ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၄၂
  • ဆဲတာ တကယ်ပဲ မှားသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆဲတာ တကယ်ပဲ မှားသလား
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမေးပုစ္ဆာ
  • ဘာကြောင့် အရေးကြီးတဲ့ကိစ္စဖြစ်
  • လုပ်ဆောင်နိုင်ရာ
  • ယေဟောဝါ နှစ်သက်တဲ့ အပြောအဆို
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • လူပေါင်းမဆံ့ဘူးဆိုရင် ဘယ်လို လုပ်ရမလဲ
    လူငယ်များအမေး
  • ငါ့ရဲ့ယုံကြည်ချက်အကြောင်း ပြောဖို့ ငါ ဘာကြောင့် ကြောက်နေတာလဲ
    နိုးလော့!—၂၀၀၉
  • ထိခိုက်စေသောစကားကို ရှောင်လော့
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၄၂
ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က ရွယ်တူမိန်းကလေးတစ်သိုက် ပြောနေတဲ့ ညစ်ညမ်းတဲ့စကားကို နားစွန်နာဖျားကြားနေရ။

လူငယ်များအမေး

ဆဲတာ တကယ်ပဲ မှားသလား

“ညစ်ညမ်းတဲ့စကားတွေကို ကြားနေကျဖြစ်လာတော့ ဘယ်လိုမှမနေတော့ဘူး။ ကျင့်သားရနေပြီ။”—ခရစ္စတိုဖာ၊ ၁၇ နှစ်။

“ကျွန်မငယ်ငယ်တုန်းက ခဏခဏ ဆဲတယ်။ အဲဒီအကျင့်ဆိုးက အတတ်မြန်ပေမဲ့ ဖျောက်ရခက်တယ်။”—ရေဗက္ကာ၊ ၁၉ နှစ်။

  • အမေးပုစ္ဆာ

  • ဘာကြောင့် အရေးကြီးတဲ့ကိစ္စဖြစ်

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူချင်းတွေ ပြောဆိုရာ

အမေးပုစ္ဆာ

  • တခြားသူတွေ ဆဲတဲ့အခါ ဘယ်လို ခံစားရသလဲ

    • သတိတောင်မထားမိဘူး၊ အသားကျနေပြီ

    • မကြိုက်ပေမဲ့ ဒီအတိုင်းထားလိုက်တယ်

    • စိတ်ဆိုးတယ်၊ ဘယ်လိုမှ လက်မခံနိုင်ဘူး

  • သင် ဘယ်နှစ်ခါ ဆဲသလဲ

    • တစ်ခါမှ မဆဲ

    • တစ်ခါတလေ

    • မကြာခဏ

  • ညစ်ညမ်းတဲ့အပြောအဆိုနဲ့ပတ်သက်ပြီး သင်ဘယ်လို မြင်သလဲ

    • အသေးအဖွဲကိစ္စ

    • အရေးကြီးပြဿနာ

ဘာကြောင့် အရေးကြီးတဲ့ကိစ္စဖြစ်

ဆဲဆိုတာကို အရေးကြီးပြဿနာလို့ ထင်သလား။ ‘မထင်ပါဘူး။ ကမ္ဘာပေါ်မှာ အဲဒါထက်အရေးကြီးတဲ့ပြဿနာတွေ တစ်ပုံကြီး။ ပြီးတော့ လူတိုင်း ဆဲတာပဲ’ လို့ သင်ဖြေကောင်းဖြေမယ်။ အဲဒါ တကယ် မှန်ရဲ့လား။

တကယ်တော့ ညစ်ညမ်းတဲ့စကားကို ရှောင်တဲ့သူတွေ အများကြီးရှိတယ်။ အကြောင်းသိလို့ ရှောင်ကြတာ။ တချို့ကတော့ အဲဒီအကြောင်းရင်းတွေကို တွေးတောင် တွေးမိမှာမဟုတ်ဘူး။ ဥပမာ–

  • ဆဲတာက ကိုယ်ဘယ်လို လူစားလဲဆိုတာကို ဖော်ပြနေတယ်။ ကိုယ့်အပြောအဆိုက ကိုယ့်အတွင်းစရိုက်ကို ထင်ဟပ်စေတယ်။ ညစ်ညမ်းတဲ့စကားကို ပြောဆိုသုံးနှုန်းတာက တခြားသူတွေရဲ့ ခံစားချက်ကို ဂရုမစိုက်ဘူးဆိုတဲ့ သဘောပါပဲ။ သင်က တကယ်ပဲ အဲဒီလို လူစားမျိုးလား။

    ကျမ်းစာ အဆို– “ခံတွင်းထဲက ထွက်တဲ့အရာတွေကတော့ စိတ်နှလုံးထဲက ထွက်လာတာ။”—မဿဲ ၁၅:၁၈။

    ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ဆဲတဲ့အခါ ကျန်တဲ့ရွယ်တူတွေ မနှစ်မြို့စွာ ရှောင်ထွက်သွား။

    ညစ်ညမ်းတဲ့စကားတွေသုံးပြီး ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ စိတ်ကို ညစ်ညူးအောင် ဘာလို့လုပ်မှာလဲ

  • ဆဲတတ်တဲ့သူကို တခြားသူတွေက အကောင်းမမြင်ကြဘူး။ စာအုပ်တစ်အုပ် (Cuss Control) မှာ ဒီလိုပြောထားတယ်– “ကိုယ့်မှာ ဘယ်လိုမိတ်ဆွေတွေ ရမလဲ၊ မိသားစုနဲ့ အလုပ်ဖော်တွေဆီကနေ လေးစားမှု ဘယ်လောက်ရမလဲ၊ တခြားသူတွေနဲ့ ဆက်ဆံရေး ဘယ်လောက်ကောင်းမလဲ၊ သူတို့အပေါ် ဘယ်လောက်အတိုင်းအတာထိ ဩဇာလွှမ်းနိုင်မလဲ၊ အလုပ်ရမရ၊ ရာထူးတိုးမတိုး၊ ကိုယ့်အပေါ် သူစိမ်းတစ်ရံတွေရဲ့ တုံ့ပြန်ပုံ စတာအားလုံးဟာ ကိုယ့်အပြောအဆိုပေါ် မူတည်နေတယ်။ . . . မဆဲတတ်ရင် တခြားသူတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာမလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။”

    ကျမ်းစာ အဆို– “ဆဲဆိုခြင်း . . . ကို ဖယ်ရှားကြပါ။”—ဧဖက် ၄:၃၁။

  • အဆဲစကားသုံးလိုက်လို့ ကိုယ်ထင်သလို လူတွေ ကိုယ့်ကို အထင်ကြီးလာမှာ မဟုတ်ဘူး။ ဒေါက်တာ အဲလက်စ် ပတ်ကာရဲ့ စာအုပ်တစ်အုပ် (How Rude!) မှာ ဒီလိုဖော်ပြထားတယ်– “တစ်ချိန်လုံး ဆဲနေတာကိုပဲ ကြားရတာ စိတ်အနှောင့်အယှက် ဖြစ်တယ်။” ဆဲရေးတဲ့ အသုံးအနှုန်းတွေနဲ့ပဲ စကားပြောတတ်တဲ့သူတွေဟာ “ဖြတ်ထိုးဉာဏ်၊ ဟာသဉာဏ် မရှိတဲ့သူ၊ အသိဉာဏ်ရှိတဲ့စကား၊ စာနာတဲ့စကား မပြောတတ်တဲ့သူပဲ။ အပြောအဆိုက လေးကန်နှေးကွေး၊ မရေမရာနဲ့ စိတ်ကူးဉာဏ် မရှိဘူးဆိုရင် ကိုယ့်အတွေးအခေါ်လည်း အဲဒီလိုဖြစ်လာလိမ့်မယ်။”

    ကျမ်းစာ အဆို– “ညစ်ညမ်းတဲ့စကား တစ်ခွန်းမှ နှုတ်ကနေ မထွက်ပါစေနဲ့။”—ဧဖက် ၄:၂၉။

လုပ်ဆောင်နိုင်ရာ

  • ပန်းတိုင်ချမှတ်ပါ။ တစ်လအတွင်း ညစ်ညမ်းတဲ့စကားတွေ မပြောဘဲ နေကြည့်မယ်လို့ ကြိုးစားကြည့်ပါ။ ဇယား ဒါမှမဟုတ် ပြက္ခဒိန်တစ်ခုမှာချရေးထားပြီး တိုးတက်မှုရှိမရှိ ဆန်းစစ်ကြည့်ပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ဖို့ဆိုရင်တော့ ဒါတွေလည်း လုပ်ကြည့်ဖို့ လိုကောင်းလိုမယ်။ ဥပမာ–

  • ညစ်ညမ်းတဲ့အသုံးအနှုန်းတွေ စိတ်မှာစွဲသွားစေမယ့် ဖျော်ဖြေရေး အစီအစဉ်တွေကို ရှောင်ပါ။ “မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့အကျင့်ကို ပျက်စီးစေတတ်တယ်” လို့ ကျမ်းစာ ဆိုတယ်။ (၁ ကောရိန္သု ၁၅:၃၃) “အပေါင်းအသင်း” လို့ ပြောတဲ့အခါ လူကိုပဲ ပြောနေတာမဟုတ်ဘူး။ ကြည့်တဲ့ ရုပ်ရှင်၊ ဆော့တဲ့ ဗီဒီယိုဂိမ်း၊ နားထောင်တဲ့ သီချင်းစတဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်တယ်။ “ကိုယ်ကြိုက်တဲ့ သီချင်းတွေမှာ ဆဲတဲ့အသုံးအနှုန်းတွေ ပါနေရင်တောင် တီးလုံးကောင်းရင် လိုက်ဆိုမိဖို့ လွယ်တယ်” လို့ ၁၇ နှစ်အရွယ်ရှိတဲ့ ကဲနက် ပြောပြတယ်။

  • ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်ကြောင်း ပြပါ။ အဆဲစကားလေးသုံးလိုက်မှ လူတွေက သူတို့ကို လူလိုသူလို မြင်မှာဆိုပြီး လူတချို့ထင်ကြတယ်။ တကယ်တော့ အဲဒါက မမှန်ပါဘူး။ ရင့်ကျက်တဲ့သူတွေဟာ “ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထား” သူတွေ ဖြစ်တယ်လို့ ကျမ်းစာဆိုတယ်။ (ဟီဘရူး ၅:၁၄) တခြားသူတွေ အထင်ကြီးအောင် ကိုယ့်စံနှုန်းတွေကို လျှော့ချလိုက်တာမျိုး ရင့်ကျက်သူတွေ မလုပ်ကြဘူး။

ညစ်ညမ်းတဲ့စကားတွေက ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့စိတ်ကို မကောင်းတဲ့ အတွေးအခေါ်တွေနဲ့ ပြည့်နှက်စေတယ်။ ဆဲတတ်တဲ့သူတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိနှင့်ပြီးသားပါ။ “ကိုယ့်ကြောင့် တစ်ယောက်ထပ်ပြီး တိုးသွားအောင် မလုပ်ပါနဲ့။ . . . ညစ်ညမ်းတဲ့စကားတွေ နည်းသွားအောင် တစ်တပ်တစ်အား ပါဝင်လုပ်ဆောင်ပါ။ ဒါဆို ကိုယ်တိုင် စိတ်ကျေနပ်မှုရမယ်၊ တခြားသူတွေလည်း ကိုယ့်ကိုကြည့်ပြီး စိတ်ချမ်းသာပါလိမ့်မယ်” လို့ စာအုပ်တစ်အုပ် (Cuss Control) မှာ ဖော်ပြထားတယ်။

ရွယ်တူချင်းတွေပြောဆိုရာ

ဂျဲရက်

“အဆဲမပါဘဲ စကားမပြောတတ်တဲ့သူကို ဝေါဟာရ မကြွယ်တဲ့လူလို့ လူတွေမြင်ကြမှာ။ အကောင်းမြင်မှာတော့ မဟုတ်ဘူး။”—ဂျဲရက်။

ဂျနီဖာ

“ဘယ်ပုံဘယ်နည်း ပြောဆိုမယ်ဆိုတာ ကိုယ်တိုင် ရွေးချယ်ရမယ့်ကိစ္စပါ။ အမြဲတော့ မလွယ်ပေမဲ့ စကားမပြောခင် စဉ်းစားရမယ်။ ဆဲတဲ့အကျင့်စွဲနေရင်တောင် အဲဒီအကျင့်ကို ဖျောက်နိုင်ပါတယ်။”—ဂျနီဖာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ