ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၂/၁၅ စာ. ၉
  • ဘာလီဘတ် ကျမ်းစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာလီဘတ် ကျမ်းစာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • The “New World Translation” (ကမ္ဘာသစ်ဘာသာပြန်ကျမ်း) ပြောင်မြောက်၍ရိုးသားမှန်ကန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုမြတ်နိုးသူများအတွက် သမိုင်းမှတ်တိုင်တစ်တိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့ တန်ဖိုးထားလေးမြတ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဘုရားသခင်၏နာမတော်နှင့် ကျမ်းစာဘာသာ ပြန်သူများ
    ထာဝစဉ် တည်တံ့ သွားမည့် မြင့်မြတ်သော နာမတော်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၂/၁၅ စာ. ၉

ဘာလီဘတ် ကျမ်းစာ

ပိုင်ယာတစ်စမ်ဟူသည် ၁၇ နှင့် ၁၈ ရာစုတွင် ဂျာမန်လူသရင်ချာ့ချ်အတွင်း ပေါ်ပေါက်လာသည့် ဘာသာရေးလှုပ်ရှားမှုတစ်ခုဖြစ်သည်။ ဤလှုပ်ရှားမှုတွင် ပါဝင်သူအချို့သည် မိမိတို့၏ယုံကြည်ခြင်းအတွက် ပြောင်လှောင်ခံရ၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရသည်။ ဖရန်ခ်ဖတ် အမ် မိန်းမြို့၏မြောက်ပိုင်း မိုင် ၁၀၀ ခန့်ဝေးသည့် ဘာလီဘတ်တွင် ပိုင်ယာတစ်စမ်အဖွဲ့ဝင် ပညာရှင်များစွာ သွားရောက်ခိုလှုံခဲ့ကြသည်။ ဘာသာရေးကိုကြည်ညိုလေးမြတ်သူ ကောင့်ထ် ကာစီမီယာ ဗွန်ဝစ်ထ်ဂျန်စတင်း ဘာလီဘတ် ဟုခေါ်သည့် ဒေသခံမှူးမတ်တစ်ဦးက သူတို့အား ခိုလှုံခွင့်ပေးခဲ့သည်။ ဤဟောပြောသူများနှင့် ပညာရှင်တို့ ဘာလီဘတ်တွင် ရောက်ရှိနေခြင်းက ဘာလီဘတ်ကျမ်းစာဟု ယနေ့လူသိများသည့် ဘာသာပြန်ကျမ်းစာသစ်တစ်ခု ပြန်ဆိုရန် အကြောင်းပေါ်စေခဲ့သည်။ ထိုဘာသာပြန်ကျမ်း မည်သို့ထွက်ပေါ်လာသနည်း။

ခိုလှုံသူများထဲမှတစ်ဦးမှာ ယိုဟန် ဟောဂ်ဖြစ်ပြီး ဒေသခံကျမ်းပညာရှင်များ၏ လက်သင့်မခံမှုကြောင့် မိမိနေအိမ် စထရန်ဘော့မြို့မှ ထွက်လာခဲ့သူဖြစ်၏။ ဟောဂ်သည် စာပေကျမ်းဂန်နှံ့စပ်သူ၊ ဘာသာဗေဒပညာရှင်ဖြစ်သည်။ “စစ်မှန်သော ဘာသာပြန်ကျမ်းတစ်စောင် ထွက်လာစေရန်၊ လူသာ၏ဘာသာပြန်ကျမ်းကို ပြန်ပြင်ရန်၊ ဘုရားသခင့်နှုတ်မြွက်တော်၏ ဆိုလိုရင်းအဓိပ္ပာယ်ကို တိကျမှန်ကန်စွာပြန်ဆိုရန်” သူဆန္ဒပြင်းပြကြောင်း ဘာလီဘတ်ရှိ မိမိအဖော်ပညာရှင်များအား ပြောပြခဲ့သည်။ (ဒီ ဂတ်စ်ရှိတာ ဒါ ဘာလန်ဘာဂါ ဘိုင်ဘယ် [ဘာလီဘတ်ကျမ်းစာသမိုင်း]) သူ၏ပန်းတိုင်မှာ ရှင်းပြချက်များနှင့် မှတ်ချက်များပါရှိသောကျမ်းစာ၊ သာမန်လူများ နားလည်လွယ်နိုင်သည့် ကျမ်းစာစောင်ထွက်လာရန် ဖြစ်သည်။ ဟောဂ်သည် ဥရောပရှိ အခြားနိုင်ငံများမှ ပညာရှင်တို့ကို အကူအညီတောင်းပြီး ထိုလုပ်ငန်းကို အနှစ် ၂၀ တိုင် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ ဘာလီဘတ်ကျမ်းစာကို ၁၇၂၆ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ ယင်းကျမ်းစာတွင် မှတ်ချက်များစွာပါရှိသောကြောင့် အတွဲရှစ်တွဲထုတ်ဖို့ လိုလာသည်။

ဘာလီဘတ်ကျမ်းစာ၌ စိတ်ဝင်စားဖွယ်အချက်တချို့ ပါရှိသည်။ ဥပမာ၊ ထွက်မြောက်ရာ ၆:၂၊ ၃ တွင် ဤသို့ဖတ်ရသည်– ‘တစ်ဖန် ဘုရားသခင်သည် မောရှေအား မိန့်တော်မူသည်ကား ငါသည် ထာဝရဘုရားသခင်ဖြစ်၏! ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား အကြွင်းမဲ့ပြည့်စုံသောဘုရားသခင်အဖြစ် ထင်ရှားသော်လည်း ယေဟောဝါဟူသည့်နာမအားဖြင့် ငါ့ကို သူတို့မသိကြ။’ ရှင်းပြချက်တစ်ခုက ဤသို့ဆိုသည်– “ယေဟောဝါဟူသည့်နာမတော် . . . သီးခြားဖော်ထုတ်ထားသည့်နာမတော် သို့မဟုတ် ကြေညာထားသည့် နာမတော်ဖြစ်သည်။” ထွက်မြောက်ရာ ၃:၁၅ နှင့် ၃၄:၆ တို့တွင်လည်း ဘုရားသခင်၏ကိုယ်ပိုင်နာမတော် ယေဟောဝါ ပါရှိသည်။

သို့ဖြင့် ဘာလီဘတ်ကျမ်းစာသည် အဓိကကျမ်းချက်တွင်လည်းကောင်း၊ အောက်ခြေမှတ်ချက် သို့မဟုတ် မှတ်ချက်များတွင်လည်းကောင်း ယေဟောဝါ၏နာမကို အသုံးပြုထားသည့် ဂျာမန်ကျမ်းစာမြောက်မြားစွာတို့တွင် ကျမ်းတစ်ကျမ်းဖြစ်လာသည်။ ဘုရားသခင်၏ကိုယ်ပိုင်နာမတော်ကို ဂုဏ်တင်သည့် ခေတ်သစ်ဘာသာပြန်ကျမ်းတစ်ခုမှာ ယေဟောဝါသက်သေများ ထုတ်ဝေသည့် ကမ္ဘာသစ်ဘာသာပြန်သမ္မာကျမ်းစာ ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ