ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၀၉
  • လောက ဘယ်တော့ အဆုံးတိုင်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောက ဘယ်တော့ အဆုံးတိုင်မလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ကမ္ဘာပျက်မယ့်နေ့ ကြောက်ရွံ့ခြင်း၊ စိတ်ဝင်စားခြင်းနဲ့ စိတ်ကုန်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • အဆုံးနဲ့ပတ်သက်တဲ့ မေးခွန်းလေးခုရဲ့ အဖြေများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “အဆုံး” ဆိုတာ ဘာအဓိပ္ပာယ်လဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဤလောက ဆက်လက် တည်ရှိမည်လော
    ဤလောက ဆက်လက် တည်ရှိမည်လော
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၀၉
တိုင်ကပ်နာရီ လက်တံက ၁၂ နာရီ ထိုးခါနီးနေပြီ

လောက ဘယ်တော့ အဆုံးတိုင်မလဲ

ကျမ်းစာအဖြေ

လောက ဘယ်တော့ အဆုံးတိုင်မလဲ ဆိုတာ သိဖို့ ကျမ်းစာမှာ “လောက” ဆိုတဲ့ စကားလုံး အသုံးပြုပုံကို နားလည်ဖို့ လိုတယ်။ ဂရိစကားလုံး ကော့စ်မော့စ် ကို “လောက” လို့ ပြန်ဆိုကြတယ်။ အများအားဖြင့် လူ့လောက၊ အထူးသဖြင့် ဘုရားအလိုတော်နဲ့ မညီတဲ့ လောကကို ရည်ညွှန်းတယ်။ (ယောဟန် ၁၅:​၁၈၊ ၁၉။ ၂ ပေတရု ၂:၅) တစ်ခါတလေ ကော့စ်မော့စ် က လူ့အဖွဲ့အစည်းကို ရည်ညွှန်းတယ်။​—၁ ကောရိန္သု ၇:၃၁။ ၁ ယောဟန် ၂:​၁၅၊ ၁၆။a

“လောက အဆုံးတိုင်” တယ်ဆိုတာ ဘာလဲ

“လောက အဆုံးတိုင်” ဆိုတဲ့ စကားစုကို ဘာသာပြန်ကျမ်းများစွာမှာ တွေ့ရပြီး “လောကစနစ်နိဂုံး၊” ဒါမှမဟုတ် “ကပ်ကမ္ဘာကုန်” လို့လည်း ပြန်ဆိုကြတယ်။ (မဿဲ ၂၄:​၃၊ ယုဒသန်ကျမ်း) ကမ္ဘာမြေ ဒါမှမဟုတ် လူသားအားလုံး ပျက်စီးသွားမှာကို မရည်ညွှန်းဘဲ လူ့အဖွဲ့အစည်း အဆုံးတိုင်သွားမှာကို ရည်ညွှန်းတယ်။​—၁ ယောဟန် ၂:၁၇။

“လူယုတ်မာတွေ ပယ်ရှင်းခံရ” မယ်၊ လူကောင်းတွေ ကမ္ဘာမြေပေါ် ပျော်ရွှင်စွာ နေထိုင်သွားကြမယ်လို့ ကျမ်းစာ သွန်သင်တယ်။ (ဆာလံ ၃၇:​၉-၁၁) “ကြီးစွာသောဒုက္ခ” ရဲ့ အထွတ်အထိပ် အာမဂေဒုန်စစ်ပွဲမှာ လူဆိုးတွေ ဖျက်ဆီးခံရမယ်။​—မဿဲ ၂၄:​၂၁၊ ၂၂။ ဗျာဒိတ် ၁၆:​၁၄၊ ၁၆။

လောက ဘယ်တော့ အဆုံးတိုင်မလဲ

“အဲဒီအချိန်ကို ဘယ်သူမှ မသိဘူး။ ကောင်းကင်တမန်တွေလည်း မသိဘူး။ သားဖြစ်သူ ကျွန်တော်လည်း မသိဘူး။ အဖဘုရားပဲ သိတယ်” လို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၂၄:​၃၆၊ ၄၂) ဒီလောက အဆုံးတိုင်မယ့်အချိန်ဟာ “မထင်မှတ်တဲ့အချိန်မှာ” ဖြစ်မယ်လို့လည်း ပြောခဲ့တယ်။​—မဿဲ ၂၄:၄၄။

နေ့ရက်၊ အချိန်နာရီ အတိအကျကို မသိရပေမဲ့ လောက အဆုံးတိုင်တော့မှာကို သိစေတဲ့ စုပေါင်း “နိမိတ်” ကို ယေရှု ဖော်ပြခဲ့တယ်။ (မဿဲ ၂၄:​၃၊ ၇-၁၄) အဲဒီအချိန်ကို ကျမ်းစာမှာ “အဆုံးပိုင်းကာလ၊” “ကမ္ဘာကုန်ဆုံးချိန်၊” “နောက်ဆုံးကာလ” လို့ ဖော်ပြထားတယ်။​—ဒံယေလ ၁၂:​၄၊ ခေတ်သုံးမြန်မာ သမ္မာကျမ်း။ ၂ တိမောသေ ၃:​၁-၅။

လောက အဆုံးတိုင်သွားတဲ့အခါ ကျန်ရှိမယ့်အရာ ရှိပါသလား

ရှိပါတယ်။ ကမ္ဘာမြေ ဆက်တည်ရှိနေမယ်။ “သူ့နေရာကနေ ဘယ်တော့မှ ရွှေ့လို့ရမှာ မဟုတ်ဘူး” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဆာလံ ၁၀၄:၅) ကမ္ဘာပေါ်မှာ လူတွေနဲ့ ပြည့်နေမယ်။ “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်” လို့ ကျမ်းစာမှာ ကတိပြုထားတယ်။ (ဆာလံ ၃၇:၂၉) ဘုရားသခင့် မူလရည်ရွယ်ချက်အတိုင်း အောက်ပါအခြေအနေတွေ ဖြစ်လာမယ်–

  • ပရဒိသု။​—ဟေရှာယ ၃၅:၁။ လုကာ ၂၃:၄၃။

  • လုံခြုံမှုနဲ့ သာယာဝပြောမှု။​—မိက္ခာ ၄:၄။

  • လူတိုင်းအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့၊ စိတ်ကျေနပ်စေတဲ့အလုပ်။​—ဟေရှာယ ၆၅:​၂၁-၂၃။

  • ဖျားနာမှု၊ အိုမင်းမှုတို့ ကင်းလွတ်ခြင်း။​—ယောဘ ၃၃:၂၅။ ဟေရှာယ ၃၃:၂၄။

ပရဒိသုကို ရောက်နေတဲ့သူတွေ ကမ်းခြေမှာ ပျော်ရွှင်နေကြစဉ်

a ကျမ်းစာတချို့က ဂရိစကားလုံး အေယွန် ကိုလည်း “လောက” လို့ ပြန်ဆိုကြတယ်။ ဒီလိုပြန်ဆိုတဲ့အခါ ကော့စ်မော့စ် နဲ့ အဓိပ္ပာယ် တူပြီး လူ့အဖွဲ့အစည်းကို ရည်ညွှန်းတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ