SIN DING THU 24
Pasian Thu Lama Na Ngimnate Na Tangtungsak Thei Hi
“Na hoih sep ding cimtak kei ni. Lungkia loin i sep nakleh a hun ciangin thaman i ngah ding hi.”—GAL. 6:9.
LA 84 တက်လှမ်းပါ
အကြိုသုံးသပ်ချက်a
1. Mi pawlkhat in bang haksatna tuak uh a hiam?
ဘုရားရေးရာ ပန်းတိုင် ထားပေမဲ့ ရောက်ဖို့ ခက်နေသလား။b သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဥပမာ၊ ညီအစ်ကို ဖိလစ်ဟာ ဆုတောင်းခြင်း အရည်အသွေး တိုးတက်ချင်တယ်။ မကြာခဏ ဆုတောင်းချင်တယ်။ ဒါပေမဲ့ ဆုတောင်းဖို့ အချိန် ရှာရ ခက်နေတယ်။ ညီအစ်မ အဲရစ်ကာဟာ လယ်ကွင်း စုဆုံမှုတွေ အချိန်မီ ရောက်ဖို့ ပန်းတိုင်ထားတယ်။ ဒါပေမဲ့ အမြဲလိုလို နောက်ကျနေတုန်းပဲ။ ညီအစ်ကို တိုမက်ရှ်ဟာ ကျမ်းစာ တစ်အုပ်လုံး ပြီးအောင် ဖတ်ဖို့ ခဏခဏ ကြိုးစားတယ်။ ဒါပေမဲ့ “ကျမ်းစာ ဖတ်ရတာကို မပျော်တာ။ သုံးကြိမ် ကြိုးစားပြီးသွားပြီ။ သုံးကြိမ်စလုံး ဝတ်ပြုရာကျမ်းအထိပဲ ရောက်တယ်” လို့ ပြောတယ်။
2. Pasian thu lama i ngimna tangtung nai lo ahih leh bang hang lungkiat ding hi lo a hiam?
၂ ပန်းတိုင် ထားပေမဲ့ မရောက်သေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို့ မခံယူလိုက်ပါနဲ့။ သေးသေးမွှားမွှား ပန်းတိုင်တွေတောင် အချိန်နဲ့ အားထုတ်မှု လိုတတ်တယ်။ သင် ပန်းတိုင် ရောက်ချင်စိတ် ရှိနေသေးတာကိုက ယေဟောဝါနဲ့ ဆက်ဆံရေးကို တန်ဖိုးထားတယ်၊ ဘုရားကို အကောင်းဆုံး ပေးဆက်ချင်တယ်ဆိုတာ ပြတယ်။ သင့်အားထုတ်မှုကို ယေဟောဝါ တန်ဖိုးထားတယ်။ သင် တတ်နိုင်တာထက် ပိုမမျှော်လင့်ဘူး။ (ဆာ. ၁၀၃:၁၄။ မိ. ၆:၈) ဒါကြောင့် ကိုယ်နဲ့ ကိုက်မယ့်၊ လက်လှမ်းမီမယ့် ပန်းတိုင်သာ ရွေးပါ။ ရွေးပြီးသွားရင် ဘာလုပ်ရမလဲ။ အကြံပြုချက်တချို့ ဆွေးနွေးကြရအောင်။
UTNA LUNGSIM NEIH DING THUPI
စိတ်ဆန္ဒ ပြင်းပြလာဖို့ ဆုတောင်းပါ (စာပိုဒ် ၃-၄ ကို ကြည့်ပါ)
3. Utna lungsim neih ding bang hangin thupi a hiam?
၃ ဘုရားရေးရာ ပန်းတိုင်တွေ အရောက်လှမ်းနိုင်ဖို့ စိတ်ဆန္ဒက သိပ်အရေးကြီးတယ်။ စိတ်ဆန္ဒဟာ ရွက်လှေ လိုရာခရီး ရောက်ဖို့ တွန်းပို့ပေးတဲ့ လေနဲ့ တူတယ်။ လေမပြတ် တိုက်ရင် လိုရာခရီး ရောက်မယ်။ လေအားကောင်းလေ မြန်မြန် ရောက်လေပဲ။ ကျွန်တော်တို့လည်း စိတ်ဆန္ဒသာ ရှိရင် ပန်းတိုင် ရောက်ဖို့ ကြိုးစားမှာ ဖြစ်တယ်။ စိတ်ဆန္ဒ ပြင်းပြလေ ပန်းတိုင် ရောက်ဖို့ နီးစပ်လေပဲ။ “စိတ်ပါလာပြီဆိုရင် ကျွန်တော်တို့ ပိုအားထုတ်တတ်ကြတယ်။ ပန်းတိုင် မရောက်အောင် တားဆီးမယ့် ဘယ်အရာကိုမှ ခွင့်မပြုဘူး” လို့ အယ်ဆာဗေးဒေါနိုင်ငံက ညီအစ်ကို ဒေးဗစ် ပြောတယ်။ ဒါဆိုရင် စိတ်ဆန္ဒ ပြင်းပြလာအောင် ဘာလုပ်ရမလဲ။
4. Bang adingin thu ngen thei i hiam? (Filippi 2:13) (Lim zong en in.)
၄ စိတ်ဆန္ဒ ပြင်းပြလာဖို့ ဆုတောင်းပါ။ သင် ပန်းတိုင် ရောက်ဖို့ စွမ်းအားတော်အားဖြင့် ယေဟောဝါ လှုံ့ဆော်ပေးနိုင်တယ်။ (ဖိလိပ္ပိ ၂:၁၃ ကို ဖတ်ပါ။) တစ်ခါတလေကျတော့ လုပ်သင့်လုပ်ထိုက်မှန်း သိလို့ ကျွန်တော်တို့ ပန်းတိုင်ထားကြတယ်။ ဒါ ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ဖို့ စိတ်မပါတာမျိုး ဖြစ်နေနိုင်တယ်။ ဥပမာ၊ ယူဂန္ဓာနိုင်ငံက ညီအစ်မ နိုရီနာဟာ ကျမ်းစာ သင်အံမှုတစ်ခု ရဖို့ ပန်းတိုင်ထားတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အသင်အပြ မကောင်းဘူးလို့ ခံစားရလို့ သိပ်တော့ စိတ်ထက်သန် မနေဘူး။ နိုရီနာကို ဘာက ကူညီပေးသလဲ။ “ကျမ်းစာ သင်အံမှု လုပ်ချင်တဲ့ စိတ်ဆန္ဒ ပြင်းပြလာအောင် ကူညီပေးပါလို့ နေ့တိုင်း စဆုတောင်းတယ်။ သွန်သင်ခြင်း စွမ်းရည် တိုးတက်လာအောင် ကိုယ့်ဘက်ကလည်း ကြိုးစားတယ်။ လအနည်းငယ်အကြာမှာ ကျွန်မ စိတ်ဆန္ဒ ပြင်းပြနေပြီဆိုတာ သတိထားမိလာတယ်။ အဲဒီနှစ်မှာပဲ ကျမ်းစာ သင်အံမှု နှစ်ခု စနိုင်ခဲ့တယ်” လို့ ပြောတယ်။
5. Utna lungsim a khauh nadingin bangteng lungngai thei i hiam?
၅ ကိုယ့်အတွက် ယေဟောဝါ လုပ်ပေးထားတာတွေကို တွေးတောဆင်ခြင်ပါ။ (ဆာ. ၁၄၃:၅) တမန်တော် ပေါလုဟာ ကိုယ့်အပေါ် ထားတဲ့ ယေဟောဝါရဲ့ မဟာကရုဏာအကြောင်း တွေးလိုက်တဲ့အခါ အမှုတော်မှာ ပိုကြိုးစားချင်လာတယ်။ (၁ ကော. ၁၅:၉၊ ၁၀။ ၁ တိ. ၁:၁၂-၁၄) သင်လည်း ယေဟောဝါ လုပ်ပေးထားတာတွေကို တွေးလေ ပန်းတိုင် အရောက်လှမ်းချင်စိတ် ပြင်းပြလေ ဖြစ်လာမယ်။ (ဆာ. ၁၁၆:၁၂) ဥပမာ၊ ဟွန်ဒူးရပ်စ်နိုင်ငံက ညီအစ်မတစ်ယောက် မှန်မှန်ရှေ့ဆောင် လုပ်ချင်တယ်။ ပန်းတိုင် ရောက်ဖို့ ဘာက ကူညီပေးသလဲ။ “ကျွန်မကို ယေဟောဝါ ဘယ်လောက် ချစ်တယ်ဆိုတာ စဉ်းစားတယ်။ ကျွန်မကို လူမျိုးတော်အဝင် ဖြစ်ခွင့်ပေးတယ်။ ဂရုစိုက်၊ ကာကွယ်တယ်။ ဒါတွေကို တွေးကြည့်လိုက်တော့ ဘုရားကို ပိုချစ်လာတယ်။ ရှေ့ဆောင် လုပ်ချင်စိတ် တိုးလာတယ်” လို့ ပြောတယ်။
6. Utna lungsim a khauh nadingin bang in hong huh thei lai a hiam?
၆ ပန်းတိုင် ရောက်ရင် ရမယ့် အကျိုးကျေးဇူးတွေကို အာရုံစိုက်ပါ။ အချိန် တိကျအောင် လုပ်မယ်ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အဲရစ်ကာကို ဘာက ကူညီပေးသလဲ။ “အမှုဆောင် နောက်ကျရင် လွတ်သွားတာ အများကြီး ရှိမှန်း ကျွန်မ သတိထားမိလာတယ်။ စောစော ရောက်ရင် ညီအစ်ကို/မတွေနဲ့ နှုတ်ဆက်စကားပြောနိုင်တယ်။ ပေါင်းသင်းနိုင်တယ်။ အမှုဆောင်မှာ ပျော်ဖို့၊ တိုးတက်ဖို့ ကူညီပေးမယ့် လက်တွေ့ကျ အကြံပြုချက်တွေ ကြားနိုင်တယ်” လို့ ပြောတယ်။ အချိန် တိကျရင် ရမယ့် အကျိုးကျေးဇူးတွေကို အဲရစ်ကာ အာရုံစိုက်လို့ ပန်းတိုင် ရောက်သွားတယ်။ သင်ကော ဘာအကျိုးကျေးဇူးတွေ အာရုံစိုက်နိုင်သလဲ။ ကျမ်းစာ ဖတ်တာ၊ ဆုတောင်းတာနဲ့ပတ်သက်ပြီး ပန်းတိုင်ထားတယ်ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ်ဆိုတဲ့ အကျိုးကျေးဇူးကို စဉ်းစားနိုင်တယ်။ (ဆာ. ၁၄၅:၁၈၊ ၁၉) ခရစ်ယာန် အရည်အသွေးတစ်ခု ရှိလာဖို့ ပန်းတိုင်ထားတယ်ဆိုရင် တခြားသူတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ်ဆိုတဲ့ အကျိုးကျေးဇူးကို စဉ်းစားနိုင်တယ်။ (ကော. ၃:၁၄) ဒါကြောင့် ကိုယ် ပန်းတိုင် ရောက်ချင်ရတဲ့ အကြောင်းရင်းအားလုံးကို စာရင်း လုပ်ပါ။ အဲဒီစာရင်းကို မကြာခဏ ကြည့်ပါ။ “ပန်းတိုင် ရောက်ချင်ရတဲ့ အကြောင်းရင်း များလေ လက်လျှော့မိဖို့ အကြောင်း နည်းလေပဲ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုမက်ရှ် ပြောတယ်။
7. Julio-te nupa ii ngimna a tangtun nadingin bang in huh a hiam?
၇ ပန်းတိုင် ရောက်အောင် ကြိုးစားဖို့ အားပေးသူတွေနဲ့ ပေါင်းပါ။ (ပညာ. ၁၃:၂၀) အမှုဆောင်လုပ်ငန်း တိုးချဲ့မယ်ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ ဂျူလီယိုတို့ ဇနီးမောင်နှံကို ဘာက ကူညီပေးသလဲ။ “ပန်းတိုင် ရောက်အောင် ကြိုးစားဖို့ အားပေးတဲ့ မိတ်ဆွေတွေနဲ့ ပေါင်းတယ်။ ပန်းတိုင်အကြောင်း သူတို့နဲ့ ဆွေးနွေးတယ်။ မိတ်ဆွေ အများစုက ပန်းတိုင် ရောက်ပြီးသားသူတွေဆိုတော့ ကျွန်တော်တို့ကို လက်တွေ့ကျ အကြံတွေ ပေးနိုင်ကြတယ်။ အခြေအနေ မေးမြန်းကြတယ်။ လိုအပ်တဲ့အခါ အားပေးကြတယ်” လို့ ဂျူလီယို ပြောတယ်။
UTNA LUNGSIM NEI KEI LENG
ပန်းတိုင် ရောက်ဖို့ ကြိုးစားပါ (စာပိုဒ် ၈ ကို ကြည့်ပါ)
8. Utna lungsim i neih ciang bekin sem leng bang piang thei a hiam? (Lim zong en in.)
၈ လုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ နေ့မျိုး ကျွန်တော်တို့အားလုံး ကြုံဖူးကြတယ်။ ဒီလိုသာဆိုရင် ပန်းတိုင် မရောက်နိုင်တော့ဘူးလား။ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ ရွက်လှေ လိုရာခရီး ရောက်ဖို့ လေဟာ အဓိက တွန်းအား ဖြစ်တယ်။ ဒါပေမဲ့ လေအားကောင်းတဲ့ ရက်၊ မကောင်းတဲ့ ရက် ရှိတယ်။ လုံးဝ လေမတိုက်တဲ့ ရက်တွေလည်း ရှိတယ်။ ဒါနဲ့ပဲ ရွက်လှေ ရှေ့မရောက်တော့ဘူးလား။ ရောက်နိုင်ပါတယ်။ ရွက်လှေတချို့မှာ စက်တပ်ထားတယ်။ တချို့မှာ လှော်တက် ပါတယ်။ ရရာ နည်းလမ်း သုံးပြီး လိုရာခရီး ဆက်နိုင်တယ်။ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒကလည်း လေနဲ့ တူတယ်။ စိတ်အတက်အကျ ရှိနိုင်တယ်။ လုံးဝ စိတ်မပါတဲ့ ရက်တွေလည်း ရှိနိုင်တယ်။ ဒါကြောင့် စိတ်ပါမှ လုပ်ရင် ပန်းတိုင် ရောက်တော့မှာ မဟုတ်ဘူး။ လိုရာခရီး ရောက်ဖို့ ရွက်လွှင့်သူတွေ နည်းလမ်း ရှာပြီး သွားသလို ကျွန်တော်တို့လည်း လုပ်ချင်ကိုင်ချင်စိတ် မရှိရင်တောင် ပန်းတိုင် ရောက်ဖို့ ကြိုးစားနိုင်တုန်းပါပဲ။ မလွယ်ပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။ ဘယ်လို ကြိုးစားနိုင်သလဲ။ အရင်ဆုံး၊ မေးခွန်းတစ်ခု ဆွေးနွေးကြရအောင်။
9. Utna lungsim nei lo-a ngimna tangtun nadinga hanciam pen a khial hiam? Hilhcian in.
၉ ယေဟောဝါက မိမိကို ပျော်ပျော်ရွှင်ရွှင်၊ စိတ်ပါလက်ပါ ဝတ်ပြုစေချင်တယ်။ (ဆာ. ၁၀၀:၂) ဒီတော့ စိတ်မပါဘဲ ဘုရားရေးရာ ပန်းတိုင်တစ်ခု ရောက်ဖို့ ကြိုးစားသင့်သလား။ တမန်တော် ပေါလုအကြောင်း စဉ်းစားကြည့်ပါ။ “ကျွန်တော့်ကိုယ်ခန္ဓာကို ထိုးနှက်ပြီး ကျွန်တစ်ယောက်လို ဖြစ်အောင် ထိန်းချုပ်ထားတယ်” လို့ ပြောတယ်။ (၁ ကော. ၉:၂၅-၂၇) လုပ်သင့်တာနဲ့ လုပ်ချင်တာ လွန်ဆွဲလာတဲ့အခါ ပေါလု ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တယ်။ ပေါလုရဲ့ လုပ်ရပ်ကို ယေဟောဝါ နှစ်သက်သလား။ နှစ်သက်တယ်။ ဆုတောင် ချခဲ့တယ်။—၂ တိ. ၄:၇၊ ၈။
10. Utna lungsim i nei kei zongin ngimna tangtun nading hanciam leng bang hamphatna ngah ding i hiam?
၁၀ စိတ်မပါရင်တောင် ပန်းတိုင် ရောက်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာ မြင်တဲ့အခါ ယေဟောဝါ သိပ်ဝမ်းသာတယ်။ လုပ်ရတာ မပျော်တဲ့ အချိန်တွေ ရှိပေမဲ့ မိမိကို ချစ်လို့ လုပ်နေမှန်း သိလို့ပဲ။ ပေါလုကို ကောင်းချီးပေးသလို ကျွန်တော်တို့ကိုလည်း ကောင်းချီးပေးပါလိမ့်မယ်။ (ဆာ. ၁၂၆:၅) ဘုရားကောင်းချီး ခံစားရတဲ့အခါ လုပ်ချင်ကိုင်ချင်စိတ်တောင် ရှိလာနိုင်တယ်။ “တစ်ခါတလေ အမှုဆောင် မသွားချင်ဘူး။ အထူးသဖြင့်၊ ပင်ပန်းနေချိန်တွေဆိုရင်ပေါ့။ ဒါပေမဲ့ သွားလိုက်တော့လည်း ပျော်သွားတာပဲ” လို့ ပိုလန်နိုင်ငံက ညီအစ်မ လူစီနာ ပြောတယ်။ ဒါဆိုရင် စိတ်ဆန္ဒ မရှိတဲ့အခါ ရှိလာအောင် ဘာလုပ်နိုင်သလဲ။
11. Pumpi ki-ukzawhna nei dingin Jehovah in koi bangin hong huh thei a hiam?
၁၁ ချုပ်တည်းခြင်း ရှိဖို့ ဆုတောင်းပါ။ ချုပ်တည်းခြင်းဆိုတာ ခံစားချက်၊ လုပ်ရပ်ကို ကြပ်မတ်နိုင်စွမ်း ဖြစ်တယ်။ မကောင်းတာ မလုပ်မိဖို့ပဲ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရတာ မဟုတ်ဘူး။ ကောင်းတာ လုပ်ဖို့လည်း ကြပ်မတ်ရတယ်။ အထူးသဖြင့်၊ ခက်တဲ့ အလုပ်၊ စိတ်မပါတဲ့ အလုပ်ဆိုရင်ပေါ့။ ချုပ်တည်းခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်လို့ ချုပ်တည်းမှု ပိုရှိလာအောင် ယေဟောဝါဆီကနေ သန့်ရှင်းသော စွမ်းအားတော် တောင်းပါ။ (လု. ၁၁:၁၃။ ဂလ. ၅:၂၂၊ ၂၃) ကိုယ်ပိုင် လေ့လာမှု မှန်မှန် လုပ်မယ်ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ ဆုတောင်းခြင်းက ဘယ်လို ကူညီပေးကြောင်း အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေးဗစ် ဒီလိုပြောတယ်– “ချုပ်တည်းခြင်း ရှိဖို့ ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းတယ်။ ဘုရားအကူအညီကြောင့် လေ့လာမှု ဇယားကောင်း ရှိလာတယ်။ ဇယားအတိုင်း မှန်မှန် လေ့လာဖြစ်သွားတယ်။”
12. Thuhilhna 11:4 in ngimna tangtun nadingin koi bangin hong huh a hiam?
၁၂ အချိန်အခါကောင်းကို စောင့်မနေပါနဲ့။ ဒီလောကမှာ အချိန်အခါကောင်းဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ရက်ကောင်း ရက်မြတ် ရွေးနေရင် ပန်းတိုင် ရောက်တော့မှာ မဟုတ်ဘူး။ (ဒေသနာ ၁၁:၄ ကို ဖတ်ပါ။) “အချိန်အခါကောင်းဆိုတာ မရှိဘူး။ ကိုယ်က ဖန်တီးယူရမှာ။ လုပ်စရာ ရှိတာသာ လုပ်” လို့ ညီအစ်ကို ဒေနီယယ် ပြောတယ်။ နေ့ရွှေ့ညရွှေ့ မလုပ်သင့်တဲ့ နောက်အကြောင်းရင်းနဲ့ပတ်သက်ပြီး ယူဂန္ဓာနိုင်ငံက ညီအစ်ကို ပေါလ် ဒီလိုပြောတယ်– “အခက်အခဲတွေကြားက တစ်ခုခု စလုပ်လိုက်တာဟာ ယေဟောဝါ ကောင်းချီးပေးလို့ ရအောင် လမ်းဖွင့်လိုက်တာပဲ။”—မာလ. ၃:၁၀။
13. Tawmtawmta-a kipatna pen bang hangin hamphatna om a hiam?
၁၃ နည်းနည်းကနေ စပါ။ ပန်းတိုင် အလှမ်းဝေးလွန်းပုံ ရလို့ ကြိုးစားချင်စိတ် မရှိတော့တာ ဖြစ်နိုင်တယ်။ ဒါဆိုရင် နည်းနည်းကနေ စပါ။ ကိုယ့်ပန်းတိုင်ဟာ အရည်အသွေးတစ်ခု ရှိလာဖို့ဆိုရင် အဲဒီအရည်အသွေးကို အသေးအဖွဲ လုပ်ရပ်တွေနဲ့ စပြကြည့်ပါ။ ကျမ်းစာ တစ်အုပ်လုံး အပြီးဖတ်ဖို့ ပန်းတိုင်ထားတယ်ဆိုရင် အချိန် နည်းနည်းလောက်ကနေ စဖတ်ကြည့်ပါ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုမက်ရှ်ဟာ တစ်နှစ်အတွင်း ကျမ်းစာ တစ်အုပ်လုံး အပြီးဖတ်မယ်ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ ခက်နေတယ်။ “ကိုယ် လိုက်မမီတဲ့ နှုန်းနဲ့ ဖတ်ဖို့ ကြိုးစားနေမိမှန်း ကျွန်တော် သတိထားမိသွားတယ်။ ဒါကြောင့် ထပ်ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီတစ်ခါတော့ တစ်ရက်ကို ကျမ်းပိုဒ် နည်းနည်းပဲ ဖတ်ပြီး တွေးတောဆင်ခြင်တယ်။ ဒီလိုနဲ့ ကျမ်းစာ ဖတ်ရတာ ပျော်လာတယ်” လို့ ပြောတယ်။ ဖတ်ရတာ ပျော်လာတော့မှ အချိန် တိုးတိုးပြီး ဖတ်တော့ နောက်ဆုံးမှာ ကျမ်းစာ တစ်အုပ်လုံး အပြီး ဖတ်နိုင်သွားတယ်။c
NA PUK CIANGIN LUNGKIA KEI IN
14. Bang thute hangin puk khathei i hiam?
၁၄ ဆန္ဒ ဘယ်လောက် ရှိပါစေ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ကြပ်မတ်ပါစေ အခက်အခဲတွေကတော့ ရှိစမြဲပဲ။ ဥပမာ၊ “မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ” ကြောင့် ပန်းတိုင် ရောက်အောင် ကြိုးစားရမယ့် အချိန်တွေ ပဲ့သွားနိုင်တယ်။ (ဒေ. ၉:၁၁) အခက်အခဲတစ်ခုခုကြောင့် စိတ်ဓာတ်ကျ၊ အားလျော့သွားနိုင်တယ်။ (ပညာ. ၂၄:၁၀) မစုံလင်သူတွေမို့ ပန်းတိုင်နဲ့ အလှမ်းဝေးစေတဲ့ အမှားတွေ လုပ်မိနိုင်တယ်။ (ရော. ၇:၂၃) ဒါမှမဟုတ် ခြေကုန်လက်ပန်း ကျနေနိုင်တယ်။ (မ. ၂၆:၄၃) လဲကျတဲ့အခါ ပြန်ထဖို့ ဘာက ကူညီပေးနိုင်သလဲ။
15. Puk, le guallel cih pen a kibang hiam? Hilhcian in. (Late 145:14)
၁၅ လဲကျတာနဲ့ ကျရှုံးတာ မတူဘူး။ အခက်အခဲ၊ ပြဿနာတွေ ထပ်ခါထပ်ခါ ကြုံနိုင်တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ ဒါပေမဲ့ လဲကျသွားတဲ့အခါ ယေဟောဝါရဲ့ အကူအညီနဲ့ ပြန်ထနိုင်မယ်လို့လည်း ပြောတယ်။ (ဆာလံ ၁၄၅:၁၄ ကို ဖတ်ပါ။) “ကျွန်တော် ဘယ်နှကြိမ် လဲကျတယ်ဆိုတာ အာရုံမစိုက်ဘူး။ ဘယ်နှကြိမ် ပြန်ထတယ်ဆိုတာပဲ အာရုံစိုက်တယ်။ အောင်မြင်မှုဆိုတာ အဲဒါပဲ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဖိလစ် ပြောတယ်။ “လဲကျသွားတာကို အတားအဆီးလို့ သဘောမထားဘူး။ ယေဟောဝါကို ဘယ်လောက် ချစ်တယ်ဆိုတာ ပြနိုင်တဲ့ အခွင့်အရေးလို့ သဘောထားတယ်” ဆိုပြီး အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေးဗစ် ပြောတယ်။ လဲကျပေမဲ့ ပန်းတိုင် ရောက်ဖို့ ဆက်ကြိုးစားတာက ဘုရားနှစ်သက်မှု ရချင်တယ်ဆိုတာ ပြရာရောက်တယ်။ ပန်းတိုင် ရောက်ဖို့ သင် ကျားကုတ်ကျားခဲ ကြိုးစားနေတာကို ယေဟောဝါ မြင်တဲ့အခါ သိပ်ဝမ်းသာနေမှာပဲ။
16. Hong puksak thute pan bang sin thei i hiam?
၁၆ ကိုယ့်ကို လဲကျစေတဲ့အရာကနေ သင်ခန်းစာ ယူပါ။ ကြုံခဲ့ရတာကို ပြန်တွေးပြီး ‘နောက်တစ်ခါ ဒီလို မဖြစ်အောင် ငါ ဘာလုပ်နိုင်သလဲ’ လို့ စဉ်းစားပါ။ (ပညာ. ၂၇:၁၂) တစ်ခါတလေကျတော့ လဲကျသွားတော့မှပဲ ကိုယ့်ပန်းတိုင်က ကိုယ်နဲ့ မကိုက်မှန်း သိလာတာမျိုး ရှိတယ်။ သင်လည်း ပန်းတိုင်က သင်နဲ့ ကိုက်သေးရဲ့လားဆိုတာ ပြန်သုံးသပ်ပါ။d သင်နဲ့ မကိုက်လို့ ပန်းတိုင် မရောက်တာကို ကျရှုံးတာလို့ ယေဟောဝါ မသတ်မှတ်ဘူး။—၂ ကော. ၈:၁၂။
17. I tangtun khit ngimnate bang hang i phawk kik ding kisam a hiam?
၁၇ ကိုယ် အရောက်လှမ်းနိုင်ခဲ့တဲ့ ပန်းတိုင်တွေကို သတိရပါ။ ‘ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို ဘယ်တော့မှ မမေ့ဘူး’ လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဟီ. ၆:၁၀) သင်လည်း မမေ့ပါနဲ့။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတာ၊ တခြားသူတွေကို ဟောပြောတာ၊ နှစ်ခြင်းခံတာလိုမျိုး သင် အရောက်လှမ်းနိုင်ခဲ့တဲ့ ပန်းတိုင်တွေကို ပြန်စဉ်းစားပါ။ အဲဒီလို ဘုရားရေးရာ ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ခဲ့သလို လက်ရှိ ပန်းတိုင်တွေဆီလည်း အရောက်လှမ်းနိုင်ပါလိမ့်မယ်။—ဖိ. ၃:၁၆။
ပန်းတိုင်ဆီ ပျော်ပျော်ရွှင်ရွှင် အရောက်လှမ်းပါ (စာပိုဒ် ၁၈ ကို ကြည့်ပါ)
18. Ngimna tangtun nading i hanciam ciangin bang pen i phawk ding kisam a hiam? (Lim zong en in.)
၁၈ လိုရာခရီး ရောက်သွားတဲ့ ရွက်လွှင့်သူလိုပဲ ယေဟောဝါရဲ့ အကူအညီကြောင့် သင်လည်း ပန်းတိုင် ရောက်နိုင်ပါတယ်။ ရွက်လွှင့်သူ များစွာဟာ ခရီးဆုံး ရောက်မှ ပျော်ကြတာ မဟုတ်ဘူး။ ရှုခင်းတွေ တကြည့်ကြည့်နဲ့ လမ်းမှာလည်း ပျော်ကြတယ်။ သင်လည်း ဘုရားရေးရာ ပန်းတိုင်တွေဆီ အရောက်သွားနေတုန်းမှာ ကိုယ့်ကို ယေဟောဝါ ကူညီပေးနေတာတွေ၊ ကောင်းချီးပေးတာတွေကို ကြည့်ဖို့ သတိရပါ။ လမ်းခရီးမှာ ပျော်ရပါလိမ့်မယ်။ (၂ ကော. ၄:၇) လက်မလျှော့ဘူးဆိုရင် ပိုကောင်းတဲ့ ကောင်းချီးတွေတောင် ခံစားရပါလိမ့်မယ်။—ဂလ. ၆:၉။
LA 126 မြဲမြံနိုးကြား၊ ခွန်အားကြီးပွား
a ဘုရားရေးရာ ပန်းတိုင်တွေ ထားဖို့ ကျွန်တော်တို့ မကြာမကြာ အားပေးခံရကြတယ်။ ပန်းတိုင် ထားပေမဲ့ ရောက်ဖို့ ခက်နေရင် ဘယ်လို လုပ်မလဲ။ ဒီဆောင်းပါးမှာ အကြံပြုချက် အမျိုးမျိုး ဖော်ပြထားပါတယ်။
b စကားလုံး ရှင်းလင်းချက်။ ဘုရားရေးရာ ပန်းတိုင်ဆိုတာ ယေဟောဝါဘုရားအတွက် ပိုအမှုဆောင်နိုင်ဖို့၊ ဘုရားစိတ်တော် ရွှင်လန်းစေဖို့ သင် တိုးတက်ချင်တာ၊ ပြည့်မီချင်တာ ဘာမဆို ပါတယ်။ ဥပမာ၊ ခရစ်ယာန် အရည်အသွေး တစ်ခု ရှိလာဖို့ ပန်းတိုင်ထားနိုင်တယ်။ ကျမ်းစာ ဖတ်ရှုခြင်း၊ ကိုယ်ပိုင် လေ့လာမှု၊ အမှုဆောင်လုပ်ငန်းစတဲ့ ဝတ်ပြုရေး ကဏ္ဍတစ်ခုခုမှာ တိုးတက်ဖို့ ပန်းတိုင်ထားနိုင်တယ်။
d ထပ်သိချင်ရင် ၂၀၀၈၊ ဇူလိုင် ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “အကျိုးသင့်အကြောင်းသင့် မျှော်လင့်ပြီး ရွှင်လန်းလော့” ဆောင်းပါးကို ကြည့်ပါ။