နမူနာတင်ဆက်နည်းများ
မေလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေမှာ ကျမ်းစာသင်အံမှုစဖို့ အခုလိုပြောနိုင်တယ်
“ကျွန်တော်တို့အားလုံးမှာ တူညီတဲ့အချက်တစ်ချက်က ကျွန်တော်တို့ဟာ အမှားနဲ့မကင်းနိုင်ကြတာပဲ။ ဆိုးဆိုးဝါးဝါး အမှားလုပ်ခဲ့ရင် ဘုရားသခင် ခွင့်လွှတ်ပါ့မလားဆိုပြီး မိတ်ဆွေ စဉ်းစားဖူးသလား။” [တုံ့ပြန်မှုကို စောင့်ပါ။] မေ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၅ ကဆောင်းပါးကို ပြပါ။ ပထမဆုံးမေးခွန်းရဲ့အောက်က အကြောင်းအရာနဲ့ အနည်းဆုံး ညွှန်းထားတဲ့ ကျမ်းချက်တစ်ချက်ကို သုံးသပ်ပါ။ မဂ္ဂဇင်းကို ဝေငှပြီး နောက်မေးခွန်းတစ်ခု ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။
ကင်းမျှော်စင် မေ ၁
“[၁ ယောဟန် ၄:၈ ကိုဖတ်ပါ။] ဒီကျမ်းစကားနဲ့ပတ်သက်ပြီး မိတ်ဆွေ ဘယ်လိုရှုမြင်ပါသလဲ။ လူအတော်များများက ဒီကျမ်းစကားကို သဘောတူကြတယ်။ ဒါပေမဲ့ သဘာဝဘေးဆိုးတွေ ဖြစ်နေတဲ့အတွက် ဒါမှမဟုတ် ဖြစ်ခွင့်ပြုထားတဲ့အတွက် ဘုရားသခင်က ရက်စက်တဲ့သူဖြစ်ရမယ်ဆိုပြီး တချို့က ယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ဘုရားသခင်ကို ရက်စက်တဲ့သူအဖြစ် အထင်မလွဲသင့်ဘူးဆိုတဲ့ အကြောင်းရင်းတွေကို ဒီမဂ္ဂဇင်းထဲမှာ ယုတ္တိရှိရှိ ဖော်ပြထားပါတယ်။”
နိုးလော့! မေ
“ရာဇဝတ်မှုနဲ့ပတ်သက်ပြီး လူတွေ စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ ရာဇဝတ်မှုကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ရဲတပ်ဖွဲ့ကို အင်အားထပ်ဖြည့်ဖို့ လိုအပ်တယ်လို့ တချို့က ယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ရာဇဝတ်မှု အဆုံးတိုင်တော့မယ်ဆိုပြီး ကျမ်းစာမှာ ကတိပြုထားပါတယ်။ [ဆာလံ ၃၇:၁၀၊ ၁၁ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းထဲမှာ ဒီကျမ်းစာကတိအကြောင်း ဆွေးနွေးထားတဲ့အပြင် ရာဇဝတ်မှုကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ လက်တွေ့ကျတဲ့ အကြံပြုချက်တချို့လည်း ဖော်ပြပေးထားပါတယ်။”