ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hdu ဆောင်းပါး ၂၂
  • နားမကြားသူတွေ မေ့လျော့မခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နားမကြားသူတွေ မေ့လျော့မခံရ
  • အလှူငွေတွေကို အသုံးပြုပုံ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်သင်္ကေတပြ ဗီဒီယိုတွေ ဘယ်လို ထုတ်လုပ်သလဲ
  • လက်သင်္ကေတပြ ဗီဒီယိုတွေ ဘယ်လို ဖြန့်ချိသလဲ
  • ‘ယေဟောဝါသည် သူတို့၌ မျက်နှာတော်အလင်းကို လွှတ်တော်မူသည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကျွန်တော့်လက်နဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေး
    ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
  • နားမကြားသူတွေကို ဘုရား ဂရုစိုက်စောင့်ရှောက်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
  • နားမကြားသူတွေကို ကူညီပေးချင်တဲ့ဆန္ဒ ပြည့်စေခြင်း
    ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
နောက်ထပ် ကြည့်ပါ
အလှူငွေတွေကို အသုံးပြုပုံ
hdu ဆောင်းပါး ၂၂
ညီအစ်မတစ်ယောက် လက်သင်္ကေတပြဘာသာစကားနဲ့ ကျမ်းချက်ဗီဒီယိုကို တက်ဘလက်မှာ ကြည့်နေ။

အလှူငွေတွေကို အသုံးပြုပုံ

နားမကြားသူတွေ မေ့လျော့မခံရ

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်

ယေဟောဝါဘုရားက မိမိအကြောင်း၊ ကောင်းကင်နိုင်ငံတော်အကြောင်း လူအမျိုးမျိုးကို သိစေချင်တယ်။ (၁ တိမောသေ ၂:၃၊ ၄) ဒါကြောင့်လည်း ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို လူများနိုင်သမျှ များများအတွက် ယေဟောဝါသက်သေတွေ ထုတ်ဝေနေကြတယ်။ နားမကြားသူတွေအတွက်လည်း ပါဝင်တယ်။ အခုဆိုရင် ထောင်ပေါင်းများစွာသော ဗီဒီယိုတွေကိုa လက်သင်္ကေတပြဘာသာစကား ၁၀၀ ကျော်နဲ့ ရနိုင်ပါပြီ။ လက်သင်္ကေတပြ ဗီဒီယိုတွေ ဘယ်လို ထုတ်လုပ်ဖြန့်ချိသလဲ။ နှစ်တွေတစ်လျှောက် ဘယ်လို တိုးတက်လာသလဲ။

လက်သင်္ကေတပြ ဗီဒီယိုတွေ ဘယ်လို ထုတ်လုပ်သလဲ

လက်သင်္ကေတပြဘာသာပြန်အဖွဲ့ အတူတကွ ဘာသာပြန်နေ။

ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ဘာသာပြန်အဖွဲ့တွေက စာပေတွေကို လက်သင်္ကေတပြဘာသာစကားနဲ့ ထုတ်လုပ်နေကြတယ်။ ဘာသာပြန်မယ့် စာပေတွေကို ဘာသာပြန်အဖွဲ့ဝင်တိုင်းက ဂရုတစိုက် လေ့လာသုံးသပ်ကြတယ်။ အဲဒီနောက် အချက်အလက်တွေကို လက်သင်္ကေတပြဘာသာစကားနဲ့ ဘယ်လို ပြန်ဆိုရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ ဆုံးဖြတ်ကြတယ်။ ပြီးတဲ့နောက် ဗီဒီယို ရိုက်ကူးကြတယ်။ လောလောဆယ် ဘာသာပြန်အဖွဲ့ ၆၀ က လက်သင်္ကေတပြဘာသာစကားနဲ့ ကျမ်းစာစာပေတွေကို ပုံမှန် ပြန်ဆိုနေကြတယ်။ နောက်ထပ် အဖွဲ့ ၄၀ ကတော့ အခါအားလျော်စွာ လိုအပ်သလို ပြန်ဆိုနေကြတယ်။

အရင်တုန်းကဆိုရင် လက်သင်္ကေတပြဘာသာစကားနဲ့ ဗီဒီယိုတွေ ထုတ်ဖို့ ငွေကုန်ကြေးကျ အတော်များတယ်။ ကင်မရာတွေ၊ တခြားကိရိယာတွေဟာ အခုထက် ပိုစျေးကြီးတယ်။ ဗီဒီယို ရိုက်ကူးမယ့် စတူဒီယိုတွေလည်း ကိုယ့်ဘာသာကိုယ် ဆောက်ရတယ်။ တစ်ခါတလေ ရှိပြီးသား အဆောက်အအုံကို ပြုပြင်မွမ်းမံရတယ်။ လက်သင်္ကေတပြ ဘာသာပြန်အဖွဲ့တစ်ဖွဲ့အတွက် ပစ္စည်းကိရိယာ အစအဆုံး တပ်ဆင်ဖို့ ဒေါ်လာ ၃၀,၀၀၀b ကျော် ကုန်ကျတယ်။

အလှူငွေတွေကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ ဘာသာပြန်လုပ်ငန်းစဉ် တိုးတက်လာအောင်ကော ရိုးရှင်းလာအောင်ပါ အဖွဲ့အစည်း နည်းလမ်းရှာဖွေတယ်။ ဒီလိုနဲ့ ဘက်စုံလည်းရ၊ အကုန်အကျလည်း သိပ်မများတဲ့ ခေတ်မီကိရိယာတွေ အသုံးပြုဖြစ်လာတယ်။ အခုဆိုရင် ဗီဒီယိုတွေကို စတူဒီယိုမှာ မရိုက်ကူးဘဲ ကိုယ့်ရုံးခန်းမှာပဲ အစိမ်းရောင်မျက်နှာပြင်လို့ခေါ်တဲ့ အစိမ်းရောင်နောက်ခံ ဆင်ပြီး ရိုက်ကူးနိုင်ကြတယ်။ လက်သင်္ကေတပြပေးမယ့်သူ အများကြီး လိုအပ်တဲ့ စာပေတွေအတွက်လည်း ညီအစ်ကို/မတွေဟာ စတူဒီယို သွားစရာ မလိုဘဲ ကိုယ့်ရုံးခန်း၊ အိမ်ကနေ ကိုယ့်အပိုင်းကို ရိုက်ကူးနိုင်ကြတယ်။

ဘာသာပြန်အဖွဲ့က လက်သင်္ကေတပြ ဗီဒီယို ရိုက်ကူးနေ။ လက်သင်္ကေတပြသူက အစိမ်းရောင်နောက်ခံရှေ့ ရပ်နေ။

လက်သင်္ကေတပြသူတွေ အလုပ်တွင်ကျယ်စေဖို့ ဆော့ဖ်ဝဲတွေလည်း အဖွဲ့အစည်းက ထုတ်ပေးထားတယ်။ အကျိုးကျေးဇူးအနေနဲ့ လက်သင်္ကေတပြ စာပေတွေ ထုတ်ရာမှာ အချိန်တစ်ဝက် လျှော့ချနိုင်လာတယ်။ ဒီလိုတိုးတက်မှုတွေအတွက် ညီအစ်ကို/မတွေ သိပ်ကျေးဇူးတင်ကြတယ်။ အလက်ဇန်းဒရားလို့ခေါ်တဲ့ ညီအစ်ကိုတစ်ယောက် အခုလိုပြောပြတယ်– “လက်သင်္ကေတပြ ဗီဒီယိုတွေကို အရင်ကထက် ပိုများများ ထုတ်လာနိုင်လို့ သိပ်ဝမ်းသာတယ်။ ဗီဒီယိုတွေကို ကျွန်တော် နေ့တိုင်းကြည့်တယ်။”

အခုဆိုရင် ဘာသာပြန်အဖွဲ့တစ်ဖွဲ့အတွက် ပစ္စည်းကိရိယာတွေ တပ်ဆင်ဖို့ ဒေါ်လာ ၅,၀၀၀ တောင် မကုန်ကျတော့ဘူး။ ဒါကြောင့် လက်သင်္ကေတပြဘာသာစကားများစွာနဲ့ ဗီဒီယိုတွေ ထုတ်လာနိုင်တယ်။

လက်သင်္ကေတပြ ဗီဒီယိုတွေ ဘယ်လို ဖြန့်ချိသလဲ

လက်သင်္ကေတပြဘာသာစကားနဲ့ စာပေတွေကို ဘာသာပြန်အဖွဲ့က ရိုက်ကူးပြီးသွားရင် ကြည့်ရှုသူတွေလက်ထဲ ဗီဒီယိုတွေ ရောက်အောင် လုပ်ရမယ်။ အရင်တုန်းက ဗီဒီယိုကက်ဆက်ခွေတွေ၊ ဒီဗီဒီခွေတွေ ထုတ်ခဲ့ပေမဲ့ အချိန်ကုန်၊ လူပင်ပန်းပြီး ငွေကုန်ကြေးကျလည်း များတယ်။ အခွေတွေ ကူးဖို့ အပြင်ကုမ္ပဏီတွေမှာ အပ်ရတယ်။ ပြီးရင် ဗီဒီယိုကက်ဆက်ခွေတွေ၊ ဒီဗီဒီခွေတွေကို အသင်းတော်တွေဆီ ပို့ကြတယ်။ ၂၀၁၃ ခုနှစ် တစ်နှစ်တည်းမှာတင် လက်သင်္ကေတပြဘာသာစကားနဲ့ ဒီဗီဒီခွေတွေ ထုတ်ဖို့ ဒေါ်လာ ၂,၀၀၀,၀၀၀ ကျော် အသုံးပြုခဲ့တယ်။

သယ်ရလွယ်တဲ့ ဒီဗီဒီစက်၊ ဒီဗီဒီခွေပုံစံနဲ့ ထုတ်ထားတဲ့ လက်သင်္ကေတပြ ဗီဒီယိုများ။

အဲဒီလိုပြင်ဆင်ပေးမှုတွေကို နားမကြားသူတွေ ကျေးဇူးတင်လေးမြတ်ကြတယ်။ ဒါပေမဲ့ ဗီဒီယိုကက်ဆက်ခွေတွေ၊ ဒီဗီဒီခွေတွေ များသည်ထက် များလာချိန်မှာ အခက်တွေ့လာတယ်။ တစ်ခါတလေ ကျမ်းစောင်တစ်စောင်တည်းကို ရိုက်ကူးဖို့တင် ဒီဗီဒီခွေ အများကြီး လိုအပ်တယ်။ ဘရာဇီးနိုင်ငံက ညီအစ်ကို ဇီနာ အခုလိုပြောတယ်– “ကျမ်းပိုဒ်တစ်ပိုဒ် ဖတ်ချင်ပြီဆိုရင် အဲဒီကျမ်းပိုဒ် ပါတဲ့ ဗီဒီယိုခွေကို ရှာ၊ တွေ့ပြီဆိုရင် ကျမ်းပိုဒ် ရှာ။ တော်တော်ခက်တယ်။” လက်သင်္ကေတပြ ဒီဗီဒီခွေတွေ အသုံးပြုခဲ့တဲ့ ညီအစ်မ ဟာဖာရာနီလည်း အခုလိုပြောတယ်– “ကျမ်းပိုဒ်တွေ၊ အညွှန်းတွေ ရှာရတာနဲ့တင် အချိန်အများကြီး ကုန်လို့ ကိုယ်ပိုင်လေ့လာမှု လုပ်ရတာ တအားပင်ပန်းတယ်။” အမှုဆောင်ထွက်ရင်လည်း စိတ်ဝင်စားသူအိမ်က တီဗီမှာ ပြဖို့ ဒီဗီဒီခွေတွေ၊ ဗီဒီယိုကက်ဆက်ခွေတွေ သယ်သွားရတယ်။ ညီအစ်ကိုတချို့ဆိုရင် ကိုယ်ပိုင် ဒီဗီဒီစက်တောင် သယ်သွားကြတယ်။ နောက်ပိုင်းမှာ တီဗီဖန်သားပြင် ပါပြီး သယ်ရလွယ်တဲ့ ဒီဗီဒီစက်လေးတွေ ပေါ်လာတော့ ညီအစ်ကို/မ အများစု သုံးခဲ့ကြတယ်။ အမေရိကန်ပြည်ထောင်စုက ဘော်ဘီလို့ခေါ်တဲ့ ညီအစ်ကိုတစ်ယောက် အခုလိုပြောတယ်– “ကျမ်းပိုဒ်တစ်ပိုဒ် ပြီးလို့ နောက်တစ်ပိုဒ် ထပ်ပြချင်တယ်ဆိုရင် အခွေ နောက်တစ်ခွေ ပြောင်းရတယ်။ ဒါကြောင့် အိမ်ရှင်တွေကို ကျမ်းပိုဒ် ပြဖို့အရေး အချိန်လည်းကုန်၊ ကရိကထလည်း သိပ်များတယ်။”

၂၀၁၃ ခုနှစ်မှာ အဖွဲ့အစည်းက JW Library Sign Language အက်ပ် ထုတ်လိုက်တဲ့အတွက် ညီအစ်ကို/မတွေဟာ လက်သင်္ကေတပြ ဗီဒီယိုတွေကို ဖုန်းတွေ၊ တက်ဘလက်တွေမှာ ကူးယူကြည့်ရှုနိုင်သွားကြတယ်။ အက်ပ်ကို အမေရိကန် လက်သင်္ကေတပြဘာသာစကားနဲ့ ဦးဆုံး ထုတ်ခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာတော့ အက်ပ်ကို အဆင့်မြှင့်တင်လိုက်လို့ လက်သင်္ကေတပြဘာသာစကားအားလုံးနဲ့ ရလာတယ်။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ အတိုင်းထက်အလွန် ပျော်ခဲ့ကြတယ်။ ဘရာဇီးနိုင်ငံက ညီအစ်ကိုဂျူစီလီနို အခုလိုပြောတယ်– “ယုံတောင်မယုံနိုင်ဘူး။ ကျွန်တော်တို့လို နားမကြားသူတွေကို အုပ်ချုပ်ရေးအဖွဲ့ မေတ္တာပြနေပါလား၊ စကားပြောတတ်တဲ့သူတွေလို ကျွန်တော်တို့ကို အမှန်တရားမှာ ဆက်တိုးတက်စေချင်ပါလားဆိုပြီး တွေးမိတယ်။ ကျွန်တော် တအားစိတ်လှုပ်ရှားတယ်။ ဒီအက်ပ်ကြောင့် ကျမ်းစာ ပိုလေ့လာချင်လာတယ်။”

“ဒံယေလ– တစ်သက်တာလုံး ယုံကြည်သူ— အပိုင်း ၂” ဗီဒီယိုကို “JW Library” အက်ပ် သုံးပြီး ညီအစ်မတစ်ယောက် ကြည့်နေ။

JW Library အက်ပ် အသုံးပြုခြင်း

အခုဆိုရင် လက်သင်္ကေတပြ ဗီဒီယိုအားလုံးကို ဒီဂျစ်တယ်ပုံစံနဲ့ ထုတ်ပြီး ဝက်ဘ်ဆိုက်မှာ၊ JW Library အက်ပ်မှာ တင်ပေးတယ်။ ရလဒ်ကတော့ လက်သင်္ကေတပြ စာပေတွေကို ရက်အနည်းငယ်အတွင်းမှာတင် ဘာသာပြန်၊ ရိုက်ကူး၊ ဖြန့်ချိနိုင်တာပဲ။ လနဲ့ချီ၊ နှစ်နဲ့ချီ စောင့်စရာ မလိုတော့ဘူး။ လက်သင်္ကေတပြဘာသာစကားများစွာအတွက် စာပေတွေကို စကားပြောဘာသာစကားအတွက် စာပေတွေနဲ့အတူ တစ်ပြိုင်တည်း ရနေပြီ။

နားမကြား ညီအစ်ကို/မတချို့ ဘယ်လို ပြောကြသလဲ။ “နားမကြားသူတွေကို ဂရုစိုက်လွန်းလို့ ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ အချက်အလက်တွေ အလွယ်တကူ ရနိုင်အောင် ပြင်ဆင်ပေးတဲ့ အဖွဲ့အစည်းမျိုး တခြား ဘယ်မှာ ရှိသေးလို့လဲ။ ကျွန်မတို့အတွက် ယေဟောဝါရဲ့အဖွဲ့အစည်း လုပ်ပေးတာတွေဟာ ပြိုင်စံရှားပါပဲ” ဆိုပြီး ကလီဇီယာလို့ခေါ်တဲ့ ညီအစ်မတစ်ယောက် ပြောတယ်။ ညီအစ်ကို ဘလက်ဒီမာလည်း အခုလိုပြောတယ်– “ယေဟောဝါဘုရားက နားကြားသူတွေကို ဂရုစိုက်သလို နားမကြားသူတွေကိုလည်း ဂရုစိုက်တယ်ဆိုတာ ဗီဒီယိုတွေက သက်သေထူနေပါတယ်။”

“ဒီဗီဒီယိုဟာ စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေနဲ့ ထုတ်ဝေဖြန့်ချိထားတာ ဖြစ်ပါတယ်။ ကမ္ဘာချီ ကျမ်းစာပညာပေး အစီအစဉ်မှာ ဒီဗီဒီယိုလည်း အပါအဝင် ဖြစ်ပါတယ်” ဆိုပြီး အဖွဲ့အစည်းထုတ် လက်သင်္ကေတပြ ဗီဒီယိုတွေမှာ ဖော်ပြလေ့ရှိတယ်။ သင်တို့ရဲ့ အလှူငွေတွေအတွက် ကျေးဇူးအထူးတင်ပါတယ်။ donate.jw.org မှာလည်း အလှူငွေ ထည့်ဝင်နိုင်ပါတယ်။ သင်တို့ ထည့်ဝင်တဲ့ အလှူငွေတွေဟာ လက်သင်္ကေတပြဘာသာစကား သုံးသူတွေ အပါအဝင် လူအားလုံးအတွက် ကျမ်းစာနဲ့ ကျမ်းစာစာပေတွေ ထုတ်ဝေရာမှာ သိပ်ထောက်ကူပေးတယ်။

a လက်သင်္ကေတပြဘာသာစကားဟာ လက်ဟန်၊ မျက်နှာအမူအရာ သုံးပြီး အကြည့်အမြင်နဲ့ ဆက်သွယ်ရတဲ့ ဘာသာစကား ဖြစ်တဲ့အတွက် ပုံနှိပ်စာပေအစား ဗီဒီယိုပုံစံနဲ့ စာပေတွေ ထုတ်လုပ်တာပါ။

b ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ဒေါ်လာဆိုတာ အမေရိကန်ဒေါ်လာကို ဆိုလိုပါတယ်။

လက်သင်္ကေတပြ ဘာသာပြန်အဖွဲ့ရဲ့ မှတ်တိုင်များ

၁၉၉၂ ခုနှစ်။ လက်သင်္ကေတပြဘာသာစကားနဲ့ ဦးဆုံး ဗီဒီယိုကက်ဆက်ခွေ ထုတ်

၂၀၀၂ ခုနှစ်။ လက်သင်္ကေတပြဘာသာစကားနဲ့ ဦးဆုံး ဒီဗီဒီ ထုတ်

၂၀၁၃ ခုနှစ်။ JW Library Sign Language အက်ပ် ထုတ်

၂၀၁၇ ခုနှစ်။ JW Library Sign Language အက်ပ်ကို အဆင့်မြှင့်လိုက်တဲ့အတွက် လက်သင်္ကေတပြဘာသာစကားအားလုံးနဲ့ ရလာ

၂၀၂၀ ခုနှစ်။ အမေရိကန် လက်သင်္ကေတပြဘာသာစကားနဲ့ ထုတ်ဝေတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းဟာ ကမ္ဘာ့ပထမဆုံး လက်သင်္ကေတပြကျမ်းစာ အပြည့်အစုံ ဖြစ်

၂၀၂၆ ခုနှစ်။ JW Library Sign Language အက်ပ်ကို ရပ်လိုက်ပြီး JW Library အက်ပ်နဲ့ ပေါင်းလိုက်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ