ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၈၁
  • ပျင်းနေရင် ဘာလုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျင်းနေရင် ဘာလုပ်ရမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • သားသမီးတွေ အိမ်မှာ ပျင်းရိငြီးငွေ့နေရင် ဘယ်လို လုပ်ရပါ့မလဲ
    မိသားစုအတွက် အကူအညီ
  • ငြီးငွေ့ ဖွယ်အခြေအနေအတွက် လွယ်ကူသော ဖြေရှင်းနည်း
    နိုးလော့!—၁၉၉၆
  • သင့်ဘဝသည် ငြီးငွေ့ ဖွယ်ကောင်းသလော ထိုအခြေအနေကို သင်ပြောင်းလဲပစ်နိုင်သည်!
    နိုးလော့!—၁၉၉၆
  • သာယာလှပတဲ့ ပရဒိသုဥယျာဉ်မှာ ထာဝစဉ်အသက်ရှင်ရခြင်းက ငြီးငွေ့စရာဖြစ်မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၈၁
ဆယ်ကျော်သက်လူငယ်များ အီလက်ထရောနစ် ပစ္စည်းများစွာ ရှိပေမဲ့ ခုတင်ပေါ် လှဲနေပြီး မျက်နှာကြက်ကို ငေးစိုက်ကြည့်နေစဉ်

လူငယ်များအမေး

ပျင်းနေရင် ဘာလုပ်ရမလဲ

တချို့သူတွေအတွက် မိုးရွာတဲ့ ညနေပိုင်းတွေမှာ ဘာမှ မလုပ်၊ ဘယ်ကိုမှ မသွား၊ အိမ်ထဲမှာ နေရတာလောက် ပျင်းစရာကောင်းတာ မရှိဘူး။ လူငယ် ရောဘတ် ဒီလိုပြောတယ်– “အဲဒီလိုအချိန်တွေဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိလို့ ဒီအတိုင်း ထိုင်နေလိုက်တယ်။”

အဲဒီလို ခံစားဖူးပါသလား။ ခံစားဖူးရင် ဒီဆောင်းပါးက အထောက်အကူ ပြုပါလိမ့်မယ်။

  • သိထားသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူတွေအဆို

သိထားသင့်ရာ

  • နည်းပညာကို အသုံးပြုတာက အကူအညီ မဖြစ်နိုင်ဘူး။

    အင်တာနက်မှာ ရောက်တတ်ရာရာ လျှောက်ကြည့်ရင် စိတ်ကူးနိုင်စွမ်း လျော့နည်းသွားမယ်။ ပိုငြီးငွေ့စေပါလိမ့်မယ်။ “ဘာမှ မစဉ်းစားဘဲ ဖန်သားပြင်ကို ကြည့်နေတာပဲ အဖတ်တင်တယ်” လို့ အသက် ၂၁ နှစ်အရွယ် ဂျေရမီ ပြောတယ်။

    မိန်းကလေး အယ်လင်နာ ထောက်ခံတယ်– “နည်းပညာနဲ့ လုပ်နိုင်တာတွေ အများကြီးပဲ။ လက်တွေ့ကမ္ဘာနဲ့ တခြားစီ ဖြစ်တော့ စက်လည်း ပိတ်လိုက်ရော ပိုလို့တောင် ပျင်းစရာကောင်းသွားတယ်။”

  • စိတ်ထားတတ်ရင် အခြေအနေ ပြောင်းသွားတယ်။

    ပျင်းရိငြီးငွေ့နေတာ ရပ်သွားစေနိုင်တဲ့အရာ ရှိသလား။ လုပ်ဆောင်နေတဲ့အရာကို စိတ်ဝင်စားမှုပေါ် မူတည်ပါတယ်။ ဥပမာ၊ ကာရင်ဆိုတဲ့ မိန်းကလေး ဒီလိုပြောတယ်– “တစ်နေ့လုံး ကျောင်းမှာ လုပ်စရာတွေနဲ့ ပြည့်နေပေမဲ့ ကျောင်းတက်ရတာ အရမ်းငြီးငွေ့စရာကောင်းတယ်။ မငြီးငွေ့အောင် ကျောင်းစာမှာ စိတ်နှစ်ထားရတယ်။”

သိပါသလား။ “လုပ်စရာ မရှိတာ” က အတားအဆီး မဟုတ်ဘဲ အခွင့်အလမ်းတစ်ခု ဖြစ်တယ်။ တီထွင်ဖန်တီးမှု ရှင်သန်ပေါက်ပွားနိုင်တဲ့ မြေဩဇာကောင်းတဲ့ မြေနဲ့ တူတယ်။

ပန်းအိုးထဲက အပင်ကနေ ဂစ်တာ၊ စာရွက်နဲ့ ဘောပင်၊ ပန်းချီဆေးတင်ခုံတွေ ပေါက်ပွားလာနေစဉ်

သင့်အချိန်ဟာ တီထွင်ဖန်တီးမှု ရှင်သန်ပေါက်ပွားနိုင်တဲ့ မြေဩဇာကောင်းတဲ့ မြေနဲ့ တူ

လုပ်ဆောင်နိုင်ရာ

စိတ်ဝင်စားမှုနယ်ပယ်ကို တိုးချဲ့ပါ။ သူငယ်ချင်းအသစ်တွေ ဖွဲ့ပါ။ ဝါသနာသစ် စလုပ်ကြည့်ပါ။ အကြောင်းအရာသစ် ရှာဖွေလေ့လာပါ။ အရာရာကို စိတ်ဝင်စားတတ်သူတွေဟာ တစ်ယောက်တည်း ရှိနေချိန်ပဲဖြစ်ဖြစ်၊ တခြားသူနဲ့ ရှိနေချိန်ပဲဖြစ်ဖြစ် ငြီးငွေ့ပျင်းရိတာ နည်းကြတယ်။

ကျမ်းစာအခြေခံမူ။ “ဘာပဲလုပ်လုပ် အားသွန်ခွန်စိုက် လုပ်ပါ။”—ဒေသနာ ၉:၁၀။

“သိပ်မကြာသေးခင်က မန်ဒရင်း တရုတ်စကားကို စလေ့လာပြီး နေ့တိုင်း လေ့ကျင့်တဲ့အခါ ဒီလိုသင်ယူလေ့လာမှုမျိုးကို လက်လွတ်ခဲ့ပါလားလို့ သဘောပေါက်လာတယ်။ အစီအစဉ် ဆွဲပြီး လုပ်ရတာကို ကြိုက်တယ်။ စိတ်ဝင်တစားနဲ့ အချိန်ကို အကျိုးရှိရှိ သုံးဖြစ်သွားတယ်။”—မီလင်းဒါ။

ရည်မှန်းချက်ကို အာရုံစိုက်ပါ။ အလုပ်ကို ရည်ရွယ်ချက်နဲ့ လုပ်ရင် ပိုစိတ်ဝင်စားလာပါလိမ့်မယ်။ ကျောင်းတက်ရတဲ့ ရည်ရွယ်ချက်ကို သတိရနေရင် ကျောင်းတက်ရတာ မပျင်းတော့ဘူး။

ကျမ်းစာအခြေခံမူ။ “ကြိုးစားပမ်းစား လုပ်ကိုင်တာတွေကြောင့် ပျော်ရွှင်ရတာထက် ကောင်းတာ ဘာမှ မရှိဘူး။”—ဒေသနာ ၂:၂၄။

“နှစ်စပိုင်းမှာ မကြိုးစားခဲ့လို့ စာသင်နှစ် ကုန်ခါနီးမှာ တစ်ရက်ကို ရှစ်နာရီ စာကျက်ခဲ့ရတယ်။ ပန်းတိုင် ရောက်ဖို့ ကြိုးစားနေရတာနဲ့ ပျင်းချိန်တောင် မရှိတော့ဘူး။ စာမေးပွဲ အောင်ရမယ်ဆိုတဲ့ ပန်းတိုင်ကို အာရုံစိုက်ထားလို့ ကြိုးစားနိုင်ခဲ့တာ။”—ဟန်နာ။

ကိုယ်မပြောင်းလဲနိုင်တဲ့အရာကို လက်ခံပါ။ စိတ်လှုပ်ရှားစရာအကောင်းဆုံး လိုက်စားမှုတွေမှာတောင် ငြီးငွေ့စရာတွေ ပါတတ်တယ်။ တစ်ခါတလေ အခင်ဆုံးသူငယ်ချင်းကတောင် အစီအစဉ်တွေ ဖျက်လိုက်လို့ လုပ်စရာကိုင်စရာ မရှိ ဖြစ်သွားတတ်တယ်။ ဒါတွေကြောင့် မကျေမနပ်၊ မပျော်မရွှင် မဖြစ်ဘဲ အပြုသဘောထား မွေးမြူလိုက်ပါ။

ကျမ်းစာအခြေခံမူ။ “စိတ်ရွှင်လန်းသူတွေအတွက်တော့ အချိန်တိုင်းဟာ စားသောက်ပွဲ ဖြစ်နေတယ်။”—ပညာအလိမ္မာ ၁၅:၁၅။

“တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ ပျော်ပျော်နေတတ်အောင် ကြိုးစားပါလို့ သူငယ်ချင်းတစ်ယောက်က ပြောတယ်။ တခြားသူတွေနဲ့ကော တစ်ယောက်ထဲကော နေတတ်ခြင်းက လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရည်အသွေးပဲ။”—အိုင်ဗီ။

ရွယ်တူတွေအဆို

ဟန်နာ

“တက်ကြွပျော်ရွှင်နေပုံရတဲ့သူတွေကို ကျွန်မ မနာလိုဖြစ်မိတတ်တယ်။ သူတို့လည်း သာမာန်လူတွေပဲဆိုတာ သဘောပေါက်လာတယ်။ ဒါကြောင့် ကျွန်မလည်း ဝါသနာပါတာတွေ စလုပ်တယ်။ စိတ်ဝင်စားစရာ အကြောင်းအရာတွေ လေ့လာတယ်။ ပိုလေ့လာလေ စိတ်ဝင်စားစရာ ပိုကောင်းလေပဲ။ ပျင်းချိန်တောင် မရှိတော့ဘူး။”—ဟန်နာ။

ခေလပ်

“ဆယ်ကျော်သက်အရွယ်တုန်းကတော့ ပျင်းတဲ့အခါတိုင်း ဗီဒီယိုဂိမ်း ကစားတယ်။ ကြီးလာတော့ ဗီဒီယိုဂိမ်းတွေက ဘာကိုမှ မဖြစ်မြောက်စေမှန်း သိလာတယ်။ အချိန်သာ ကုန်သွားတယ်။ ကစားပြီးသွားရင် ဘာမှ အဖတ်မတင်ဘူး။ အခုတော့ အချိန်ကို အကျိုးရှိရှိ သုံးတတ်လာပြီ။”—ကာလက်။

မီခေလာ

“တစ်ရက်တစ်ရက် ကုန်ခဲလိုက်တာ၊ ပျင်းစရာကြီးလို့ ခံစားခဲ့ဖူးတယ်။ ကိုယ့်ကို လူတွေ ပေါင်းစေချင်ရင် ကိုယ်တိုင် လူတွေနဲ့ ပေါင်းတတ်ရမယ်ဆိုတာ သိလာတယ်။ ပေါင်းကြည့်တော့ တော်တော်အဆင်ပြေသွားတယ်။ တစ်ယောက်တည်း ရှိတဲ့အချိန် နည်းလာတော့ တစ်ယောက်တည်းရှိတဲ့အချိန်ကို တန်ဖိုးထားလာတယ်။”—မီခေလာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ