လယ်ကွင်းလုပ်ငန်း ပေါ်လွင်ချက်များ
၂၀၁၂၊ ဒီဇင်ဘာ ၇ ရက်နေ့မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဗေသလအဆောက်အအုံသစ်အတွက် လူနေထိုင်ခွင့်ပါမစ် ထုတ်ပေးလိုက်ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ဒုတိယအပတ်မှာ အဆောက်အအုံ အသစ်ထဲကို ဘာသာပြန်ဌာနအပါအဝင် ဌာနတချို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ယေဟောဝါဘုရားသခင် လုပ်ဆောင်ပေးရာအတွက် ကျွန်ုပ်တို့အားလုံး ၀မ်းမြောက်ကြပါတယ်။—ဆာလံ ၁၂၆:၃။