TheCrimsonMonkey/E+ via Getty Images
ဘုရားသခင့်နိုင်ငံတော်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲ
“ရာသီဥတုပြဿနာတွေကြောင့် လူတွေ၊ မြို့ကြီးပြကြီးတွေ၊ ဂေဟစနစ်တွေ အကြီးအကျယ် ထိခိုက်နေပြီ။ ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်းမှာ အဖျက်စွမ်းအားပြင်း မုန်တိုင်းတွေ ပိုများလာပြီး လူတွေ အိုးမဲ့အိမ်မဲ့၊ အလုပ်အကိုင်မဲ့ ဖြစ်လာတယ်။ ပင်လယ်သမုဒ္ဒရာတွေလည်း စိုးရိမ်စရာကောင်းလောက်အောင် ပူနွေးလာလို့ ပင်လယ်နေ မျိုးစိတ်အများစု မျိုးတုံးမယ့်ကိန်း ဆိုက်နေပြီ။”—ကမ္ဘာ့ကုလသမဂ္ဂ တတိယအထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူ အင်ဂါ အန်ဒါဆန်၊ ဇူလိုင် ၂၅၊ ၂၀၂၃။
အစိုးရတွေက ဒီကမ္ဘာချီပြဿနာကို အတူဖြေရှင်းနိုင်ကြမလား။ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်း တွေ့ကြမလား။
ကမ္ဘာမြေရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်စွမ်းရှိတဲ့၊ ကျိန်းသေဖြေရှင်းပေးမယ့် အစိုးရတစ်ခုအကြောင်း ကျမ်းစာအခုလိုဆိုတယ်– “ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က . . . နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။” (ဒံယေလ ၂:၄၄) ဘုရားသခင့်နိုင်ငံတော်ဟာ ကမ္ဘာ့ပြဿနာတွေအားလုံးကို ဖြေရှင်းပေးမယ့် အစိုးရပါ။ အဲဒီအစိုးရလက်အောက်မှာ လူတွေက တစ်ဦးနဲ့တစ်ဦးကိုကော ကမ္ဘာမြေကိုပါ “ဖျက်လိုဖျက်ဆီးလုပ်မှာ မဟုတ်ဘူး။”—ဟေရှာယ ၁၁:၉။