ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၉/၁၅ စာ. ၇
  • ငြူစူသောသူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငြူစူသောသူ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • မနာလိုစိတ်ကို တိုက်ထုတ်ခြင်းအားဖြင့် ငြိမ်သက်မှု ရှိစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ကျွန်ုပ်တို့ရဲ့စိတ်ကို အဆိပ်သင့်စေနိုင်တဲ့ သဘောထားတစ်ခု မနာလိုမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • မနာလိုခြင်းနှင့်ပတ်သက်၍ သင်သိအပ်သောအရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • သင့်ကိုယ်သင် အခြားသူများနှင့် နှိုင်းယှဉ်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၉/၁၅ စာ. ၇

ငြူစူသောသူ

“မနာလိုခြင်း” အတွက် ဟေဗြဲဝေါဟာရရင်းမြစ်တစ်ခုသာရှိသည်။ အပြစ်နှင့်ပြည့်ဝသောလူသားများကို ရည်ညွှန်းသောအခါ ထိုဟေဗြဲဝေါဟာရကို “ငြူစူခြင်း” သို့မဟုတ် “ဖက်ပြိုင်ခြင်း” ဟု ပြန်ဆိုနိုင်ပေသည်။ (ကမ္ဘာဦး ၂၆:၁၄; ဒေသနာ ၄:၄) ဂရိဘာသာစကားတွင်မူ “မနာလိုခြင်း” အတွက် ဝေါဟာရတစ်ခုထက်မကရှိသည်။ ဟေဗြဲဝေါဟာရအဓိပ္ပာယ်နှင့်တူသော ဇဲလော့စ် ဟူသည့်ဝေါဟာရသည် ဖြောင့်မတ်သောမနာလိုခြင်းနှင့် အပြစ်ရှိသောမနာလိုခြင်းနှစ်မျိုးစလုံးကို ရည်ညွှန်းနိုင်သည်။ အခြားသောဂရိဝေါဟာရဖြစ်သည့် ဖသိုနော့စ် မူ မကောင်းသောအဓိပ္ပာယ်သက်သက်သာရှိသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တွင် ယင်းကို “ငြူစူခြင်း” ဟု အမြဲပြန်ဆိုထားသည်။

ဖသိုနော့စ် ကို ရှေးဂရိလူမျိုးမည်သို့အသုံးပြုသနည်း။ Anchor Bible Dictionary အဘိဓာန်ကျမ်းက ဤသို့ဖော်ပြထားသည်– “လောဘကြီးသောသူနှင့်မတူဘဲ ဖသိုနော့စ် ဖြစ်နေသူသည် အခြားသူတစ်ဦးကိုမရရှိစေလိုသည့်ပစ္စည်းများကို သူမလိုချင်ပါ; ထိုသူထံတွင် ယင်းတို့ရှိနေခြင်းကို သူမလိုလားခြင်းသာဖြစ်သည်။ သူသည် အပြိုင်အဆိုင်သမားနှင့်ခြားနားကာ သူ၏ရည်ရွယ်ချက်သည် အပြိုင်အဆိုင်သမားကဲ့သို့ အောင်မြင်လိုခြင်းမဟုတ်ဘဲ အခြားသူများ၏အောင်မြင်မှုကို ဟန့်တားလိုခြင်းဖြစ်သည်။”

မိမိ၏သဘောထားသည် မိမိပြဿနာများ၏တရားခံဖြစ်ကြောင်းကို ငြူစူသောသူသည် သိမှတ်လေ့မရှိ။ အထက်ပါအဘိဓာန်ကပင် ဤသို့ရှင်းပြသည်– “ဖသိုနော့စ် ၏ထူးခြားချက်တစ်ခုမှာ ကိုယ့်ကိုယ်ကိုသိမှတ်မှုကင်းမဲ့ခြင်းဖြစ်သည်။ ဖသိုနော့စ် ဖြစ်သူသည် မိမိ၏အကျင့်အကြံကို ထုချေရှင်းလင်းရန် တောင်းဆိုခံရလျှင် မိမိတိုက်ခိုက်သောသူသည် ယင်းသို့ပင်ထိုက်တန်ကြောင်း၊ မတရားသောအခြေအနေက လှုံ့ဆော်သောကြောင့် မိမိပြစ်တင်ဝေဖန်ရခြင်းဖြစ်ကြောင်း မိမိကိုယ်နှင့်အခြားသူများကို အမြဲပြောမည်ဖြစ်သည်။ မိတ်ဆွေတစ်ဦးကို ထိုနည်းထိုပုံပြောရက်လိုက်လေသလားဟု အမေးခံရပါမူ မိမိ၏ဝေဖန်ချက်များသည် မိတ်ဆွေ၏အကောင်းဆုံးအကျိုးအတွက်ဖြစ်ကြောင်း သူပြောပေမည်။”

ခရစ်ဝင်ကျမ်းရေးသူ မဿဲနှင့်မာကုတို့သည် ယေရှုကိုသတ်ခြင်းတွင် တာဝန်မကင်းသူများ၏ စိတ်နေစိတ်ထားကိုဖော်ပြရန် ဂရိဝေါဟာရ ဖသိုနော့စ် ကိုအသုံးပြုကြသည်။ (မဿဲ ၂၇:၁၈; မာကု ၁၅:၁၀) မှန်ပါသည်၊ သူတို့သည် ငြူစူခြင်း၏လှုံ့ဆော်မှုကို ခံရကြသည်။ မိမိတို့၏ညီအစ်ကိုဖြစ်ခဲ့ဖူးသူများကို အယူဖောက်ပြန်သူများ ခါးသီးစွာမုန်းတီးစေသည့်အရာမှာ ထိုစိတ်ပင်ဖြစ်သည်။ (၁ တိမောသေ ၆:၃-၅) ငြူစူသောသူသည် ဘုရားသခင်၏နိုင်ငံတော်ဝင်ခွင့်မရခြင်းမှာ အံ့ဩစရာမဟုတ်ပါလေ! “ငြူစူခြင်း” ရှိသောသူအားလုံးတို့သည် “သေပြစ်ကိုခံထိုက်သည်” ဟု ယေဟောဝါဘုရားသခင်စီရင်ချက်ချမှတ်ထားသည်။—ရောမ ၁:၂၉၊ ၃၂; ဂလာတိ ၅:၂၁။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ငြူစူခြင်းက သင့်ဘဝကိုဖျက်ဆီးရန် ခွင့်မပြုပါနှင့်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ