အင်ဒိုနီးရှားနိုင်ငံ
အထူးရှေ့ဆောင်သက်တမ်း အနှစ်ငါးဆယ်
အလစ္စတန် လူမာရာ
မွေးဖွားတဲ့နှစ်– ၁၉၂၇
နှစ်ခြင်းခံတဲ့နှစ်– ၁၉၆၂
ကိုယ်ရေးမှတ်တမ်းအကျဉ်း– ရဲအုပ်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ဒီညီအစ်ကိုဟာ အထူးရှေ့ဆောင်အဖြစ် အနှစ် ၅၀ ကျော် အမှုဆောင်ခဲ့တယ်။
၁၉၆၄ ခုနှစ်တုန်းက အနောက်ပါပူဝါ၊ မာနော်ကွာရီမြို့မှာ အထူးရှေ့ဆောင်အဖြစ် ကျွန်တော် ခန့်အပ်ခံရတယ်။ အဲဒီမြို့ကအသင်းတော်လေးဟာ ဒေသခံခရစ်ယာန်ဘုန်းကြီးတွေရဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုကို ခံနေရတယ်။ အဲဒီကိုရောက်ပြီး သိပ်မကြာခင်မှာ ပရိုတက်စတင့်ဓမ္မဆရာက ကျွန်တော့်အိမ်ကိုလာပြီး သောင်းကျန်းပါလေရော။
သူက “မင်းအိမ်ကို ဖျက်ဆီးပစ်မယ်၊ မာနော်ကွာရီမြို့ကနေ ယေဟောဝါသက်သေတွေကို မောင်းထုတ်ပစ်မယ်” ဆိုပြီး ခြိမ်းခြောက်တယ်။
ကျွန်တော်က ရဲအုပ်ဖြစ်ခဲ့ဖူးတော့ သူခြိမ်းခြောက်တာကို လုံးဝမကြောက်ဘူး။ ဒါပေမဲ့ သူ့ကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်တယ်။ နောက်ဆုံးတော့ သူလည်း အေးအေးဆေးဆေး ပြန်သွားတယ်။—၁ ပေ. ၃:၁၅။
အဲဒီတုန်းက မာနော်ကွာရီမြို့မှာ ကြေညာသူ ရှစ်ယောက်ပဲရှိတာ။ အနှစ် ၅၀ ကြာပြီးနောက် အခုအချိန်မှာတော့ အသင်းတော်ခုနစ်ခု ရှိနေပြီ။ ၂၀၁၄ ခုနှစ်မှာကျင်းပတဲ့ ဒေသတွင်းစည်းဝေးကြီးကို လူပေါင်း ၁,၂၀၀ ကျော် တက်ရောက်ခဲ့တယ်။ ဝေးလံခေါင်သီတဲ့ဒေသမှာ ယေဟောဝါရဲ့လုပ်ငန်း ပြီးမြောက်အောင်မြင်နေတာကို တွေ့ရတော့ တကယ်ကျေနပ်ပျော်ရွှင်မိတယ်။