အင်ဒိုနီးရှားနိုင်ငံ
ကွန်မြူနစ်တွေလက်ကနေ ကျွန်တော်လွတ်မြောက်ခဲ့
ရော်နယ် ဂျက်ကာ
မွေးဖွားတဲ့နှစ် ၁၉၂၈
နှစ်ခြင်းခံတဲ့နှစ် ၁၉၄၁
ကိုယ်ရေးမှတ်တမ်းအကျဉ်း အင်ဒိုနီးရှားနိုင်ငံမှာ ဌာနခွဲအမှုထမ်းအဖြစ် ၂၅ နှစ်ကျော် ထမ်းဆောင်ခဲ့တယ်။
၁၉၆၅၊ အောက်တိုဘာ ၁ ရက်၊ မနက်စောစောမှာ အင်ဒိုနီးရှားကွန်မြူနစ်ပါတီနဲ့ ဆက်စပ်နေတဲ့စစ်တပ်က အာဏာသိမ်းဖို့ကြိုးစားပြီး အထင်ကရ ဗိုလ်ချုပ်ကြီးခြောက်ယောက်ကို လုပ်ကြံခဲ့တယ်။ အစိုးရက ပုန်ကန်မှုကို ချက်ချင်း ရက်ရက်စက်စက် နှိမ်နင်းလိုက်တယ်။ နိုင်ငံတစ်ဝန်းမှာ ကွန်မြူနစ်လို့စွပ်စွဲခံရသူ ၅၀၀,၀၀၀ လောက် အသတ်ခံရပြီး “အတုံးအရုံးသတ်ဖြတ်မှုကြီး” အဖြစ် သတ်မှတ်ခဲ့ကြတယ်။
အာဏာသိမ်းမှု ရှုံးနိမ့်ပြီး အပတ်အတော်ကြာတော့ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ယောက်က ကွန်မြူနစ်တွေ သတ်ပစ်ဖို့စီစဉ်ထားတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့စာရင်းမှာ ကျွန်တော့်နာမည် ထိပ်ဆုံးကပါတယ်လို့ ပြောပြတယ်။ ကျွန်တော့်ကိုမြှုပ်ဖို့ တွင်းတောင် တူးပြီးနေပြီ၊ အဲဒီနေရာကို လိုက်ပြပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်က မကြည့်တော့ဘူးလို့ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလိုက်တယ်။ နိုင်ငံရေးတင်းမာမှု ပြင်းထန်နေချိန်မှာ သူနဲ့အတူသွားလာတာကို တခြားသူတွေ မမြင်စေချင်ဘူး။ နိုင်ငံရေးမှာကြားနေတဲ့ ခရစ်ယာန်တစ်ယောက်အဖြစ် ကျွန်တော်ရဲ့ရပ်တည်မှုကိုလည်း ထိခိုက်မခံချင်ဘူး။