Comstock Images/Stockbyte via Getty Images
အကျင့်ပျက်ခြစားတဲ့ နိုင်ငံရေးသမားတွေနဲ့ပတ်သက်ပြီး ဘုရားသခင့်နိုင်ငံတော်က ဘယ်လိုဖြေရှင်းပေးမလဲ
အကျင့်ပျက်ခြစားတဲ့ နိုင်ငံရေးသမားတွေကို လူတွေ စိတ်ကုန်လှပြီ။ ၂၀၂၃ ခုနှစ် ကမ္ဘာချီစာရင်းကောက်ယူချက်အရ လူတွေရဲ့ ယုံကြည်မှုအနည်းဆုံးရထားတဲ့အုပ်စုက နိုင်ငံရေးခေါင်းဆောင်တွေပဲ။a ယုံကြည်စိတ်ချလို့ရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လူတွေ အလိုရှိတယ်ဆိုတာ ရှင်းနေပါတယ်။
အပြည့်အဝ ယုံကြည်အားကိုးထိုက်ပြီး ရိုးသားဖြောင့်မှန်တဲ့၊ အကျင့်ပျက်ခြစားမှု လုံးဝမရှိတဲ့ ခေါင်းဆောင်တစ်ဦးအကြောင်း၊ အဲဒီခေါင်းဆောင် အုပ်ချုပ်မယ့် အစိုးရအကြောင်း ကျမ်းစာဆိုထားတယ်။ အဲဒီအစိုးရကတော့ ဘုရားသခင့်နိုင်ငံတော်ဖြစ်ပြီး ခေါင်းဆောင်ဟာ ယေရှုခရစ်တော်ပါ။—ဟေရှာယ ၉:၇။
လူတွေကို စိတ်ရင်းစေတနာအပြည့်နဲ့ ဂရုစိုက်ကြောင်း လုပ်ရပ်နဲ့ ယေရှု သက်သေပြခဲ့တယ်။ (မဿဲ ၉:၃၅၊ ၃၆) ဘုရားသခင့်နိုင်ငံတော်ဘုရင်ဖြစ်တဲ့ ယေရှုက မိမိအုပ်ချုပ်မှုကို လက်ခံသူအားလုံးအတွက် တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးပါလိမ့်မယ်။—ဆာလံ ၇၂:၁၂-၁၄။
a 2023 Edelman Trust Barometer Global Report.