ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၃၆
  • မာရိဟာ ဘုရားရဲ့ မယ်တော်လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မာရိဟာ ဘုရားရဲ့ မယ်တော်လား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဖန်ဆင်းရာကိုမဟုတ်ဘဲ ဖန်ဆင်းရှင်ကို ကိုးကွယ်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • “ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • သွန်သင်ချက်အမှား ၅– မာရိသည် ဘုရားသခင့်မယ်တော်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၃၆
မာရိနဲ့ သူငယ်ယေရှု

မာရိဟာ ဘုရားရဲ့ မယ်တော်လား

ကျမ်းစာအဖြေ

မဟုတ်ပါဘူး။ မာရိဟာ ဘုရားရဲ့ မယ်တော်လို့ ကျမ်းစာ မသွန်သင်သလို မာရိကို ခရစ်ယာန်တွေ ကိုးကွယ်ကြည်ညိုသင့်တယ်လို့လည်း မသွန်သင်ဘူး။a သုံးသပ်ကြည့်ပါ–

  • မိမိဟာ ဘုရားရဲ့ မယ်တော် ဖြစ်တယ်လို့ မာရိ တစ်ခါမှ မပြောခဲ့ဘူး။ ကျမ်းစာကလည်း မာရိကို “ဘုရားကို မွေးဖွားသူ” လို့ မဖော်ပြဘဲ “ဘုရားသခင်ရဲ့သား” ကိုမွေးဖွားသူလို့ ဖော်ပြတယ်။—မာကု ၁:၁။ လုကာ ၁:၃၂။

  • ယေရှုခရစ်က မာရိဟာ ဘုရားမယ်တော် ဖြစ်တယ်၊ မာရိကို အထူး ဝတ်ပြုဆည်းကပ်ထိုက်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။ အမျိုးသမီးတစ်ဦးက မာရိဟာ ယေရှုရဲ့ မိခင် ဖြစ်ရတဲ့အတွက် ပျော်ရွှင်ချမ်းမြေ့မှာပဲလို့ အမွှမ်းတင်တဲ့အခါ ယေရှုက “ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့သူဟာ ပိုပြီးပျော်ရွှင်ချမ်းမြေ့တယ်” လို့ပြောပြီး တည့်မတ်ပေးခဲ့တယ်။—လုကာ ၁၁:၂၇၊ ၂၈။

  • “ဘုရားရဲ့ မယ်တော်၊” “သီအိုတိုကော့စ်” (ဘုရားကို မွေးဖွားသူ) ဆိုတဲ့ အသုံးအနှုန်းတွေကို ကျမ်းစာမှာ မတွေ့ရဘူး။

  • ကျမ်းစာမှာပါတဲ့ “ကောင်းကင် မိဖုရား” ဆိုတဲ့ စကားလုံးက မာရိကို မဟုတ်ဘဲ အယူဖောက်ပြန်တဲ့ အစ္စရေးတွေ ကိုးကွယ်တဲ့ ဘုရားမကို ရည်ညွှန်းတယ်။ (ယေရမိ ၄၄:၁၅-၁၉) “ကောင်းကင် မိဖုရား” ဟာ ဗာဗုလုန်ဘုရားမ အီရှတာ (အက်စတာ) ကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်။

  • အစောပိုင်း ခရစ်ယာန်တွေဟာ မာရိကို ကိုးကွယ်တာမျိုး၊ အထူးဂုဏ်တင် ချီးမြှောက်တာမျိုး မလုပ်ခဲ့ဘူး။ သမိုင်းဆရာတစ်ယောက်အဆိုအရ အစောပိုင်း ခရစ်ယာန်တွေဟာ “မာရိကိုးကွယ်ခြင်းကို ငြင်းပယ်ခဲ့ကြတယ်။ မာရိကို အထူးအလေးပေးရာကနေ ဘုရားမအဖြစ် ကိုးကွယ်တာမျိုး ဖြစ်လာမှာစိုးလို့ ဖြစ်နိုင်တယ်။”—In Quest of the Jewish Mary.

  • ဘုရားသခင်ကို ထာဝစဉ် တည်တဲ့အရှင်အဖြစ် ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၉၀:၁၊ ၂။ ဟေရှာယ ၄၀:၂၈) ဘုရားမှာ အစမရှိတဲ့အတွက် မယ်တော် မရှိဘူး။ ကောင်းကင်ကြီးတောင် ဘုရားစံမြန်းနိုင်လောက်အောင် မကျယ်ဝန်းဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့အတွက် မာရိဟာ ဘုရားကို ဝမ်းနဲ့လွယ်ပြီး မွေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။—၁ ဘုရင်များ ၈:၂၇။

မာရိဟာ “ဘုရားရဲ့ မယ်တော်” မဟုတ်ဘဲ ယေရှုရဲ့ မိခင် ဖြစ်

မာရိဟာ ဘုရင်ဒါဝိဒ်မျိုးရိုးက ဆင်းသက်လာတဲ့ ဂျူးအမျိုးသမီး ဖြစ်တယ်။ (လုကာ ၃:၂၃-၃၁) မာရိဟာ ယုံကြည်ခြင်းရှိသူ၊ ဘုရားတရားကိုင်ရှိုင်းသူ ဖြစ်လို့ ဘုရားရဲ့ မျက်နှာသာရသူ ဖြစ်တယ်။ (လုကာ ၁:၂၈) ယေရှုရဲ့ မိခင် ဖြစ်ဖို့ မာရိကို ဘုရားသခင် ရွေးချယ်ခဲ့တယ်။ (လုကာ ၁:၃၁၊ ၃၅) မာရိမှာ ခင်ပွန်းယောသပ်နဲ့ရတဲ့ တခြားသားသမီးတွေလည်း ရှိတယ်။—မာကု ၆:၃။

မာရိဟာ ယေရှုရဲ့ နောက်လိုက်တစ်ယောက် ဖြစ်လာတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပေမဲ့ နောက်ပိုင်း သူ့အကြောင်း ထပ်မဖော်ပြဘူး။—တမန်တော် ၁:၁၄။

တချို့က မာရိကို ဘုရားရဲ့ မယ်တော်လို့ ဘာကြောင့် ယူဆကြသလဲ

မာရိကို ဝတ်ပြုကိုးကွယ်တဲ့ အစောဆုံး အထောက်အထားကို အေဒီ စတုတ္ထရာစု ကုန်ခါနီးမှာ တွေ့ရတယ်။ အဲဒီအချိန်မှာ ကက်သလစ်ဘုရားကျောင်းဟာ ရောမအင်ပါယာရဲ့ နိုင်ငံတော်ဘာသာ ဖြစ်လာတယ်။ ဒါနဲ့ တိတ္ထိအတော်များများ အမည်ခံခရစ်ယာန်တွေ ဖြစ်လာကြတယ်။ ဘုရားကျောင်းတော်က ကျမ်းစာမှာ မပါတဲ့ သုံးပါးပေါင်းတစ်ဆူ သွန်သင်ချက်ကို လက်ခံခဲ့တယ်။

သုံးပါးပေါင်းတစ်ဆူ အယူဝါဒအရ ယေရှုဟာ ဘုရားဖြစ်တယ်ဆိုရင် မာရိက ဘုရားရဲ့ မယ်တော် ဖြစ်ရမယ်လို့ လူအများ ကောက်ချက်ချခဲ့ကြတယ်။ အေဒီ ၄၃၁၊ ဧဖက်မြို့မှာ ကျင်းပတဲ့ ဘုရားကျောင်းတော် ကောင်စီ အစည်းအဝေးမှာ မာရိကို “ဘုရားသခင့် မယ်တော်” လို့ကြေညာခဲ့တယ်။ အဲဒီအစည်းအဝေး ပြီးနောက် မယ်တော်မာရိ ကိုးကွယ်မှု ထွန်းကားလာတယ်။ ဘုရားကျောင်းထဲကို တိတ္ထိအယူ ဝင်လာသလိုပဲ အပျိုစင်မာရိရဲ့ ရုပ်တုတွေ၊ ရုပ်ပုံတွေဟာ မျိုးပွားဘုရားမ အာတေမိ (ရောမအခေါ် ဒိုင်ယာနာ) နဲ့ အိုက်စစ် နေရာမှာ တဖြည်းဖြည်းနဲ့ အစားဝင်လာတယ်။

အေဒီ ၄၃၂ မှာ ပုပ်ရဟန်းမင်းကြီး စစ္စတပ်စ် ၃ က “ဘုရားသခင့် မယ်တော်” ကို ဂုဏ်တင်ချီးမြှောက်တဲ့ ဘုရားကျောင်း ရောမမှာ ဆောက်လုပ်ဖို့ ညွှန်ကြားခဲ့တယ်။ ရောမတွေရဲ့ သားဖွားဘုရားမ လူစီနာကို ဂုဏ်ပြုတဲ့ ဗိမာန်အနားက မြေကွက်မှာ ဆောက်လုပ်ခဲ့ကြတယ်။ စာရေးဆရာတစ်ယောက်က အဲဒီဘုရားကျောင်းကို “ရောမတွေ ခရစ်ယာန်ဘာသာ ကူးပြောင်းပြီးနောက် တိတ္ထိမယ်တော်ကြီး အယူဝါဒကို မာရိဝတ်ပြုမှုအဖြစ် ပြောင်းလဲခြင်း အထိမ်းအမှတ်” လို့ ဖော်ပြခဲ့တယ်။—Mary—The Complete Resource.

a ဘာသာတချို့က မာရိဟာ ဘုရားရဲ့ မယ်တော် ဖြစ်တယ်လို့ သင်ပေးကြတယ်။ မာရိကို “ကောင်းကင်မိဖုရား၊” “ကောင်းကင်ဘုံ ဘုရင်မ၊” ဒါမှမဟုတ် “ဘုရားကို မွေးဖွားသူ” လို့ အဓိပ္ပာယ်ရှိတဲ့ ဂရိစကားလုံး သီအိုတိုကော့စ် လို့ ခေါ်ဆိုကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ