ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၇၄
  • ၆၆၆ က ဘာအဓိပ္ပာယ်ရှိသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၆၆၆ က ဘာအဓိပ္ပာယ်ရှိသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာ အဖြေ
  • သားရဲနှင့် ယင်း၏အမှတ်တံဆိပ်ကို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ၆၆၆ ပဟေဠိတစ်ခုမျှသာမဟုတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ကြမ်းကြုတ်သောသားရဲနှစ်ကောင်နှင့် ဆိုင်ပြိုင်တိုက်ခိုက်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာပါတဲ့ ခေါင်းခုနစ်လုံးနဲ့သားရဲက ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၇၄
ခေါင်းခုနစ်လုံးနဲ့ ချိုဆယ်ချောင်းရှိတဲ့ သားရဲရဲ့ နာမည်နဲ့ ကိန်းဂဏန်းက ၆၆၆ ဖြစ်တယ်။

၆၆၆ က ဘာအဓိပ္ပာယ်ရှိသလဲ

ကျမ်းစာ အဖြေ

ကျမ်းစာရဲ့ နောက်ဆုံးကျမ်းအရ ၆၆၆ ဆိုတာ ပင်လယ်ထဲက တက်လာတဲ့ သားရဲရဲ့ နာမည် ဒါမှမဟုတ် နံပါတ်ဖြစ်တယ်။ သူ့မှာ ခေါင်းခုနစ်လုံးနဲ့ ချိုဆယ်ချောင်းရှိတယ်။ (ဗျာဒိတ် ၁၃:၁၊ ၁၇၊ ၁၈) အဲဒီသားရဲက “လူမျိုးနွယ်၊ လူစု၊ ဘာသာစကားနှင့် လူမျိုးရှိသမျှတို့အပေါ်” အုပ်ချုပ်နေတဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံရေးစနစ်ကို တင်စားတယ်။ (ဗျာဒိတ် ၁၃:၇) ၆၆၆ နံပါတ်ရှိတဲ့ ဒီနိုင်ငံရေးစနစ်က ဘုရားရဲ့အမြင်မှာ လုံးဝအောင်မြင်မှာမဟုတ်ဘူးဆိုတာကိုလည်း ပေါ်လွင်စေတယ်။ ဘယ်လိုနည်းနဲ့လဲ။

နာမည်လောက်သာ မဟုတ်။ ဘုရားသခင်က နာမည်တွေကို အဓိပ္ပာယ်နဲ့ ပေးလေ့ရှိတယ်။ ဥပမာ၊ “အဘသည် ချီးမြှောက်ခံရပြီ” လို့အဓိပ္ပာယ်ရှိတဲ့ အာဗြံကို “လူအမျိုးမျိုးတို့ရဲ့ ဖခင်” ဖြစ်မယ်လို့ ကတိပေးခဲ့ချိန်မှာ “လူမျိုးများစွာ၏ အဘ” လို့အဓိပ္ပာယ်ရှိတဲ့ အာဗြဟံဆိုပြီး နာမည်ပြောင်းပေးလိုက်တယ်။ (ကမ္ဘာဦး ၁၇:၅) အလားတူ၊ သားရဲကိုလည်း သူ့ရဲ့ထူးခြားတဲ့စရိုက်လက္ခဏာတွေကို ဖော်ပြတဲ့အနေနဲ့ ၆၆၆ လို့ နာမည်ပေးထားတယ်။

နံပါတ်ခြောက်က ပြည့်ဝစုံလင်ခြင်းမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ရှိ။ ကျမ်းစာထဲမှာ ကိန်းဂဏန်းတွေကို တင်စားပြီး အသုံးပြုလေ့ရှိတယ်။ နံပါတ်ခုနစ်က ပြည့်စုံခြင်း ဒါမှမဟုတ် စုံလင်ခြင်းကို ဆိုလိုတယ်။ ခုနစ်ထက် တစ်လျော့တဲ့ နံပါတ်ခြောက်က ဘုရားသခင့်အမြင်မှာ မပြည့်စုံဘူး ဒါမှမဟုတ် ချို့ယွင်းချက်ရှိတယ်ဆိုတာ ဖော်ပြနေတယ်။ ဒီနံပါတ်ကို ဘုရားသခင့်ရန်သူတွေနဲ့ ဆက်စပ်ဖော်ပြလေ့ရှိတယ်။—၁ ရာဇဝင်ချုပ် ၂၀:၆။ ဒံယေလ ၃:၁။

သုံးကြိမ်ဖော်ပြတာက အလေးပေးခြင်းဖြစ်။ ကျမ်းစာထဲမှာ ကိစ္စတစ်ခုကို အလေးပေးဖော်ပြချင်တဲ့အခါ သုံးကြိမ်ဖော်ပြလေ့ရှိတယ်။ (ဗျာဒိတ် ၄:၈။ ၈:၁၃) ဒါကြောင့် ဘုရားသခင့်အမြင်မှာ လူ့နိုင်ငံရေးစနစ်က လုံးဝအောင်မြင်မှာမဟုတ်ဘူးဆိုတာ ၆၆၆ ဆိုတဲ့ နာမည်က အလေးပေးဖော်ပြနေတယ်။ ဒီနိုင်ငံရေးစနစ်က တည်မြဲတဲ့ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို မလုပ်ဆောင်ပေးနိုင်ဘူး။ ဘုရားသခင့်နိုင်ငံတော်ကသာ လုပ်ဆောင်ပေးနိုင်မှာဖြစ်တယ်။

သားရဲရဲ့ အမှတ်တံဆိပ်

သားရဲကို “အံ့သြကြည်ညို” ပြီးကိုးကွယ်တဲ့အထိ သူ့နောက်လိုက်တဲ့သူတွေဟာ “သားရဲ၏အမှတ်တံဆိပ်” ကိုလက်ခံသူတွေဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၃:၃၊ ၄။ ၁၆:၂) သူတို့ဟာ နိုင်ငံနဲ့ နိုင်ငံကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ်တွေ ဒါမှမဟုတ် စစ်အင်အားကို ကိုးကွယ်တယ်လို့ ပြောရလောက်အောင် ကြည်ညိုဂုဏ်တင်ကြတယ်။ စာအုပ်တစ်အုပ် (The Encyclopedia of Religion) မှာဒီလိုဖော်ပြထားတယ်- “မျိုးချစ်စိတ်က ဒီနေ့ခေတ်ကမ္ဘာမှာ ဘာသာရေးပုံစံအနေနဲ့ လွှမ်းမိုးလာတယ်။”a

လက်ယာလက်နဲ့ နဖူးပေါ်မှာ သားရဲရဲ့ အမှတ်တံဆိပ်ကို ဘယ်လို ရိုက်နှိပ်ထားတာလဲ။ (ဗျာဒိတ် ၁၃:၁၆) ပညတ်တွေကို “သတိရစေရန် သင်တို့၏လက်တွင်လည်းကောင်း၊ နဖူးပေါ်တွင်လည်းကောင်း ချည်ထား” ပါလို့ အစ္စရေးလူတွေကို ဘုရားသခင် ပြောခဲ့တယ်။ (တရားဟောရာ ၁၁:၁၈၊ ခမ) ဒါက သူတို့ရဲ့လက်တွေနဲ့ နဖူးတွေပေါ်မှာ တကယ်ချည်ထားရမယ်လို့ ပြောနေတာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ ပညတ်အတိုင်း တွေးခေါ်လုပ်ဆောင်ရမယ်လို့ ဆိုလိုနေတာဖြစ်တယ်။ အလားတူ၊ သားရဲတံဆိပ်ကို ရိုက်နှိပ်တယ်ဆိုတဲ့အခါ ၆၆၆ ကို တက်တူးထိုးတာမျိုးမဟုတ်ဘဲ သူတို့ရဲ့ အသက်တာမှာ နိုင်ငံရေးစနစ်ရဲ့ လွှမ်းမိုးမှုကို ခံယူတာကို တင်စားတာဖြစ်တယ်။ သားရဲတံဆိပ်ကို ခံယူလိုက်သူတွေဟာ ဘုရားသခင်ရဲ့ ရန်သူတွေဖြစ်လာကြတယ်။—ဗျာဒိတ် ၁၄:၉၊ ၁၀။ ၁၉:၁၉–၂၁။

a Nationalism in a Global Era, စာမျက်နှာ ၁၃၄ နဲ့ Nationalism and the Mind: Essays on Modern Culture, စာမျက်နှာ ၉၄ တို့ကိုလည်း ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ