ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၄၄
  • ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကို ဘယ်လိုရှုမြင်သင့်ပါသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကို ဘယ်လိုရှုမြင်သင့်ပါသလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်ဘယ်လိုထင်ပါသလဲ
  • အဖြစ်မှန်တွေက ဘာလဲ
  • ဘာကြောင့် အရေးကြီးပါသလဲ
  • လိင်ကိစ္စနဲ့ပတ်သက်ပြီး ငါ့ရဲ့သဘောထားအမြင်ကို ဘယ်လိုရှင်းပြနိုင်မလဲ
    လူငယ်များအမေး
  • သင့်သားသမီးတွေကို လိင်အကြောင်း ပြောပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အချစ်နယ်ကျွံဖို့ ရွယ်တူတွေ ဖိအားပေးတဲ့အခါ ဘယ်လို တွန်းလှန်နိုင်မလဲ
    လူငယ်များအမေး
  • လိင်ကိစ္စကိုစမ်းကြည့်ဖို့ ဖိအားပေးခံရရင် ဘယ်လိုလုပ်မလဲ
    လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၄၄
လူငယ်အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ပုံရိပ်မည်း

လူငယ်များအမေး

ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကို ဘယ်လိုရှုမြင်သင့်ပါသလဲ

ယူအက်စ် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုရဲ့ ပေးပို့တဲ့မှတ်တမ်းတစ်ခုအရ ၁၅ နှစ်ကနေ ၁၉ နှစ်အရွယ်ရှိသူတွေကို မေးမြန်းရာမှာ ဖြေကြားသူ တစ်ဝက်လောက်က ပါးစပ်နဲ့လိင်ဆက်ဆံဖူးတယ်လို့ ပြောကြတယ်။ “ဆယ်ကျော်သက်တွေကို ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းအကြောင်း မေးကြည့်မယ်ဆိုရင် မမှားဘူးလို့ သူတို့ထင်ကြတယ်” လို့ (Oral Sex Is the New Goodnight Kiss) စာအုပ်ကို ရေးသားသူ ရှာလင်း အဇန်းမ်က ပြောတယ်။ “သူတို့က အဲဒါကို လိင်ဆက်ဆံတယ်လို့ မရှုမြင်ကြဘူး။”

  • သင်ဘယ်လိုထင်ပါသလဲ

  • အဖြစ်မှန်တွေက ဘာလဲ

  • ဘာကြောင့် အရေးကြီးပါသလဲ

သင်ဘယ်လိုထင်ပါသလဲ

အောက်ပါမေးခွန်းတွေကို ဖြေဆိုကြည့်ပါ။

  1. ၁။ ပါးစပ်နဲ့လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ပါသလား။

    1. ရနိုင်

    2. မရနိုင်

  2. ၂။ ပါးစပ်နဲ့လိင်ဆက်ဆံတာကြောင့် ရောဂါဆိုးတွေ ရနိုင်ပါသလား။

    1. ရနိုင်

    2. မရနိုင်

  3. ၃။ ပါးစပ်နဲ့လိင်ဆက်ဆံတာက လိင်ဆက်ဆံခြင်း ပုံစံတစ်မျိုးလား။

    1. ဟုတ်

    2. မဟုတ်

အဖြစ်မှန်တွေက ဘာလဲ

သင့်ရဲ့အဖြေတွေကို အောက်ပါအချက်တွေနဲ့ ကိုက်ညီမညီ တိုက်ကြည့်ပါ။

  1. ၁။ ပါးစပ်နဲ့လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ပါသလား

    အဖြေ– မရနိုင်ပါ။ ဒါကြောင့် လူအတော်များများက ပါးစပ်နဲ့လိင်ဆက်ဆံတာက အန္တရာယ်မရှိဘူးလို့ မှားယွင်းစွာ ရှုမြင်ကြတယ်။

  2. ၂။ ပါးစပ်နဲ့လိင်ဆက်ဆံတာကြောင့် ရောဂါဆိုးတွေ ရနိုင်ပါသလား

    အဖြေ– ရနိုင်ပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံသူတစ်ယောက်ဟာ အသည်းရောင် အေ၊ ဘီရောဂါ၊ လိင်အင်္ဂါကြွက်နို့၊ ကာလသားရောဂါ၊ ရေယုန်၊ HIV နဲ့ ဆစ်ဖလစ်ရောဂါလိုမျိုး ရောဂါဆိုးတွေ ကူးစက်ခံရနိုင်တယ်။

  3. ၃။ ပါးစပ်နဲ့လိင်ဆက်ဆံတာက လိင်ဆက်ဆံခြင်း ပုံစံတစ်မျိုးလား

    အဖြေ– ဟုတ်ပါတယ်။ ကာမဆက်ဆံခြင်း၊ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း၊ စအိုမှာ လိင်ဆက်ဆံခြင်းနဲ့ တခြားလူတစ်ယောက်ကို ရာဂစိတ်ဖြေပေးခြင်းအားလုံးက လိင်ဆက်ဆံခြင်းထဲမှာ ပါဝင်တယ်။

ဘာကြောင့် အရေးကြီးပါသလဲ

ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကိစ္စနဲ့ပတ်သက်လာရင် ကျမ်းစာထဲမှာ ဘာပြောထားသလဲဆိုတာကို သုံးသပ်ကြည့်ပါ

ကျမ်းစာမှာ ပြောတယ်– “ဘုရားသခင်၏ အလိုတော်မှာ သင်တို့သည် မတရားမေထုန်ပြုခြင်းကို ကြဉ်ရှောင်” ကြရန် ဖြစ်၏။—၁ သက်သာလောနိတ် ၄:၃။

“မတရားမေထုန်” လို့ ပြန်ဆိုထားတဲ့ မူရင်းစကားလုံးက ကာမဆက်ဆံခြင်း၊ စအိုမှာ လိင်ဆက်ဆံခြင်းနဲ့ တခြားသူကို ရာဂစိတ်ဖြေပေးခြင်းအပါအဝင် အိမ်ထောင်ပြင်ပမှာ ကျူးလွန်တဲ့ လိင်ဆက်ဆံမှုပုံစံအားလုံးကို ရည်ညွှန်းတယ်။ မတရားမေထုန် ကျူးလွန်သူတစ်ယောက်ဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရမှာ ဖြစ်တယ်၊ အဆိုးဆုံးကတော့ ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်တဲ့ အခွင့်အရေးလည်း ဆုံးရှုံးသွားမှာ ဖြစ်တယ်။​—၁ ပေတရု ၃:၁၂။

ကျမ်းစာမှာ ပြောတယ်– “မတရားမေထုန်ပြုလေ့ရှိသောသူမူကား မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား၏။”​—၁ ကောရိန္သု ၆:၁၈။

ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကြောင့် ကာယရေးနဲ့ ဘုရားရေးရာအပေါ် ဆိုးကျိုးတွေ သက်ရောက်နိုင်တယ်။ စိတ်သောကလည်း ရောက်မှာဖြစ်တယ်။ “အသုံးချခံရခြင်း၊ နောင်တရခြင်းနဲ့ ကူကယ်ရာမဲ့ခြင်းစတဲ့ ခံစားချက်တွေ ဝင်လာနိုင်တယ်” လို့ စာအုပ်တစ်အုပ် (Talking Sex With Your Kids) မှာ ရေးသားဖော်ပြထားတယ်။ “မှားယွင်းတဲ့ အခြေအနေမျိုးနဲ့ လိင်ဆက်ဆံမိတဲ့အတွက် ခံစားရနိုင်တဲ့ ခံစားချက်ဟာ မှားယွင်းတဲ့ အခြေအနေမျိုးမှာ ဘယ်ပုံစံမျိုးနဲ့မဆို လိင်ဆက်ဆံမိလို့ ရလာတဲ့ ခံစားချက်အားလုံးနဲ့ အတူတူပဲဖြစ်တယ်။ အဲဒါအားလုံးဟာ လိင်ဆက်ဆံခြင်းထဲမှာ ပါဝင်ပါတယ်။”

ကျမ်းစာမှာ ပြောတယ်– ‘ငါယေဟောဝါဟာ မင်းတို့ရဲ့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့ လျှောက်သင့်တဲ့လမ်းအတိုင်း လမ်းညွှန်ပေးတဲ့အရှင်ပဲ။’​—ဟေရှာယ ၄၈:၁၇၊ ကဘ။

လိင်ဆက်ဆံခြင်းနဲ့ဆိုင်တဲ့ ဘုရားသခင်ရဲ့ ပညတ်ဥပဒေတွေက သင့်အတွက် တကယ်ပဲ အကျိုးရှိတယ်လို့ ယုံကြည်လက်ခံသလား။ ဒါမှမဟုတ် သင့်ကို ချုပ်ချယ်ထားတယ်လို့ ခံစားရသလား။ အဲဒီမေးခွန်းတွေကို ဖြေဆိုနိုင်ဖို့ ဒီဥပမာကို စဉ်းစားကြည့်ပါ။ ယာဉ်မောင်းနှင်တဲ့အရှိန် ကန့်သတ်ထားတဲ့၊ မီးပွိုင့်အချက်ပေးစနစ်နဲ့ တချို့နေရာတွေမှာ ရပ်တန့်ဖို့ ဆိုင်းဘုတ်တွေ တပ်ထားတဲ့ ကားအသွားအလာများတဲ့ အဝေးပြေးလမ်းမတစ်ခုကို မြင်ယောင်ကြည့်ပါ။ အဲဒီအချက်ပေးစနစ်တွေ၊ ဆိုင်းဘုတ်တွေကို ချုပ်ချယ်မှုတစ်ခုအဖြစ် ရှုမြင်သလား ဒါမှမဟုတ် အကာအကွယ်တစ်ခုအဖြစ် ရှုမြင်သလား။ သင်နဲ့ တခြားယာဉ်မောင်းသူတွေက အဲဒီစည်းကမ်းသတ်မှတ်ချက်တွေကို လျစ်လျူရှုမယ်ဆိုရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ။

ယာဉ်မောင်းတစ်ယောက် လမ်းစည်းကမ်းသတ်မှတ်ချက် ဆိုင်းဘုတ်ကို လျစ်လျူရှုပြီး ဆန့်ကျင်ဘက်ယာဉ်ကြောကို ဦးတည်မောင်းနှင်သွား

ယာဉ်စည်းကမ်းသတ်မှတ်ချက်တွေက သင့်ရဲ့လွတ်လပ်မှုကို ထိန်းချုပ်ထားပေမဲ့ တစ်ချိန်တည်းမှာ သင့်ကို အန္တရာယ်ကနေ ကာကွယ်ပေးထားပါတယ်။ အဲဒီလိုပဲ ဘုရားသခင့်စည်းမျဉ်းဥပဒေတွေက သင့်လုပ်ဆောင်မှုတွေကို ကန့်သတ်ချုပ်ချယ်ထားပေမဲ့ တစ်ချိန်တည်းမှာ သင့်ကို ကာကွယ်မှုပေးပါတယ်

ဘုရားသခင်ရဲ့ စံနှုန်းတွေနဲ့ပတ်သက်လာရင်လည်း အလားတူပါပဲ။ အဲဒီစံနှုန်းတွေကို လျစ်လျူရှုမယ်ဆိုရင် ကိုယ်စိုက်တဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။ (ဂလာတိ ၆:၇) “ကိုယ့်ရဲ့ယုံကြည်ချက်တွေ၊ တန်ဖိုးထားရာတွေကို လျစ်လျူရှုပြီး မမှန်ဘူးလို့ ကိုယ်သိထားတဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်ကျူးလွန်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လေးစားမှု လျော့နည်းသွားမှာ ဖြစ်တယ်” လို့ စာအုပ်တစ်အုပ် (Sex Smart) မှာ ရေးသားထားပါတယ်။ အဲဒီအစား ဘုရားသခင့်စံနှုန်းတွေနဲ့အညီ အသက်ရှင်နေထိုင်မယ်ဆိုရင် သင့်မှာ ကောင်းတဲ့ ကိုယ်ကျင့်တရား ရှိလာမှာ ဖြစ်တယ်။ အဲဒါထက်ပိုအရေးကြီးတာက သင်ဟာ ကြည်လင်တဲ့ ကိုယ့်ကိုယ်ကိုယ်သိတဲ့စိတ်ကို ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။​—၁ ပေတရု ၃:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ