဟောဝါကို ယုံကြည်စိတ်ချပါ။ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို ယုံကြည်စိတ်ချလို့ ဗာရက် ဘယ်လို အောင်မြင်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ အစ္စရေး တစ်တိုင်းပြည်လုံးမှာ ဒိုင်းလွှားတစ်ခု၊ လှံတစ်စင်းမှ မရှိဘူး။ ဒါပေမဲ့ သိသရ ခေါင်းဆောင်တဲ့ လက်နက် အပြည့်အစုံနဲ့ ခါနန် စစ်တပ်ကို သွားတိုက်ဖို့ ဗာရက်ကို ယေဟောဝါ ညွှန်ကြားတယ်။ (သူကြီး. ၅:၈) သိသရနဲ့ စစ်မြင်းရထား ၉၀၀ ကို ရင်ဆိုင်ဖို့ တောင်အောက် ဆင်းသွားပါလို့ ပရောဖက်မ ဒေဗောရ ပြောတယ်။ လွင်ပြင်မှာဆိုရင် စစ်မြင်းရထားတွေ အသာစီးရနိုင်တယ်ဆိုတာ သိပေမဲ့ ပြောတဲ့အတိုင်း ဗာရက် လုပ်တယ်။ ဗာရက်တို့ တာဗော်တောင်ကနေ ဆင်းလာတာနဲ့ ယေဟောဝါ မိုး သည်းသည်းထန်ထန် ရွာချစေတယ်။ သိသရရဲ့ စစ်မြင်းရထားတွေ ရွှံ့နွံနစ်ကုန်လို့ ဗာရက် အောင်ပွဲရသွားတယ်။ (သူကြီး. ၄:၁-၇၊ ၁၀၊ ၁၃-၁၆) ကျွန်တော်တို့လည်း ဘုရားကိုကော အဖွဲ့အစည်းကတစ်ဆင့် ဘုရား ပေးတဲ့ ညွှန်ကြားချက်တွေကိုပါ ယုံကြည်စိတ်ချမယ်ဆိုရင် အောင်မြင်ကြပါလိမ့်မယ်။—တရား. ၃၁:၆။
KIPTAKA OM DING KHENSAT IN
19. Bang hangin kiptakin om nuam na hiam?
၁၉ ဒီစနစ်မှာ အသက်ရှင်သရွေ့တော့ ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့ တိုက်ပွဲ ဆက်ဝင်နေရဦးမှာပဲ။ (၁ တိ. ၆:၁၁၊ ၁၂။ ၂ ပေ. ၃:၁၇) နှိပ်စက်ညှဉ်းပန်းမှု၊ မသိမသာ ဖိအားပေးမှု၊ လူ့အတွေးအခေါ်၊ လှည့်ဖြားမှု၊ အာရုံပျံ့စရာတွေကြောင့် ယိမ်းယိုင်မသွားဖို့ ဆုံးဖြတ်ထားပါ။ (ဧ. ၄:၁၄) အဲဒီအစား ကြံ့ကြံ့ခံ ရပ်တည်ကြရအောင်။ ယေဟောဝါကို ဆက်ချစ်သွားကြရအောင်။ ဘုရားပညတ်တွေ ဆက်နာခံသွားကြရအောင်။ ဒါပေမဲ့ ကျွန်တော်တို့ အကျိုးသင့်အကြောင်းသင့် ရှိဖို့လည်း လိုတယ်။ အကျိုးသင့်အကြောင်းသင့် ရှိခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါနဲ့ ယေရှု ဘယ်လို စံနမူနာ ပြကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
LA 129 ခံရပ်နေမယ်
a ဘယ်ဟာ မှန်တယ်၊ မှားတယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်သင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို အာဒံ၊ ဧဝခေတ်ကတည်းက စာတန် ရိုက်သွင်းထားတယ်။ ယေဟောဝါဘုရားရဲ့ ပညတ်တွေ၊ ဘုရားအဖွဲ့အစည်းကနေ လာတဲ့ ညွှန်ကြားချက်တွေနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ကို အဲဒီလိုပဲ သဘောထားစေချင်တယ်။ စာတန့်လောက,က လူတွေလို ကိုယ်လုပ်ချင်တာ ကိုယ်လုပ်မယ်ဆိုတဲ့ သဘောထားမျိုး ဝင်မလာဖို့၊ ယေဟောဝါကို အမြဲ နာခံမယ်ဆိုတဲ့ သန္နိဋ္ဌာန် ခိုင်မာနေဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။
b သွေးနဲ့ပတ်သက်တဲ့ ဘုရားအမြင်ကို လေးစားကြောင်း ခရစ်ယာန်တွေ ပြနိုင်ပုံကို ထပ်သိချင်ရင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၃၉ မှာ ကြည့်ပါ။
c “သတင်းမှားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ပုံ” ဆောင်းပါးကို jw.org မှာ ကြည့်ပါ။
d အသေးစိတ် သိချင်ရင် ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ စာအုပ် အခန်း ၁၃ နဲ့ ၁၄ ကို ကြည့်ပါ။