ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၃/၁ စာ. ၂၄-၂၅
  • ယင်းနယ်မြေသို့လည်ပတ်၍ သိုးများထံလည်ပတ်လေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယင်းနယ်မြေသို့လည်ပတ်၍ သိုးများထံလည်ပတ်လေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိုးတွေကို ယေရှု ဂရုစိုက်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • နှစ်သိမ့်မှု တွေ့နိုင်တဲ့နေရာ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • “ပျောက်တဲ့သိုးကို လိုက်ရှာမယ်”
    ယေဟောဝါဘုရားဆီ ပြန်လာပါ
  • သိုးထိန်းကောင်းနဲ့ သိုးခြံတွေ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၃/၁ စာ. ၂၄-၂၅

ကတိထားရာပြည်မှ ရှုခင်းများ

ယင်းနယ်မြေသို့လည်ပတ်၍ သိုးများထံလည်ပတ်လေ

ထောင်ပေါင်းများစွာသောခရစ်ယာန်များသည် ဖြစ်ပျက်ခဲ့သောနေရာများသို့ လည်ပတ်ရောက်ရှိမည်ဆိုလျှင် သမ္မာကျမ်းစာကို နားလည်ရန်အကူအညီဖြစ်မည်၊ ပို၍အဓိပ္ပာယ်လေးနက်စေမည်အထင်နှင့် ကတိတော်တည်ရာပြည်တော်သို့ လည်ပတ်ရောက်ရှိခဲ့ကြပြီ။ ထိုသို့လည်း အမှန်ဖြစ်စေသည်။

ထိုပြည်တော်ထံ တကယ်ရောက်ရှိလည်ပတ်ခဲ့သည်ဖြစ်စေ၊ စာပေနှင့်ဆောင်းပါးများလေ့လာ၍ စိတ်ဖြင့်ရောက်ရှိခဲ့သည်ဖြစ်စေ သိုးများထံကော လည်ပတ်ကြစို့။ ‘ကတိတော်တည်ရာပြည်တော်နှင့် သိုးများ ဘယ်လိုပတ်သက်ပါလိမ့်’ ဟုသင်တွေဝေနေမည်။ အမှန်သော်ကား ကျမ်းစာခေတ်က သိုးများသည် လူ့နေထိုင်မှုအဝင်ဖြစ်လှသည့်အတွက် ကတိတော်တည်ရာပြည်တော်သို့ လည်ပတ်ရောက်ရှိခြင်းသည် တစ်နည်းအားဖြင့်ဆိုလျှင် သိုးများမပါဝင်ပါက ပြည့်စုံမည်မဟုတ်ပါ။

ဤတွင်သင်တွေ့ရသောရုပ်ပုံများသည် သင့်လည်ပတ်မှုအဝင်ဖြစ်နိုင်ပါသည်။ အကြောင်းမှာ ထိုဒေသတွင် ယနေ့တွေ့ရှိရသောသိုးများသည် ကျမ်းစာဆိုင်ရာခေတ်အတွင်းရှိခဲ့သော သိုးများနှင့် များစွာတူလှပေသည်။ aယင်းတို့၏ကျယ်ပြန့်သောအမြီးသည် အဆီပြည့်နေသည်။ (ဝတ်ပြုရာ ၇:၃။ ၉:၁၉) ထူထည်းသောသိုးမွှေးသည် အများအားဖြင့် အဖြူရောင်ဖြစ်သည်။ သို့သော်ယာကုပ်၏သိုးအုပ်တွင် “ပြောက်ကျားသော . . . ညိုသောသိုး” တို့ပါဝင်သည်ကို သတိရပါ။—ကမ္ဘာဦး ၃၀:၃၂။

ကြီးမားသောတိရစ္ဆာန်အုပ်ရှိသူသည် ချမ်းသာကြွယ်ဝသူဖြစ်ကြောင်း ဤမှတ်တမ်းတင်စာစောင်ကပင် ဖော်ပြပေးပါသည်။ (ကမ္ဘာဦး ၃၀:၄၃) ယောဘနှင့်စပ်လျဉ်း၍ ဤသို့ဖတ်ရ၏။ “သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ . . . ဖြစ်၍ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။” (ယောဘ ၁:၃။ ၄၂:၁၂) နာဗလ၌ သိုး ၃,၀၀၀၊ ဆိတ် ၁,၀၀၀ ရှိကြောင်းကိုလည်း သတိရပါ။ ဒါဝိဒ်ခေတ်က သူ၏အခြေအနေ၊ သူ၏သြဇာ မည်မျှရှိသည်ဟု ထင်ပါသနည်း။ (၁ ဓမ္မရာဇဝင် ၂၅:၂) သို့သော်တိရစ္ဆာန်အုပ်ကြီးမားလျှင် ချမ်းသာကြွယ်ဝသည်ဟု အဘယ်ကြောင့်ဆိုရသနည်း။

အကြောင်းမူကား၊ သိုးထိန်း သို့မဟုတ် ပိုင်ရှင်အတွက် သိုးများသည် တန်ဖိုးရှိထွက်ကုန်များစွာပေးသည်။ သိုးမွှေးပင်လျှင် အမြဲပြန်ပေါက်နေသော အခြေခံပစ္စည်းဖြစ်သည်။ ဉာဏ်အမြော်အမြင်နှင့် ဝီရိယရှိဇနီးသည်သည် ယင်းကိုအသုံးပြု၍ မိမိ၏မိသားစုအတွက်အဝတ်အစားများ၊ သို့မဟုတ် ရောင်းထုတ်ရန်အထည်များကို မည်သို့ချုပ်လုပ်ပေးနိုင်ကြောင်း သု၊ ၃၁:၁၃၊ ၂၁၊ ၂၂ ကသဘောပေါက်စေသည်။ (ယောဘ ၃၁:၂၀) သိုးမွှေးသည် ကုန်ကူးသန်းရောင်းဝယ်နိုင်သည့် အများသုံးပစ္စည်းတစ်ခုဖြစ်သည်။ မောဘဘုရင်တစ်ပါးသည် “သိုးထိန်းကြီးဖြစ်၍ ဣသရေလရှင်ဘုရင်အား သိုးသငယ်တစ်သိန်းနှင့် အမွေးပါသော သိုးထီးတစ်သိန်းကိုဆက်” သခဲ့သည်ဟုဆိုသည့်စကားများက အဆိုပါအတိုင်းသိနားလည်စေသည်။ (၄ ဓမ္မရာဇဝင် ၃:၄) မှန်သည် “အမွေးပါသော” သိုးများဖြစ်ကြရာ ၄င်းတို့၏ ထူထည်းသော သိုးမွေးသည် ယင်း၏ တန်ဖိုးကို ပို၍ကြီးမားစေပါသည်။

ဤရုပ်ပုံတွင် သင်မြင်ရသကဲ့သို့ သိုးထီးများ၌ ခန့်ညားသောချိုများ ရှိနိုင်ပါသည်။ ယင်းက ယုဘိလကိုကြေညာရန် တံပိုးမှုတ်သည့်အခါ သိုးချိုများကို အသုံးပြုကြောင်း သတိရစေပါသလော။ (ဝတ်ပြုရာ ၂၅:၈-၁၀) ထပ်တူပင် နှိုးဆော်ရန် အချက်ပေးသည့်အခါ၊ စစ်ဆင်ရေးဆင်နွှဲသည့်အခါ ညွှန်ကြားရာတွင်အခေါင်းရှိချိုများကို အသုံးပြုလေ့ရှိသည်။—တရားသူ၊ ၆:၃၄။ ၇:၁၈၊ ၁၉။ ယောလ ၂:၁။

ဣသရေလလူမျိုးစားသုံးနိုင်သည့် သန့်ရှင်းသောအစာတွင် သိုးသားပါဝင်သဖြင့်၊ သိုးအုပ်ကို သင်ပိုင်ဆိုင်လျှင် စားစရာအမြဲရှိလိမ့်မည်။ (တရားဟောရာ ၁၄:၄) အသား (သိုးသား) ကိုပြုတ်ခြင်း၊ ပြုတ်ကြော်ခြင်းဖြင့် သုံးဆောင်နိုင်သည်။ နှစ်ပတ်လည် ပသခါပွဲတွင် သိုးပြုတ်ကြော်သားကို အဓိကထား စားသုံးကြသည်။ (ထွက်မြောက်ရာ ၁၂:၃-၉) သောက်သုံးရန်နှင့်ဒိန်ခဲပြုလုပ်ရန်အတွက်နို့ကို သိုးများမှအဓိကရရှိသည်။ —၁ ဓမ္မရာဇဝင် ၁၇:၁၇၊ ၁၈။ ယောဘ ၁၀:၁၀။ ဟေရှာယ ၇:၂၁၊ ၂၂။

သိုးများထံလည်ပတ်ကြည့်ရှုရာတွင် သိုးအုပ်နှင့်သိုးထိန်း၏ ရင်းနှီးခင်တွယ်မှုကို သတိမပြုနိုင်ဘဲ မနေပါ။ သစ္စာရှိသိုးထိန်းသည် မိမိသိုးများကို ဂရုစိုက်ပြုစုတတ်သည်။ ယေရှုပြောသကဲ့သို့ပင် သိုးတို့သည် နာမည်ဖြင့်ခေါ်ခံရသည့်အခါ သိုးထိန်းအသံကို သိကြသည်။ (ယောဟန် ၁၀:၃၊ ၄) သိုးတစ်ကောင်ပျောက်နေလျှင်၊ သတိရှိသောသိုးထိန်းသည် ယင်းကို ချက်ချင်းရှာယူတတ်သည်။ ပျောက်သောသိုးကို တွေ့ရှိလေသော်၊ ပခုံးပေါ်ထမ်းတင်၍ သိုးအုပ်ထံသို့ ပြန်ခေါ်လာတတ်သည်။—လုကာ ၁၅:၄၊ ၅။

သိုးထိန်းရှင်အဖြစ် ရရှိထားသောသိုးနှင့် မိမိကိုယ်ကိုခိုင်းနှိုင်းရာတွင် ဒါဝိဒ်သည် သိုးအုပ်နှင့် မိမိကိုယ်တိုင်၏ ထိတွေ့မှုကိုအသုံးပြုနေခြင်းဖြစ်သည်။ သိုးများသည် သားရိုင်းဒဏ်မှ ကာကွယ်ခံရလေ့ရှိသကဲ့သို့ ဒါဝိဒ်သည် စောင့်ရှောက်ကွယ်ကာမှုခံခဲ့ရပါသည်။ သိုးများသည်လည်း ဂရုစိုက်ပြုစုတတ်သောသိုးထိန်း၏ ဦးစီးမှုနောက် လိုက်နိုင်ကြပါသည်။ သိုးများဒဏ်ရာရလျှင် ဒဏ်ချက်များကို သက်သာစေတတ်သောဆီနှင့် ဆေးလိမ်းပေးပါသည်။ ယေဇကျေလ ၃၄:၃-၈ တွင်ဖော်ပြထားသည့် ဣသရေလလူမျိုး ခေါင်းဆောင်များ၏ အတ္တဆန်သောအပြုအမူများနှင့် ခြားနားလှပေသည်။

သမ္မာကျမ်းစာတွင် သိုးများနှင့်စပ်လျဉ်း၍ ပရောဖက်ပြုချက်နှင့် ပုံဆောင်ချက်အဖြစ် ကိုးကားထားချက်များစွာရှိသည်။ ထိုကြောင့် ကတိတော်ရှိရာ ပြည်တော်မှ သိုးများထံ သင်လည်ပတ်ခြင်း၊ သူတို့အကြောင်း ကောင်းစွာသိခြင်းဖြင့် “သိုးစုငယ်”၊ “ဘုရားသခင်၏သိုးသငယ်” နှင့် “အခြားသိုး” အစရှိသည့် စကားလုံးများကို ပို၍သဘောပေါက်နားလည်နိုင်ပါလိမ့်မည်။—လုကာ ၁၂:၃၂။ ယောဟန် ၁:၃၆။ ၁၀:၁၆။

[အောက်ခြေမှတ်ချက်များ]

a လက်ဝဲဓာတ်ပုံရှိ ယုဒလွင်ပြင်တောအရပ်ရှိသိုးများပုံကို ၁၉၉၂ ယေဟောဝါသက်သေများ၏ ပြက္ခဒိန် ပေါ်ကြည့်၍လေ့လာနိုင်ပါသည်။

[Picture Credit Line on page 24]

Pictorial Archive (Near Eastern History) Est.

[Picture Credit Line on page 25]

Garo Nalbandian

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ