SIN DING THU 32
Jehovah Bangin A Kilawm A Kituak Thei Un
“A kilawm a kituak na theihlam uh mi khempeuh tungah kilangsak un.”—FIL. 4:5, New World Translation.
LA 89 နားထောင်၊ နာခံ၊ ကောင်းချီးစံ
အကြိုသုံးသပ်ချက်a
ဘယ်လို သစ်ပင်မျိုး ဖြစ်ချင်သလဲ (စာပိုဒ် ၁ ကို ကြည့်ပါ)
1. Khristiante koi bang danin singkung tawh a kibat ding uh kul a hiam? (Lim zong en in.)
“အလိုက်သင့် ယိမ်းတတ်တဲ့ သစ်ပင်ဟာ လေ ကြမ်းလို့ မကျိုးဘူး။” လေကြမ်းချိန်မှာ သစ်ပင် ကြံ့ကြံ့ခံဖို့ အလိုက်သင့် ရှိခြင်း ဘယ်လောက် အရေးကြီးကြောင်း ဒီစကားပုံက ဖော်ပြတယ်။ ခရစ်ယာန်တွေလည်း ဘဝ ကြမ်းချိန်မှာ ဘုရားရေးရာဘက် ကြံ့ကြံ့ခံ ရပ်တည်ချင်ရင် အလိုက်သင့် ရှိရမယ်။ ဘယ်လိုနည်းနဲ့လဲ။ အခြေအနေသစ်နဲ့အညီ ပြောင်းသာလဲသာ ရှိခြင်းအားဖြင့်၊ တခြားသူတွေရဲ့ သဘောထား၊ ဆုံးဖြတ်ချက်ကို လေးစားခြင်းအားဖြင့်ပါပဲ။
2. Nuntakzia kikhelnate tawh kizui-a i om theih nadingin bang pianziate in hong huh ding a hiam? Hih thulu-ah bang thu kikum ding i hiam?
၂ ယေဟောဝါရဲ့ ကျေးကျွန်တွေအနေနဲ့ ကျွန်တော်တို့ အကျိုးသင့်အကြောင်းသင့် ရှိချင်ကြတယ်။ နှိမ့်ချမှု၊ ထောက်ထားစာနာမှု ရှိချင်ကြတယ်။ ဘဝအပြောင်းအလဲတွေကို ရင်ဆိုင်နိုင်ဖို့ ခရစ်ယာန်တချို့ကို ဒီအရည်အသွေးတွေ ဘယ်လို ကူညီပေးခဲ့သလဲ၊ ကျွန်တော်တို့ကိုကော ဘယ်လို ကူညီပေးနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ ဦးဆုံး၊ အကျိုးသင့်အကြောင်းသင့် ရှိရာမှာ အကောင်းဆုံး စံနမူနာရှင်တွေ ဖြစ်ကြတဲ့ ယေဟောဝါနဲ့ ယေရှုဆီကနေ သင်ခန်းစာတွေ ယူကြရအောင်။
JEHOVAH LE JESUH IN A KILAWM A KITUAK THEI UH
3. Jehovah in a kilawm a kituak a theihlam koici theih i hiam?
၃ ကျမ်းစာမှာ ယေဟောဝါကို “ကျောက်ဆောင်” လို့ ခေါ်ထားတယ်။ မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်နေလို့ပဲ။ (တရား. ၃၂:၄) ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့်လည်း ရှိတယ်။ လောကဇာတ်ခုံ ပြောင်းလဲသွားပေမဲ့ ကတိပေးထားသမျှ ပြည့်စုံစေဖို့ အလိုက်သင့် ပြောင်းလဲတယ်။ မိမိလို ပြောင်းသာလဲသာ ရှိနိုင်စွမ်းနဲ့ လူတွေကို ဖန်ဆင်းထားတယ်။ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းသွားပါစေ ပညာရှိ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ရှင်းလင်းတဲ့ ကျမ်းစာ အခြေခံမူတွေ ပေးထားတယ်။ ဘုရားရဲ့ စံနမူနာနဲ့ ဘုရားပေး ကျမ်းစာမူတွေကို ကြည့်ရင် ယေဟောဝါဟာ “ကျောက်ဆောင်” ဖြစ်ပေမဲ့ အကျိုးသင့်အကြောင်းသင့် ရှိမှန်း သိရတယ်။
4. Jehovah in a kilawm a kituak a theihlam gentehna pia in. (Siampi Laibu 5:7, 11)
၄ ယေဟောဝါရဲ့ နည်းလမ်းတွေဟာ ပြည့်ဝစုံလင်ပြီး အကျိုးသင့်အကြောင်းသင့် ရှိတယ်။ လူတွေနဲ့ ဆက်ဆံရာမှာ တရားသေ မဆန်ဘူး။ ဥပမာ၊ အစ္စရေးလူမျိုးကို ယေဟောဝါ ဘယ်လို အကျိုးသင့်အကြောင်းသင့်သဘော ပြခဲ့သလဲ သုံးသပ်ကြည့်ပါ။ ဆင်းရဲချမ်းသာမရွေး လူတိုင်းဆီကနေ ပူဇော်သက္ကာ တစ်ပုံစံတည်း မတောင်းဆိုဘူး။ အခြေအနေတချို့မှာ တတ်နိုင်သလောက်ပဲ ပူဇော်သက္ကာ ဆက်သဖို့ ခွင့်ပြုထားတယ်။—ဝတ်ပြုရာ ၅:၇၊ ၁၁ ကို ဖတ်ပါ။
5. Jehovah in kiniamkhiatna le hehpihna a neihlam gentehna pia in.
၅ အကျိုးသင့်အကြောင်းသင့် ရှိဖို့ နှိမ့်ချမှုနဲ့ ထောက်ထားစာနာမှုက ယေဟောဝါကို လှုံ့ဆော်ပေးတယ်။ ဥပမာ၊ သောဒုံမြို့က လူဆိုးတွေကို ဖျက်ဆီးခါနီးမှာ တောင်တန်းဒေသဘက် ထွက်ပြေးဖို့ ဖြောင့်မတ်သူ လောတကို ကောင်းကင်တမန်တွေကတစ်ဆင့် ယေဟောဝါ ညွှန်ကြားတယ်။ ဒါပေမဲ့ အဲဒီကို လောတ မပြေးရဲဘူး။ မိသားစုနဲ့အတူ ဇောရလို့ ခေါ်တဲ့ မြို့ငယ်လေးကို ပြေးပါရစေလို့ တောင်းဆိုတယ်။ တကယ်တော့ ဖျက်ဆီးမယ့်အထဲမှာ ဇောရမြို့လည်း ပါတယ်။ ယေဟောဝါအနေနဲ့ လောတကို တောင်ပေါ် မရမက ပြေးခိုင်းလို့ ရတယ်။ ဒါပေမဲ့ တောင်းဆိုတာကို လိုက်လျောပေးတယ်။ ဇောရမြို့ကိုတော့ မဖျက်ဆီးလိုက်ရတော့ဘူးပေါ့။ ယေဟောဝါ နှိမ့်ချမှု ရှိကြောင်း ပေါ်လွင်တယ် မဟုတ်လား။ (က. ၁၉:၁၈-၂၂) ရာစုနှစ်များစွာ ကြာပြီးနောက်မှာ နိနဝေမြို့နဲ့အတူ ဆိုးသွမ်းတဲ့ မြို့သားတွေကို ဖျက်ဆီးမယ်လို့ ပရောဖက် ယောနကို ယေဟောဝါ ကြေညာခိုင်းတယ်။ ဒါပေမဲ့ နိနဝေမြို့သားတွေ နောင်တရတော့ သနားသွားပြီး မဖျက်ဆီးတော့ဘူး။ ယေဟောဝါ ထောက်ထားစာနာမှု ရှိကြောင်း ပေါ်လွင်တယ် မဟုတ်လား။—ယောန ၃:၁၊ ၁၀။ ၄:၁၀၊ ၁၁။
6. Jesuh in Jehovah bangin a kilawm a kituak a theihlam koici lakkhia a hiam?
၆ ယေရှုလည်း ယေဟောဝါကို အတုယူတယ်။ တကယ်တော့ “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေ” ကို ဟောဖို့ မြေကြီးပေါ် စေလွှတ်ခံရတာ။ ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ တစ်ခေါက် ‘နတ်ဆိုးစွဲတဲ့ ဝေဒနာ အလူးအလိမ့် ခံစားနေရ’ တဲ့ သမီးကို ကုပေးဖို့ အစ္စရေးလူမျိုး မဟုတ်တဲ့ အမျိုးသမီးတစ်ယောက် ယေရှုကို လာအသနားခံတယ်။ အမျိုးသမီး တောင်းဆိုတဲ့အတိုင်း ယေရှု ကုပေးလိုက်တယ်။ (မ. ၁၅:၂၁-၂၈) နောက်ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ ‘ကျွန်တော့်ကို ငြင်းပယ်သူကို ငြင်းပယ်မယ်’ လို့ အမှုဆောင်ချိန် အစောပိုင်းမှာ ယေရှု ပြောဖူးတယ်။ (မ. ၁၀:၃၃) ဒါပေမဲ့ မိမိကို သုံးကြိမ် ငြင်းတဲ့ ပေတရုကို ယေရှု ငြင်းပယ်သလား။ မငြင်းပယ်ဘူး။ ပေတရု နောင်တ ရတယ်၊ ယုံကြည်ခြင်း ရှိတယ်ဆိုတာ ထည့်တွက်ပေးတယ်။ ဒါကြောင့် ရှင်ပြန်ထမြောက်ပြီးနောက် ပေတရုဆီ ကိုယ်ယောင်ထင်ပြပြီး ခွင့်လွှတ်တယ်၊ ချစ်တယ်ဆိုတာ စိတ်ချစေခဲ့တယ်။—လု. ၂၄:၃၃၊ ၃၄။
7. Filippi 4:5-a a gen bangin, koi bang min hoih tawh hong kitheih ding deih i hiam?
၇ ယေဟောဝါဘုရားနဲ့ ယေရှုခရစ် အကျိုးသင့်အကြောင်းသင့် ရှိတယ်ဆိုတာ သိခဲ့ကြရပြီ။ ကျွန်တော်တို့ကိုလည်း ယေဟောဝါ အကျိုးသင့်အကြောင်းသင့် ရှိစေချင်တယ်။ (ဖိလိပ္ပိ ၄:၅ ကို ဖတ်ပါ။) ဒီကျမ်းပိုဒ်ကိုပဲ ဘာသာပြန်ကျမ်း တစ်အုပ်က “အကျိုးသင့်အကြောင်းသင့် ရှိသူလို့ နာမည် ထွက်စေပါ” ဆိုပြီး ဘာသာပြန်ထားတယ်။ ‘ငါ့ကို အကျိုးသင့်အကြောင်းသင့် ရှိသူ၊ လိုက်လျောတတ်သူ၊ သည်းခံတတ်သူလို့ လူတွေ မြင်ကြသလား။ ဒါမှမဟုတ် ဘူးဆိုရင် ဖရုံ မသီးသူ၊ ခေါင်းမာသူ၊ တင်းကြပ်သူလို့ မြင်ကြသလား။ ကိုယ်လုပ်စေချင်သလို လုပ်ဖို့ တခြားသူတွေကို ငါ ဖိအားပေးတတ်သလား။ တခြားသူတွေ ပြောတာ နားထောင်ပေးသလား။ ဖြစ်နိုင်မယ်ဆိုရင် သူတို့ဆန္ဒ လိုက်လျောပေးသလား’ လို့ စဉ်းစားကြည့်ပါ။ ကိုယ် ဘယ်လောက် အကျိုးသင့်အကြောင်းသင့် ရှိတယ်ဆိုတာက ယေဟောဝါနဲ့ ယေရှုကို ဘယ်အတိုင်းအတာထိ တုပနေတယ်ဆိုတာ ဖော်ပြတယ်။ အကျိုးသင့်အကြောင်းသင့် ရှိဖို့ လိုတဲ့ ကဏ္ဍနှစ်ခု သုံးသပ်ကြရအောင်။ (၁) အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ၊ (၂) တခြားသူတွေရဲ့ သဘောထား၊ ဆုံးဖြတ်ချက် ကိုယ်နဲ့ မတူတဲ့အခါ။
DINMUNTE A KIKHEL CIANGIN A KILAWM A KITUAK THEI IN
8. Dinmunte a kikhel ciangin a kilawm a kituak i theih nadingin bang in hong huh thei a hiam? (A nuai-a ciaptehna zong en in.)
၈ အခြေအနေတွေ ပြောင်းသွားတဲ့အခါ အကျိုးသင့်အကြောင်းသင့် ရှိဖို့ လိုတယ်။ ဥပမာ၊ ကျွန်တော်တို့ ရုတ်တရက် ကျန်းမာရေး ထိခိုက်နိုင်တယ်။ ကိုယ့်ဒေသမှာ စီးပွားရေး၊ နိုင်ငံရေး အပြောင်းအလဲတွေ ရှိနိုင်တယ်။ (ဒေ. ၉:၁၁။ ၁ ကော. ၇:၃၁) အဖွဲ့အစည်းတာဝန် ပြောင်းသွားနိုင်တယ်။ အဲဒီအပြောင်းအလဲတွေကြောင့် ထင်မထားတဲ့ အခက်အခဲတွေ ကြုံရနိုင်တယ်။ ဘာအပြောင်းအလဲပဲ ကြုံရပါစေ (၁) အရှိကို အရှိအတိုင်း လက်ခံမယ်၊ (၂) ရှေ့ဆက်မယ်၊ (၃) အကောင်းမြင်စိတ် ရှိမယ်၊ (၄) သူတစ်ပါးအကျိုး ဆောင်မယ်ဆိုရင် အခြေအနေသစ်မှာ အလိုက်သင့် နေနိုင်ပါလိမ့်မယ်။b ဒီအဆင့်တွေအတိုင်း လုပ်လို့ အကျိုးရခဲ့ကြတဲ့ ညီအစ်ကို/မ တချို့အကြောင်း သုံးသပ်ကြည့်ရအောင်။
9. Lamet loh haksatnate pen Pasian nasem nupa kop khat in koi bangin na kantan zo uh a hiam?
၉ အရှိကို အရှိအတိုင်း လက်ခံပါ။ အီမန်နျူရယ်နဲ့ ဖရန်ချီစကာဟာ တိုင်းတစ်ပါးမှာ သာသနာပြုတွေအဖြစ် တာဝန်ကျတယ်။ ဘာသာစကား စလေ့လာနေတုန်း၊ အသင်းတော်သစ်မှာ အသားကျဖို့ ကြိုးစားနေတုန်းမှာပဲ ကိုဗစ်-၁၉ ကပ်ရောဂါ စလာလို့ လူတွေနဲ့ ခပ်ခွာခွာ နေကြရတယ်။ အဲဒီအချိန်မှာပဲ ဖရန်ချီစကာရဲ့ မိခင် ရုတ်တရက် ဆုံးသွားတယ်။ မိသားစုဆီ တအား ပြန်ချင်ပေမဲ့ ကပ်ရောဂါကြောင့် မပြန်နိုင်ခဲ့ဘူး။ ဒီအခက်အခဲတွေကို ဖရန်ချီစကာ ဘယ်လို ကျော်ဖြတ်နိုင်ခဲ့သလဲ။ ပထမ၊ အစိုးရိမ် မလွန်ဘဲ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်အောင် ဉာဏ်ပညာ ပေးဖို့ အီမန်နျူရယ်နဲ့ ဖရန်ချီစကာ အတူတူ ဆုတောင်းတယ်။ အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ အချိန်ကိုက် အဖြေပေးတယ်။ ဥပမာ၊ လူတွေ့မေးမြန်းခန်း ဗီဒီယိုတစ်ခုမှာ ပါတဲ့ ညီအစ်ကိုတစ်ယောက်ရဲ့ စကားကြောင့် သူတို့ အားရှိသွားကြတယ်။ “အခြေအနေသစ်ကို လက်ခံပြီး အဲဒီအခြေအနေသစ်မှာ ယေဟောဝါရဲ့ အမှုတော် ဆောင်ဖို့ အခွင့်အရေး ရှာမယ်ဆိုရင် ရွှင်လန်းမှု ပြန်ခံစားရပါလိမ့်မယ်” တဲ့။c ဒုတိယ၊ ဖုန်းဆက် သက်သေခံခြင်းမှာ ပိုတိုးတက်အောင် လုပ်ဖို့ ဆုံးဖြတ်ကြတယ်။ ကျမ်းစာသင်အံမှု တစ်ခုတောင် စနိုင်သွားကြတယ်။ တတိယ၊ ညီအစ်ကို/မတွေဆီက အကူအညီကို လိုလိုလားလား လက်ခံတယ်။ ညီအစ်မတစ်ယောက်ဆိုရင် အားရှိစရာ ကျမ်းပိုဒ်လေးနဲ့ စာလေး တွဲပြီး တစ်နှစ်ပတ်လုံး နေ့တိုင်း ပို့ပေးတယ်။ ကျွန်တော်တို့လည်း အခြေအနေသစ်ကို လက်ခံမယ်ဆိုရင် ကိုယ်လုပ်နိုင်သလောက်နဲ့ ကျေနပ်ပျော်ရွှင်ကြပါလိမ့်မယ်။
10. Unaunu khat in kikhelna lianpi a tuah ciangin bangci om a hiam?
၁၀ ရှေ့ဆက်ပါ။ အကောင်းမြင်စိတ် ရှိပါ။ ဂျပန်နိုင်ငံမှာ နေတဲ့ ရိုမေးနီးယား ညီအစ်မ ခရစ္စတီနာဟာ အင်္ဂလိပ်စကားပြော အသင်းတော်နဲ့ ပူးပေါင်းနေတယ်။ သူတို့ အသင်းတော် ဖျက်သိမ်းခံလိုက်ရတော့ တော်တော်လေး စိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့ ပြီးခဲ့တာတွေကို တနုံ့နုံ့ တွေးမနေဘူး။ ဂျပန်စကားပြော အသင်းတော်ကို ပြောင်းဖို့၊ အမှုဆောင်မှာ ဂျပန်စကားနဲ့ ကြိုးစားဟောဖို့ ဆုံးဖြတ်လိုက်တယ်။ ဂျပန်စကား ပိုပြောတတ်အောင် သင်ပေးဖို့ အလုပ်ဖော်ဟောင်း တစ်ယောက်ကို အကူအညီ တောင်းတယ်။ ကျမ်းစာနဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင် သုံးပြီး ခရစ္စတီနာကို ဂျပန်စကား သင်ပေးဖို့ အလုပ်ဖော် သဘောတူလိုက်တယ်။ ခရစ္စတီနာ ဂျပန်စကား တိုးတက်လာတယ်။ အလုပ်ဖော်လည်း အမှန်တရား စစိတ်ဝင်စားလာတယ်။ ကျွန်တော်တို့လည်း ရှေ့ဆက်စရာ ရှိတာ ရှေ့ဆက်မယ်၊ အကောင်းမြင်စိတ် ရှိမယ်ဆိုရင် ထင်မထားတဲ့ အပြောင်းအလဲတွေကြောင့် ထင်မထားတဲ့ ကောင်းချီးတွေ ခံစားရနိုင်တယ်။
11. Nupa kop khat in sum bawl ding a haksat hun sung teng koi bangin kantan uh a hiam?
၁၁ သူတစ်ပါးအကျိုး ဆောင်ပါ။ အဖွဲ့အစည်းလုပ်ငန်း ပိတ်ပင်ထားတဲ့ နိုင်ငံမှာ နေတဲ့ မောင်နှံတစ်စုံဟာ ပြည်တွင်း စီးပွားရေးကပ် ဆိုက်တော့ ဝင်ငွေ ထိခိုက်လာတယ်။ သူတို့ ဘယ်လို အလိုက်သင့် နေခဲ့ကြသလဲ။ အသုံးအစွဲ လျှော့ကြတယ်။ ကိုယ့်အခက်အခဲတွေကို အာရုံမစိုက်ဘဲ တတ်နိုင်သလောက် ဟောပြောခြင်းလုပ်ငန်းမှာ အချိန်များများ ပါဝင်ခြင်းအားဖြင့် တခြားသူတွေကို ကူညီပေးဖို့ ဆုံးဖြတ်ကြတယ်။ (တ. ၂၀:၃၅) “အမှုဆောင်မှာ အလုပ်များနေတော့ အပျက်သဘောတွေ တွေးဖို့ အချိန် နည်းသွားတယ်။ ဘုရားအလိုတော်ကို အာရုံစိုက်ဖို့ အချိန် ပိုများလာတယ်” လို့ ခင်ပွန်းဖြစ်သူ ပြောတယ်။ ကျွန်တော်တို့လည်း ဘဝအပြောင်းအလဲတွေ ကြုံရတဲ့အခါ အထူးသဖြင့်၊ အမှုဆောင်မှာ ပါဝင်ခြင်းအားဖြင့် တခြားသူတွေကို ကူညီပေးဖို့ ဘယ်လောက် အရေးကြီးကြောင်း သတိရကြရမယ်။
12. Pasian’ nasepna-ah dinmun tawh kizui-a kikhel nadingin sawltak Pual’ etteh ding lim in koi bangin hong huh thei a hiam?
၁၂ အမှုဆောင်လုပ်ငန်းမှာလည်း ကျွန်တော်တို့ အလိုက်သင့် ပြုပြင်ပြောင်းလဲကြရမယ်။ အမှုဆောင်မှာ ကြုံရသူတွေဟာ ယုံကြည်ချက်၊ နောက်ခံအမျိုးမျိုး ရှိကြတယ်။ တမန်တော် ပေါလုဟာ အလိုက်သင့် ပြုပြင်ပြောင်းလဲတတ်သူ ဖြစ်တယ်။ သူ့ဆီကနေ အများကြီး သင်ယူနိုင်တယ်။ ပေါလုကို “လူမျိုးခြားတွေနဲ့ ဆိုင်တဲ့ တမန်တော်” အဖြစ် ယေရှု ခန့်တယ်။ (ရော. ၁၁:၁၃) ဒါကြောင့် ဂျူးတွေ၊ ဂရိတွေ၊ ပညာတတ်တွေ၊ အခြေခံ လူတန်းစားတွေ၊ အစိုးရ အရာရှိတွေ၊ ဘုရင်တွေကို ပေါလု ဟောရတယ်။ အလွှာအသီးသီးက အဲဒီလူတွေ စိတ်ထိမိစေဖို့ ပေါလု ‘လုပ်နိုင်တာ မှန်သမျှ လုပ်တယ်။’ (၁ ကော. ၉:၁၉-၂၃) နားထောင်နေသူတွေရဲ့ ယဉ်ကျေးမှု၊ နောက်ခံ၊ ယုံကြည်ချက်ကို ထည့်စဉ်းစားပြီး အလိုက်သင့် ပြောင်းလဲဟောပြောတယ်။ ကျွန်တော်တို့လည်း နားထောင်နေသူတွေအကြောင်း ထည့်စဉ်းစားပြီး အလိုက်သင့် ပြောင်းလဲဟောပြောမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ပိုထိရောက်လာနိုင်တယ်။
MIDANGTE’ MUHDAN ZAHTAK IN
အကျိုးသင့်အကြောင်းသင့်သာ ရှိရင် တခြားသူတွေရဲ့ အမြင်ကို လေးစားမှာ ဖြစ် (စာပိုဒ် ၁၃ ကို ကြည့်ပါ)
13. Midangte’ muhdan zahtak leng Korin Masa 8:9-a a kigen, bang lauhuaina pelh thei ding i hiam?
၁၃ တခြားသူတွေရဲ့ အမြင်ကို လေးစားဖို့လည်း အကျိုးသင့်အကြောင်းသင့် သဘောက ကူညီပေးတယ်။ ဥပမာ၊ ညီအစ်မတချို့က မိတ်ကပ် လိမ်းရတာ ကြိုက်တယ်။ တချို့က မကြိုက်ဘူး။ ခရစ်ယာန်တချို့က အရက် အတော်အသင့် သောက်တယ်။ တချို့က လုံးလုံး ရှောင်တယ်။ ခရစ်ယာန်အားလုံး ကျန်းမာရေး ကောင်းချင်ကြတယ်။ ဒါပေမဲ့ ကျန်းမာရေး ဂရုစိုက်ပုံချင်း မတူကြဘူး။ ကိုယ့်အမြင်ပဲ မှန်တယ်လို့ ထင်ပြီး ကိုယ်လုပ်သလို လိုက်လုပ်ဖို့ ညီအစ်ကို/မတွေကို ဖိအားပေးရင် ထိမိလဲကုန်မယ်။ စိတ်ဝမ်းကွဲစရာတွေ ဖြစ်လာမယ်။ ကျွန်တော်တို့ အဲဒီလို မဖြစ်စေချင်ကြဘူး။ (၁ ကောရိန္သု ၈:၉ ကို ဖတ်ပါ။ ၁၀:၂၃၊ ၂၄) ကျမ်းစာ အခြေခံမူတွေ လက်တွေ့ကျင့်ခြင်းက အစွန်း မရောက်ဖို့၊ ငြိမ်သက်ခြင်း ထိန်းသိမ်းဖို့ ဘယ်လို ကူညီပေးနိုင်ကြောင်း ဥပမာ နှစ်ခု ကြည့်ကြရအောင်။
အကျိုးသင့်အကြောင်းသင့်သာ ရှိရင် တခြားသူတွေရဲ့ အမြင်ကို လေးစားမှာ ဖြစ် (စာပိုဒ် ၁၄ ကို ကြည့်ပါ)
14. Nikten, puansilh dan ding i khensat ciangin bang Lai Siangtho thubul i phawk ding kisam a hiam?
၁၄ ဝတ်စားဖြီးလိမ်းပုံ။ ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်ပြီး ယေဟောဝါ တိတိကျကျ ပြောမထားဘူး။ လိုက်နာရမယ့် အခြေခံမူတွေတော့ ပေးထားတယ်။ ဘုရား အမှုဆောင်သူတွေနဲ့ သင့်တော်တဲ့၊ ဣန္ဒြေရှိတဲ့ အဝတ်အစားတွေကို “ချင့်ချိန်မှု ရှိရှိ” ဝတ်ကြရမယ်။ (၁ တိ. ၂:၉၊ ၁၀။ ၁ ပေ. ၃:၃) ကိုယ့်ဝတ်စားဖြီးလိမ်းပုံကြောင့် အာရုံစိုက်ခံရတာမျိုး ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်ပြီး ကိုယ်ပိုင် စည်းမျဉ်းတွေ မထုတ်မိဖို့လည်း အကြီးအကဲတွေကို ကျမ်းစာမူတွေက ကူညီပေးတယ်။ ဥပမာ၊ အသင်းတော် တစ်ခုမှာ လူငယ် ညီအစ်ကိုတချို့ ခေတ်စားနေတဲ့ ဆံပင်ပုံစံ ထားနေကြတယ်။ တိုပေမဲ့ ဖုတ်သိုက်လေးတွေ ဖြစ်နေလို့ အကြီးအကဲတွေ အကြံပေးချင်နေကြတယ်။ ကိုယ်ပိုင် စည်းမျဉ်း မထုတ်ဘဲ အကြီးအကဲတွေ ဘယ်လို အကြံပေးနိုင်ခဲ့သလဲ။ “စင်ပေါ် တက်လို့ ပရိသတ်က ကိုယ်ပြောနေတာကို မဟုတ်ဘဲ ကိုယ့်ပုံစံကို အာရုံစိုက်နေပြီဆိုရင် အဲဒါ ကိုယ့်ဝတ်စားဖြီးလိမ်းပုံကြောင့်ပဲ” ဆိုပြီး အကြံပေးကြည့်ဖို့ အကြီးအကဲတွေကို တိုက်နယ်ကြီးကြပ်မှူး ပြောတယ်။ အဲဒီရိုးရှင်းတဲ့ အကြံပြုချက်ကြောင့် စည်းမျဉ်းစည်းကမ်းတွေ ထုတ်စရာ မလိုဘဲ ပြဿနာ ပြေလည်သွားတယ်။d
အကျိုးသင့်အကြောင်းသင့်သာ ရှိရင် တခြားသူတွေရဲ့ အမြင်ကို လေးစားမှာ ဖြစ် (စာပိုဒ် ၁၅ ကို ကြည့်ပါ)
15. Cidamna tawh kisai-a thu i khensat ciangin bang Lai Siangtho thukham le thubulte in hong huh a hiam? (Rom 14:5)
၁၅ ကျန်းမာရေး ဂရုစိုက်မှု။ ကိုယ့်ကျန်းမာရေး ဘယ်လို ဂရုစိုက်မယ်ဆိုတာ တစ်ယောက်ချင်းစီ ဆုံးဖြတ်ရမယ်။ (ဂလ. ၆:၅) ခရစ်ယာန်တစ်ယောက် ဆေးကုသမှု ရွေးချယ်တဲ့အခါ လိုက်နာရမှာဆိုလို့ သွေး ရှောင်ရမယ်၊ နတ်ဆိုးပညာနဲ့ ကင်းရမယ်ဆိုတဲ့ ပညတ်တွေလောက်ပဲ ရှိတယ်။ (တ. ၁၅:၂၀။ ဂလ. ၅:၁၉၊ ၂၀) ကျန်တဲ့ ကိစ္စတွေမှာတော့ ကိုယ်ပိုင် ရွေးချယ်နိုင်တယ်။ တချို့က ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်း သွားရတာ အားသန်ပေမဲ့ တချို့ကတော့ တခြားနည်း တခြားဟန်နဲ့ ကုချင်ကြတယ်။ ဆေးကုသမှု တစ်ခုခုနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ ခံယူချက် ပြင်းထန်နေပါစေ ကျန်းမာရေးနဲ့ပတ်သက်လာရင် ညီအစ်ကို/မတွေမှာ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရှိတယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သတိရ,ရမယ့် အချက် လေးချက် ရှိတယ်။ (၁) ဘုရားနိုင်ငံတော်ကပဲ ရောဂါတွေ အရှင်း ပျောက်စေနိုင်တယ်။ (ဟေရှာ. ၃၃:၂၄) (၂) ခရစ်ယာန်တစ်ယောက်ဟာ ကိုယ်ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက် ကိုယ့်အတွက် အကောင်းဆုံး ဖြစ်တယ်ဆိုတာ “စိတ်ချနေ” ရမယ်။ (ရောမ ၁၄:၅ ကို ဖတ်ပါ။) (၃) တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ မဝေဖန်ကြဘူး။ တိုက်မိလဲစရာ ဖြစ်အောင် မလုပ်ကြဘူး။ (ရော. ၁၄:၁၃) (၄) တခြားသူတွေကို မေတ္တာ ပြကြတယ်။ ကိုယ့်အမြင်ထက် အသင်းတော်ရဲ့ စည်းလုံးမှု ပိုအရေးကြီးကြောင်း အသိအမှတ်ပြုကြတယ်။ (ရော. ၁၄:၁၅၊ ၁၉၊ ၂၀) ဒီအချက်တွေကို သတိရမယ်ဆိုရင် ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေးကောင်း ရှိနေမယ်။ အသင်းတော်မှာ ငြိမ်သက်မှု တိုးများမယ်။
အကျိုးသင့်အကြောင်းသင့်သာ ရှိရင် တခြားသူတွေရဲ့ အမြင်ကို လေးစားမှာ ဖြစ် (စာပိုဒ် ၁၆ ကို ကြည့်ပါ)
16. Pawlpi upate in khatlekhat tungah a kilawm a kituak a theihlam uh koici kilak thei uh a hiam? (Lim zong en in.)
၁၆ အကြီးအကဲတွေဟာ အကျိုးသင့်အကြောင်းသင့် ရှိရာမှာ စံနမူနာကောင်း ပြရမယ်။ (၁ တိ. ၃:၂၊ ၃) ဥပမာ၊ တခြားအကြီးအကဲတွေထက် အသက်ပိုကြီးတာနဲ့ပဲ ကိုယ့်အမြင်ကို အမြဲ လက်ခံကြမယ်လို့ မမျှော်လင့်သင့်ဘူး။ အကြီးအကဲအဖွဲ့ ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ အထောက်အကူ ပြုမယ့် အချက်တစ်ခုခု ပြောနိုင်အောင် အဖွဲ့ထဲက ဘယ်သူ့ကိုမဆို စွမ်းအားတော် လှုံ့ဆော်ပေးနိုင်တယ်ဆိုတာ သဘောပေါက်သင့်တယ်။ ကိုယ့်သဘောထား၊ အမြင်နဲ့ မတူရင်တောင် ကျမ်းစာမူနဲ့ မငြိသရွေ့ အကြီးအကဲ အဖွဲ့ဝင် အများစု သဘောတူတဲ့ ဆုံးဖြတ်ချက်ကို လိုလိုလားလား ထောက်ခံသင့်တယ်။
A KILAWM A KITUAK I THEIHNA II HAMPHATNATE
17. Khristiante in a kilawm a kituak a theih uh ciangin bang thuphate ngah uh a hiam?
၁၇ ခရစ်ယာန်တွေ အကျိုးသင့်အကြောင်းသင့် ရှိတဲ့အခါ ကောင်းချီး အများကြီး ရတယ်။ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာတယ်။ အသင်းတော် ငြိမ်သက်တယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ စရိုက်၊ ယဉ်ကျေးမှု ပေါင်းစုံ ရှိတာကို ကျွန်တော်တို့ နှစ်သက်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူပေမဲ့ စည်းလုံးတဲ့ မိသားစုအဖြစ် ယေဟောဝါကို ဝတ်ပြုနေရတာ အခွင့်ထူးပါပဲ။ ဒါ့အပြင် အကျိုးသင့်အကြောင်းသင့် ရှိတဲ့ ဘုရား ယေဟောဝါကို ကြိုးစားတုပနေတယ်ဆိုတဲ့ အသိက ကျေနပ်ပျော်ရွှင်စေတယ်။
LA 90 အချင်းချင်း အားပေးကြ
a ယေဟောဝါဘုရားနဲ့ ယေရှုဟာ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ ကျွန်တော်တို့ကိုလည်း အကျိုးသင့်အကြောင်းသင့် ရှိစေချင်တယ်။ ဒါမှ ကျန်းမာရေး၊ ငွေကြေး အခြေအနေ ဘယ်လိုပဲ ပြောင်းသွားပါစေ ကျွန်တော်တို့ ဒေါင်ကျကျ ပြားကျကျ နေတတ်ကြမှာ။ အသင်းတော်ရဲ့ စည်းလုံးမှု၊ ငြိမ်သက်မှု တိုးများမှာ။
b အမှတ် ၄ ၂၀၁၆ နိုးလော့! မှာ ပါတဲ့ “အပြောင်းအလဲတွေနဲ့အညီ လိုက်လျောညီထွေနေနိုင်ပုံ” ဆောင်းပါးကို ကြည့်ပါ။
c ညီအစ်ကို ဒီမီထရီ မီခေးလော့ဗ်နဲ့ တွေ့ဆုံမေးမြန်းခန်း ဗီဒီယိုကို ကြည့်ပါ။
d ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်ပြီး ထပ်ဆင့် သိချင်ရင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၅၂ ကို ကြည့်ပါ။