SIN DING THU 23
“Jah ii Meikuang” Kuangsaksuak In
“Itna, mei bangin kuangkhia a, Jah ii meikuang ahi hi.”—SOL. 8:6, New World Translation.
LA 131 “ဘုရားသခင် တွဲဖက်ထား”
အကြိုသုံးသပ်ချက်a
1. Itna man thu Lai Siangtho in bangci gen a hiam?
“အချစ်မီးလျှံတွေဟာ တောက်လောင်နေတဲ့မီး၊ ယေဟောဝါရဲ့ မီးလျှံပဲ။ ချစ်ခြင်းကို လှိုင်းလုံးကြီးတွေ မငြိမ်းသတ်နိုင်ဘူး။ မြစ်ချောင်းတွေကလည်း မျောပါသွားအောင် မလုပ်နိုင်ဘူး။”b (သီ. ၈:၆၊ ၇) အချစ်စစ်အကြောင်း လှလှပပ ဖော်ကျူးထားတာပါပဲ။ မောင်နှံစုံတွေ အချင်းချင်း မပြောင်းမလဲ ချစ်နိုင်ကြောင်း ဒီစကားတွေက ဖော်ပြနေတယ်။
2. Nupate in itna a kiam loh nadingin bang a sep ding uh kisam a hiam?
၂ မောင်နှံစုံတွေ အသက်ရှင်သရွေ့ ချစ်မချစ်ဆိုတာ သူတို့ကိုယ်တိုင်အပေါ် မူတည်တယ်။ ဥပမာ၊ မီးဖိုမှာ မပြတ် ထင်းထည့်ပေးနေမှ မီးဆက်တောက်မယ်။ ထင်းမထည့်တော့ဘူးဆိုရင် မီးငြိမ်းသွားမယ်။ ခင်ပွန်းနဲ့ ဇနီးကြားက အချစ်လည်း အဲဒီလိုပဲ။ ခိုင်မြဲအောင် လုပ်နေမှ ခိုင်မြဲမှာ။ ဒါပေမဲ့ ငွေကြေးအခက်အခဲ၊ ကျန်းမာရေး ပြဿနာ၊ သားသမီး ဝေယျာဝစ္စတွေကြောင့် အချစ် လျော့သွားပြီလို့ ခံစားလာရတတ်တယ်။ ဒါဆိုရင် “ယေဟောဝါရဲ့ မီးလျှံ” ကို ဘယ်လို ဆက်တောက်လောင်စေနိုင်မလဲ။ အိမ်ထောင်နှောင်ကြိုး ခိုင်မြဲစေမယ့်၊ အိမ်ထောင် သာယာစေမယ့် နည်းသုံးနည်းကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။c
JEHOVAH TAWH NA KIZOPNA UH KIPSAK UN
ယောသပ်နဲ့ မာရိလိုပဲ မောင်နှံစုံတွေဟာ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲဖို့ လို (စာပိုဒ် ၃ ကို ကြည့်ပါ)
3. Jehovah tawh kizopna kipsakna in nupate’ ki-itna a kiam loh nadingin koici huh a hiam? (Thuhilhna 4:12) (Lim zong en in.)
၃ “ယေဟောဝါရဲ့ မီးလျှံ” ဆက်တောက်လောင်နေဖို့ဆိုရင် ခင်ပွန်းကော ဇနီးပါ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲဖို့ ကြိုးစားရမယ်။ ဘာကြောင့်လဲ။ ယေဟောဝါနဲ့ ဆက်ဆံရေးကို တန်ဖိုးထားတဲ့ မောင်နှံစုံတွေဟာ ဘုရား အကြံပေးတဲ့အတိုင်း လက်တွေ့ကျင့်တယ်။ အိမ်ထောင်ဖက်အပေါ် အချစ် လျော့သွားစေနိုင်တဲ့ ပြဿနာတွေ ရှောင်တယ်၊ ဖြေရှင်းတယ်။ (ဒေသနာ ၄:၁၂ ကို ဖတ်ပါ။) ယေဟောဝါကို အတုယူပြီး ကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ ခွင့်လွှတ်ခြင်း စတဲ့ အရည်အသွေးတွေ ပြဖို့ ကြိုးစားတယ်။ (ဧ. ၄:၃၂–၅:၁) ဒီအရည်အသွေးတွေသာ ရှိရင် အချစ်တွေ အမြဲ ရှင်သန်နေမှာ။ “ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိသူကို ချစ်ဖို့၊ လေးစားဖို့ ဘယ်ခက်ပါ့မလဲ” လို့ အိမ်ထောင်သက် ၂၅ နှစ် ကျော်ပြီ ဖြစ်တဲ့ ညီအစ်မ လီနာ ပြောတယ်။
4. Jehovah in Messiah’ nu le pa dingin Josef le Mary bang hangin tel a hiam?
၄ ဒါဝိဒ်ရဲ့ မျိုးရိုးမှာ ရွေးစရာ အများကြီး ရှိတဲ့အထဲက ယောသပ်နဲ့ မာရိကို မေရှိယရဲ့ မိဘအဖြစ် ယေဟောဝါ ရွေးတယ်။ ဘာကြောင့်လဲ။ နှစ်ယောက်စလုံး မိမိနဲ့ ဆက်ဆံရေး ကောင်းလို့၊ အိမ်ထောင်မှာ မိမိကို ဦးစားထားမယ်ဆိုတာ ယေဟောဝါ သိနေလို့ပဲ။ ယောသပ်နဲ့ မာရိဆီကနေ မောင်နှံစုံတွေ ဘာသင်ယူနိုင်သလဲ။
5. Pasalte in Josef tung pan bang sin thei uh a hiam?
၅ ယေဟောဝါ ညွှန်ကြားရင် ညွှန်ကြားတဲ့အတိုင်း ယောသပ် ချက်ချင်း လုပ်တယ်။ ဒါကြောင့် ခင်ပွန်းကောင်း ဖြစ်နေတာ။ မိသားစုနဲ့ပတ်သက်ပြီး ဘုရားဆီကနေ ညွှန်ကြားချက် အနည်းဆုံး သုံးကြိမ် ရတယ်။ အပြောင်းအလဲကြီးတွေ လုပ်ရပေမဲ့ အကြိမ်တိုင်း ချက်ချင်း နာခံတယ်။ (မ. ၁:၂၀၊ ၂၄။ ၂:၁၃-၁၅၊ ၁၉-၂၁) အဲဒီလို နာခံလို့ မာရိကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့တာ။ ယောသပ်ရဲ့ လုပ်ရပ်ကို ကြည့်ပြီး မာရိ ဘယ်လောက်တောင် မြတ်နိုးလေးစားလာလိုက်မလဲ။ ခင်ပွန်းတို့၊ မိသားစုကို စောင့်ရှောက်ဖို့ ကျမ်းစာ အကြံပြုချက်တွေ ရှာဖွေခြင်းအားဖြင့် ယောသပ်ကို အတုယူပါ။d အပြောင်းအလဲတွေ လုပ်ရရင်တောင် ကျမ်းစာ အကြံပြုချက်အတိုင်း လက်တွေ့ကျင့်တာက ဇနီးကို ချစ်ရာရောက်တယ်။ အိမ်ထောင်နှောင်ကြိုး ခိုင်မြဲစေတယ်။ “ယေဟောဝါရဲ့ ညွှန်ကြားချက်ကို ကျွန်မယောက်ျား ရှာဖွေ၊ လိုက်နာလို့ သူ့ကို ပိုလေးစားလာမိတယ်။ သူ့ဆုံးဖြတ်ချက်တွေကို စိတ်ချတယ်” လို့ အိမ်ထောင်သက် အနှစ် ၂၀ ကျော်ပြီ ဖြစ်တဲ့ ဗန်ဝါတူးက ညီအစ်မတစ်ယောက် ပြောတယ်။
6. Zite in Mary tung pan bang sin thei uh a hiam?
၆ မာရိဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ယောသပ်ကို မှီမနေဘူး။ ကိုယ်တိုင် ကြိုးစားတယ်။ ကျမ်းစာ နှံ့စပ်တယ်။e အချိန်ယူ တွေးတောဆင်ခြင်တယ်။ (လု. ၂:၁၉၊ ၅၁) ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိလို့ မာရိ ဇနီးကောင်း ဖြစ်နေတာ။ ဒီနေ့ခေတ် ဇနီး တော်တော်များများ မာရိကို အတုယူကြတယ်။ “အိမ်ထောင် မကျခင်က ကိုယ့်ဘာသာ ဆုတောင်း၊ ကျမ်းစာ ဖတ်၊ တွေးတောဆင်ခြင်တယ်။ အိမ်ထောင်လည်း ကျရော ခင်ပွန်းကပဲ ဆုတောင်းပေး၊ ဝတ်ပြုရေးမှာ ဦးဆောင်ပေးတာဆိုတော့ ဒီကဏ္ဍတွေမှာ သူ့ကို မှီလာမိတယ်။ ဒါပေမဲ့ ဘုရားရေးရာနဲ့ပတ်သက်လာရင် ကိုယ့်ဝန်ကိုယ် ထမ်းရမယ်ဆိုတာ ကျွန်မ သဘောပေါက်လာတယ်။ ဒါကြောင့် အခုဆိုရင် တစ်ယောက်တည်း ဆုတောင်း၊ ကျမ်းစာ ဖတ်၊ တွေးတောဆင်ခြင်ဖို့ အချိန် ဖယ်ထားလိုက်ပြီ” လို့ ညီအစ်မ အဲမီကို ပြောတယ်။ (ဂလ. ၆:၅) ဇနီးတို့၊ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုခိုင်မြဲလေ သင့်ကို ခင်ပွန်း ချစ်လေ၊ သင့်အတွက် ဂုဏ်ယူလေ ဖြစ်နေမှာ။—ပညာ. ၃၁:၃၀။
7. Nupate in biakpiak khopna tawh kisai-in Josef le Mary tung pan bang sin thei uh a hiam?
၇ ယောသပ်နဲ့ မာရိဟာ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲဖို့ မောင်နှံစုံလိုက်လည်း ကြိုးစားတယ်။ မိသားစုလိုက် ယေဟောဝါကို ဝတ်ပြုဖို့ အရေးကြီးမှန်း သဘောပေါက်တယ်။ (လု. ၂:၂၂-၂၄၊ ၄၁။ ၄:၁၆) နောက်ပိုင်း၊ မိသားစု ကြီးလာလို့ အခက်အခဲတွေ ရှိနိုင်ပေမဲ့ မိသားစုလိုက် ဝတ်ပြုမှုမှာ ဆက်ပါဝင်တယ်။ ဒီနေ့ခေတ် မောင်နှံစုံတွေအတွက် စံနမူနာကောင်းပါပဲ။ သားသမီး ရှိတဲ့ မောင်နှံစုံတွေဟာ အစည်းအဝေး တက်ဖို့၊ မိသားစု ဝတ်ပြုမှု လုပ်ဖို့ အခက်အခဲ ရှိနိုင်တယ်။ ဒါ့အပြင် မောင်နှံစုံလိုက် လေ့လာဖို့၊ ဆုတောင်းဖို့ အရင်ကထက် အချိန် ပိုညှိရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို အတူတကွ ဝတ်ပြုတဲ့အခါ ဘုရားနဲ့ကော အိမ်ထောင်ဖက်နဲ့ပါ ပိုရင်းနှီးလာမှာ ဖြစ်လို့ ဝတ်ပြုရေးကို ဦးစားထားပါ။
8. A kilem lo nupate in innkuan kikhopna pan hamphatna tampi ngah nadingin bang sem thei uh a hiam?
၈ သင့်အိမ်ထောင်မှာ ဆက်ဆံရေး တင်းမာနေရင်ကော။ အတူတူ ထိုင်ပြီး မိသားစု ဝတ်ပြုမှု လုပ်ဖို့ စဉ်းတောင် စဉ်းစားချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါး၊ ခပ်တိုတို အကြောင်းအရာကနေ စလေ့လာကြည့်ပါ။ လေ့လာဖို့ နှစ်ယောက်စလုံး သဘောတူတဲ့ အကြောင်းအရာ ဖြစ်ပါစေ။ ဒါက အိမ်ထောင်နှောင်ကြိုး ခိုင်မြဲလာစေနိုင်တယ်။ မောင်နှံစုံလိုက် ယေဟောဝါကို ဝတ်ပြုချင်စိတ် တိုးလာစေနိုင်တယ်။
KHATLEKHAT HUN KIPIA UN
9. Zi le pasal in khatlekhat hun a kipiak ding uh bang hang kisam a hiam?
၉ အချင်းချင်း အချိန်ပေးတာကလည်း မောင်နှံစုံတွေ အချစ် လျော့မသွားဖို့ ကူညီပေးနိုင်တယ်။ အတူတူ ရှိနေတော့ အိမ်ထောင်ဖက်ရဲ့ အတွေး၊ ခံစားချက်တွေကို သတိထားမိဖို့ လွယ်တယ်။ (က. ၂:၂၄) အိမ်ထောင်သက် ၁၅ နှစ် ကျော်ပြီ ဖြစ်တဲ့ လီလီယာနဲ့ ရုစလန် အိမ်ထောင်ကျပြီး မကြာခင်မှာ သတိထားမိသွားတာ ရှိတယ်။ “အချင်းချင်း အချိန်ပေးဖြစ်မယ် ထင်ခဲ့တာ။ တကယ်တမ်းကျတော့ ထင်သလောက် မပေးဖြစ်ကြဘူး။ တစ်ရက် တစ်ရက် အပြင်အလုပ်၊ အိမ်အလုပ်နဲ့ပဲ အချိန်ကုန်သွားတယ်။ သားသမီးတွေ ရလာတော့ ပိုဆိုးတာပေါ့။ အိမ်ထောင်ဖက်အတွက် အချိန်မပေးရင် အနေဝေးလာနိုင်တယ်” လို့ လီလီယာ ပြောတယ်။
10. Efesa 5:15, 16-a Lai Siangtho thubul bangin, nupate in bang sem thei uh a hiam?
၁၀ အချင်းချင်း အချိန်ပေးနိုင်အောင် မောင်နှံစုံတွေ ဘာလုပ်နိုင်သလဲ။ အချိန်ဖယ်ထားနိုင်တယ်။ (ဧဖက် ၅:၁၅၊ ၁၆ ကို ဖတ်ပါ။) “လုပ်စရာ ရှိတာတွေ လုပ်ဖို့ ဇယားဆွဲတဲ့အခါ ဇနီးနဲ့ သုံးမယ့် အချိန်ကိုပါ ဇယားထဲ ထည့်ဆွဲတယ်။ အဲဒီအချိန်က ကျွန်တော့်အတွက် ဦးစားပေးပဲ” လို့ နိုင်ဂျီးရီးယားနိုင်ငံက ညီအစ်ကို အူဇွန်ဒူ ပြောတယ်။ (ဖိ. ၁:၁၀) မော်လ်ဒိုဗာနိုင်ငံက တိုက်နယ်ကြီးကြပ်မှူးဇနီး အနာစတာစီယာလည်း အချိန်ကို အကျိုးရှိရှိ သုံးတယ်။ “ကျွန်မယောက်ျား သူ့တာဝန်နဲ့သူ အလုပ်ရှုပ်နေတုန်း ကျွန်မ လုပ်စရာ ရှိတာ လုပ်ထားနှင့်တယ်။ သူ အားပြီဆိုတာနဲ့ ကျွန်မလည်း အားပြီပဲ။ ဒီတော့ နောက်ပိုင်း၊ အချင်းချင်း အချိန်ပေးနိုင်တာပေါ့” လို့ ပြောတယ်။ ဒါပေမဲ့ အိမ်ထောင်ဖက်ကို အချိန် မပေးနိုင်တဲ့အထိ လုပ်စရာတွေ များနေရင်ကော။
မောင်နှံစုံလိုက် ဘာတွေ အတူတူ လုပ်နိုင်သလဲ (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)
11. Aquila le Prisilla in bangteng semkhawm uh a hiam?
၁၁ ပထမရာစုတုန်းက လူချစ်လူခင် ပေါတဲ့ အာကုလနဲ့ ပြစ်ကိလတို့ ဇနီးမောင်နှံဆီကနေ မောင်နှံစုံတွေ သင်ယူနိုင်တယ်။ (ရော. ၁၆:၃၊ ၄) သူတို့အိမ်ထောင်ရေးအကြောင်း ကျမ်းစာမှာ အသေးစိတ် ဖော်ပြမထားပေမဲ့ သူတို့ အတူတူ အလုပ်လုပ်တယ်၊ ဟောပြောတယ်၊ တခြားသူတွေကို ကူညီတယ်ဆိုပြီး ဖော်ပြထားတယ်။ (တ. ၁၈:၂၊ ၃၊ ၂၄-၂၆) ကျမ်းစာမှာ သူတို့အကြောင်း ပါတဲ့နေရာတိုင်း အမြဲ အတွဲလိုက် ဖော်ပြခံရတယ်။
12. Nupate in hun tampi a zat khop theih nadingun bang sem thei uh a hiam? (Lim zong en in.)
၁၂ အာကုလနဲ့ ပြစ်ကိလကို မောင်နှံစုံတွေ ဘယ်လို အတုယူနိုင်သလဲ။ နှစ်ယောက်သား လုပ်စရာ ရှိတာတွေ စဉ်းစားကြည့်လိုက်ပါ။ တစ်ယောက်စီ ခွဲမလုပ်ဘဲ မောင်နှံစုံလိုက် လုပ်နိုင်တာတွေ ပါသလား။ ဥပမာ၊ အာကုလနဲ့ ပြစ်ကိလ အတူတူ ဟောပြောတယ်။ သင်တို့ကော မောင်နှံစုံလိုက် အတူတူ ဟောပြောနိုင်ဖို့ စီစဉ်ထားသလား။ အာကုလနဲ့ ပြစ်ကိလ အတူတူ အလုပ်လုပ်တယ်။ သင်တို့ကတော့ အလုပ် မတူတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အိမ်အလုပ် အတူတူ လုပ်နိုင်တယ် မဟုတ်လား။ (ဒေ. ၄:၉) တစ်ယောက်ကို တစ်ယောက် အလုပ်ဝိုင်းကူတဲ့အခါ အတွဲညီတယ်လို့ ပိုခံစားလာရမယ်။ စကားပြောဖို့ အခွင့်အရေး ပိုရလာမယ်။ ရောဘတ်နဲ့ လင်းဒါဟာ အိမ်ထောင်သက် အနှစ် ၅၀ ကျော်ပြီ။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ အတူတူ အပန်းဖြေဖို့ အချိန် သိပ်မရဘူး။ ဒါပေမဲ့ ကျွန်တော် ပန်းကန် ဆေးရင် ကျွန်တော့်မိန်းမက ပန်းကန် သုတ်တယ်။ ကျွန်တော် ခြံထဲမှာ မြက်ရှင်းရင် သူ ဘေးကနေ လာဝိုင်းလုပ်တယ်။ ဘာလေးပဲ ဖြစ်ဖြစ် အတူတူ ဝိုင်းလုပ်တော့ သိပ်ပျော်တယ်။ ပိုရင်းနှီးလာတယ်။ အချစ်တွေ တိုးလာတယ်” လို့ ရောဘတ် ပြောတယ်။
13. Zi le pasal in lungsim kipumkhat nadingin bang a sep ding uh kisam a hiam?
၁၃ အတူတူ နေရုံနဲ့ နှစ်ကိုယ့်တစ်စိတ် မဖြစ်ဘူးဆိုတာ သတိရပါ။ “ဒီနေ့ခေတ်မှာ လူတွေ သိပ်အာရုံများကြတယ်။ တစ်မိုးအောက် နေရုံနဲ့ အချင်းချင်း အချိန်ပေးနေတယ်လို့ ထင်ဖို့ သိပ်လွယ်တယ်။ ဒါပေမဲ့ အိမ်ထောင်ဖက်ဘေးမှာ လူရောက်နေရုံနဲ့ မပြီးဘူး။ အာရုံပါ ရောက်နေဖို့ လိုမှန်း ကျွန်မ သိလာတယ်” လို့ ဘရားဇီးနိုင်ငံက ဇနီးသည်တစ်ယောက် ပြောတယ်။ ဘရူနိုနဲ့ ဇနီး တေးစ် အချင်းချင်းကို အာရုံစိုက်ဖို့ ဘာလုပ်သလဲ သတိပြုပါ။ “ကျွန်တော်တို့ အတူတူ ရှိနေချိန်တွေဆိုရင် ဖုန်းတွေကို ခပ်လှမ်းလှမ်းမှာ ထားလိုက်တယ်။ အဲဒီအချိန်ကတော့ တကယ့် နှစ်ယောက်တည်း ကမ္ဘာပဲ” လို့ ဘရူနို ပြောတယ်။
14. Na a semkhawm nuam lo nupate in bang sem thei uh a hiam?
၁၄ သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ တစ်ခုခုဆိုရင် တွဲမလုပ်ချင်တာမျိုး ဖြစ်နေရင်ကော။ ဝါသနာ၊ အကြိုက် မတူလို့၊ အစေးမကပ်လို့ ဖြစ်နိုင်တယ်။ အစောပိုင်းမှာ ဖော်ပြတဲ့ မီးဖို ဥပမာကို ပြန်စဉ်းစားကြည့်ပါ။ မီးမွှေးမွှေးချင်းတော့ တဟုန်းဟုန်း ဘယ်တောက်ပါ့မလဲ။ အစပိုင်းမှာ ထင်းချောင်း အသေးတွေ၊ နောက်ပိုင်းမှာ အကြီးတွေ တဖြည်းဖြည်း ထည့်ပေးရတယ်။ သင်တို့လည်း တစ်နေ့ အချိန် နည်းနည်းလောက်ကနေ စပြီး တစ်ခုခု တွဲလုပ်ကြည့်ပါ။ နှစ်ယောက်စလုံး နှစ်သက်မယ့်၊ စကားများစရာ မလိုမယ့်အရာတော့ ဖြစ်ပါစေ။ (ယာ. ၃:၁၈) လုပ်ရပ် အသေးအမွှားလေးကတောင် အချစ်တွေ ပြန်တောက်လောင်လာစေနိုင်တယ်။
KHATLEKHAT KIZAHTAK BAWL UN
15. Nupate’ ki-itna a kiam loh nadingun bang hang zahtakna thupi a haim?
၁၅ အိမ်ထောင်မှာ လေးစားမှု ရှိဖို့ သိပ်အရေးကြီးတယ်။ လေးစားမှုဟာ မီးတောက်ဖို့ ကူညီပေးတဲ့ အောက်ဆီဂျင်နဲ့ တူတယ်။ အောက်ဆီဂျင် မရှိရင် ခဏလေးနဲ့ မီးငြိမ်းသွားမယ်။ အဲဒီလိုပဲ၊ လေးစားမှု မရှိရင် မောင်နှံစုံကြားက အချစ်တွေ မြန်မြန်ဆန်ဆန် အေးစက်သွားနိုင်တယ်။ အချင်းချင်း လေးစားမယ်ဆိုရင်တော့ အချစ်တွေ အမြဲ ရှင်သန်နေမယ်။ ဒါပေမဲ့ လေးစားတယ်လို့ ကိုယ် ထင်နေရုံနဲ့ မရဘူး။ လေးစားခံရတယ်လို့ အိမ်ထောင်ဖက် ခံစားရဖို့ လိုတယ်။ ပန်နီနဲ့ အဲရက်ဟာ အိမ်ထောင်သက် ၂၅ နှစ် ကျော်ပြီ။ “ကျွန်မတို့ အချင်းချင်း လေးစားမှု ရှိတော့ အိမ်က နွေးထွေးတဲ့ ရိပ်မြုံလေး ဖြစ်နေတယ်။ တစ်ယောက်အမြင် တစ်ယောက် တန်ဖိုးထားမှန်း သိနေလို့ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောရဲတယ်” လို့ ပန်နီ ပြောတယ်။ ဒီတော့ တကယ် လေးစားတန်ဖိုးထားတယ်လို့ အိမ်ထောင်ဖက် ခံစားရအောင် ဘာလုပ်နိုင်သလဲ။ အာဗြဟံနဲ့ စာရာအကြောင်း သုံးသပ်ကြည့်ပါ။
ခံစားချက်တွေကို အာရုံစိုက် နားထောင်ပေးခြင်းအားဖြင့် ဇနီးကို တန်ဖိုးထားကြောင်း ခရစ်ယာန် ခင်ပွန်း ပြဖို့ လို (စာပိုဒ် ၁၆ ကို ကြည့်ပါ)
16. Pasalte in Abram tung pan bang sin thei a hiam? (1 Peter 3:7) (Lim zong en in.)
၁၆ စာရာကို အာဗြဟံ တန်ဖိုးထားတယ်။ စာရာရဲ့ အမြင်၊ ခံစားချက်ကို ထည့်စဉ်းစားပေးတယ်။ တစ်ခေါက်တော့ စာရာ စိတ်ထိခိုက်နေတယ်။ မကျေနပ်ချက်တွေ ပြောပြပြီး အာဗြဟံကို အပြစ်တင်တယ်။ အာဗြဟံ စိတ်လိုက်မာန်ပါ တုံ့ပြန်သလား။ မတုံ့ပြန်ဘူး။ စာရာဟာ လက်အောက်ခံတတ်တဲ့ ဇနီး၊ အထောက်အမကောင်း ဖြစ်မှန်း သိတယ်။ စာရာ့စကား နားထောင်ပြီး ပြဿနာ ဖြေရှင်းပေးလိုက်တယ်။ (က. ၁၆:၅၊ ၆) ဘာသင်ယူနိုင်သလဲ။ ခင်ပွန်းတို့၊ မိသားစုအတွက် ဆုံးဖြတ်ချက် ချပိုင်ခွင့် သင်တို့မှာ ရှိပါတယ်။ (၁ ကော. ၁၁:၃) ဒါပေမဲ့ မဆုံးဖြတ်ခင် ဇနီးရဲ့ အမြင်ကို ထည့်စဉ်းစားတာ မေတ္တာရှိရာရောက်တယ်။ အထူးသဖြင့်၊ ဆုံးဖြတ်ချက်က ဇနီးအပေါ် သက်ရောက်မှု ရှိမယ်ဆိုရင်ပေါ့။ (၁ ကော. ၁၃:၄၊ ၅) တစ်ခါတလေ ဇနီး ဖြစ်သူ စိတ်ဖိစီးနေနိုင်တယ်။ ခံစားချက်တွေ ပြောပြချင်နေနိုင်တယ်။ အာရုံစိုက် နားထောင်ပေးခြင်းအားဖြင့် သူ့ခံစားချက်ကို တန်ဖိုးထားကြောင်း ပြပါ။ (၁ ပေတရု ၃:၇ ကို ဖတ်ပါ။) အိန်ဂျလာနဲ့ ဒီမီထရီဟာ အိမ်ထောင်သက် အနှစ် ၃၀ နီးပါး ရှိပြီ။ ကိုယ့်ကို ခင်ပွန်း တန်ဖိုးထားတယ်လို့ ခံစားရတဲ့ အကြောင်းရင်းကို ညီအစ်မ ဒီလိုပြောပြတယ်– “ကျွန်မ စိတ်ဆိုးနေတဲ့အချိန် ဖြစ်ဖြစ်၊ စကားပြောချင်တဲ့အချိန် ဖြစ်ဖြစ် ဒီမီထရီ အမြဲ နားထောင်ပေးတယ်။ စိတ်ဆိုးမာန်ဆိုး ပြောမိရင်တောင် သည်းခံတယ်။”
17. Zite in Sarah tung pan bang sin thei a hiam? (1 Peter 3:5, 6)
၁၇ အာဗြဟံ ဆုံးဖြတ်တဲ့အတိုင်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လေးစားကြောင်း စာရာ ပြတယ်။ (က. ၁၂:၅) တစ်ခါတုန်းက ဗြုန်းစားကြီး ရောက်လာတဲ့ ဧည့်သည်တွေကို အာဗြဟံ ဧည့်ခံချင်တယ်။ ဒါနဲ့ စာရာကို လုပ်လက်စ အလုပ် ရပ်ပြီး မုန့် အများကြီး ဖုတ်ခိုင်းတယ်။ (က. ၁၈:၆) အာဗြဟံ ခိုင်းတဲ့အတိုင်း စာရာ ချက်ချင်း ထလုပ်တယ်။ ဇနီးတို့၊ ခင်ပွန်း ဆုံးဖြတ်တဲ့အတိုင်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စာရာကို အတုယူပါ။ ဒါဆိုရင် အိမ်ထောင်နှောင်ကြိုး ခိုင်မြဲလာမယ်။ (၁ ပေတရု ၃:၅၊ ၆ ကို ဖတ်ပါ။) ကိုယ့်ကို ဇနီး လေးစားတယ်လို့ ခံစားရတဲ့ အကြောင်းရင်းကို ရှေ့စာပိုဒ်မှာ ဖော်ပြထားတဲ့ ဒီမီထရီ ဒီလိုပြောပြတယ်– “သဘောထား မတိုက်ဆိုင်ရင်တောင် ကျွန်တော် ဆုံးဖြတ်တဲ့အတိုင်း အိန်ဂျလာ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားတယ်။ ဆုံးဖြတ်ချက် မှားသွားရင်လည်း အပြစ်မတင်ဘူး။” ညီအစ်ကို/မတို့လည်း ကိုယ့်ကို တန်ဖိုးထားလေးစားသူကို ချစ်ဖို့ မခက်ဘူး မဟုတ်လား။
18. Nupate in itna a kip tawntung nadingin hanciam uh leh bang hamphatna ngah ding uh a hiam?
၁၈ ခရစ်ယာန် အိမ်ထောင်သည်တွေကြားက အချစ်ကို စာတန် ငြှိမ်းသတ်ချင်တယ်။ အိမ်ထောင်ဖက် အချင်းချင်း အချစ် လျော့သွားရင် ယေဟောဝါနဲ့ပါ ဝေးလာမယ်ဆိုတာ သိနေတာကိုး။ ဒါပေမဲ့ အချစ်စစ် မှန်ရင် ငြှိမ်းသတ်လို့ မရပါဘူး။ ဒါကြောင့် ရှောလမုန် သီချင်းမှာ ဖော်ကျူးထားတဲ့ အချစ်မျိုးနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို ချစ်ပါ။ အိမ်ထောင်မှာ ယေဟောဝါကို ဦးစားထားပါ။ အချင်းချင်း အချိန်ပေးပါ။ အိမ်ထောင်ဖက်ရဲ့ ခံစားချက်ကို လေးစားပါ။ ဒါဆိုရင် သင့်အိမ်ထောင်ကြောင့် အချစ်စစ်ရဲ့ ရင်းမြစ် ယေဟောဝါ ဘုန်းထင်ရှားမယ်။ သင်တို့ရဲ့ အချစ်တွေ မပြတ် တောက်လောင်နေပါလိမ့်မယ်။
LA 132 တို့တစ်သားတစ်ကိုယ်တည်း ဖြစ်ပြီ
a အိမ်ထောင်ဆိုတာ ခင်ပွန်းနဲ့ ဇနီး အပြန်အလှန် ပုံအော ချစ်နိုင်ဖို့ ယေဟောဝါဘုရား ပြင်ဆင်ပေးထားတဲ့ အစီအစဉ်ပါ။ ဒါပေမဲ့ တစ်ခါတလေ အချစ် လျော့သွားတတ်တယ်။ မောင်နှံစုံတွေ အချစ် မလျော့ဖို့၊ အိမ်ထောင် သာယာဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။
b အချစ်စစ် အချစ်မှန်ဟာ ယေဟောဝါဆီကနေ အစပြုလို့ မပြောင်းလဲတဲ့ အချစ်၊ ခိုင်မြဲတဲ့ အချစ်ကို “ယေဟောဝါရဲ့ မီးလျှံ” လို့ ခေါ်တာ။
c အိမ်ထောင်ဖက်ဟာ မယုံကြည်သူ ဖြစ်နေရင်တောင် ဒီအကြံပြုချက်တွေက သင့်အိမ်ထောင်နှောင်ကြိုး ခိုင်မြဲဖို့ ကူညီပေးနိုင်ပါတယ်။—၁ ကော. ၇:၁၂-၁၄။ ၁ ပေ. ၃:၁၊ ၂။
d ဥပမာ၊ jw.org နဲ့ JW Library® မှာ တင်ထားတဲ့ “မိသားစုအတွက် အကူအညီ” ဆောင်းပါးတွဲတွေထဲက လက်တွေ့ကျ အကြံပြုချက်တွေကို ကြည့်ပါ။
e ၂၀၁၆၊ ဖေဖော်ဝါရီလ ကင်းမျှော်စင် စာ. ၁၃၊ ပိုဒ်. ၁၇ ကို ကြည့်ပါ။