ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၁၃
  • လူဝင်စားခြင်းအကြောင်း ကျမ်းစာမှာ သွန်သင်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူဝင်စားခြင်းအကြောင်း ကျမ်းစာမှာ သွန်သင်သလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • လူဝင်စားခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဝင်စားခြင်းကိုအသင်ယုံကြည်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဝင်စားခြင်းကိုသင်ယုံကြည်သင့်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အတိတ်ဘဝမှာ သင်အသက်ရှင်ခဲ့တယ်လို့ ယုံကြည်ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၁၃
ဒီနေ့ခေတ်နဲ့ ရှေးခေတ်က လူတစ်ယောက်

လူဝင်စားခြင်းအကြောင်း ကျမ်းစာမှာ သွန်သင်သလား

ကျမ်းစာအဖြေ

မသွန်သင်ပါဘူး။ “ဝင်စားခြင်း” ဆိုတဲ့ စကားလုံး ဒါမှမဟုတ် အဲဒီအယူအဆကို ကျမ်းစာမှာ မတွေ့ရဘူး။ လူဝင်စားခြင်းဆိုတဲ့ ယူဆချက်က လူသေပေမဲ့ ဝိညာဉ်မသေဘူးဆိုတဲ့ သွန်သင်ချက်အပေါ် အခြေခံတယ်။a ဒါပေမဲ့ ကျမ်းစာမှာတော့ လူကို မြေမှုန့်နဲ့ ဖန်ဆင်းထားပြီး လူသေသွားတဲ့အခါ မတည်ရှိတော့ဘူးလို့ သွန်သင်ထားတယ်။ (ကမ္ဘာဦး ၂:၇; ယေဇကျေလ ၁၈:၄) ဒါကြောင့် လူသေပြီးတဲ့နောက် ဆက်အသက်ရှင်နေတဲ့အရာ ဘာမှမရှိတော့ဘူး။​—ကမ္ဘာဦး ၃:၁၉; ဒေသနာ ၉:၅၊ ၆။

လူဝင်စားခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းရဲ့ ကွာခြားချက်

ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျမ်းစာသွန်သင်ချက်ဟာ ဝိညာဉ်မသေဘူးဆိုတဲ့ ယူဆချက်အပေါ် အခြေမခံပါဘူး။ ရှင်ပြန်ထမြောက်ခြင်းမှာတော့ သေဆုံးသွားတဲ့သူတွေဟာ ဘုရားသခင်ရဲ့ တန်ခိုးကြောင့် ပြန်တည်ရှိလာကြတယ်။ (မဿဲ ၂၂:၂၃၊ ၂၉; တမန်တော် ၂၄:၁၅) ရှင်ပြန်ထမြောက်ခြင်းက မြေကြီးသစ်မှာ ထာဝစဉ်အသက်ရှင်ခွင့် ရနိုင်တယ်ဆိုတဲ့ စစ်မှန်တဲ့မျှော်လင့်ချက်ကို ပိုင်ဆိုင်စေတယ်။​—၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄။

လူဝင်စားခြင်းအကြောင်း၊ ကျမ်းစာအကြောင်း ယူဆချက်အမှားများ

ယူဆချက်အမှား- ပရောဖက် ဧလိယက နှစ်ခြင်းဆရာ ယောဟန်အဖြစ် ပြန်ဝင်စားတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။

အမှန်တရား- “ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်” ဆိုပြီး ဘုရားသခင် ကြိုပြောခဲ့တယ်။ ဒီစကားဟာ နှစ်ခြင်းဆရာ ယောဟန်မှာ ပြည့်စုံတယ်လို့ ယေရှု ပြောခဲ့တယ်။ (မာလခိ ၄:၅၊ ၆; မဿဲ ၁၁:၁၃၊ ၁၄) ဒါပေမဲ့ ဧလိယက နှစ်ခြင်းဆရာ ယောဟန်အဖြစ် ပြန်ဝင်စားတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ဘူး။ ယောဟန်ကိုယ်တိုင်ကလည်း သူဟာ ဧလိယမဟုတ်ဘူးလို့ ပြောခဲ့တယ်။ (ယောဟန် ၁:၂၁) အဲဒီအစား ယောဟန်က ဧလိယလုပ်ခဲ့တဲ့ အလုပ်မျိုး လုပ်ဆောင်တာကို ပြောနေတာ ဖြစ်တယ်။ နောင်တယူပြီး ပြောင်းလဲပါဆိုတဲ့ ဘုရားသခင့် သတင်းစကားကို ဧလိယကြေညာခဲ့သလို ယောဟန်လည်း ကြေညာခဲ့တယ်။ (၃ ဓမ္မရာဇဝင် ၁၈:၃၆၊ ၃၇; မဿဲ ၃:၁) ဒါ့အပြင် “ဧလိယ၏ အစွမ်းသတ္တိနဲ့ ပြည့်စုံ” ကြောင်း ယောဟန် ပြသခဲ့တယ်။​—လုကာ ၁:၁၃-၁၇။

ယူဆချက်အမှား- ကျမ်းစာမှာ ပြောထားတဲ့ “တစ်ဖန် မွေးဖွားခြင်း” ဆိုတာ လူဝင်စားခြင်းကို ဆိုလိုတယ်။

အမှန်တရား- တစ်ဖန်မွေးဖွားခြင်းဆိုတာ လူတစ်ယောက် အသက်ရှင်နေစဉ်မှာပဲ ပုံဆောင်သဘောအရ ပြန်မွေးဖွားခြင်းကို ဆိုလိုတယ်။ (ယောဟန် ၁:၁၂၊ ၁၃) တစ်ဖန်မွေးဖွားခြင်းဟာ အတိတ်က လုပ်ရပ်တွေရဲ့ အကျိုးဆက်မဟုတ်ဘဲ ဘုရားသခင်ပေးတဲ့ ကောင်းချီးဖြစ်တယ်။ ဒီကောင်းချီးကို ရရှိသူတွေဟာ ထူးခြားတဲ့ အနာဂတ်မျှော်လင့်ချက်ကို ရရှိကြတယ်။​—ယောဟန် ၃:၃; ၁ ပေတရု ၁:​၃၊ ၄။

a ဝိညာဉ်မသေဘူးဆိုတဲ့ ယူဆချက်နဲ့ လူဝင်စားခြင်း ယူဆချက်ဟာ ရှေးခေတ်ဗာဗုလုန်ကနေ ပေါ်ပေါက်လာတယ်။ နောက်ပိုင်းမှာ အိန္ဒိယ အတွေးအခေါ်သမားတွေက ကာရ်မ (Karma) ဆိုတဲ့ အယူဝါဒကို ဖန်တီးခဲ့ကြတယ်။ ကာရ်မဆိုတာ “အခုဘဝပြုသမျှ အကြောင်းတရားဟာ နောင်ဘဝရောက်မှ အကျိုးသက်ရောက်တယ်ဆိုတဲ့ ယုံကြည်ချက်ဖြစ်တယ်” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။​—Britannica Encyclopedia of World Religions၊ စာမျက်နှာ ၉၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ